မိုးပြာရောင်ဘုန်းကြီး မတရားသဖြင့် ထောင်ဒဏ်ချမှတ်ခံနေရ
Published on March 21, 2012 by မင်းလွင် · No Commentsမိုး ပြာရောင်ဆရာတော်လို့ လူသိများတဲ့ ပစ္စုန်ပန်ကမ္မဝါဒ ဘုန်းကြီးဦးဉာဏကို ကချင်ပြည်နယ် မြစ်ကြီး နားထောင်မှာ ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံရတာဟာ ဘာသာရေး လွတ်လပ်ခွင့်မရှိမှုနဲ့ လွတ်လပ် စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် မရှိဖြစ်နေတယ်လို့ အာရှလူအခွင့်အရေးကော်မရှင်က ဒီနေ့မှာ ထုတ်ဖော် ပြောဆိုပါတယ်။
ဦး ဉာဏ
မိုးပြာ ရောင်ဦးဉာဏဟာ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်က အနုပါဒါယဉ်ကျေးမှု တရားဌာနမှာ သီးတင်း သုံးနေစဉ်မှာ ၂၀၁၀ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး ဘာသာရေးပုဒ်မတွေနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထားရတာပါ။
မိုးပြာ ရောင် ဦးဉာဏဟာ ပစ္စုပန်ကမ္မဝါဒ ဗုဒ္ဒဘာသာကို တည်ထောင်ခဲ့သူဖြစ်ပြီး ၁၉၈၃ ခုနှစ်ကတည်း ထေရဝါဒဗုဒ္ဓဘာသာကို စွန့်လွှတ်ထားသူလည်း ဖြစ်ပါတယ်။ ပစ္စုပန်ကံမဝါဒ ဗုဒ္ဓဘာသာဟာ ထေရာဝါဒနဲ့ မတူတဲ့ သီးခြားဗုဒ္ဓဘာသာ တခုဖြစ်တယ်လို့ မိုးပြာရောင်ဦးဉာဏ တပည့်သာဝါကတွေက ပြောပါတယ်။
မိုးပြာ ရောင် ဦးဉာဏဟာ ၁၉၈၃ ကလည်း သာသနာတော်ကို ညှိုးနွှမ်းစေမှုနဲ့ အပြစ်ပေးခံပြီး နောက် တခါ ဒီအမှုနဲ့ပဲ ပြန်ပြီး တရားစွဲအပြစ်ပေးတာဟာ အမှုတစ်ခုကို နှစ်ခါအပြစ်ပေးခံရတာဖြစ်လို့ တရားမျှတမှုမရှိဘူးလို့ ဥပဒေ အကျိုးဆောင် ဦးအောင်သိန်းကလည်း ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ က သူ့ကို ဘာသာရေး ယုံကြည်ချက် အကျဉ်းသားလို ဖြစ်နေတာ အမှန်ပဲ။ ဗုဒ္ဓဘာသာက သူ့ဘာသာသူ လမ်းခွဲထွက်ပြီးတော့ အပြာဝတ်ပြီး ရပ်တည်နေတဲ့သဘောပေါ့။ သူ့အစီအစဉ်က တမျိုးပေါ့။ ကျနော် သူ့အစီအစဉ်ကို မပြောလိုဘူး။ ကျနော် ပြောတာက ဥပဒေဆိုင်ရာကိစ္စကို ပြောတာပါ။ ဥပဒေက ချပြီးသား အမှုတွေကို ထပ်ပြီးချတယ်ဗျာ။ ”
မိုးပြာ ရောင်ဂိုဏ်းဝင် ဦးဉာဏရဲ့ တပည့်သာဝကတွေကလည်း သမ္မတဦးသိန်းစိန်နဲ့ အမျိုးသား လူအခွင့်အရေးကော်မရှင်ဆီကို စာတင် အကြောင်းကြားထားတယ်လို့လည်း ပြောပါတယ်။













0 comments:
Post a Comment