(RFA ၁၇၊ ၂၊ ၂၀၁၁)မြန်မာနိုင်ငံမှာ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ လွှတ်တော်တွေ အစည်းအဝေးကျင်းပနေတာ ၂ပတ်ကျော်ကြာမြင့်နေပါပြီ။ဝန်ကြီး အဖွဲ့ဝင်တွေလည်း ရွေးချယ်တင်မြှောက်ပြီးပါပြီ။ အစိုးရအဟောင်းက အစိုးရအသစ်က
ိုတာဝန် လွှဲပြောင်းတာလည်းမတွေ့ရလို့ အစိုးရအသစ်၂ရပ် တချိန်တည်းမှာ တည်ရှိနေသလိုဖြစ်နေပါတယ်။
ဒါကြောင့် ပါလီမန် ဒီမိုကရေစီခောတ်က ပြည်သူ့ လွှတ်တော်မှာကော ဒီလိုပဲလားလို့ ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကိုမေးကြည့်ပါတယ်။
မေး… အဘကရှေ့မှီ နောက်မှီလည်းဖြစ်တဲ့ အခါကျတော့ အရင်ပါလီမန်ဒီမိုကရေစီ ခောတ်တုန်းက အစိုးရအဖွဲ့သစ် တရပ်တက်တယ်ဆိုရင် ဘယ်လိုဖွဲ့လဲ။ ပါလီမန်အစည်းအဝေးတွေလုပ်တယ်။ အဲဒီမှာ အစိုးရအဖွဲ့၊ ဝန်ကြီးအဖွဲ့တွေ တင်မြှောက်တယ်။ အဲဒီလိုရွေးကောက်တင်မြှောက်တဲ့အခါမှာ နဂိုအစိုးရရှိသေးလား။
သခင်ချန်ထွန်း… မရှိတော့ဘူးလေ၊ ထွက်ပြီးမှပေါ့ ၊ နှုတ်ထွက်ပြီးမှ လစ်လပ်လာတဲ့နေရာတွေကို ရွေးချယ်တဲ့အခါကျတော့ လွှတ်တော်ကရွေးချယ်ရတာ။ ရွေးချယ်ပြီးရင် လွှတ်တော်ဥက္ကဌကနေပြီး သမ္မတ ထံကို ၊ဘယ်သူကဝန်ကြီး စသဖြင့်ရွေးချယ်ပြီး သမ္မတရှေ့မှာ ကျမ်းကျိမ်ရတယ်။ ဘယ်လိုတပြိုင်တည်းရှိလို့ ရမလဲ။ တဦးကထွက်ပြီးမှ တဦးကဝင်ရတာကိုး၊ ပထမဝန်ကြီးချုပ်က သူထွက်တယ်။ ပထမဝန်ကြီးချုပ်ကသူတယောက်တည်းကိုး ၊အဲဒီ့တော့ ထွက်တယ်ဝင်တယ်ဆိုတာသိပ်မသိသာဘူး၊
မေး..၁၉၇၄ကနေပြီး ဗိုလ်ချုပ်နေဝင်းရဲ့ခောတ်မှာ ပါလီမန်ရွေးကောက်ပွဲ စတင်ကျင်းပတော့ ဗိုလ်ချုပ်ကြီးနေဝင်းက တော်လှန်ရေးကောင်စီကို ဖျက်သိမ်းပြီး ရာထူးကနှုတ်ထွက်ကာ လွှတ်တော်ကို အာဏာအပ်ခဲ့ပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတသစ်ဦးသိန်းစိန်ကို ရွေးချယ်တင်မြှောက်ထားပေမဲ့လည်း နအဖဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဆက်လက်တွေ့ ရှိနေရပါသေးတယ်။ ဒါကြောင့်မြန်မာနိုင်ငံမှာ တချိန်တည်း တပြိုင်တည်း နိုင်ငံတော်အကြီးအကဲ နှစ်ယောက်ရှိသလို ဖြစ်မသွားဘူးလားခင်ဗျာ။
ဦးမင်းလွင်ဦး… ဒီလိုပြောမယ်ဆိုရင်တော့ ပြောလို့ရတာပေါ့လေ။ လွှတ်တော်ကရွေးချယ် တင်မြှောက်ထားတဲ့သမ္မတက ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေအရ ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာတွေက အကုန်လုံးရထားတာ မဟုတ်ဘူး၊ အဲတော့ သမ္မတထက်မြင့်တဲ့ ရာထူးကိုရထားတာက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေရထားတာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတရဲ့လုပ်ပိုင်ခွင့်တွေက တချို့ကိစ္စရပ်တွေမှာ အမျိုးသားလုံခြုံရေး ကောင်စီရဲ့သဘောတူညီချက် ရမှသာ လုပ်ဆောင်နိုင်မဲ့ ကိစ္စရပ်တွေဖြစ်တဲ့အတွက် စစ်တပ်ကနဂိုအတိုင်းပဲ အာဏာရှိနေဆဲပဲဖြစ်တယ်။ သမ္မတအပေါ်မှာ လွှမ်းမိုးနေဆဲပဲဖြစ်တယ်။ ဒါကြောင့် နအဖအစိုးရက သူတို့ လိုချင်တဲ့ လမ်းစဉ်ကို အကောင်အထည်ဖော်တဲ့အခါမှာ နိုင်ငံတကာကို ဟန်ပြကောင်းအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြီး ရုပ်သေးသမ္မတအနေနဲ့ ဦးသိန်းစိန်ကိုထားတယ်။ နောက်ကွယ်က ကြိုးကိုင်တာက လက်ရှိစစ်အစိုးရပဲဖြစ်တယ်လို့ ပြောချင်ပါတယ်။
မေး..အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ အရပ်သားဆိုလို့ ဒေါက်တာ စိုင်းမောက်ခမ်းကလွဲလို့တခြားလူတွေက စစ်တပ်ကဖြစ်တာကြောင့် စစ်တပ်ကပဲ ကြီးစိုးမြဲဖြစ်တယ်လို့ ဦးမင်းလွင်ဦးကပြောပါတယ်.
ဦးမင်းလွင်ဦး… ဒေါက်တာစိုင်းမောက်ခမ်းတယောက်ပဲတွေ့ရတယ်။ ကျန်တာကတော့ သမ္မတ၊ဒုသမ္မတ ၊ ဥက္ကဌ၊ ဒုဥက္ကဌ၊ နောက်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးဦးစီးချုပ်၊နောက်ပြီးတော့ နယ်စပ်ရေးရာဝန်ကြီး စတဲ့ လူတွေအားလုံးဟာ စစ်တပ်ကလာတဲ့ လူတွေဖြစ်တာကို တွေ့ရတယ်။
မေး.. နအဖစစ်အစိုးရဟာ ပြည်သူ့လွှတ်တော်မကျင်းပမှီ ရက်ပိုင်းအလိုမှာ ဥပဒေ၁၇မျိုးကိုလည်းပြဌာန်းထားခဲ့ပါတယ်။ ဒီလိုလွှတ်တော်ကျင်းပတော့မှာ သိသိကြီးနဲ့ အခုလိုပြဌာန်းရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ဦးမင်းလွင်ဦးက ကောက်ချက်ချထားပါတယ်။
ဦးမင်းလွင်ဦး… အမှန်ကတော့ လွှတ်တော်ဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ပြဌာန်းတယ်ဆိုတာကတော့ တမျိုးပေါ့ဗျာ။ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေကိုတော့ ပြည်သူတွေရဲ့ဆန္ဒသဘောထားပါတဲ့ အထူးကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ လုပ်ဆောင်တာဟာ ပိုသင့်လျော်တယ်လို့ ကျနော်ကယူဆတယ်။ နိုင်ငံတကာကလည်း ဒီလိုပဲ သတ်မှတ်ပါတယ်။ မြန်မာနိုင်ငံမှာကတော့ နအဖအစိုးရက သူတို့လိုချင်တဲ့ လမ်းအတိုင်းသွားနိုင်ဖို့ အကွက်ချပြီးတော့ စနစ်တကျစီမံဆောင်ရွက်တယ်။ ဥပဒေနဲ့ အကာအကွယ်ရယူတယ်လို့ပဲပြောချင်ပါတယ်။
No comments:
Post a Comment