Saturday, January 14, 2012

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် လွတ်လာပြီ...13 january 2012...RFA

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် လွတ်လာပြီ
2012-01-13

သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်အရ လွတ်မြောက်လာတဲ့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်က သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုကို အကောင်းမြင် ပြောကြားလိုက်ပြီး မိမိအနေနဲ့ တိုင်းပြည်အတွက် တတ်စွမ်းသမျှ ဆောင်ရွက်မှာ ဖြစ်ပေမယ့် နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှာ မဟုတ်ကြောင်း ပြောပါတယ်။

AFP

သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ၂ဝ၁၁ ခု ဇန်နဝါရီလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် သတင်းထောက်များနှင့် စကားပြောနေစဉ်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်က... သူတစ်ချိန်က ချမှတ်ခဲ့တဲ့ နိုင်ငံရေးလမ်းပြမြေပုံ ၇ ဆင့် ပြီးမြောက်အောင်မြင်မှုနဲ့အတူ နှစ်ပေါင်း ၆ဝ ကျော်အကြာမှာ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးနဲ့ အပစ်အခတ် ရပ်စဲနိုင်မှုတွေဟာ အင်မတန် ကောင်းမွန်ကြောင်း၊ သူ့အနေနဲ့ အကျယ်ချုပ် ကျခံနေရစဉ်မှာ ပြည်တွင်းထုတ်ဂျာနယ်တွေ ဖတ်ရှုသလို အာအက်ဖ်အေ အပါအဝင် ပြည်ပ သတင်းဌာနတွေက ထုတ်လွှင့်ချက်တွေကိုလည်း နားထောင်တယ်လို့ သတင်းထောက်တွေနဲ့ မိတ်ဆွေတွေကို ပြောပြခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကို အမိန့်မနာခံမှုနဲ့ ၂ဝဝ၅ ခုနှစ်မှာ ဆိုင်းငံ့ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခဲ့ပါတယ်။ ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ၊ သားအကြီး ဒု-ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ သားအငယ် ဒေါက်တာရဲနိုင်ဝင်း၊ သမီး မသင်းလဲ့လဲဝင်းနဲ့ သမက် ဦးတင်ထွတ် တို့လည်း နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရပြီး ရာနဲ့ချီတဲ့ ထောက်လှမ်းရေးအရာရှိတွေ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

အခုလို ဦးခင်ညွန့်နဲ့ သားသမီးတွေ လွတ်မြောက်လာပေမယ့် သမက်ဦးတင်ထွတ်က မလွတ်မြောက်သေးကြောင်း၊ ထောက်လှမ်းရေးအရာရှိ တစ်ရာကျော်ကို လွှတ်ပေးလိုက်ပေမယ့် ဗိုလ်မှူးချုပ် သန်းထွန်းနဲ့ တခြား တန်ပြန်ထောက်လှမ်းရေး အရာရှိတချို့ကိုတော့ လွှတ်ပေးခြင်းမရှိသေးကြောင်း ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရဲ့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

No comments:

Post a Comment