Showing posts with label ဆွေးနွေးချက်. Show all posts
Showing posts with label ဆွေးနွေးချက်. Show all posts
Wednesday, May 15, 2013
, , ,
စနစ်မပြောင်းလဲသေးသောမြန်မာနိုင်ငံ Meeting with Daw Aye Aye Mar (RFA)...16 May 2013
Meeting with Daw Aye Aye Mar on 23 August 2012
စနစ်မပြောင်းလဲသေးသောမြန်မာနိုင်ငံ
မေး။ ။ Social Action for Women (SAW) အနေနဲ့အစိုးရတွေနဲ့ပူးပေါင်းပြီးလုပ်တာတွေရှိသလား။
ထိုင်းနိုင်ငံမှာတော့အစိုးရမဟုတ်တဲ့ NGOတွေINGOတွေနဲ့ ပြီးတော့ ထိုင်း အစိုးရနဲ့တော့ ပညာရေး၊    ကျန်းမာရေးလုပ်ငန်းတွေကို ဆောင်ရွက်တယ်။ လူကုန်ကူးမှုနဲ့ပက်သက်ပြီးတော့ တခရိုင်လူကုန်ကူးမှုတိုက်ဖျက်ရေး network နဲ့တွဲလုပ်တယ်။ အမျိုးသမီးနဲ့ကလေးတွေကို ဦးစားပေးပြီးတော့လုပ်တယ်။
မေး။ ။အမအနေနဲ့မြန်မာပြည်တွင်းထဲမှာရှိတဲ့အမျိုးသမီးအဖွဲ့တွေကိုဘယ်လိုမြင်သလဲ။ တရားဝင်ကြေညာထားတဲ့အဖွဲ့အစည်းတွေက အစိုးရဘဲထိန်းချုပ်ထားတာကိုတွေ့ရတယ် ဒီအပေါ်မှာရော။ နောက်ပြီးတော့မြန်မာနိုင်ငံဟာ ယဉ်ကျေးမှုအရကော၊ ထုံးတန်းစဉ်လာအရကော အမျိုးသမီးတွေအပေါ်မှာဖိနှိပ်မှုတွေရှိသလား။
ဒီဘက်မှာဖြေရှင်းနေတဲ့ ပြဿနာတွေရဲ့အရင်းအမြစ်ကမြန်မာပြည်ထဲကဘဲလာတာလေ။ စီးပွားရေး၊လူမှုရေး အဆင်မပြေမှုတွေ၊ ကျပ်တည်းမှု၊ နိုင်ငံရေးအရမတည်ငြိမ်မှုတွေကြောင့်ဖြစ်ရတာ။ ထွက်ငွေ၊ ဝင်ငွေမ မျှဘူး။ စီးပွားရေးမတည်ငြိမ်တော့အလုပ်အကိုင်ရှားပါးလာတယ်။ နောက်ပြီး ဒီအပြင်ဘက်ကိုထွက်လာပြီး ကာမှ ဒီလိုအဖြစ်ဆိုးတဲ့ ပြဿနာတွေကြုံရတယ်။ ဖွံ့ဖြိုးတိုးတက်မှုနဲနေမှု ၊ခေတ်တခေတ်မှာစနစ်မျိုးစုံနဲ့လုပ်နေတော့ လူတွေက ဖိနိုပ်ခံနေရတာ။ နောက်ပြီးတော့ အမျိုးသားမှမဟုတ် အားလုံးအလုပ်လုပ်နေရတာလေ။ လူနေမှုအဆင့်အတန်းတွေကလည်းနောက်ကျနေသေးတဲ့ အတွက်ဒီလိုပြဿနာတွေကြုံနေတာပေါ့။
မေး။ ။ အမပြောသလိုဆိုရင် မြန်မာနိုင်ငံကအမျိုးသမီးတွေကို ဖိနိုပ်မှုက သိပ်မရှိဘူး ဆိုတော့ အခုလွတ်တော်တည်ထောင်တဲ့နေရာမှာတွေလည်း အမျိုးသမီးလွတ်တော်ကိုယ်စားလုယ်တွေထားလာကြတယ်။ ဒါပေမယ့် ရာခိုင်နှုန်းအရတော့ နည်းနေသေးတယ်။ နောက်ပြီးအမျိုးသမီး ဝန်ကြီးတွေမရှိသေးဘူး ဒီအပေါ်မှာကော။
ကျွန်မထင်တာကစနစ်နဲ့ဆိုင်တယ်လို့ပြောရမယ်။မြန်မာပြည်မှာတကယ့်အရည်အချင်းရှိတဲ့အမျိုးသမီးတွေအများကြီးရှိတယ်။ အာဏာရှင် စနစ်ကြောင့်မို့လို ဖိနိုပ်ခံနေရတာ ။ ဒါကြောင့်မို့လို့ သူတို့တွေအနေနဲ့က ရွေးချယ်လို့မရကြဘူးဖြစ်နေတာ။ လွတ်တော်မှာရှိနေတဲ့အမျိုးသမီးတွေလည်း ကြိုးဆွဲရာကနေတဲ့လူတွေနဲ့တူနေတယ်။ မြန်မာပြည်မှာရှိနေတဲ့ အမျိုးသမီးရေးရာတို့၊ လူမှုဖူလုံရေးတို့ဆိုတာတွေကလည်း အမျိုးသမီးတွေကိစ္စကို သိလို့ လုပ်နိုင်တာမဟုတ်ဘူး။ တကယ်တန်းကျတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေက အမျိုးသားနည်းတူ အားလုံးလိုက်လုပ်နေရတယ်။ တော်တဲ့လူတွေအများကြီးရှိတယ်။ တကယ်တန်းစနစ်ကကောင်းလာပြီဆိုရင် ဒီအမျိုးသမီးတွေ တက်လာကြလိမ့်မယ်။ အမျိုးသမီးဖြစ်လို့ ခွဲခြားဆက်ဆံခံရတာကတော့ရှိတာပေါ့နော်။ ဥပမာ- သက္ကသိုလ် ဝင်ခွင့်လျှောက်တဲ့အခါမှာတို့။ နောက်ပြီး တိုင်းရင်းသားနယ်ပယ်ကျတော့လည်း အမျိုးသမီးတွေကို အားနည်းတဲ့လူတွေအဖြစ်မြင်တာတို့။ ဒါတွေဖြစ်နေတာလည်း အာနာရှင်စနစ်ကြောင့်မို့လို့ပါ။
ဒါတွေနဲ့ပက်သက်ပြီးတော့လည်းတိုင်းရင်းသားအဖွဲ့အစည်းတွေက အစီရင်ခံစာတွေအများကြီးထွက်ခဲ့တယ်လေ။ ဆိုတော့ ဒီကိစ္စတွေနဲ့ပက်သက်ပြီးတော့ လည်းဘာမှသိသာတဲ့အပြောင်းအလဲတွေအထဲမှာမဖြစ်လာသေဘူးပေါ့နော်။ ဥပမာ- ကချင်မှာဖြစ်သွားတဲ့ အမျိုးသမီးကိုခေါ်သွားပြီး မဒိန်းကျင့် သတ်ဖြတ်လိုက်တာမျိုးပေါ့။ ဒါတွေဟာသိသာထင်ရှားနေသည့်တိုင်အောင် တရားရုံးကနေဘာမှမလုပ်ဘူး။ ဒါတွေဟာမြန်မာပြည်မှာပွင့်လင်းမှုမရှိဘူးဆိုတာဘဲ။ တကယ်လို့ပွင့်လင်းတယ်ဆိုရင် သူတို့ စုံစမ်းစစ်ဆေးမှုတွေလုပ်ရမယ်။ ကော်မရှင်တွေဖွဲ့ရမယ်။ ဒါဟာလူ့အခွင့်အရေးနဲ့လည်းသက်ဆိုင်တယ်။ အမျိုးသမီးအခွင့်အရေးနဲ့လည်းဆိုင်တယ်။ တကယ်လို့မလုပ်ဘူးဆိုရင် လူ့အခွင့်အရေးတွေက ဆက်လက်ချိုးဖြောက်ခံနေရမှာဘဲ။ လူ့အခွင့်အရေးမရှိတဲ့တိုင်းပြည်မှာ အမျိုးသမီးအခွင့်အရးမရှိဘူးဆိုတာက အထူးအဆန်းမဟုတ်ဘူး။ လူ့အခွင့်အရေးရှိလာပြီဆိုတော့မှ တရားတဲ့စနစ်တွေရှိလာမယ်။ အခုဆိုရင် ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံတွေကလည်းတမာတမတ်တည်းဖြစ်လာတာမဟုတ်ဘူး။
မေး။ ။ မြန်မာနိုင်ငံက ကုလသမဂ္ဂမှာ CEDAW ကိုလက်မှတ်ထိုးထားတယ်။ ဒါပေမယ့် ထိရောက်စွာကျင့်သုံးတာတွေမတွေ့ရဘူး။ ဒီ့အပေါ်မှာ သုံးသပ်ပေးပါ။
အမတို့ကတော့အခွင့်အရးအဖွဲ့မဟုတ်ဘူး။ အဓိက ကတော့ လူမှုရေးနဲ့ကယ်ဆယ်ရေးတွေကိုဘဲလုပ်ပေးတာဆိုတော့ဒါမျိုးတွေမလုပ်ဘူး။ ဒါပေမယ့် Human rights watch တို့ ၊ အာရှလူ့အခွင့်အရေးကော်မရှင်တို့ Amnesty international တို့ ဒါတွေနဲ့ပတ်သက်လာရင် အချက်အလက်ပေးတာတွေရှိတယ်။ အမမြင်တာက မြန်မာအစိုးရက CEDAW နဲ့ပတ်သက်ပြီးလက်မှတ်ထိုးထားတာလဲကြာပြီ သို့သော်လည်းလက်တွေ့ကျင့်သုံးမှုလည်းမရှိဘူး။ အမျိုးသမီးအပေါ် ခွဲခြားဆက်ဆံမှုတွေလည်းအများကြီးဖြစ်နေတယ်။
မေး။ ။ ကျွန်မတို့နိုင်ငံမှာ ကလေးအခွင့်အရေးကိုပြောကြတာလည်းအလွန်နဲတယ်။ နောက်ပြီးတော့ အများဆုးံခိုင်းထားတာတွေက အိမ်မှာတွေခေါ်ခိုင်းတယ်။ ဒီ  domestic rights ကို ပြဌာန်းထားတာတွေမရှိဘူး။ အခုကြည့်လိုက်မယ်ဆိုရင် human rights နဲ့  Women rights ကိုပြောလာပြီ။ ဒါပေမယ့် child rights ကို ပြောလာတာသိပ်မရှိသေးသလိုလုပ်နေတာကိုမရှိသေးဘူး။ အမအနေနဲ့ ဘယ်လိုမြင်မိသလဲ။
ဆိုတော့အခုက သူတို့ကပြောနေကြတာဘဲရှိသေးတယ်။ လက်တွေ့လုပ်တာမရှိသေးဘူး။ အခုအချိန်ထိက ကလေးအခွင့်အရေးက ပိုဆိုးနေသေးတယ်လေ။ ကလေးစစ်သားတွေစုဆောင်းတာတွေ၊ အဓ္ဓမခိုင်းစေတာတို့က အရမ်းကြီးသွားပြီ။ နိုင်ငံမှာက ကလေးတွေရဲ့ ပညာသင်ကြားခွင့်ကျန်းမာရေးစောင့်ရှောက်ခွင့် တောင်မပေးသေးတာ။ အခြေခံတွေတောင်မလုပ်နိုင်သေးတာ။ ထိုင်းနိုင်ငံမှာဆိုရင် ကလေးတွေကို အထက်တန်းအဆင့်အထိ အခမဲ့ပညာသင်ကြားခွင့်တွေပေးနေတာ။ ကာကွယ်ရေးနဲ့ကျန်းမာရေးတွေလဲလုပ်ပေးတယ်လေ။ ဒါတွေဟာ ထိုင်းနိုင်ငံမှာက ကလေးအခွင့်အရေးနဲ့ဆိုင်ပြီးတော့လုပ်နေတာတွေ။ ဒါတွေကအတုယူရမယ့်ဟာတွေ။ မြန်မာနိုင်ငံမှာ ဒီလိုအခြေအနေတွေမရှိသေးဘူး။
ဆိုတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေမရှိလို့ဖြစ်တာဆိုရင် အခုလုပ်နေတဲ့လွတ်တော်တွေထဲမှာ တယောက်ယောက်က ကလေးအခွင့်အရေးကို လျှောက်တယ်။ ပြဌာန်းတယ်ဆိုရင်ကော
အခုချိန်အထိကတော့ ဘယ်သူ့မှမပြောသေးဘူး။ ဒီဟာမျိုးတွေကို အမြင်ကျယ်ကျယ်နဲ့တင်ပြနိုင်တဲ့သူတွေမရှိသေးဘူး ။ တကယ်လို့တင်ပြနိုင်တယ်ဆိုရင်လည်း လွတ်တော်ထဲကနေ အများစုက လက်ခံနိုင်တဲ့ဟာမျိုး ဆုံးဖြတ်ချက်ကျလာရင်တော့ ကောင်းတာပေါ့။ ဒါမှမဟုတ်လို့ရှင်ရင် ဒီအဆိုကိုတင်သွင်းတာ ရှုံးနိမ့်ပါတယ်ဆိုရင်ဘာမှမပေါက်ရောက်တော့ဘူးပေါ့။ ဒီမိုကရေစီကိုသွားနေတဲ့လမ်းကြောင်းမှာဆိုရင် ဒါတွေက မဖြစ်မနေလိုအပ်တာတွေပေါ့နော်။
မေး။ ။ တကယ်လို့များ အရပ်ဘက်လူ့အဖွဲ့အစည်းက ဒီကိစ္စတွေကို တရားဝင်ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ ပြုလုပ်တယ်ဆိုရင်ကော။ ဥပမာ- ကလေးတွေကိုသက်သေအနေနဲ့တရားခွင်တွေမှာထွက်ခိုင်းတဲ့ကိစ္စတွေမှာ ချိန်းခြောက်မှုတွေကနေကင်းဝေးအောင် နောက်ပြီးအမှန်တရားပေါ်ပေါက်ရေးအတွက် ဥပဒေကလည်းဒီလိုအကာအကွယ်ပေးနေတာကိုသိအောင် ဘယ်လိုလုပ်ဆောင်သင့်တယ်ထင်သလဲ။
ဒီကိစ္စလည်း စနစ်နဲ့ဘဲဆိုင်တယ်လို့ပြောရမှာဘဲ။ နောက်ပြီး အရပ်ဘက်လူ့အဖွဲ့အစည်းတွေလည်းလိုအပ်တယ်။ အားကောင်းလာရင်တော့ အနည်းနဲ့အများ ကလေးတွေအတွက်လည်းထိရောက်မှုရှိနိုင်တယ်။ မြန်မာပြည်မှာ ကလေးကိုစောင့်ရှောက်တဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေအများကြီးလိုအပ်တယ်။ ကျွန်မတို့နိုင်ငံမှာလည်း တရားမျှတတဲ့ တရားရုံးတွေလည်းမရှိဘူးဖြစ်နေတယ်။ ရှိဖို့လုပ်နေတဲ့ ရှေ့နေတွေလည်းပြန်ပြီးတရားစွဲခံရတယ်လေ။ ဆိုတော့ အရပ်ဘက်လူ့အဖွဲ့အစည်းအားကောင်းလာဖို့လိုတယ်။ လုပ်ရဲဖို့လည်းလိုလာတယ်။ အကာအကွယ်ပေးဖို့လည်းလိုတယ်။ ဒီမှာက လူကုန်ကူးမှုနဲ့ပက်သက်ပြီးအမှုရင်ဆိုင်နေရတဲ့ကလေးတွေကို အမတို့အနေနဲ့ ထိန်းသိမ်းကာကွယ်ပေးထားတယ်။ အဲဒီလိုမျိုး အရပ်ဘက်လူ့အဖွဲ့အစည်းတွေမြန်မာပြည်မှာ အများကြီးလိုတယ်။ ဥပဒေကိုလုပ်တဲ့အဖွဲ့၊ အခွင့်အရေးနဲ့ ကာကွယ်တဲ့အဖွဲ့တွေလည်းရှိဖို့လိုပါတယ်။ ကလေးတွေကို စိတ်ပိုင်းဆိုင်ရာအရ အားပေးနေတဲ့အဖွဲ့လည်းလိုတယ်။ ဒီလိုစုံစုံ လင်လင်ပုံပိုးပေးနိုင်မယ်ဆိုရင်တော့ ကလေးတွေကလည်းပြောရဲဆိုရဲရှိလာလိမ့်မယ်။ ဒါဆိုရင် သူတို့ဘာကိုမှ ကြောက်တော့မှာမဟုတ်ဘူး။ တရားရုံးကိုသွားပြီးပြောင်းလဲအောင်လုပ်ဖို့ကသိပ်မဖြစ်နိုင်ဘူး။ သူတို့ကိုချုပ်ကိုင်ထားတဲ့လူတွေရှိနေတယ်လေ။
မေး။ ။ အခုမြန်မာနိုင်ငံကပြောင်းလဲလာပြီလို့နိုင်ငံတကာကပြောနေကြပြီ။ ဒါပေမယ့်လည်း သူတို့မျာက interest တခုခုရှိနေလို့ပေါ့။ ဆိုလိုတာက စီးပွားရေးနဲ့ပက်သက်ပြီးတော့ အဓိကလုပ်ချင်ကြတာပေါ့နော်။ ရင်းနှီးမြုပ်နှံမဲ့သူတွေနဲ့ စီးပွားရေးတွေလုပ်နေပြီပေါ့နော်။ ဆိုတော့ အခုက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေမရှိသေးဘူး။ နောက်ပြီး စီးပွားရေးသမားတွေက ဒါတွေကိုသိမကြည့်ကြဘူးလေ။ ဆိုတော့ ဒီကိစ္စနဲ့ပက်သက်လာရင် အဓိက ကလေးတွေကိုအမြတ်ထုတ်သွားနိုင်တာတွေပိုရှိတာပေါ့။ Force labour နဲ့ sexual worker တွေခေါင်းပုံဖြတ်မှုတွေ ပိုများလာမလား။ အမအနေနဲ့ ဒီလိုရင်းနှီးမြုပ်နှံမှုအပေါ်မှာ ဘယ်လိုထင်သလဲ။
ရင်းနှီးမြုပ်နှံမှုကတော့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုကိုလိုအပ်နေတဲ့အတွက်လိုပါတယ်။ ဆိုတော့ လာတဲ့ကုမ္ပဏီတွေကလည်း သူ့နိုင်ငံအလိုက်လာတဲ့ဟာတွေရှိရမယ်။ ဘယ်လိုဟာမျိုးတွေဆိုရင်လုပ်လို့မရဘူး။ ဘယ်လိုဟာတွေကတော့ လုပ်လို့ရတယ်ပေါ့နော်။ ဆိုတော့မြန်မာနိုင်ငံမှာလည်း ရင်းနှီးမြုပ်နှံမှုတွေလာတဲ့အခါကျလို့ရှင်ရင် လူ့အခွင့်အရေးတွေမချိုးဖောက်နိုင်ဖို့နဲ့ ပတ်ဝန်းကျင်ဆိုင်ရာမထိခိုက်ဖို့၊ ကလေးအခွင့်အရေးတွေမချိုးဖောက်ဖို့ စတာတွေကို နိုင်ငံအတွင်းမှာ သတ်မှတ်ထားရမယ်။ ဒါတွေအခုထိမလုပ်ကြသေးလို့ အလုပ်သမားတွေ ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတာလေ။ အခုထပ်ပြီး ရင်းနှီးမြုပ်နှံမှုအတွက်လာမယ့်လူတွေကတော့ ဘယ်လိုပုံစံလဲဆိုတာ မပြောနိုင်သေးဘူး။သူတို့လာမယ့်နိုင်ငံပေါ်မှာလည်းမူတည်တယ်လေ။ ဆိုတော့သူတို့ကို စောင့်ကြည့်ဖို့က CBO တွေ၊ နိုင်ငံရေးသမားတွေမှာ တာဝန်ရှိတယ်လေ။ ချိုးဖောက်မှုတွေကို ထောက်ပြရမယ်။ ဒါတွေကြောင့်ဒီလိုဖြစ်တာတွေကို ပြောပြနိုင်ရမယ်။ ဆိုတော့ သူတို့နိုင်ငံမှာတွေလည်း လူ့အခွင့်အရေးရှိတယ်ဆိုရင် သူတို့ ကုမ္ပဏီတွေကို ပြန်ရုပ်သိမ်းသွားလိမ့် မယ်။ ဒီဟာတွေမဖြစ်ဖို့ဆိုရင် ကိုယ့်မိခင်နိုင်ငံနဲ့လည်းဆိုင်သလို၊ စောင့်ရှောက်မဲ့သူတွေနဲ့လည်းဆိုင်သလို၊ လူ့အခွင့်အရေးရှိတဲ့နိုင်ငံတွေနဲ့လည်းသက်ဆိုင်ပါတယ်။
မေး။ ။ အမအနေနဲ့ အခုမြန်မာနိုင်ငံက ခရီးသွားတွေအလာချင်ဆုံးနိုင်ငံဖြစ်တယ်ဆိုပြီးပြောနေတဲ့အပေါ်မှာနဲ့ Torurism နဲ့ ပက်သက်ပြီး ကောင်းကျိုးနဲ့ဆိုးကျိုးတွေရှိတာကိုတွေ့ရတယ်ပေါ့နော်။ ဒီ့အပေါ်မှာလည်း ဘယ်လိုမြင်မိသလဲ။
ကျွန်မထင်တာက သိပ်မစိုးရိမ်ရဘူးလို့ထင်တယ်လေ။ ဌာဏ်ရည် သိပ်နိမ့်တဲ့လူတွေမပါဘူး။ ခပ်တုံးတုံးတွေမပါဘူးဆိုတော့ ဒီကမ္ဘာလှည့်ခရီးသွားတွေလွမ်းမိုးသွားနိုင်ဘူးလို့ထင်ပါတယ်။ ဒါကြောင့်သူတို့လာတဲ့အတွက်ကို ပြဿနာသိပ်ရှိလိမ့်မယ်လို့မထင်ပါဘူး။ သူတို့တွေမှာ မတူတဲ့ ယဉ်ကျေးမှုတွေပါလာကောင်းပါလာနိုင်တယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ယဉ်ကျေးမှုနဲ့ထိန်းနိုင်မယ်လို့လဲထင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုနည်းတာတောင်မှ ဒါမျိုးတွေမဖြစ်နိုင်ဘူးလို့ထင်တယ်။
မေး။ ။ အမတို့ SAW က Red Ribbon ဆုနဲ့ပက်သက်ပြီးတော့ ရှင်းပြပါ။
အမတို့က အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို စောင့်ရှောက်တာ ပါ။ အထူးသဖြင့် မိဘမဲ့ကလေးတွေ ရဲ့ သုံးပုံနှစ်ပုံလောက်က HIV ဖြစ်နေတဲ့ ကလေးတွေပါ သူတို့က မဲဆောက်ဆေးရုံနဲ့ မယ်တော် clinic ကနေလာကြတယ်။ ဒီလို HIV နဲ့သေသွားတဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်တယ်။ ပညာရေးအရလည်း ထိုင်းကျောင်းမှာထားပေးတယ်။ ဒီနှစ်ကတော့ ၄၇ ယောက်လောက်ရှိပြီ။ ဒီလိုပညာရေးအရ သူတို့ကိုမြှင့်တင်ပေးတဲ့ကိစ္စတွေရယ် ကိုပြုလုပ်တယ်။ အမတို့ ထားတဲ့ ဂေဟာတွေ ၆ ခုရှိတဲ့အထဲက ၁ခုကတော့ HIV positive တွေကိုဘဲထားတာပါ။ သူတို့ကို ဆေးဝါးနဲ့ စောင့်ရှောက်မှုတွေကိုပေးတယ်။နေထိုင်ရေးနဲ့ စားသောက်ရေး တွေကိုစောင့်ရှောက်မှုပေးတဲ့အတွက်ကို ကုလသမ္ပဂ္ဂ ကနေပြီးတော့ ပေးတဲ့ Red Ribbon ဆုကို ၂၀၀၈ ခုနှစ်ကရတာပေါ့နော်။ စလုပ်တာကတော့ ၂၀၀၀ ခုနှစ်ကပါ ဆိုတော့ အခုက ၁၂ နှစ်တောင်မှရှိပြီ။
ပထမဦးဆုံးက save house ၁ခုတည်း ကနေပြီးတော့လုပ်တယ်။ အခုဆိုရင်တော့ save house ၆ ခုရှိပြီပေါ့နော်။ လူတွေအားလုံးပေါင်းကတော့ ၃၀၀လောက်တော့ရှိတယ်။ ကလေးကောအမျိုးသမီးကော။ နောက်ပြီးတော့ကျောင်းမှာလည်းရှိသေးတယ်။ သူတို့ကိုတော့  အဆင့်မြင့်ပညာရေးစနစ်အထိသင်ပေးပါတယ်။ ကျောင်းသားကတော့အထက်တန်းအထိကို ၄၀၀ လောက်ရှိတယ်။ဒီလိုဘဲ ကလေးတွေက ရောင်းစားခံရတာတွေနဲ့ အမေတွေကတာဝန်မယူနိုင်လို့ချန်ထားတဲ့ဟာတွေကို အမတို့ကစောင့်ရှောက်ရတာပါ။ နေ့တိုင်းနေ့တိုင်းက ထောင်နဲ့ချီပြီး နယ်စပ်ဘက်ကိုလူတွေဝင်လာကြတယ်။ ဒါက ထိုင်းမှာဘဲရှိသေးတာနော်။ အများစုက အလုပ်အကိုင်ရှာဖွေရေးအတွက်ဖြစ်နေတော့ မဖြစ်သင့်တာတွေဖြစ်လာတယ်။ ရောင်းစားခံရတာတွေက ပိုများလာတယ်။ အလုပ်အကိုင်က ပြည်တွင်းမှာ ကျပ်တည်းလာတော့ ဒီဟာတွေဖြစ်လာတာလေ။
မေး။ ။ ဆိုတော့ ဒီလိုလူကုန်ကူးမှုတွေကို မြန်မာအစိုးရက သိပ်အလေးမထားတာလား။ ဒါကြောင့်မို့လို့ပိုဖြစ်နေသေးတာလား။
ဒီထိုင်းနိုင်ငံမှာတော့ ဒီကိစ္စနဲ့ပက်သက်ပြီးတော့ လုပ်တော့လုပ်ရှာတယ်။ သို့သော်မြန်မာနိုင်ငံက လူကုန်ကူးခံရတဲ့ ဟာတွေက ဒီမှာလာဖြစ်တာ။ ထိုင်းတွေတခြားနိုင်ငံမှာလူကုန်ကူးခံရတာက မြန်မာနိုင်ငံထက်စာရင် နဲတယ်။
SAW ကနေပြီးတော့ လုပ်တဲ့လုပ်ငန်းလေးတွေကောင်းပါတယ်။ ဒါပေမယ့်လူကုန်ကူးခံရပြီးမှထက် မဖြစ်ခင်ကာကွယ်အောင် အထဲမှာလုပ်ဖို့အစီအစဉ်ကောရှိသလား။
အထဲမှာတော့ ဒီကိစ္စတွေကိုဆောင်ရွက်ပေးမယ့်အဖွဲ့တွေက ပေါ်လာမှာပါ။ အမတို့အဖွဲ့အစည်းကတော့ migrant ကိုဘဲ အဓိကထားတယ်ဆိုတော့ အထဲထိကတော့ မတက်နိုင်သေးဘူး။ အမတို့ကိုတော့ US-AID ကနေပြီးပြောတာတွေရှိတယ်။ ဒါပေမယ့်အထဲ ထဲမှာက အာမခံနိုင်တဲ့သူတွေမရှိသေးဘူး။ ဒါတွေကအရေးကြီးတာက ဒီလိုလုပ်ငန်းတွေလုပ်တဲ့အခါမှာ လုပ်ငန်းတွေရဲ့အာမခံမှုတွေ ငွေကြေးပိုင်းဆိုင်ရာအာမခံမှုတွေကို လုပ်နိုင်မှ အဖွဲ့အစည်းက ရပ်တည်လို့ရမှာလေ။ ဆိုတော့ ဒီနယ်စပ်မှာမလုံလောက်သေးတဲ့အခါကျတော့ အထဲကဟာတွေကိုမလုပ်နိုင်သေးဘူး။ အမတို့လည်း မဖြစ်ခင် ကာကွယ်တာကို အားပေးပါတယ်။ နောက်ပြီး အားလုံးခြုံကြည့်လိုက်မယ်ဆိုရင် ဒီပြဿနာဘယ်ကလာသလဲဆိုတာ သိဖို့လိုတယ်။ စနစ်ကြောင့်ဘဲလို့ပြောချင်ပါတယ်။ နိုင်ငံမှာက စီးပွားရေးအဆင်မပြေမှုတွေရှိလာတော့ ဒီဘက်ကိုလာတဲ့အခါမှာ လူကုန်ကူးခံရတာတွေဖြစ်လာတယ်။ တကယ်လို့များ ကောင်းနေရင်တော့ လာစရာမရှိဘူး။ တလောက ဒေါက်တာ စင်တီယာ ကို ဝန်ကြီးဦးအောင်မင်းကနေပြီးတော့ ဆေခန်းကို သူတို့ဝိုင်းကူပေးမယ်လို့ပြောတယ်။ တကယ်တန်းကျတော့ သူတို့က ပါးစပ်ဘဲလာတာဖြစ်နေတယ်။ ဝိုင်းကူချင်တယ်ဆိုရင် အထဲကဟာတွေကိုကောင်းအောင်လုပ်ပါအုံး။ မြန်မာပြည်ထဲမှာ ကျန်းမာရေးထောက်ပုံမှုတွေမရှိတာကြောင့် ဒီကိုရောက်လာတာ။ ဒါကြောင့်မို့လို့ ဒေါက်တာ စင်တီယာလည်းပြောတယ်လေ။ ကျွန်မတို့ကိုမကူညီနဲ့အုံး။ အဲဒီလူတွေကျွန်မတို့ဆီမှာမလာအောင်ဘဲလုပ်လိုက် ပါလို့ပြောတယ်။ တကယ်လဲဟုတ်နေတာဘဲ။ မြန်မာပြည်မှာ ကျန်းမာရေးပြုစုစောင့်ရှောက်မှုရှိရင် လူတွေလာကြတော့မှာမဟုတ်သလို စီးပွားရေးအဆင်ပြေနေရင်တော့ migrant တွေရှိတော့မှာမဟုတ်ဘူး။ ဒါတွေအားလုံးက အစိုးရမှာအများကြီးတာဝန်ရှိတယ်။ စနစ်ကိုပြင်ရမယ်။
မေး။ ။ စနစ်ကိုပြောင်းလဲအောင်ဘယ်ပုံဘယ်နည်းနဲ့လုပ်သင့်တယ်လို့အမကထင်သလဲ။
သူတို့ပြောင်းလဲဖို့လုပ်တာတွေကတော့ရှိတော့ရှိနေပါတယ်။ ဒါပေမယ့်အခုအခြေအနေကတော့ အင်မတန်မှကိုနှေးကွေးနေသေးတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်းရှိနေသေးတယ်။ သူတို့ရဲ့ပြောင်းလဲမှုက အဝတ်ပြောင်းတာတွေဘဲရှိနေသေးတယ်။ အရင်က တိုင်းမှုးတွေအားလုံးအခုတော့ ဝန်ကြီးတွေရှိသေးတယ်။ ဒါပြောင်းလဲမှုမှ မဟုတ်တာ။ ဒါတွေကိုပြောင်းတယ်ဆိုပြီးတော့ နိုင်ငံတကာကိုလိုက်ပြနေတာ။ သူတို့အထဲကတကယ်ပြောင်းတယ်ဆိုမှပြောင်းလဲတယ်လို့ဆိုလို့ရတာ။ တကယ်ပြောင်းရင်လည်းဖွံဖြိုးတိုးတက်လာကြမှာ ။ ဆိုတော့အရေခွံလဲပြီးတဲ့အခါကျတော့ နိုင်ငံတကာရဲ့အကူအညီကိုလိုချင်တာကြောင့်ပြောကြတာ။
မေး။ ။ ဆိုတော့ အခုလူတွေအားလုံးက ၂၀၁၅ ရွေးကောက်ပွဲကိုဦးတည်ပြီးပြင်ဆင်တာတွေ လုပ်နေကြတယ်ဆိုတော့ အမအနေနဲ့ စစ်မှန်တဲ့ပြောင်းလဲမှုရှိလာမယ်လို့ထင်မိသလား။
အခုထက်ထိကတော့ပြောင်းလဲမှုတွေကိုမတွေ့ရသေးဘူး။ သို့သော်လည်း အခုလမ်းတွေအများကြီးဖွင့်လိုက်ရပြီဆိုတော့ လူတွေက အနဲနဲ့အများအမြင်တွေရှိလာကြပြီ။ တောင်းဆိုတက်လာကြပြီ။ လယ်သမား၊ အလုပ်သမား တွေကတောင်းဆိုလာကြပြီ။ ကြီးကြီးမားမားပြင်လို့ရတာတွေကတော့ မရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ တုန်းက စစ်တပ်ကို ကြောထောက်နောက်ခံလုပ်ထားတဲ့ ပြည်ခိုင်ဖြိုးပါတီက လွတ်တော်မှာနေရာတော်တော်များများရနေပြီးတော့ ဆုံးဖြတ်ချက်တွေကလဲသူတို့လက်ထဲမှာရှိနေကြတယ်။ ဖွဲ့စည်းပုံကိုလည်းသူတို့ရေးဆွဲထားတယ်။ ဆိုတော့ အခုတော့ဘာမှလုပ်လို့မရဘူးဖြစ်နေတယ်။ ဒါပေမယ့် ဒီလာမယ့် ၂၀၁၅ မှာဆိုရင်တော့ သူတို့ရဲ့ယှဉ်ပြိုင်ဘက်ပါတီတွေများလာမယ်။ NLD တခုတည်းမဟုတ်ဘဲနဲ့တိုင်းရင်းသားပါတီတွေလည်းရှိလာမယ်။ ဆိုတော့ ၂၀၁၀ နဲ့ ၂၀၁၅ ကနဲနဲလေးတော့ကွာမယ်။ ဒီမှာမှ လွတ်လပ်မှုဘယ်လောက်ရှိမရှိ ပွင့်လင်းမှုရှိမရှိဆိုတာက လာအုန်းမှာကို။ အခုဆို လွတ်တော်မှာ လုပ်တာ တင်တာတွေက ဘယ်လောက်အဆိုတင်သွင်းတာတွေရှိနေပါစေ မကျလာဘူးလေ။ ဆိုတော့ ၂၀၁၅ မှာ ဒီလိုမျိုးမသမာမှုတွေဘယ်လောက်လုပ်နေသေးသလဲဆိုတာကိုကြည့်ရအုန်းမယ်။ ဒီ ကြားဖြတ်ရွေးကောက်ပွဲမှာတောင်မှ ကလိမ်ကကျစ်လုပ်တာတွေရှိသေးတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို နိုင်ငံတကာမှာချပြရမယ်ဆိုတော့လုပ်လိုက်တာလေ။ သူတို့အတွက်ကတော့ အမတ် ၄၀ ကျော်နေရာပေးလိုက်ဖို့ကဝန်မလေးတဲ့အပြင် သူတို့နိုင်ချင်ရင်တော့ ကြိုတင်မဲနဲ့နိုင်လို့ရတယ်လေ။ ဒါပေမယ့် နိုင်ငံတကာ ကစောင့်ကြည့်မှုတွေရှိနေသေးတယ်ဆိုတော့နေရာပေးလိုက်ရတာ။ ဒီလိုလုပ်ခြင်းကလဲ ၂၀၁၀ ခုနှစ်တုန်းက ပြုခဲ့တဲ့ မသမာမှုတွေနဲ့ နှစ် ၅၀ တိုင်တိုင်ချိုးဖောက်မှုတွေကို ဖုံးလိုက်သလိုဖြစ်သွားတယ်လေ။ ဒါပေမယ့် သူ့အကျင့်ကတော့ မပျောက်သေးဘူး။ မဲတွေကိုဖယောင်းသုတ်ထားတာတွေနဲ့ တိုင်တဲ့လူတွေကိုတရားပြန်ဆွဲတာတွေ လုပ်တယ်။ ဒီလိုအတွေးအခေါ်ရှိတဲ့လူက တိုင်းပြည်ကိုပြုပြင်ပြောင်းလဲမှုလုပ်ဖို့ကမဖြစ်နိုင်ဘူး။ ၂၀၁၅ မှာလည်းဒီလိုတွေမလုပ်ဘူးလို့မပြောနိုင်ဘူး။ လုပ်မှာဘဲ။
မေး။ ။ ဒါဆိုရင် မြန်မာနိုင်ငံမှာ လူထုအုံကြွမှုတွေကောရှိလာနိုင်သလား။ ဘယ်အချက်တွေကပြောနေသလဲ။
ရှိနိုင်ပါတယ်။ အခုဆိုရင် လယ်သမားပြဿနာတွေနိုင်ငံတ၀မ်းဖြစ်ပေါ်နေမှုတွေ။ ဒီလိုလူထူအုံကြွမှူတွေကို ဥပဒေတွေနဲ့ ထိန်းထားမှုတွေ။ဒါတွေကလူထုကို ထိန်းချုပ်ထားလိုက်တဲ့အပေါ်မှာ တနေ့ကျရင် အားလုံးမပေါက်ထွက်နိုင်ဘူးလို့မပြောနိုင်ဘူး။ ကြေးနီတောင်စီမံကိန်းမှာဆိုရင် ပုဒ်မ ၁၄၄ကိုအဲဒီနယ်မှာဘဲထုတ်ထားလိုက်တယ်။ နေနေတဲ့ ဒေသခံတွေကိုဖိနိပ်ဖို့အတွက်လေ။ လူသိရှင်ကြားလုပ်တာမဟုတ်ဘူး။ နောက်ပြီးစီမံကိန်းကြီးကတော့ တရုတ် နဲ့လုပ်တာမို့လို့အရေးပါတယ်လေ။ ဒီအရေးမှာဆိုရင် အတိုက်အခံတွေကိုလည်းအားကိုးလို့ရတာမဟုတ်ဘူး။ နောက်ပြီးတော့လယ်သမားတွေက သူတို့အရေးကိုသူတို့လုပ်နေရတဲ့အခြေအနေတိုက်နေရတဲ့အခြေအနေတွေလေ။ တကယ်တမ်းမြန်မာနိုင်ငံကပြောင်းလဲလားဆိုတော့မပြောင်းလဲဘူး။ တကယ်ဒီမိုကရေစီရပြီလား။ မရသေးဘူး။ တကယ်ရနေတယ်လို့ပြောနေတာက အောင်ဆန်းစုကြည်နဲ့အတိုက်အခံတွေကရနေတယ်လိုပြောရင်ပြောမှာပေါ့။ လူထုကတော့ မရသေးဘူး။ နိုင်ငံရေးသမားတွေဆိုတာက အကွက်ကိုကြည့်နေတယ်လေ။ အစိုးရနဲ့အဆင်ပြေနိုင်ဖို့အတွက်ကို အပေးအယူတွေလုပ်နေတာလေ။ ဒီလက်ရှိအစိုးရကို အတိုက်အခံ မလုပ်ဖို့ပြောနေတာလေ။ သူတို့ရေငုံနှုတ်ပိတ်နေတာတွေရှိတာပေါ့။ ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီရသလား မရဘူးလားဆိုတာ ဒီင်္ကနေ့ပြနေတဲ့ ပြဿနာတွေက မျက်မြင်သက်သေတွေဘဲလေ။ အလုပ်သမားတွေဆိုတာလည်း သွားနေရတာဘဲ။ အဆင်မပြေမှုတွေနဲ့ လုပ်ခမလုံလောက်မှုတွေနဲ့  ဆန္ဒတွေပြနေကြတာဘဲ။ ဒါတွေကိုကြည့်မယ်ဆိုရင် ဘယ်မှာပြောင်းလဲမှုတွေရှိလို့လဲ။
မေး။ ။ ဒါဆိုရင် လူတွေတော်တော်များများ အဆင်မပြေမှုတွေရှိလာကြတော့ တနေ့နေ့ တချိန်ချိန်မှာ လူထုအုံကြွမှုဖြစ်လာတယ်ဆိုရင် ၈၈တုန်းကလိုမျိုး၊ ၂၀၀၇ တုန်းကလိုမျိုးပြန်ဖြစ်လာရင်  ဘာဘဲပြောပြော စစ်တပ်က အာဏာပြန်သိမ်းမှာဘဲလေ။ ဖွဲ့စည်းပုံကတည်းက ပြောထားတာကိုဆိုတော့ ဒီလိုမျိုးကိုလည်းမြင်နေတော့ တချို့လူထုတွေက တကယ်လို့ဒီလိုတွေဖြစ်ရင်တော့ အစကနေပြီးပြန်စရမှာကိုစိုးရိမ်နေကြတယ်လေ။ ဒါကြောင့်မို့လို့ အခုလက်ရှိအစိုးရကိုဘာလုပ်လုပ် appreciate လုပ်နေတာတွေရှိတယ်။ နောက်ပြီးလူထုက စစ်မှန်တဲ့အပြောင်းအလဲကိုလိုချင်ကြတဲ့လူတွေလည်းရှိနေတယ်လေ။ ဆိုတော့ ဒီလိုလူတွေကို ဥပဒေဘောင်ထဲကဘာတွေလုပ်ဆောင်နိုင်မယ်ထင်ပါသလဲ။
ဟုတ်ပါတယ်။ သူတို့စိုးရိမ်တာမှန်ပါတယ်။ ဒါပေမယ့်အခုလည်း စစ်တပ်ကသိမ်းထားတာဘဲလေ။ ဖွဲ့စည်းပုံလုပ်တုန်းကလည်း သူတို့ဘာသာသူတို့လုပ်တယ်။ ထောက်ခံခိုင်းတယ်။ နောက်ပြီး လွတ်တော်မှာလည်းသူ့လူတွေပြည့်နေတယ်လေ။ ဒါတွေကိုအထဲဝင်ကြည့်မယ်ဆိုရင် သူတို့ဘဲရှိနေတာ။ ဒါပေမယ့် နိုင်ငံတကာကိုအမြင်ကောင်းအောင်လုပ်နေတာတွေဘဲရှိတာ။အမကထင်တယ်။ ဒါတွေက ဘာမှစိုးရိမ်စရာမလိုဘူး။ စစ်အုပ်ချုပ်ရေးဆိုတာမဟုတ်ပေမယ့်သိမ်းထားဆဲဘဲ။ ဆိုတော့ လူထုအုံကြွမှုပေါ်လာစသည်ဖြစ်စေ မဖြစ်စေ သိမ်းမှာဘဲ။ စိုးရိမ်တယ်ဆိုတာက အခုလက်ရှိအရပ်သား အစိုးရကို ပြုပြင်ပြောင်းလဲမှုတွေလိုလားတယ်ဆိုပြီး ယုံနေလို့သာဖြစ်နေတာ။ ပိုဆိုးတာက ဘယ်သူမှလှုပ်လို့မရအောင် ဥပဒေနဲ့ထိန်းထားလိုက်တာ။ အဲဒီလိုလုပ်နိုင်ဖို့ကို Nargist မှာသူတို့ လူတွေသေနေတာကို ဖွဲ့စည်းပုံကို ထောက်တဲ့မဲတွေထည့်ခိုင်းတယ်။ ဒီကနေ့ဒီလိုဖြစ်လာအောင်လေ။ ဆိုတော့ ပြောင်းလဲနေပြီဆိုတာ တလွဲဆံပင်ကောင်းပြီးပြောနေတာတွေဖြစ်သလို အခုကြည့် လူထုတွေကို မအုံကြွအောင်လိုက်ထိန်းနေကြတာတွေဟာ လူထုနဲ့အတူမလိုက်ပါနိုင်လို့လေ။ လူထုနဲ့လိုက်နိုင်တယ်ဆိုရင် သူတို့ဆန္ဒကိုဦးစားပေးရမှာပေါ့။ လူထုနဲ့အတူမလိုက်ပါနိုင်တဲ့ အစိုးရဘဲဖြစ်ဖြစ် နိုင်ငံရေးပါတီဘဲဖြစ်ဖြစ် တနေ့ကျဆုံးမှာဘဲ။ လူထုက သူတို့ရှေ့ရောက်နေတော့ သူတို့တိုက်ပွဲကိုသူတို့ဆင်နွဲနေတာလေ။ လယ်သမားကိုဘယ်သူဦးဆောင်နေလို့လဲ။ တက်ကြွလှုပ်ရှားသူတွေဘဲလုပ်နေကြတာ။ ဘယ်နိုင်ငံရေးသမားကမှထောက်ပြနေတာမရှိပါဘူး။NLD တို့ ၈၈ တို့လည်းမထောက်ပြပါဘူး။ ကြားဝင်ဖြန်ဖြေပေးသလိုလို ဘေးပရိတ်သတ်လိုဘဲလုပ်နေကြတာ။ လယ်သမားတွေရှေ့ကနေပြီး ဦးဆောင်တဲ့လူတွေမရှိသေးဘူးလေ။ လယ်တွေကို cronies တွေ ကုမ္မဏီတွေ၊ စစ်တပ်ကသိမ်းနေပါတယ်ဆိုတာ ဘယ်သူ့မှမပြောဘူးလေ။ ဒီလိုလုပ်တဲ့ လယ်သမားတွေကိုတရားစွဲ၊ ထောင်ချတွေ စစ်တပ်ကလုပ်နေတာဘဲ။ ဒါကြောင့်မားမားမတ်မတ်ရပ်နေတဲ့လူ၊ အနီးကပ်နေတဲ့လူတွေတိုင်းပြည်မှာအများကြီးလိုတယ်။ ဒါမှမဟုတ်ရင်လည်း လူထုအုံကြွမှုကတော့ဖြစ်လာလိမ့်မယ်။ ဘယ်နေ့ဖြစ်မယ်ဆိုတာကမပြောနိုင်ဘူး။
မေး။ ။ တိုင်းရင်းသားအရေးနဲ့ပက်သက်ပြီးတော့မေးချင်တာလေးလဲရှိတယ်။ ကချင်မှာတော့ စစ်ပွဲတွေဖြစ်နေပြီးတော့ ကျန်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တော့ငြိမ်းချမ်းရေးလတ်မှတ်ထိုးနေကြတယ်။ ဒါ့အပြင် ရခိုင်မှာလည်း ပဏိပက္ခတွေဖြစ်နေတယ်။ နောက်ပြီးမြန်မာနိုင်ငံဟာ တိုင်းရင်းသားတွေနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်တယ်ဆိုတော့ တိုင်းရင်းသားအရေးကို လစ်လျူရှူလို့လဲမရဘူးဆိုတော့ အမအနေနဲ့ ဒီကိစ္စတွေကို ဘယ်လိုမြင်မိသလဲ။
ဟုတ်ပါတယ်။ မြန်မာနိုင်ငံကတိုင်းရင်းသားတွေနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံလည်းဖြစ်တယ်ဆိုတော့ တိုင်းရင်းသားအရေးက အရမ်းအရေးကြီးတဲ့ကိစ္စပါ။ ဆိုတော့ ဒီတိုင်းရင်းသားအရေးကိုလုပ်ပုံကိုင်ပုံမှာလည်းကြေနပ်လောက်တဲ့အဖြေမရခဲ့ဘူး။ အခုအပစ်အခက်ရပ်စဲရေးဆိုတာကလည်း မလိမ့်တပတ်တွေလုပ်ထားကြတယ်။ ဒါကြောင့်လည်းထိုးထားတဲ့တချို့အဖွဲ့အစည်းနဲ့ ပြန်ပစ်နေကြတယ်။ ကချင်နဲ့ဆိုလည်း ၁၇ နှစ်ကြာ နောက်ပြီး DKBA နဲ့လည်း ၁၆ နှစ်ကြာတာတွေလုပ်ခဲ့တယ်။ အခုသူက KNUကိုပြောနေတာတွေကဖြေထွက်နေတာဘဲ ။ KNUကပြေတယ် ပနာမအပစ်ရပ်ရေး။ အစိုးရဘက်ကတော့ ပြည်ထောင်စုအဆင့်တွေနဲ့ပြောနေတယ်လေ။ သူထင်တာက တခါတွေ့ရင် အားလုံးအဆင်ပြေသွားမယ်လို့ထင်တယ်။ နောက်ပြီးသူတို့လိုချင်တာက စာရွက်ဘဲလေ။ နိုင်ငံတကာကို တိုင်းရင်းသားနဲ့အဆင်ပြေနေပါပြီဆိုတာကိုပြောနေကြပြီ။ ဒါတွေက တိုင်းရင်းသားခေါင်းဆောင်တွေကပြောနေကြတာ။ အခုဆိုရင်လုပ်သာလုပ်နေတာ ကရင်ပြည်မှာတပ်တွေက အရင်တုန်းကထက်စာရင်တိုးချဲ့လာကြတယ်။ တကယ်ငြိမ်းချမ်းရေးကိုလိုချင်တာလားဆိုပြီး တိုင်းရင်းသားတွေက သံသယဖြစ်လာကြတယ်။ ကချင်မှာလည်းတနှစ်အတွင်းတိုက်တာတွေက တိုက်ပွဲပေါင်း၁၅၀၀ကျော်သွားပြီ။ သုံးတဲ့လက်နက်တွေကလည်းတခါမှမသုံးဖူးတဲ့လက်နက်တွေကိုသုံးတယ်။ နောက်ပြီးကချင်တွေကိုမေးတော့ ဘာဖြစ်လို့ကွဲလွဲနေသေးတာလဲဆိုတော့ သူတို့နယ်ထဲမှာလာပြီး စစ်အင်အားတွေတိုးချဲ့လာနေတဲ့ကိစ္စက မလုပ်ပါနဲ့ဆိုတာကို လုပ်နေတာနဲ့ပက်သက်ပြီးတိုက်ပွဲတွေဖြစ်နေတာ။ ဆိုတော့ ဘယ်တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုရပြီဆိုတာပြောလို့မရသေးဘူး။ တဖက်ကလဲတိုင်းရင်းသားတွေကို ဖဲ့ထုတ်ပြီး စည်းရုံးတဲ့နည်းနဲ့လုပ်နေတယ်။ အခွင့်အရေးပေးတဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေကတော့ သူတို့နောက်ပါသွားတာပေါ့။မလိုက်တဲ့သူကျတော့ တိုက်နေသေးတယ်။ ဒီလိုနဲ့ သွေးခွဲစည်းရုံးတာတွေလုပ်တာပေါ့။ဆိုတော့မြန်မာနိုင်ငံမှာ တိုင်းရင်းသားအရေးကို အရေးတယူဖြေရှင်းရမယ်။ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးကို ဒွန်တွဲယှဉ်တွဲပြီးဖြေရှင်းရမယ်။ တိုင်းရင်းသားအရေးကိုမဖြေရှင်းနိုင်ဘူးဆိုရင် ဒီမိုကရေစီလမ်းမလျှောက်တော့နဲ့လေ။ ဥပမာဆိုရင်- ထဲမှာ သူတို့ဘာသာသူတို့အဆင်ပြေနေတယ် နိုင်ငံတကာရင်းနှီးမှုတွေကလာတော့မယ်။ နိုင်ငံတကာကို လွတ်တော်ထဲမှာလဲအဆင်ပြေပြီ၊ NLD တွေလည်းသဘောတူနေကြပြီဆိုပြီး ဖိတ်ခေါ်ကတယ်။ ရင်းနှီးမြုပ်နှံမှုတွေက ကရင်ပြည်ကိုလာမယ်။ တိုင်းရင်းသားတွေနဲ့ အပေါ်ယံဘဲလက်မှတ်ထိုးထားတယ်ဆိုရင် တိုင်းရင်းသားတွေကနှစ်နှစ်ကာကာမရှိဘူး။ မယုံကြည်ကြလို့ တိုက်ပွဲတွေပြန်ဖြစ်ရင် ဒီရင်းနှီးမြုပ်နှံမှုတွေကမခိုင်မာနိုင်ဘူး။ ဒါကြောင့်ရင်းနှီးမြုပ်နှံမှုတွေက ၀င်လာချင်ပေမယ့် မခိုင်မာမှုတွေကြောင့် မ၀င်လာရဲကြဘူး။ ပြီးတော့ဖွံဖြိုးရေးကို အရင်လုပ်ကြရအောင်လို့သူတို့ပြောတယ်။ ဖွံဖြိုးရေးလုပ်မယ်ဆိုပေမယ့် တိုင်းရင်းသားနယ်မြေတွေမှာ စီမံကိန်းတွေလုပ်တယ်။ ဆည်တွေလည်းဆောက်တယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်တယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကပိုရှိလာတယ်။ ရွာတွေရွေ့ရတာတွေ လူတွေကို အဓမ္မစေခိုင်းတာတွေရှိလာတယ်ဆိုတော့ ဒေသဖွံ့ဖြိုးရေးက တိုင်းရင်းသားအရေးထက်စာရင်အရင်လုပ်လို့မရဘူး။ ဆိုတော့ တိုင်းရင်းသားတွေနဲ့ ညိုနိုင်းမှုတွေလုပ်ပြီးမှဘဲလုပ်လို့ရတာ။ ဒါတွေက NLD က အစိုးရဖြစ်ရင်လည်း လက်ခံသည့်တိုင်အောင်လုပ်လို့မရဘူး။ တိုင်းရင်းသားတွေနဲ့ တကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေး ၊ ခိုင်မာတဲ့အပစ်ရပ်ရေးတွေမလုပ်ဘူးဆိုရင် ဘာမှလုပ်လို့မရဘူး။
မေး။ ။ ဆိုတော့ အခုနောက်ပိုင်းဖြစ်နေတဲ့ မှတ်ပုံတင်ပေးမှုကိစ္စမှာလည်း ကျွန်မကြားရတာကတော့ ကရင်၊မြန်မာ ဆိုပြီးပေးတဲ့ကိစ္စတွေအပေါ်မှာကော အမ ဘယ်လိုမြင်သလဲ။
ဒါကတော့ သူတို့က ဒီကဒ်ပြားတွေကိုအလွယ်တကူပေးနေတာလေ။ဒီလိုပေးနေလို့လဲ ရခိုင်မှာ ပြဿနာတက်သွားတာလေ။ မန္တလေးတွေမှာလည်းဒီလိုဖြစ်နေတာဘဲလေ။ ဗမာစကားမပြောတက်တဲ့လူတွေကို ဗမာနာမည်တွေပေးလိုက်မယ်။ တိုင်းရင်းသားတွေကိုမှ မွန်၊မြန်မာ တို့ ကရင်မြန်မာ တို့လာချုပ်နေတာလေ။ ဒီမှတ်ပုံတင်က သူတို့အတွက်ဘာမှမဟုတ်ဘူးလေ၊ မြန်မာငွေ ၃၀၀၀၀ ရှိရင်အလွယ်တကူလုပ်လို့ရနေတာလေ။ ဒါပေမယ့် နိုင်ငံတကာကိုတော့ တသက်လုံး မပေးလာတာကိုပေးတယ်ဆိုပြီးလုပ်နေတာလေ။ ဒါတွေတောင်ပေးတာတောင်မှ ရိုးရိုးသားသားမပေးသေးဘူး။ ချိုးနိမ်ပြီးတော့ပေးနေတာလေ။ မွန်၊မြန်မာ တို့ ကရင်မြန်မာ တို့လုပ်တယ်ဆိုရင် ဘင်ဂါလီ မြန်မာတို့လုပ်ပါလား။ ဒါတွေကတိုင်းရင်းသားတွေကို ချိုးထားတာလေ။ နိုင်ငံတကာကို အမြင်ပြနေတာ။ဒီလိုတိုင်းရင်းသားပုံစံ မလိုချင်ဘူးဆိုရင်ရတယ်။ ၅၀၀၀၀ ထပ်ပေးလိုက်ရင်တော့ ချက်ချင်းဗမာစစ်စစ်ဖြစ်အောင်လုပ်ပေးလိုက်တယ်လေ။ ဒီလိုမျိုးဘဲ တိုင်းရင်းသားတွေကိုလည်းထောင့်မှာအာရုံလာအောင်ကစားနေတာလေ။ ဒီလိုဘဲ ရခိုင်မှာလည်းဒီလိုလုပ်လိုက်တာပါ။ တချိန်လုံး ဘင်ဂါလီအကြောင်းဘဲရအောင်ပြောနေကြတာ။ ကချင်ကစစ်ပွဲတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖုံးလိုက်တယ်။ နောက်ပြီး ဒီအရေးမှာလည်းနာမည်ယူလိုက်သေးတယ်။
ရခိုင်နဲ့ ဘင်ဂါလီတွေကမတည့်ကြဘူး။ ဒါကိုအစိုးရကသိပြီး ဒါသူတို့အတွက်လုည့်ကွက်တွေဖြစ်သွားတယ်။ သူတို့ စစ်တပ်ကိုထည့်လိုက်တာကြောင့်ပိုဆိုသွားတယ်။ ကုလသမ္ပဂ္ဂကလည်း စစ်တပ်ပါဝင်ပတ်သက်နေတယ်ဆိုတာကိုထုတ်ပြန်တယ်။ Human Rights Watch ကလည်းထုတ်ပြန်တယ်။ ဒီဟာတွေမထုတ်ပြန်ခင်မှာ သူက ရခိုင်တွေကိုဘက်လိုက်တဲ့ပုံစံမျိုးနဲ့ သမ္မတဆိုဒ်ရဲ့ စာမျက်နှာတွေမှာ ဘင်ဂါလီတွေကို နှိပ်ကွပ်တဲ့စာတွေရေးတယ်။ နောက်တော့ သမ္မတကနေပြီးတော့ ထုတ်ပြန်တဲ့ကြေညာစာမှာတော့ ရခိုင်တွေက ဘာတွေလုပ်တယ်။ သူတို့ကြောင့်ဖြစ်ရတာပါဆိုပြီးပြောတယ်။ အစကတော့သူတို့ဘက်ပါတဲ့ပုံစံတွေနဲ့လုပ်ပေးပြီး အနောက်ကိုဆွဲချလိုက်တဲ့ပုံစံဖြစ်နေတယ်။ ဒါတွေကသူတို့အကွက်တွေ။ စုံစမ်းရေးကော်မရှင်ဆိုတာလည်း ရုပ်ပြပါဘဲ။ မလိမ့်တပတ်တွေကိုလုပ်နေတာ။
, , ,
Meeting with Burma Lawyer Council..... 16 May 2013
Meeting With Burma Lawyer Council
U Thein Oo
စစ်တပ်လက်ထက်ကတရားစီရင်ရေးနဲ့ အရပ်သားအစိုးရတရားစီရင်ရေး
မေး။ ။ လက်ရှိတရားစီရင် ရေးစနစ်အပေါ်မှာ ဆရာ့ရဲ့အမြင်။
တရားစီရင်ရေးနှစ်ခုကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယခုကတော့ပိုကောင်းလာတယ်လို့ပြောရမှာပါ။ အရင်တုန်း ကတော့ ဦးသန်းရွှေ တစ်ယောက်တည်းဘဲ သူ့ဟာသူ တရားသူကြီးတွေကိုကြိုက်သလို ဖြုတ် ၊ ခန့် ပြီးအမိန့်ပေး နေတာပေါ့။ သူကြိုက်တာလုပ်တာကအရမ်းပေါ်လွင်နေတယ်။ အခုက အဲဒီစနစ်လုံးဝပျောက်သွားသလား ဆိုတော့ မပျောက်သွားဘူး။ အခုက စာအုပ်နဲ့ constitution ပေါ်လာတာပေါ့နော်။ ဒါကြောင့် constitution နဲ့ခန့်တဲ့အဖွဲ့အစည်းတွေဖြစ်လာတယ်။ ဒါပေမယ့် Basic Idea နဲ့တော့ အရင်တုန်းကအတိုင်းဘဲ သွားနေတုန်း ဘဲ။ တရားသူကြီးကအခုသူ့ကိုခန့်တဲ့အဖွဲ့အစည်းကို သူကပြန်ကြောက်နေရတယ်။ အခုက ဖွဲ့စည်းပုံ အခြေခံဥပဒေက လုပ်တာလို့ဘဲသိနေကြတယ်။ ဒါပေမယ့် တယောက်တည်းနဲ့စာလို့ရှိရင်တော့ ပိုပြီးစနစ် ကျလာတယ်။ Idea ကတော့ အရင်အတိုင်းကဘဲမပြောင်းလဲသေးဘူး။ နောက်ကွယ်ကနေပြီးတော့အမိန့်တွေ ပေးနေတုန်းဘဲ။ အဲဒါကြောင့်မို့လို့တရားသူကြီးတွေက ဥပဒေအရလုပ်လို့မရသေးဘူး။ နှုတ်မိန့်အရနားထောင် နေရတုန်းဘဲ။ မလိုက်ရင် ပြုတ်သွားနိုင်တာကို။ ဒါကြောင့်မို့လို့ တရားစီရင်ရေး အပြောင်းအလဲ ကောင်းကောင်း မရှိသေးဘူး။
နောက်တချက်က အရင်တုန်းက သူတို့ကို ကြိုက်သလိုလုပ် စစ်အစိုးရကို ထိလို့မရဘူး။ နောက်ဆုံးမှာ အဲဒါကြောင့် ကျွန်တော်တို့နိုင်ငံက တရားသူကြီးတွေက ကြောက်လို့ ရွံ့လို့လုပ်ရတဲ့နေရာထဲမှာ တဖြည်းဖြည်းနဲ့ ဘာ Idea ရသလဲဆိုတော့ မဟုတ်တာကို မဟုတ်တာကိုကြောက်လို့ လုပ်နေရတယ်။ အဲဒီဟာနဲ့လုပ်နေရတာ ကြာလာတော့အဲဒီ Idea ကိုသဘောကျသွားတယ်။ ဘယ်မှာသဘောကျသွားသလဲဆိုတော့ မဟုတ်တာကို မဟုတ်တာလုပ်ရင် ပြုတ်ချင်မှပြုတ်တယ်။ သူတို့နဲ့အဆင်ပြေလို့ရှိရင်ပေါ့။ ဘာကိုနောက်ပြီးတွန်းအားပေး နေသလဲ ဆိုတော့ လာဘ်စားမှူကို တွန်းအားပေးနေသလိုဖြစ်နေတယ်။ မှားမှန်းသိတယ်ဆုံးဖြတ်ချက်ချတယ် သူတို့မပြုတ်ဘူး။ သဘောကျသွားတဲ့အခါကျတော့ လာဘ်စားလိုက်တယ်။ လာဘ်စားတဲ့အခါ အပြင်လူက ဘာထင်သလဲဆိုတော့ အရင်တုန်းကလိုတယောက်ယောက်ကအနောက်ကနေပြီးတော့ အမိန့်ပေးနေလို့လုပ် ရတယ်လို့ထင်နေတယ်။ အမိန့်ပေးတဲ့လူက အရင်တုန်းကလိုဟုတ်ချင်မှဟုတ်မယ်လို့ထင်တယ်။ ဒါပေမယ့် အဲဒါကို ကျေနပ်နေတယ်။ ခိုင်းတိုင်းကလုပ်ရသလိုလို လာဘ်မစားနေသလိုလို။ တကယ်တန်းကျတော့ လာဘ်စားနေပြီ၊ အပေါ်ကနေပြီးတော့ ခိုင်းချင်မှလည်းခိုင်းတော့မယ်။ ဒီစနစ်ကအဲဒီလိုဖြစ်သွားတယ်။ တရားစီရင်တဲ့စနစ်က အောက်ခြေကနေပျက်စီးသွားတာပေါ့။ အဓိကတရားသူကြီးတွေရဲ့အကျင့်သိက္ခာ တအား ကျသွားတယ်။ အကုန်လုံးလိုလိုကို ဖြစ်နေတာ။ အရင်တုန်းကတော့ clear ဖြစ်ပါတယ်။ ခိုင်းတဲအတိုင်း လုပ်တယ်။ မလုပ်ရင်ချက်ခြင်းဖြုတ်လိုက်တယ်။ခင်ညွန့်တို့အစ ကြိုက်တဲ့လူကိုဖြုတ်လို့ရတာကိုး။ အခု ကျတော့ အဲဒီလိုမဟုတ်သည့်တိုင်အောင် အစိတ်အပိုင်းတစ်ချို့ကကျန်နေသေးတယ်။ တရားစီရင်ရေးစနစ်က ပုံသဏ္ဍာန်အရကတော့ပြောင်းသွားပေမဲ့လည်း အနှစ်သာရက အခုထိမပြောင်းသေးဘူး။ ဒါကအခုရှိနေတဲ့  တရားစီရင်ရေးပါ။ တရားသူကြီးကဘာလုပ်လဲဆိုတော့ ဥပဒေကိုမလေးစားတော့ဘူး။ ဥပဒေကိုမလေးစားတော့ ကျွန်တော်တို့နိုင်ငံမှာ anti-corruption ဆိုတဲ့ကော်မရှင်ဆိုတာမရှိဘူး။ ဘယ်သူကလိုက်စားနေတယ် ဆိုတာကိုသိအောင်လုပ်တဲ့ဟာ။ အခုဥပဒေလုပ်တော့မယ်ဆိုရင်လွှတ်တော်ကိုတင်လိုက်တယ်။ ပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ ဥပဒေကို တင်တော့မယ်ဆိုရင် အမတ်တွေကမလုပ်ဘူး။ လွှတ်တော်ကလည်းခွင့်မပြုဘူး။ အဲဒီဥပဒေကိုလုပ်မယ်ဆိုရင် အဲဒီဥပဒေကိုသုံးပြီး ရုံးမှာတရားစွဲနိုင်တယ်။ တရားစွဲပြီဆိုရင် ရုံးမှာတရားသူကြီးက သူတို့ကိုအမိန့်ချနိုင်မယ်။ အဲဒီဥပဒေမရှိရင် တစ်ယောက်မှဘာမှလုပ်လို့မရဘူး။ အခုတော့ ၁၉၅၀ပြည့်နှစ် အဂတိလိုက်စားမှုဥပဒေဘဲရှိတယ်။ အခုတော့ဘယ်လောက်ဘဲ လာဘ်စားပါစေ သူ့ကိုတိုင်မယ့်သူမရှိတော့ ဘာမှလုပ်လို့မရဘူး။ ဆိုတော့ အခြေခံအားဖြင့်ကြည့်မယ်ဆိုရင် ကျွန်တော်တို့စီရင်ရေးစနစ်က ပုံသဏ္ဍာန် အရသာပြောင်းသွားမယ် အနှစ်သာရကတော့အရင်ကအတိုင်းနီးပါးဘဲ ရှိသေးတယ်။ ဒါကြောင့်မို့ တရားရုံးတွေ မှာဆိုရင် သိသာတာက ပိုက်ဆံမရှိတဲ့သူတွေဆိုရင် ရှုံးတဲ့သူဘဲများတယ်။ တရားသူကြီးက လာဘ်စားမှုကို ထိထိရောက်ရောက်အရေးယူနိုင်မယ့် ဥပဒေမရှိလို့ ဘာမှမလုပ်နိုင်ဘူး။ အခုသူတို့ထုတ်ပြန်တဲ့ ဝန်ထမ်းတွေကို  ထုတ်ရတဲ့အထဲမှာ အများဆုံးက တရားသူကြီးတွေဖြစ်နေတယ်။ ဒါတွေဟာ လာဘ်စားတာကိုတိုင်တဲ့စာရင်း အရထွက်လာတာတွေပါ။ တရားသူကြီး ၅၇ ယောက်လားဖြတ်လိုက်တယ်။ အခုနောက်ပိုင်းကျတော့ လူထုက တိုင်တန်းလို့ရတဲ့အလားအလာတွေပွင့်သွားပြီ။ လွှတ်တော်ကလည်းတက်လာပြီဆိုတော့ အနည်းနဲ့အများ လူထု ရဲ့အသံကိုနားထောင်လို့ရသွားပြီ။ အဲဒီလာဘ်စားတာကိုတိုင်တန်းလို့ရတဲ့နေရာရှိသွားတာပေါ့။
မေး။ ။  ဒီမြန်မာနိုင်ငံရဲ့နိုင်ငံရေးပြောင်းလဲမှုကို ကြည့်ရရင် ဒီအောက်ခြေက ပြည်သူလူထုတွေကပြောင်းလဲလို့ ပြောင်းလဲလာတာမဟုတ်ဘဲနဲ့ အပေါ်က ပြောင်းလဲလို့ပြောင်းလဲလာတာကိုမြင်ရတယ်။ ဒါဟာပြောင်းလဲ သင့်ပြီထင်လို့ပြောင်းလဲတာလား ။ နောက်ပြီးဒီပြောင်းလဲမှုဟာ လူထုပေါ်မှာအခြေမခံတဲ့အတွက်ကြောင့် တချို့ ကလည်း  နောက်ပြန်လှည့်သွားနိုင်တယ်လို့ပြောကြတယ်။ ဆရာကောဘယ်လိုမြင်သလဲ။
ကျွန်တော်နားလည်တာကတော့ နိုင်ငံရေးမှာ စနစ် ၃ ခုနဲ့ပြောင်းလဲတယ်လို့ထင်တယ်။ တခုကတော့ Transformation လို့ခေါ်တယ်။ အဲဒါဟာ ပုတ်သင်ညိုအရောင်ပြောင်းလဲတဲ့ဖြစ်စဉ်။ ဒါကဘာလဲဆိုတော့ uniform ကနေပြီးတော့ လွှတ်တော်မှာ ခေါင်းပေါင်းတွေနဲ့ပုဆိုးတွေဖြစ်သွားကြတာပါ။ ဒါပေမယ့်လူဟောင်း တွေဘဲဖြစ်နေတယ်။ အဲဒါက အုပ်ချုပ်တဲ့လူတန်းစားကနေပြီးတော့ အားသာပြီးတော့ တစုံတရာအပြောင်းအလဲ ကိုတောင်းဆိုတဲ့အခါမှာ လူထုကိုမျက်လှည့်ပြလိုက်တာပေါ့။ constitution ရှိတယ်ပြီးတော့ constitution က တက်လာတဲ့ဟာမျိုးတွေပါ။ ဒါပေမယ့် သူတို့ရဲ့ Basic idea တွေကမပြောင်းဘူး။ အခုက လွတ်တော်ကြီး ပေါ်လာတယ်။ Constitution ကြီးရှိလာတယ်။ အရင်တုန်းကလို ဗိုလ်ချုပ်တွေက haski တွေနဲ့သွားတာမဟုတ် တော့ဘဲနဲ့။ ခေါင်းပေါင်းတွေနဲ့လူတွေသွားနေတာတွေတွေ့ရတယ်။ တကယ့်အပြောင်းအလဲဖြစ်လား ဆိုတော့ မရှိဘူး။ အသွင်အရတော့ပြောင်းသွားပေမယ့် အနှစ်သာရမရှိသေးဘူး။
နောက်တခုကျတော့ အတိုက်အခံ။ အတိုက်အခံကလည်း တစုံတရာအင်အားရှိတယ်ဆိုရင် အုပ်ချုပ်တဲ့သူက လုပ်ချင်တိုင်းလုပ်လို့မရတော့ဘူး။ အဲဒီလိုဆိုရင် အပေးအယူလုပ်လာရတယ်။ အခုဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အပေးအယူ လုပ်တယ်ဆိုတာက အတိုက်အခံတွေက တစုံတရာအင်အားရှိလာလို့။ အခုဆိုရင် လွှတ်တော်မှာ NLD က ၄၃ နေရာကိုရထားပြီ။ ရာခိုင်နှုန်းအရနည်းသေးပေမယ့် အရင်တုန်းကလည်း NDF တွေလည်းရှိတယ် နောက်တခြားပါတီတွေရှိတယ်။ အခုက အဲဒီအုပ်စုတွေက အုပ်စုတစုခြင်းစီဖြစ်ပြီးတော့ အင်အားကြီးတဲ့ အတိုက်အခံ တွေဖြစ်လာတယ်။ အခုဆိုရင် လွှတ်တော်ထဲမှာပြဌာန်းတဲ့ဥပဒေတွေဟာအရင်တုန်းကလို သူတို့တဖွဲ့တည်းကဘဲ ပြဌာန်းတာမဟုတ်တော့ဘဲနဲ့ reform အဆင့်ကိုပြောင်းလာတယ်။ ဒေါ်စုကိုခေါ် တွေ့တဲ့ကိစ္စတွေ၊ နိုင်ငံခြားကို ပညာတော်သင်လွှတ်တဲ့ကိစ္စတွေ၊ NGO တွေကိုအထဲမှာဖိတ်ပြီးလုပ်တဲ့ကိစ္စတွေ ဟာ reformation ကိုအသွင်ဆောင်တယ်။ ဒါတွေဟာ အတိုက်အခံတွေကို အသိအမှတ်ပြုလာတာပါ။ ပထမ ဆုံးကတော့ အတိုက်အခံတွေကို အမြစ်ဖျက်ခြေမှုန်းဖို့သွားနေတာကနေ အတိုက်အခံတွေက အင်အားကြီး လာတော့အပေးအယူတွေလုပ်ရင်းနဲ့ reformation ဘက်ကိုဦးတည်လာနေတာပါ။
နောက်ထပ်အပြောင်းအလဲတခုကိုကျွန်တော်နားလည်တာက Revolution ပါ။ အဲဒါက အုပ်ချုပ်တဲ့ လူတန်းစား တွေကို မကျေနပ်လို့အတိုက်အခံတွေက အင်အားကြီးပြီးတော့ အုပ်ချပ်တဲ့လူတန်းစားတွေကို ဂရုမစိုက်တော့ ဘဲနဲ့ revolution တခုလုပ်လိုက်တော့မယ်။ ပြင်သစ်၊ အမေရိကန် revolution ကိုကြည့်ရင် idea က ပြောင်းသွားတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံက ရှစ်လေးလုံးကိုကြည့်ရင် အဆုံးသတ်အောင်ပွဲကို မရ လိုက်ဘူး။ တကယ်လို့ရခဲ့ရင်တော့ ကျွန်တော်တို့လဲလုံးဝပြောင်းလဲသွားမှာပါဘဲ။
အခုတော့ revolution အဆင့်ကိုတော့မမြင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်မှာရှိတဲ့ cease fire အုပ်စုတွေကလဲ အထဲမှာပြန်ရောက်သွားပြီ။ စစ်တပ်ကလဲဘဲ revolution ဆိုရင်အကုန်လုံးကို စွန့်လွှတ်ရတော့ မှာကို ဥပမာ ကချင်မှာဖြစ်နေသလိုမျိုးပါ။ ဒါကြောင့်သူတို့က ဒီလိုမျိုးနိုင်ငံတဝန်းမှာ ဖြစ်မှာ ကြောက်တဲ့အတွက် revolution အဆင့်မှာမရောက်ဘဲနဲ့ transform မှာလည်းအားမသာတော့တဲ့အတွက် reform အဆင့်ကိုသွား နေတာပါ။ ဒါကြောင့်မို့လို့ ဒီအဆင့်မှာဆိုရင် လူထုရဲ့ပါဝင်ပက်သက်မှုအားကြီးလာမှ ကျွန်တော်တို့လိုချင်တဲ့ reform ဖြစ်မှာ။ ဒါမှမဟုတ်ရင် အခုပြောနေတဲ့ transform ဘက်ကိုပြန်သွားနိုင်သေးတယ်၊ နောက်ပြန်လှည့်မှု ဆိုတာကလေ။ အခုကတော့ transform ကတော့ ဖြစ်သွားပြီးပြီ။ စစ်တပ်ကနေပြီးတိုက်ရိုက်အုပ်ချုပ်မှုတွေ ပြောင်းသွားပြီ။ ဒါကြောင့်မို့လို့သူတို့ဟာ လာမည့် ၂၀၁၅ ခုနှစ်မှာ အခုသူတို့စဉ်းစားလိမ့်မယ်။ နောက်ပြီး ကြားဖြတ်ရွေးကောက်ပွဲက သူတို့ကို alert လုပ်လိုက်တာဘဲ။ တကယ်လို့သာ အတိုက်အခံတွေက လာမည့် ၂၀၁၅ မှာ အပြတ်နိုင်မယ်ဆိုရင် သူတို့ဘာမှာလုပ်လို့မရတော့ဘူး။ ဒါဆိုရင်တော့ revolution ကို ရောက်ပြီလို့ပြောနိုင်တယ်။ ဒါကြောင့်မို့လို့ ဒါကိုလည်းစစ်တပ်ကလည်းသိတယ်ဆိုတော့ လာမည့် ၂၀၁၅ ရွေးကောက်ပွဲဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲလိုမျိုးတရားမျှတချင်မှလည်းမျှတလိမ့်မယ်။
ဆိုတော့ ဒီကြားထဲမှာသူတို့ကဘာတွေလုပ်သလဲဆိုတော့ သူတို့ဘက်မှာရှိတဲ့ reformative တွေကို ရသလောက်ခွဲမှာဘဲ။ NLD တွေ တိုင်းရင်းသားအုပ်စုတွေ ကိုလည်းခွဲမှာဘဲ။ တိုင်းရင်းသားလက်နက်ကိုင်တွေ ကိုအားနည်းသလောက်လုပ်သွားမယ်။ ဒါမှ ၂၀၁၅ ကို ပြန်ကိုင်လို့ရမှာကို။ ဆိုတော့ ၂၀၁၅ ကအရေးကြီး ဆုံးကာလဖြစ်တယ်။ ဒီမတိုင်ခင်မှာ သူတို့လုပ်နိုင်သမျှကိုလုပ်သွားမှာဘဲ။ နောက်ပြီးတော့ သူတို့အဖွဲ့မှာကိုက ခေါင်းမာတဲ့အုပ်စုတွေလည်းရှိတယ်။ သူတို့က transformation ကိုဘဲကြိုက်တယ်။ သူတို့ကကမ္ဘာကို မျက်လှည့်ပြလို့ရနေတာကို။ sanction တွေလည်းပြုတ်သွားပြီ။ သူတို့အနေနဲ့တော့တရားသူကြီးတွေကို အများကြီးကိုင်မှာမဟုတ်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ တရားသူကြီးတွေကိုကိုင်လို့ အာဏာတွေ ပေးအပ် တယ်ဆိုရင် တခါနောက်ပြန်လှည့်လာတဲ့အခါမှာ သူတို့အတွက် ပြဿနာတက်နိုင်တယ်လေ။ တရားရုံးမှာ သွားတိုင်လိုက်ရင် သူတို့လုပ်ချင်တဲ့အတိုင်းလုပ်လို့မရတော့ဘူး။ ဒါကြောင့်မို့လို့တရားစီရင်ရေးမှာ ပြဿနာ တွေတက်နေတယ်လို့ဆိုပေမယ့် ဘယ်သူကမှ ထဲထဲဝင်ဝင် ပြင်ဖို့မပြောသေးဘူး။ လုပ်နေတာသိပ်မတွေ့ဘူး။ ဆိုတော့ ဒီအတိုင်းဆက်သွားနေမှာဘဲ။ ဒါပေမယ့်တခုရှိတာက အတိုက်အခံက တစုံတရာအင်အားကောင်းလာ တာကြောင့် ဟိုဘက်မှာရှိတဲ့ moderate တွေနဲ့ ဒီဘက်မှာရှိတဲ့ reform အား တွေကို ပြောင်းပြီးတော့ အပြောင်း အလဲတွေက စလုပ်နေပါပြီ။ ဒါပေမယ့် လူထုမပါဘဲနဲ့ဆိုရင် ပြဿနာရှိနိုင်တယ်။ အပေါ်မှာဘဲအပြောင်းအလဲ တွေကိုသာလုပ်နေတယ်။ လူထုပါဝင်မှုအားနည်းနေသေးတယ်။ အခုကျွန်တော်တို့ကြည့်မယ်ဆိုရင် အလုပ် သမားဥပဒေတွေထုတ်လိုက်တယ်။ အောက်ခြေမှာကျတော့ ဒီဥပဒေတွေဟာ သုံးလို့ကိုမရသေးဘူး သုံးဖို့ အတွက်လည်းစိတ်မဝင်စားဘူး။ အလုပ်သမားဝန်ကြီးကလည်း ရိုးရိုးပြောမယ်ဆိုရင် investment ကိုလိုချင်တယ်။ ဒါကြောင့်မို့လို့အလုပ်ရှင်တွေကို ဦးစားပေးတယ်။ ဒါကြောင့်မို့လို့အလုပ်ရှင်တွေက လည်းအာဏာရလာတယ်။ သူတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက်၊ သူတို့အလုပ်ကောင်းကျိုးအတွက်ကို လာဘ်ထိုး လိုက်တယ်။ အလုပ်သမားတွေကိုတော့ ဒီအတိုင်းဖိခိုင်းတယ်။ ဒါတွေဖြစ်လာတာပေါ့။
မေး။  ။ အခုတစ်ခြားအဖွဲ့တွေလဲပြောနေကြတယ် ၂၀၁၂ရွေးကောက်ပွဲလည်းလုပ်ပြီးသွားပြီ၊ ကြားဖြတ် ရွေးကောက်ပွဲလည်းလုပ်ပြီးသွားပြီ၊ constitutionလည်းလုပ်ပြီးသွားပြီဆိုတော့ changes ဖြစ်ဖို့ကလည်း မလွယ်တော့ဘူး။ ဒါဆိုတော့၂၀၁၅ကိုစောင့်ရမယ်ပေါ့။ အဲဒီအချိန်မှာလည်း သူတို့ကပြည်သူတွေကို awareness training ပေးဖို့ကို focus လုပ်ထားတယ်ဆိုတော့ အားလုံးက၂၀၁၅ကို ဦးတည်ပြီး လုပ် နေကြတယ်။ ဆိုတော့ Burma Lawyer Council အနေနဲ့ကဘယ်လိုမျိုးပြင်ဆင်မှုတွေကိုပြုလုပ်နေပြီလဲ။
ကျွန်တော်တို့အထိက ၂၀၁၅ ကိုမျှော်မှန်းထားတာက တကယ်လို့ အတိုက်အခံတွေနိုင်လာမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့အထဲကိုရွေ့သွားမှာပါ။ ဆိုတော့ အထဲမှာလည်းလုပ်တတ်ကိုင်တတ်တဲ့လူ ရှိနေဖို့လည်း လိုတယ်။ ကျွန်တော်တို့ခံယူချက်က တနိုင်ငံလုံးနဲ့ပတ်သက်တဲ့ ဥပဒေကိစ္စရပ်တွေက တယောက်တည်း တဖွဲ့ တည်းလုပ်လို့မရသလို အားလုံးဝိုင်းလုပ်ဖို့လည်းလိုအပ်တယ်။ လုပ်တဲ့လူတွေကလည်း မြို့တွေကဆိုရင် အလုပ် မဖြစ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ lawyer ကျောင်းဖွင့်တယ် ရည်ရွယ်တာကတော့ နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသား lawyer တွေကို အထိကသင်တန်းပေးနေတာပါ။ ဒါမှလည်း ဒီလို knowledge တွေရှိမှလည်း သူ့လူထုကိုဆွဲခေါ်နိုင်လာမှာ  ဆိုတော့ ကျွန်တော်တို့ဘယ်လောက်ဘဲအပေါ်မှာ အပြောင်းအလဲတွေလုပ်နေ အောက်ခြေမှာမရောက်ရင် ဘာမှအကျိုးမဝင်ဘူး။ တကယ်ဆိုတော့ ဒီနယ်စပ်ဒေသပိုင်းမှာ အခုထက်ထိကြည့် လိုက်မယ်ဆိုရင် အပေါ်မှာသာ changes တွေဖြစ်နေတယ်ဆိုပေမယ့် နယ်စပ်တွေမှာက ဘာမှ မပြောင်းလဲသေးဘူး။ ဒီအတိုင်းဘဲ။ တကယ့်အပြောင်းအလဲဖြစ်တယ်ဆိုတာ တနိုင်ငံလုံးနယ်စပ်ဒေသ တွေပါ မကျန်ပြောင်းလဲမှုရှိရမယ်။ ကျွန်တော်တို့အနေနဲ့ ၂၀၁၅ အနေနဲ့နိုင်သည့်တိုင်အောင် အောက်ခြေမှာ Train လုပ်ထားတဲ့လူတွေမရှိရင် ဘာမှလုပ်လို့မရသေးဘူး။ ဒီ train လုပ်ထားတဲ့လူတွေခိုင်လာပြီဆိုရင် network တွေလုပ်လာဖို့လည်းရှိတယ်။ ကျွန်တော်တို့နားလည်းတာက network မရှိဘဲနဲ့ဘာမှမလုပ်နိုင်ဘူးဆိုတာ နားလည်းတယ်လေ။ ၂၀၁၅ ပြီးတာနဲ့ တကယ်အလုပ်လုပ်မည့်လူတွေဖြစ်ရမယ်။ အခုရှေ့နေအများစုတွေသည် ပြည်နယ်နဲ့တိုင်းမှာတောင်မှ မြို့နယ်တွေမှာဘဲရှိတယ်။ legal knowledge က အောက်မှာမရှိဘူး။ တိုင်ရ ကောင်းမှန်းတောင်မသိဘူးဖြစ်နေတယ်။ တိုင်ရင် အဖမ်းခံရမလားဘဲ ကြောက်နေကြတယ်။ ဒါတွေကို ဖျောက်မှ ရမယ်။ ဆိုတော့ ၂၀၁၅ ကိုအထိက အကောင်းမြင်တဲ့အပိုင်းကိုထားတယ်။ ဒါပေမယ့် စစ်မှန်တဲ့ပြောင်းလဲမှု ရှိဖို့ဆိုရင် network ကောင်းတွေရှိဖို့လိုတယ်ဆိုတော့ civil society  အောက်ခြေလူတန်းစားတွေကို အထောက အကူပြုပေးတဲ့ community base organization တွေ နောက်ပြီး network တွေ ကောင်းလာရမည်။ ဒါမှလည်း အရပ်ဘက်လူ့အဖွဲ့အစည်းအတွက်ကောင်းလာမှာ။ အခုတော့ ကျွန်တော်တို့မှာ member base organization တွေဘဲရှိနေသေးတယ် ဆိုတော့ ကျွန်တော်တို့ အထဲမှာရှိတဲ့ community base organization တွေနဲ့ချိတ် ဆက် နိုင်ဖို့လည်းကြိုးစားနေပါတယ်။ ကျွန်တော်တို့ က တကယ်ဆိုတော့ community မှာ rule of law ကို နားလည်လာဖို့တွန်းအားပေးမှုတွေလည်းလုပ်နေတယ်။ တိုင်းရင်းသား ပဋိပက္ခ တွေကိုနားလည်းလာဖို့နဲ့ လူ့အခွင့်အရေးအကြောင်းကိုလည်းပါတယ်။ နောက်ပြီးတော့ အထဲမှာရှိတဲ့ community တွေနဲ့ချိတ်ဆက်နိုင်မှ သာလျှင် ဒီလုပ်ငန်းတွေကိုလုပ်နိုင်မှာ ကျွန်တော်တို့ဘက်ကတော့ ဥပဒေ အသိုင်းအဝန်းကလည်းပံ့ပိုးနေမှာပါ။ legal knowledge ဥပဒေနဲ့ ညီတယ်ဆိုရင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး၊ ဖားစရာ လာဘ်ပေးစရာလဲ မလိုဘူး ဆိုတဲ့ idea တွေပေးမယ်ပေါ့နော်။ ဒါတွေက ၂၀၁၅ ပြီးရင်။ ဘာကြောင့်လဲဆိုတော့ အခုအချိန်အထိက စစ်တပ်က ကိုင်ထားတုန်းဘဲရှိသေးတယ်။
မေး။ ။ ၂၀၀၈ဖွဲ့စည်းပုံမှာပါတဲ့ စာချွန်တော်ကိစ္စနဲ့ပက်သက်ပြီးတော့ ဆရာတို့အမြင်မှာရော။ စာချွန်တော် ရေးတဲ့နေရာမှာလိုလို့လား။ ဒါမှမဟုတ်တရားလွှတ်တော်ခုံရုံးတွေက မဆောင်ရွက်ပေးချင်လို့လား။
ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့အံ့အားသင့်တာက ၂၀၀၈ ဖွဲ့စည်းပုံ၊ အာဏာရှင်စနစ်အောက်ကထွက်လာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စာချွန်တော်လျှောက်ခွင့်ရှိတယ်ဆိုကတည်းက မျက်စိလည်ပြီးတော့ပါလာတာလို့ မှတ်ချက်ချလိုက်တယ်။ ဆိုရှယ်လစ်ခေတ်တုန်းကအခြေခံဥပဒေကိုပြန်ကြည့်မယ်ဆိုရင်လည်း ကောင်းမှ ကောင်း။ အကောင်းလွန်နေလို့လူတွေကလည်းမလုပ်တော့ဘူး။ ဖွဲ့စည်းပုံက ကောင်းနေတာကို လူတွေကလိုက် မလုပ်တော့ အသက်မဝင်တော့ဘူး။ ဒါနဲ့ပယ်လိုက်ရော ။
 စာချွန်တော်နဲ့ပက်သက်ရင်တော့ ၄၇ မှာပါတယ်။ နောက်တော့ ၇၂ မှာမပါဘူး။ တစ်ပါတီဦးဆောင်တယ် ဆိုတော့ တရားရုံးကို အာဏာမပေးခဲ့ဘူး။ အခုက ဒီမိုကရေစီပြန်သွားမယ်ဆိုတော့ ကျွန်တော်ထင်တာက ဒီမိုကရေစီကိုလည်းသူတို့ကောင်းကောင်းနားမလည်တော့ဘူး။ ကြွားလည်းကြွားချင်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ BLC ကနေထောက်ပြတယ်လေ။ သူမျက်စိလည်သွားတာဖြစ်မယ်ဆိုပြီး။ တကယ်လည်း ကျွန်တော်တို့ထင်တာတွေက အမှန်အတိုင်းဖြစ်နေတယ်လေ။ ထည့်ထားပေးတယ်၊ constitution မှာပါလာ တယ်၊ ဘယ်လိုလျှောက်ရမလဲဆိုတဲ့နည်းတွေပါပေးထားတယ်၊ တရားဝင်လည်းထုတ်ပြန်ထားတယ်။ ဒါပေမယ့် တက်လာတဲ့ စာမှန်သမျှကိုက အပယ်ခံနေရတယ်။ ခုနကပြောတဲ့ မှားပြီးထည့်တဲ့ theory ကပိုပြီးနီးစပ်တယ်။ တကယ်လုပ်ပေးချင်တာမဟုတ်ဘဲနဲ့ ပြောတဲ့အခါကျတော့ပယ်ချခံရတာကို။ ကျွန်တော်တို့အနေနဲ့တော့ ဒါနဲ့ ပတ်သက်ပြီး မှားပါလာတယ်လို့ဘဲခံယူထားပါတယ်။
နောက်တခုက စာချွန်တော်နဲ့ပက်သက်ပြီးတော့ စာချွန်တော် ၅ ရပ်မှာ မတရားအကျဉ်းကျ ခံနေရတဲ့ လူတွေ ရှိတယ်ဆိုရင် ဘယ်သူကဖမ်းထားတာလဲ ဖမ်းထားတဲ့လူတွေရှိတယ်ဆိုရင် မတရားဖမ်းထားတယ်ဆိုရင် လွှတ်လိုက်တာ။ ဒါကရှေ့တော်သွင်းစာချွန်တော်အမိန့်၊ နောက်တခုက အာဏာပေးစာချွန်တော်အမိန့်၊ ဥပမာ- နာဂစ်မှာတုန်းက အကူအညီတွေအများကြီးပေးတယ် ဒါပေမယ့်စစ်တပ်ကကိုင်ထားတယ်၊ သွားမပေးဘူး။ ပို့ဆောင်ဆက်သွယ်ရေးကိုကိုင်ထားတယ်။ နောက်ပြီး စစ်တပ်က စောင်တွေဘာတွေသိမ်းထားလိုက်တယ်။ ဘယ်သူ့ကိုသွားတိုင်မလဲ ၊ တရားရုံးကိုသွားတိုင်ရမယ်။ တရားရုံးကနေဒါကို စာချွန်တော်နဲ့ တိုင်စာတွေရတယ်၊ ဒီပစ္စည်းတွေကို အစိုးရက ယူထားတယ်ဆို ပြီးစစ်တပ်ကို တရားရုံးကနေပြီး အမိန့်ချက်ချက်ပေးလို့ရတယ်။ဒါက အာဏာပေးစာချွန်တော်အမိန့် နောက်တခုက စစ်တပ်ကနေပြီးမလုပ်တဲ့ဟာ ။ ဒါပေမယ့်စစ်တပ်ခေါင်းစဉ်နဲ့ဆိုပြီး ကုန်သည်တွေကသိမ်းတယ်။ လူထုကခံရတာကိုစာချွန်တော်လျှောက်လို့ရတယ်။ တရားရုံးကနေပြီးရပ် ထားခိုင်းလိုက်လို့ရတယ်။ ဒါကတားမြစ်စေ စာချွန်တော်အမိန့် ဒါတွေကိုကြည့်မယ်ဆိုရင် အာဏာပိုင် ကနေပြီး လူထုကိုလုပ်တဲ့ဟာတွေ။ လူ့အခွင့်အရေးနဲ့ မတရားဖမ်းဆီးတာတွေမကဘူးအများကြီးဘဲ။ ဒါဆိုတော့ သူတို့ထဲ ကလည်း ကြည့်နေတဲ့အခါမှာ ကချင်မှာဖြစ်တဲဟာက ပထမဦးဆုံးတက်လာတဲ့ဟာခေါ်စစ်တော့ စစ်တပ်က ပြောလိုက်တယ်။ အဲဒီတုန်းက အဲဒီတပ်လည်းမရှိဘူး။ ဖမ်းလည်းမဖမ်းထားဘူးဆိုလို့ရှိရင် စာချွန်တော်ရဲ့ အမိန့်ကိုက ဖမ်းတဲ့လူပြစမ်းဆိုပြီးပြောရမှာ။ ဒါပေမယ့် သူတို့ကငြင်းလိုက်တယ် မရှိဘူးဆိုပြီးဆိုရင် တရားရုံးက အဲဒီအမှုကို ဆုံးဖြတ်လို့မရသေးဘူးဆိုရင် ခုနပြောတဲ့ အာဏာပေးစာချွန်တော်အမိန့်ထုတ်ပြီးတော့ စစ်ဆေး ခိုင်းရမှာ။ ဟုတ်မဟုတ်သွားလေ့လာခိုင်းရမှာ။ အဲဒီလိုမျိုးမလုပ်ဘဲနဲ့ပယ်ချလိုက်တယ်။ ဒါမျိုးပယ်ချခံ ရရင် ဖွဲ့စည်းပုံနဲ့တရားစွဲရမှာ ။ ဒါပေမယ့်ဆက်မတက်လာဘူး။ ပြည်တွင်းထဲမှာလည်းအတွေ့အကြုံ တွေမရှိတဲ့ အခါကျတော့ ဘာဆက်လုပ်ရမလဲဆိုတာကိုမသိတော့ဘူး။ ပြောချင်တာက တရားသူကြီးတွေက လုပ်တုန်းဘဲ ရှိသေးတယ် ပြုတ်မှာကြောက်လို့ ဒါနဲ့ပဲ တရားစီရင်ရေးတွေမှာ အကြောက်တရားတွေလွှမ်းမိုးနေသေးတယ်။ ဒါတွေပပျောက်အောင်လုပ်ပေးမယ့် network တွေလိုတယ်။ ပါတီတွေပင်လျှင်လုပ်လို့မရဘူး။ lawyer network တွေကလုပ်ရမှာ။ law နဲ့ဆိုင်လို့လေ။
မေး။ ။ ပြောသွားတဲ့အထဲမှာ လူတွေကကြောက်စိတ်တွေနဲ့ ဆိုတော့ တိုင်တန်းမှုတွေမလုပ်ကြဘူး။ ဆိုတော့စဉ်းစားလိုက်တာက မြန်မာနိုင်ငံမှာ policing system မကောင်းလို့လား ။ ချစားမှုတွေနဲ့ပြည့်နေပြီး ပြည်သူတွေကမတိုင်ရဲကြဘူး။ နောက်ပြီးတော့တိုင်ရင်လည်းဘာမှမထူး၊ ပိုက်ဆံဘဲပေးနေရတယ်၊ ပိုရှုပ်ကုန် မှာကို မလိုလားလို့လား။ ဆရာ့အနေနဲ့ရော။
ကျွန်တော်သိရသလောက်က ကျွန်တော်တို့ဆီမှာ  civil society တွေအားနည်းနေတယ်။ law ရှိတယ် procedure တွေရှိတယ်။ ဒါပေမယ့် Rule of law မရှိလို့ဒါလည်းမှန်ပါတယ်။ Rule of law ရှိရင်တော့ ဘာမှ လုပ်စရာမလိုဘူးပေါ့နော်။ ဖြစ်တယ်ဆိုရင်ရဲသွားတိုင် ရဲကလုပ်ပေးမယ်ပေါ့နော်။ ရဲကနေပြီးတော့ လူထုက ကာကွယ်ပေးရမယ်။ အခုက policy ပိုင်းကဘာမှမရှိဘူးဖြစ်နေတယ်။ တကယ်လို့ ဒီလိုဖြစ်နေရင် civil socity အားကောင်းရင် တိုင်နိုင်တဲ့နေရာရှိရင် ပြည်သူတွေတိုင်ရဲကြမှာပါ။ နောက်ပြီး ရဲကိုကြောက်တယ်ဆိုရင် တရားရုံးကိုတိုက်ရိုက်သွားတိုင်လို့ရတယ်။ တချို့ဟာတွေက တိုက်ရိုက် complain တွေရှိတယ်။ တရားရုံးက လက်ခံပြီးတော့ ရဲကိုဆောင်ရွက်ခိုင်းလို့ရတယ်။ ဒါတွေကိုပြုလုပ်နိုင်ဖို့ဆိုရင် ပြည်သူတွေကို အသိဥာဏ် ပေးနိုင် ဖို့  အားကောင်းတဲ့ civil society ရှိဖို့လိုတယ်။ ဥပမာ- Philippine မှာတုန်းက မားကို့စ်လက်ထပ်မှာတုန်းကလို ပေါ့ နိုင်ငံရေးသမားတွေက ပျောက်သွားတယ်။ ပျောက်သွားတဲ့ ညီအကိုမောင်နှမတွေ၊ အမျိုးသမီးတွေက အုပ်စုတွေဖွဲ့လိုက်တယ်။ အဲဒီလိုမျိုး သူတို့နဲ့အလားတူပျောက်သွားတယ်ဆိုရင် သူတို့ကိုအကြောင်းကြားပါ။ list လုပ်ထားပေးပါမယ် မှတ်တန်းတင်ပေးထားပါမယ်။ ဒါနဲ့အဲဒီလိုမျိုးလာတိုင်တဲ့လူတွေလဲများ၊ list တွေလည်း များလာတဲ့အတွက် အဖွဲ့အစည်းကြီးက ကြီးလာတယ်၊ လူထုက ကိုးစားတဲ့အဖွဲ့တွေဖြစ်လာတယ်။ အဖွဲ့က လူတေက မြို့နယ်တွေအထိပါ အဖွဲ့ခွဲတွေလုပ်လာတယ်။ မားကို့စ် တို့ကကြောက်သွားတယ်။ သူတို့တုန်း ကလည်း အာဏာရှင်က ခိုင်းထားတဲ့ရဲစခန်းတွေဖြစ်နေတော့ တိုင်တန်းမှုတွေကို လုပ်လို့မရဘူး။ ခုနကပြောတဲ့ အမျိုးသမီးအုပ်စုတွေက အရင် ပြန်ပြီးဖွဲ့စည်းလိုက်တဲ့အတွက်ကြောင့် တကယ့်ကိုလူပျောက်တဲ့ဟာတွေ ပျောက်သွားတယ် ကျွန်တော်တို့နိုင်ငံလည်းအဲဒီလိုလုပ်လို့ရတယ်လို့ထင်တယ်။ ရဲကြောက်တာက ကျွန်တော် တို့ပြည်သူတွေရဲ့စိတ်ထဲမှာ စွဲနေပြီ။ မကြောက်အောင်သွားပြောလို့မဖြစ်ဘူး။ လက်တွေ့မှာက ရဲတွေကလုပ်နေ တာတွေရှိတာကို။ ဒါကြောင့်မို့လို့ ပြည်သူတွေနဲ့ ပိုပြီး friendly ဖြစ်တဲ့ အဖွဲ့အစည်းတွေရှိဖို့လိုတယ်ဆိုတော့ ကျွန်တော်တို့မှာ strong civil society တွေမရှိလို့ဖြစ်တာ။ Rule of law ပြောတာဟာမှန်ပါတယ်။ ဒါပေမယ့် အောက်ခြေအထိကျတော့ မီဒီယာတွေ၊ civil society တွေစောင့်ကြည့်ဖို့လိုပါတယ်။ ကျွန်တော်တို့တွေ police system ကိုကောင်းလာအောင်စောင့်ကြည့်နေမယ့်အစား civil society ကိုအားကောင်းအောင်လုပ်နိုင်ဖို့ လိုပါ တယ်။
မေး။ ။ ဆိုတော့ civil society အားကောင်းလာဖို့ဆိုရင် အခုလည်း တချို့ NGO တွေဝင်လာတာတွေ တွေ့ရတယ်။ နောက်ပြီးတော့ နောက်ထပ် ၂ နှစ်၊ ၃ နှစ်လောက်ဆိုရင် အများကြီးဖြစ်လာတော့မှာ ။ ဒီတော့ ကောင်းတာတခုက civil society ပိုမိုအားကောင်းလာမယ်လို့ထင်ရတယ်။ ဒါပေမယ့် အဖွဲ့အစည်းတခုစီရဲ့ ပစ်မှတ်တွေကမတူညီကြဘူး ဆိုတော့ဆရာ့အနေနဲ့ဘယ်လိုပြောချင်သလဲ။
ကျွန်တော်ကတော့ community based အဖွဲ့တွေအရေးကြီးတယ်လို့မြင်တယ်လေ။ NGO ဆိုတာက ကြိုက်တဲ့ နေရာတောင်သွားလို့ရတယ်၊ နောက်မကြိုက်ဘူးဆိုရင် ပြန်သိမ်းလို့ရတယ်။ သူတို့အပေါ်ဘဲမူတည်တယ်။ community base ကသွားလို့မရဘူး။ community ကနေတက်လာတဲ့ဟာတွေကို ဖွံ့ဖြိုးအောင်လုပ် ရမယ်။ ရည်ရှည်မှာ အားကောင်းတဲ့အထိလုပ်ရမယ်ဆိုတော့ community based မဟုတ်လို့ရှိရင် လူထု အတွက်က ရေရှည်မှာအားကိုးဖို့သိပ်မဖြစ်နိုင်ဘူး။
မေး။ ။ နောက်တခုအနေနဲ့ investment နဲ့ပက်သက်ပြီးတော့ သိချင်တယ်။ အခုအခြေအနေက မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံတကာကလည်းလာနေကြပြီ။ တဖက်မှာလည်းနိုင်ငံကို ကြည့်မယ်ဆိုရင် နိုင်ငံရေးအရ ပြောင်းလဲမှုတွေရှိလာသော်လည်း ပြည်တွင်းမှာ ပဋိပက္ခ တွေရှိနေတုန်းဘဲ ဆိုတော့ ဆရာ့အနေနဲ့ ဘယ်လို ရင်းနှီးမြုပ်နှံမှုကိုလက်ခံသင့်သလဲ လို့ထင်ပါသလဲ။
ရင်းနှီးမြုပ်နှံမှုနဲ့ပက်သက်ပြီးနှစ်ခုရှိတယ်။ သံယံဇာတတွေပေါ်မှာ အထိကထားတဲ့ investment နဲ့ ကျွမ်းကျင် မှုပေါ်မှာ အဓိကထားတဲ့ investment ။ သံယံဇာတထုတ်တယ်ဆိုတာက ကိုယ့်နိုင်ငံမှာရှိတဲ့ဟာတွေ ကိုယူသွားမယ် ဆိုတော့ ကျွန်တော်တို့နိုင်ငံက အခွံဘဲကျန်ခဲ့မယ်။ ဒါတွေမဟုတ်ဘဲနဲ့ ကျွမ်းကျင်မှု ပေါ်မှာ အခြေခံတဲ့ ဥပမာ- ကားကုမ္ပဏီတခုလာမယ် ဆိုတော့ လူထုက ဒါတွေကိုလုပ်ရင်းနဲ့ ကျွမ်းကျင်လာမယ်။ ဆိုတော့ ထုတ်လုပ်မှုပိုင်းနဲ့ပက်သက်တာတွေကို ကျွန်တော်တို့ ကြိုဆိုသင့်တယ်လို့ထင်တယ်။ ဒီ nature resources နဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့ပိုသတိထားရမယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အမြတ်ရဖို့အရောင်းကိုပိုပြီးအဓိကထားတာကို။ ဒါပေမယ့် အကြမ်းအားဖြင့် ရင်းနှီးမြုပ်နှံမှုကို ကြိုဆို ပါတယ်။ နောက်ပြီးတော့ ဒေသခံပြည်သူတွေကိုမထိခိုက်ရဘူးပေါ့။ မြစ်ဆုံလိုမျိုးကြတော့ မကောင်းဘူး လေ။ ဒေသခံတွေကိုလည်းအကြောင်းမကြားဘူး။ အစိုးရနဲ့ဘဲပေါင်းပြီးလုပ်သွားကြတယ်။ ဒါတွေကတော လွန်တာ ပေါ့နော်။ ကျွန်တော်တို့က ငွေရမှာဘဲသိတယ်။ ဒီဟာရဲ့ဆိုးကျိုးကိုမသိဘူး။ နောက်ပြီးမြန်မာပြည်မှာ ဒီလို မျိုးဆိုးကျိုးတွေရှိတာကိုပြောပြတဲ့အဖွဲ့အစည်းတွေမရှိဘူး။ နောက်ပြီးစွမ်းအင်ဝန်ကြီး ကပြောလိုက်သေး တယ်   မီးရမယ့်အလုပ်ဘဲ ဆိုတာမျိုးတို့ပေါ့။ ဒါတွေကိုကြည့်ရင် အစိုးရကလဲ တိုင်းပြည်နဲ့နိုင်ငံ ထိခိုက်မှာကို မကြည့် တော့ဘူး။
မေး။ ။ နောက်ပြီးတော့ တိုင်းရင်းသားအရေးနဲ့ပက်သက်ပြီးတော့ သိချင်တာလေးတွေရှိတယ်။ အခုက နိုင်ငံတကာကလည်းပြောနေကြပြီ ဘာဖြစ်လို့ ကချင်တွေဆက်ပြီးတိုက်နေကြသေးသလဲ။ အခုပြောင်းလဲလာတဲ့ မြန်မာ့နိုင်ငံရေးမှာ ဒီပြောင်းလဲမှုကိုဘဲ ဦးတည်ပြီးလုပ်ရမယ့်ဟာကို စစ်ပွဲတွေဖြစ်နေသေးသလဲ။ နောက်ပြီး တိုင်းရင်းသား အတော်များများက မိမိစာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုတွေကိုထိန်းသိမ်းချင်တယ်ဆိုတော့ မြန်မာနိုင်ငံကို federal ရချင်ကြတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီးတော့ ဆရာ့အနေနဲ့ဘယ်လိုမြင်သလဲ။
ကျွန်တော်ထင်တာ ပထမဦးဆုံးကတော့ ကျွန်တော်တို့ common interest ကိုရှာဖို့ပါဘဲ။ ဒီမှာက အပေးအယူတွေရှိနိုင်တယ်။ ကိုယ့်တိုင်းရင်းသားအချင်းချင်းကြားထဲမှာ ဘယ်လောက်နားလည်မှုရှိနေပြီလဲ ဆိုတာသိဖို့ကအရေးအကြီးဆုံးဘဲ။ နောက်ပြီးအဓိကကတော့ လုံခြုံရေးကိုကြည့်ရတာပါ။ ကျွန်တော်တို့နိုင်ငံကို နိုင်ငံကြီးတွေဖြစ်တဲ့ china နဲ့ India တွေက ဝိုင်းဝန်းထားတော့ ဒီနိုင်ငံတွေရဲ့ ကျူးကျော်မှုတွေကိုမခံရအောင် နိုင်ငံအတွင်းမှာတိုင်းရင်းသားတွေနဲ့ စည်းလုံးမှုလိုပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးဆိုတာက ပထမဦးစားပေး၊ ဒုတိယအဆင့်က လုံခြုံရေးရှိပြီဆိုရင် development ဆိုတာက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပြင် လူ့အခွင့်အရေးနဲ့ လူတွေရဲ့အသိ တိုးတက်မှု။ အဲဒါတွေကိုဖြေရှင်းပေးနိုင်တာက ဖွဲ့စည်းပုံ။ ဖွဲ့စည်းပုံက အာမခံ ပေးရမှာကို ပါးစပ်နဲ့အာမခံလို့မရဘူး။ federal constitution လို့ပြောရင် အနှစ်သာရက ကျွန်တော်တို့ရဲ့ agreement တွေကြားထဲမှာ။ ဟိုတုန်းကလည်း ပင်လုံကနေစခဲ့တာပါ။ နိုင်ငံရေးအရဖြစ်စေ လူမျိုးရေး အရ ဖြစ်စေ တန်းတူညီတူရှိရမယ့်မူပေါ်မှာအခြေခံရမယ်။ ဒါတွေကို ဖွဲ့စည်းပုံက အာမခံရမယ်။ Federal ဆိုတာက self rule and share rule ဆိုတော့ ကိုယ့်ဒေသကိုလည်းအုပ်ချုပ်ပိုင်ခွင့်ရှိရမယ်။ နောက်ပြီး common interest နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘယ်လောက်သဘောတူထားသလဲ။ အထက်ကအမိန့်နဲ့ မဟုတ်ဘဲနဲ့ သဘောတူထား တာတွေ။ ကျွန်တော်တို့အခု cease fire တွေမှာလုပ်နေတယ်ဆိုတဲ့နေရာတွေမှာ constitution ကအာမခံချက်မရှိဘူး။ အဲဒါလဲမရှိတဲ့အတွက်ကြောင့် အခုလောလောဆယ်မှာထားလိုက်ပါအုံး။ development ကိုပိုပြီးလုပ်ပါအုံးလို့ပြောလာကြတယ်။ တကယ်ဆိုတော့ ဖွံ့ဖြိုးမှုဆိုတာက ဒုတိယအဆင့် ဒါကိုကျော်နေတယ်လို့မြင်တယ်။ အခုဆိုရင် ကချင် မှာမငြိမ်းချမ်းသေးဘူး ဆိုတော့ common interest က အဲဒီမှာပျက်နေပြီ။ ဆိုတာက constitution က အာမ မခံထားလို့။ နောက်ပြီး Development မှာ ထွက်လာတဲ့အမြတ်တွေကိုဘယ်လိုလုပ်မလဲဆိုတာမပါဘူး။ အခုကတိုင်းပြည်မှာ ဗမာတွေကများနေတော့ ဆုံးဖြတ်ချက်တွေလဲသူတို့လက်ထဲမှာရှိနေတယ်။ တရားမျှတတဲ့ဆုံးဖြတ်ချက်မျိုးဖြစ်ရမယ်လေ။ ဘယ်နေရာ ဘယ်လိုမျိုးအကျိုးရလဒ်တွေဖြစ်စေ share လုပ်ရပါမယ်။ နောက်ပြီး ပြဿနာဖြစ်လာရင် ဘယ်လို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းမလဲဆိုတာလဲပါသေးတယ်။ federal မှာ ပြည်နယ်တွေကအဆင့်အတူတူ ဖြစ်တာကြောင့်တယောက်ကိုတယောက်ဗိုလ်ကျလို့မရဘူး။ ဒါကြောင့်မို့လို့ဒီအခြေခံ ၃ ခုကိုဘယ်ကအာမခံ သလဲ ဆိုတော့ constitution ကဘဲအာမခံပေးတယ်လေ။ ဒါကြောင့် အာဏာ ၃ ရပ်ကိုလည်းဝေခွဲရမယ်။ ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရတွေဆိုပြီးတော့ ခွဲခြားထားရမယ် ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေလည်း မရှိတော့ဘူး။ ပြည်ထောင်စုစစ်တပ်ဆိုတာဘဲရှိတော့တယ်။ ဒီအထဲမှာ တခုက အမြဲတမ်းစစ်တပ်နဲ့ အရံ စစ်တပ်ရှိတယ်။ စစ်မဖြစ်ဘူးဆိုရင် အရံစစ်တပ်ကလူတွေက စစ်သားတွေမဟုတ်ဘူးဆိုတော့ လူတိုင်းလူတိုင်း ဟာစစ်မှုမထမ်းမနေရ ဥပဒေကို ပြဌာန်းလိုက်ပြီးတော့ စစ်ပညာသင်တန်းကို ၂ နှစ်တက်ထားရမယ်။ အစ်စရေး တို့မှာသုံးနေတဲ့စစ်တပ်တွေလိုပေါ့။ သူတက်တဲ့ဟာတွေလဲကိုယ်တက်တယ် ဆိုတော့ ဗိုလ်ကျလို့မရဘူး။ နောက်ပြီးတယောက်နဲ့တယောက် ယုံကြည်မှုတွေပိုရှိလာတယ်။ ဒါပေမယ့် ဒီစနစ်ကို ဖွဲ့စည်းပုံကလည်း အာမ မခံထားဘူး။
မေး။ ။ အခု BLC အနေနဲ့ ရှေ့ဆက်ပြီးတော့ လုပ်ဆောင်မည့်လုပ်ငန်းစဉ်တွေကိုသိပါရစေ။
ကျွန်တော်တို့က အထဲကိုသွားဖို့အစီအစဉ်တွေရှိတယ်။ အထဲမှာထက်အပြင်မှာလုပ်တာဟာ ပြောရရင်တော့ ကုန်ကျစရိတ်တွေဟာတအားကွာတယ်။ နောက်ပြီးတော့ ဒီဘက်မှာ ပွဲတခုလုပ်တာဟာ ဟိုဘက်မှာ ၅ ခုလုပ်တာနဲ့သွားတူနေတယ်။ နောက်ပြီးတော့ ပြောရရင် Donner တွေကလည်းစဉ်းစားလာကြပြီ။ ပြောင်းလဲ လာတာကို အထဲမဝင်သေးတာလဲဆိုတာတို့။ ဒါကြောင့်မို့လို့ကျွန်တော်တို့ကလည်း အခုအထဲမှာ လုပ်နိုင်မည့် ဟာတွေကိုရှာနေတယ်။ ဒါပေမယ့် အခုထိကာလကတော့ဘာမှသေချာမတွေ့သေးဘူး။ ဒါကြောင့်မို့လို့ အခု အထိက ဒီဘက်မှာဘဲခေါ်လုပ်တာတွေဘဲရှိသေးတယ်။ တရားသူကြီးတွေနဲ့လုပ်ဖို့ကသူတို့က သူတို့ပါးစပ်မဟ ရဲကြသေးဘူး ။ သူတို့နောက်ကွယ်မှာ အာဏာကိုကိုင်ထားတဲ့လူတွေရှိတာကြောင့် သူတို့နဲ့လုပ်ဖို့က မလွယ် သေးတဲ့ အနေအထားမှာရှိနေကြတယ်။ ကျွန်တော်တို့ ၂၀၁၅ ကိုအားလုံး ပစ်မှတ်ထားဖို့ကိုတိုက်တွန်းနေတယ်။ ဒီထက်လည်းပိုပွင့်သွားရင် လည်းကျွန်တော်တို့အတွက်လည်းကောင်းဆောင်ရွက်စရာတွေလည်း ဆောင်ရွက် နိုင်သွားတာပေါ့။ မဟုတ်ရင်တော့ cronies တွေနဲ့ပြည့်သွားမှာဘဲ။ ဒီကာလမှာတော့ ကိုယ့်အချင်းချင်း နားလည်အောင် ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲနဲ့ community base တွေများများပေါ်လာနိုင်ရင် ကောင်းမယ် လို့ကျွန်တော်တို့ထင်ပါတယ်။ 
Thursday, August 09, 2012
, ,
RFA 31 July 2012 (Evening Broadcast).... AHRC
RFA 31 July 2012 (Evening Broadcast)
အခုအပတ်ဦးဇော်မိုးကျော်တင်ဆက်တဲ့ နိုင်ငံများရဲ့အပြောင်းအလဲ (45:16-51:24 )
ဒီအပတ်မှာတော့တရားဥပဒေစိုးမိုးရေးနဲ့ စစ်တပ်ရဲ့အခန်းဂဏ္ဍန်နကိုတင်ဆက်မှာပါ။
သောတရှင်များခင်ဗျာ။ မြန်မာနိုင်ငံမှာ ဒီမိုဂရေစီပြုပြင်ပြောင်းလဲရေးတွေစတင်နေပြီလို့ အသိအမှတ်ပြုပြောဆိုနေတာတွေကို သောတရှင်တွေသိပြီးဖြစ်မှာပါ။ ဒီမိုကရေစီနိုင်ငံအဖြစ် အမှန်တကယ်ရောက်ရှိဖို့ဆိုရင် တရားဥပဒေစိုးမိုးရေး အပြည့်အဝရှိဖို့လိုအပ်ပါတယ်။
ပထမချက်အနေနဲ့က ဖွဲ့စဉ်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်းဟာ ဒီမိုကရေစီကိုဖော်ဆောင်တဲ့ဥပဒေတွေ အပြည့်အဝဖွဲ့စည်းတည်ဆောက်ထား ဖို့လိုအပ်ပါတယ်။ ပြည်သူလူထုရဲ့အခွင့်အရေးတွေကိုအကာအကွယ်ပေးထားဖို့ အာမခံထားဖို့လိုပါတယ်။ ဒါမှအဲဒီဥပဒေတွေကို ပြည်သူလူထုကရော ၊အစိုးကရော ၊စစ်တပ်ကပါ အားလုံးလေးစားလိုက်နာမှာဖြစ်ပြီး တရားဥပဒေစိုးမိုးမှုရှိလာမှာဖြစ်ပါတယ်။ ဒီနေရာမှာတရားဥပဒေစိုးမိုးမှုနဲ့ပက်သက်လို့ အမေရိကန်ပြည်ထောင်စုက သမိုင်းဝင်စကားတခုကိုတင်ပြပေးလိုပါတယ်။ အမေရိကန်ပြည်ထောင်စုကို ၁၇၉၇ ခုနှစ်က အုပ်ချုပ်ခဲ့တဲ့ ဒုတိယ သမ္မတ ဂျွန်အက်ဒမ် (John Adams ) ပြောခဲ့တဲ့စကားတခွန်းရှိပါတယ်။ သူက “ Our country is a government of Laws not of Man” လိုပြောဆိုခဲ့ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့၏ နိုင်ငံကို ဥပဒေက အုပ်ချုပ်တာပါ။ လူတွေက အုပ်ချုပ်တာမဟုတ်ပါဘူးလို့ ပြောဆိုခဲ့တာပါ။ တရားဥပဒေစိုးမိုးရေးဆိုတာ အုပ်ချုပ်သူကော နိုင်ငံသားအားလုံးရော ဥပဒေရဲ့အောက်မှာ တန်းတူရှိနေတာဆိုလိုပါတယ်။ အမေရိကန်ပြည်ထောင်စုက သူတို့ကိုသူတို့ constitutional Democracy ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်းနဲ့ ပြဌာန်းထားတဲ့ ဒီမိုကရေစီနိုင်ငံလို့ပြောဆိုပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်းဟာတရားဥပဒေစိုးမိုးရေးရဲ့ အခြေခံအုပ်မြစ်လည်းဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးဆိုတာနဲ့ပက်သက်ပြီး အာရှလူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးကတော့အခုလိုရှင်းပြပါတယ်။
ဦးမင်းလွင်ဦး ။ ။ “ဥပဒေပါပြဌာန်းချက်တွေကို အုပ်ချုပ်သူအစိုးရကော အုပ်ချုပ်ခံရတဲ့ ပြည်သူတွေကကော လေးစားလိုက်နာပြီးတော့ ဥပဒေရဲ့အောက်မှာ ဥပဒေ ပြဌာန်းချက်တွေအတိုင်းတတွေမသိမ်းလိုက်နာ ရင်တော့ တရားဥပဒေစိုးမိုးခြင်းရှိတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်။ အဲဒီလိုမျိုးလိုက်နာဆောင်ရွက်ခြင်းမရှိဘူးဆိုရင်တော့ တရားဥပဒေစိုးမိုးမှုကင်းမဲ့တယ်လို့ကျွန်တော်တို့ပြောနိုင်ပါတယ်။”
လက်နက်ကိုင်ဆောင်ထားတဲ့မြန်မာ့တပ်မတော်ဟာ စံပြလိုက်နာတဲ့အဖွဲ့အစည်းဖြစ်ဖို့လိုအပ်တယ်လို့ ဦးမင်းလွင်ဦးကပြောပါတယ်။ ဒီတော့မြန်မာ့သမိုင်းတလျှောက် စစ်တပ်နဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ဘယ်လိုအခြေအနေမျိုးရှိခဲ့ပါသလဲ။ စစ်တပ်က အာဏာသိမ်းယူတာဟာ တရားဥပဒေစိုးမိုးရေးကို စတင်ဖျက်စီးလိုက်တာဘဲလို့ ဦးမင်းလွင်ဦးကပြောပါတယ်။
ဦးမင်းလွင်ဦး ။ ။ ကျွန်တော်တို့ ၁၉၆၂ ခုနှစ် စစ်တပ်က နိုင်ငံတော်ရဲ့အာဏာစတင်သိမ်းယူလိုက်တာက ကျွန်တော်တို့ ၁၉၄၇ အခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့မညီဘူး နိုင်ငံတော်ရဲ့ အာဏာကိုမတရား လက်နက်နဲ့ရယူ သိမ်းပိုက်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ ဥပဒေနားလည်ကြတဲ့ လူတိုင်းသိကြပါတယ်။ အဲဒီလိုမျိုးအာဏာ သိမ်းပြီးတဲ့အခါမှာ ကျွန်တော်တို့ဒီ တရားသူကြီးချုပ် ဦးမြသိန်းတို့ကို ယာယီထိန်းသိမ်း ခဲ့တယ်ဆိုတာတွေက တရားဥပဒေစိုးမိုးရေးကိုစတင်ကျူးလွန်ဖောက်ဖျက်တယ်လို့ကျွန်တော်ကတော့ အဲဒီလိုယူဆပါတယ်။”
ဒါအပြင် ၁၉၈၈ ခုနှစ်မှာ စစ်တပ်က တကြိမ်အာဏာသိမ်းခဲ့တာကလည်း တရားဥပဒေစိုးမိုးရေးကိုပျက်ပြားစေပါတယ်။
ဦးမင်းလွင်ဦး ။ ။ “ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီတက်လာပြီးတဲ့နောက်ပိုင်းမှာ ၁၉၇၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဆိုတာပေါ်လာတယ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပေါ်လာတာနဲ့တပြိုင်နက်တည်မှာ ပြည်သူ့တရားကို ပြည်သူတွေကသာ စစ်ဆေးစီရင်ရမယ်ဆိုတာနဲ့ ဘယ်နိုင်ငံမှာမှ မရှိသေးတဲ့ တရားစီရင်ရေးတွေကို ဒေါက်တာမောင်မောင်က အခြေချ ကျင့်သုံးပြီး ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာအရင်တုန်းက အခြေခံခဲ့တဲ့ တရားစီရင်ရေးစနစ်ကို ဖျက်စီးခဲ့တယ်လို့ ကျွန်တော်ပထမဦးစွာပြောချင်တယ်။ နောက်ပိုင်းမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ပြိုလဲသွားပြီးတော့ စစ်တက်ကနေပြီး စက်တင်ဘာ ၁၈ ရက်နေ့မှာ အာဏာသိမ်းယူခဲ့တယ်။ နောက်ပိုင်း အမိန့်အာဏာညွန်ကြားတဲ့ Marshal law ဥပဒေတွေ နဲ့တိုင်းပြည်ကို အုပ်ချုပ်လာတယ်။
ပြီးတော့မှ တပ်မတော်ရဲ့တရားစီရင်မှုတွေနဲ့မကင်းတဲ့ တရားစီရင်ရေးစနစ်အသစ်တခုနဲ့ နှစ်၂၀ လောက်အုပ်ချုပ်လာခဲ့တယ်။ နောက် ၈၈ ခုနှစ်နောက်ပိုင်းကနေစပြီးတော့ တရားစီရင်ရေးစနစ်ဟာ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့လက်အောကိုလုံးဝရောက်သွားခဲ့တယ်။ လဒ်စားမှု၊ချစားမှုတွေပေါ်ပေါက်လာတယ်။ နိုင်ငံတော်လုံခြုံရေးကို အကြောင်းပြပြီးတော့ နှိက်စက်မှုတွေပေါ်ပေါက်လာတယ်။ ဒါတွေက တပ်မတော်ကနေပြီးတော့ မြန်မာနိုင်ငံ ကိုအာဏာသိမ်းပြီးနောက်ပိုင်းမှာ တဆင့်ပြီးတဆင့် ယို့ယွင်းလာအောင်စနစ်တကျ လုပ်ခဲ့တယ်လို့ပြောလို့ရပါတယ်။”
တိုင်းပြည်ရဲ့လိုအပ်ချက်အရ အာဏာသိမ်းယူရတယ်လို့မည်သို့ပင်ဆိုစေ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်းနဲ့ တည်ဆဲဥပဒေတွေကို ကျော်ပြီး လုပ်တဲ့လုပ်ရပ်ဟာ တရားဥပဒေစိုးမိုးရေးကို တမင် ယို့ယွင်းလာအောင်လုပ်တာလို့ ဦးမင်းလွင်ဦးက ဆိုပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်းမှာ စစ်တက်က အာဏာသိမ်းယူနိုင်အောင်ထည့်သွင်းရေးဆွဲထားတာလို့လဲဆိုပါတယ်။
ဒါကြောင့်မြန်မာနိုင်ငံ ဒီမိုဂရေစီထွန်းကားမှုမှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြုပြင်ဖို့လိုသလို မြန်မာ့တပ်မတော်အနေနဲ့တရားဥပဒေကိုလေးစားလိုက်နာတဲ့ ဥပဒေရဲ့အောက်မှာနေတဲ့ စံပြအဖွဲ့အစည်းဖြစ်အောင် ပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်လို့ ဦးမင်းလွင်ဦးက ပြောဆိုခဲ့ပါတယ်။
ဒါတွေကတော့ တရားဥပဒေစိုးမိုးရေးနဲ့ စစ်တပ်ရဲ့အခန်းဂဏ္ဍကိုတစိတ်တပိုင်းတင်ဆက်လိုက်တာပါ။
Friday, May 18, 2012
, ,
VOA တိုက်ရိုက်လေလှိုင်း ... 18 May 2012
VOA တိုက်ရိုက်လေလှိုင်း 
12 May 2012 (Evening Broadcast)
ဒီနေ့ဆွေးနွေးမဲ့အကြောင်းအရာကတော့ မြန်မာနိုင်ငံမှာ အခုလက်ရှိတရားစီရင်ရေးစနစ် ဟာ ဒီမိုကရေစီ ဖော်ဆောင်နေတဲ့လမ်းကြောင်းနဲ့ကိုက်ညီနေရဲ့လား ဆိုတာကိုပထမ မေးထား ပါတယ်။ ဆိုတော့ ဒီခေါင်းစဉ်ရဲ့ ပထမပိုင်းကို ဘယ်သောတရှင်ကမှ ကိုက်ညီ တယ်လို့မပြောကြပါဘူး။ ဆိုတော့ ကိုက်ညီမညီဆွေးနွေးနေရင် အချိန်ဖြုန်းတဲ့ ဟာဘဲ ဖြစ်ပါလိမ့်မယ်။ ဆိုတော့ ဒုတိယ ပိုင်းဖြစ်တဲ့ မညီရင်ညီအောင်ဘယ်လို လုပ်ရမလဲ ဆိုတာ၊ ဘာတွေယို့ယွင်းနေသလဲ၊ ဘာကြောင့်မညီတာလဲဆိုတာ ကိုအဓိက ထားဆွေးနွေးမှာဖြစ်ပါတယ်ခင်ဗျာ။ 
ဒီကနေ့သောတရှင်တွေမေးမြန်းဆွေးနွေးကြမဲ့အထဲမှာကျတော့ တရားစီရင်ရေးနဲ့ ပက်သက်လို့ ကျွန်တော်တို့ရွေးထားတဲ့ ပင်တိုင်ဆွေးနွေးမဲ့ ပုဂိုလ်ကလည်း ဥပဒေပညာရှင်တွေဖြစ်ပါတယ်။ ကိုဇော်ဝင်းလှိုင် စာရင်းပြုစု ထားတဲ့ ပါဝင်ဆွေးနွေးမဲ့ သောတရှင်တွေကလည်း တော်တော်များရှေ့နေကြီးတွေဘဲဖြစ်နေတော့ ကျွန်တော် ထင်တယ် ကျွန်တော်တောင်လိုရဲ့လားလို့ ရှေ့နေကြီးတွေကို တင်ပေးလိုက်ပြီး ဆွေးနွေးသွားရင်တောင်တော်တော်ပြည့်စုံနေပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့ရွေးထားတဲ့ ပုဂိုလ်နှစ်ဦးကတော့ ဦးမင်းလွင်ဦး အာရှလူ့အခွင့်အရေး ကောင်စီက လူ့အခွင့်အရေးရှေ့နေတဦးဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေ အကြံပေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ရှေ့နေကြီးဦးအောင်သိန်း ဖြစ်ပါတယ်။ နောက် ပါဝင်ဆွေးနွေးမဲ့သူတွေလည်းရှေ့နေတွေဖြစ်ပါတယ်။ 
ကျွန်တော်ဒီနေ့ပထမဦးဆုံးသောတရှင်တွေမေးတဲ့ အကြောင်းအရာထဲက စာနဲ့ စတင်  ဆွေးနွေးချင်ပါတယ်။ တခါတခါအရေးကြီးတဲ့ စာတွေကျန်ခဲ့တာရှိတော့။ ကျွန်တော်သောတရှင်တွေရဲ့စာတွေကိုလေ့လာကြည့်တဲ့အခါ တချို့ က မြန်မာနိုင်ငံမှာ တရားစီရင်ရေး ယိုယွင်းပျက်ပျားနေတဲ့အကြောင်းအရင်းဟာ အဓိကအားဖြင့် ဆန်းစစ် တဲ့ သောတရှင်နှစ်ဦးကို တွေ့ရပါတယ်။ တဦးကတော့ အထက်အာဏာ ပိုင်တွေ ရဲ့အလိုကျ အတိုင်း တရားသူကြီးတွေ၊ တရားရုံးတွေကဆောင်ရွက်နေတယ် ဥပဒေကို မကြည့်ကြဘူး။ သောတရှင်ဒေါ်နွဲ့စန္ဒီသန်းဆိုတဲ့ အမျိုးသမီးတဦး မြန်မာပြည်က လက်ရေးနဲ့ ရေးပို့တဲ့ စာထဲမှာတော့ မြန်မာနိုင်ငံရဲ့တရားစီရင်ရေးဟာ စစ်အစိုးရ လက်ထက် ကနဲ့ အရပ်သားအစိုးရဆိုတဲ့လက်ထက်နဲ့အတူတူပါဘဲတဲ့။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်အကြီးအကဲများရဲ့အလိုကျ သက်ဆိုင်တဲ့လူတွေက လူတွေကို ညှင်းပန်းခြိမ်းခြောက်ပြီးတော့ အဓမ္မနည်းနဲ့ဖြောင့်ချက်တွေရယူတယ်။ အဓမ္မဖြောင့်ချက်မှာ အခြေခံပြီးတော့ ပြစ်ဒဏ်ချမှတ်တယ် ဆိုပြီးတော့ ပေးထား ပါတယ်။ နမူနာအားဖြင့် မကြာသေးခင်က သေဒဏ်ချမှတ်ခြင်းခံရတဲ့ ဖြိုးဝေအောင် ကိစ္စကို သူဖော်ပြထားပါတယ်။ တရားစီရင်ရေးမှာပါတဲ့ အမြင့်ဆုံးပုဂိုလ်တွေဆိုတာလဲ စစ်တပ်ဘက်က အသွင်ကူးပြောင်းထားတဲ့လူတွေဖြစ်လို့ ဘာမှမပြောင်းလဲဘူးလို့ ဆိုထားတာဖြစ်ပါတယ်။ နောက်တယောက် မောင် ဥပဒေ ဆိုတာ ဆွေးနွေးထားတာက အာဏာရှင်စနစ်ဟာအမြစ်မပျက်သေးဘူးဆိုတာက အဓိကပါဘဲ။ ဆိုတော့ အာဏာရှင် စနစ်ကို ပြည်သူ့ အာဏာတော်လှန်ရေးနဲ့မဖယ်ရှားပြစ်နိုင်ရင် တော်တော်နဲ့ဖြစ်မှာ မဟုတ်ဘူး ဆိုတာကိုဆွေးနွေးထားတာတွေ့ရပါတယ်။ ဆိုတော့အကြောင်းအရင်တွေကိုဆန်းစစ်တာဖြစ်ပါတယ်။  Panel ဆွေးနွေးမဲ့ လူနှစ်ဦးအနေနဲ့ ဘယ်လိုသဘောရပါသလဲ။ 
ဦးအောင်သိန်းခင်ဗျာ။ စောစောက သောတရှင်တွေရေးထားတာ မြန်မာနိုင်ငံမှာတရားစီရင်ရေးဟာ အံဝင်ခွင်ကျဖြစ်နေတယ်။ ပျက်စီးယို့ယွင်းဖြစ်နေတဲ့ ဆိုတာပြောတဲ့သောတရှင်နှစ်ဦးဆွေးနွေးတာ ဘယ်လိုမြင်ပါသလဲခင်ဗျာ။
ဦးအောင်သိန်း ။    ။ မှန်ပါတယ်ခင်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံက ၆၂ ခုနှစ်တုန်းက စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ကျွန်တော်တို့တွေက စစ်ကျွန် ဘ၀ ရောက်သွားတဲ့အချိန်ကစပြီးတော့ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဟာ လုံးဝပျက်စီးသွားတယ်ဆိုတာ ယခုဆိုရင်နှစ် ၅၀ ကျော်ခဲ့ပြီပေါ့ခင်ဗျာ။ ဆိုတော့ စစ်တပ်က ကျွန်တော်တို့ကို မြန်မာနိုင်ငံမှာ နှစ်ခါ အာဏာပြန်သိမ်းခံရတာလဲရှိတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ အုပ်ချုပ်ရေးစနစ်ဟာ အလွန်မှ ပျက်စီးယို့ယွင်း သွားပြီဖြစ်ပါတယ်။ ဒီတော့ ရှင်းရှင်းပြောရရင် အဆင်းရဲဆုံး  ဘ၀ရောက်သွားခဲ့ တယ် ဆိုတဲ့ သာဓကတွေလည်းရှိတာဘဲလေ။ အဲဒီတော့ ကျွန်တော်တို့က စစ်အာဏာရှင် ရဲ့တရားစီရင်ရေးစနစ်တွေနဲ့ သွားနေရတယ်ဆိုတဲ့ သဘောပြနေရတဲ့အတွက်လည်း အဲဒါမှန်တယ်လို့ဘဲ ကျွန်တော်ပြောချင်ပါတယ်။
မေး ။         ။ဟုတ်ကဲ့ ဦးမင်းလွင်ဦးကော ဘယ်လိုဖြည့်စွက်ပြောချင်ပါသလဲခင်ဗျာ။ ဒီလိုတရားစီရင်ရေးစနစ်ယို့ယွင်းနေရတာ။ ဦးမင်းလွင်ဦးကို ကျွန်တော်မမေးခင်မှာ သောတရှင်၂ ဦးအပြင်နောက်သောတရှင်ရေးတာတွေလည်းရှိနေသေးတယ်။ သံတာဝတီ သုတေတီ ဆိုတာရေးတဲ့ဟာရှိသေးတယ် ။ သံတာဝတီဆိုတာ ချင်းတွင်း ဘက်က သူရေးထားတဲ့ အထိကစာက တရားစီရင်ရေးပျက်စီးခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ အမှုသည်တွေဘဲဖြစ်တယ်။ အခွင့်အရေး မတရား ယူချင်တဲ့ အမှုသည်တွေက တရားသူကြီးတွေကို လဒ်ထိုးတယ်။ ယှင်ပြိုင်ဘက် အမှုသည် ကလည်း မနေသာတော့ဘဲနဲ့ လဒ်ထိုးရပြန်တယ်။ နောက်ဆုံးတော့ များများပေးတဲ့ သူနိုင်တာဘဲဆိုတော့ ကျွန်တော်တို့ဒီမှာ စဉ်းစားကြည့်တယ်။ လာဘ်ယူတဲ့လူကအပြစ်လား။ လာဘ်ထိုးတဲ့လူက အပြစ်လား။ ကြက်နဲ့ ကြက်ဥ ဘယ်ဟာအရင်ဖြစ်သလဲဆိုတာ မျိုးဖြစ်နေပါတယ်။ ဆိုတော့ ဦးမင်းလွင်ဦး ဘယ်လိုထင်သလဲဆိုတာ ပြောပါအုန်းခင်ဗျာ။
ဦးမင်းလွင်ဦး ။      ။ ဟုတ်ကဲ့ပါ ကျွန်တော်တို့မြန်မာနိုင်ငံ ရဲ့တရားစီရေးရေးစနစ်က စောစောက ဆရာဦးအောင်သိန်းပြောသွားသလိုဘဲပေါ့နော်၊ ၁၉၆၂ ကနေစပြီးတော့ ယို့ယွင်းလာခဲ့တာ ကျွန်တော်တို့ ယနေ့အချိန်အထိ ဆိုရင်တော်တော် ကြောက်စရာ ကောင်းတဲ့ အခြေအနေတစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော် ပထမဆုံးပြောချင်ပါတယ်။ အဲဒါဘာလဲဆိုတော့ ကျွန်တော်တို့ တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဌ  သူရဦးအောင်ကိုက ဒီဇင်ဘာ၂၉ ရက်နေ့မီဒီယာတွေနဲ့တွေ့ဆုံပွဲမှာ တည်ဆဲဥပဒေတွေ မှာ ဥပဒေတွေနဲ့မညီညွတ်ဘဲနဲ့ အဂတိလိုက်စားပြီး စီရင်ချက်တွေချမှတ်တဲ့ တရားသူကြီး တွေ ကို အရေးယူနိုင်မယ့် ဥပဒေတွေမျိုးသတ်သတ်မှတ်မှတ် ပြဌန်းထား ခြင်း မရှိသေးဘူး။ ဒါကြောင့်မို့လို့ ပြည်သူ့လွတ်တော်ကို တင်ပြပြဌာန်း နိုင်ရန်စီစဉ် လျှက်ရှိတယ်ဆိုတယ်ဆိုပြီးတော့ ထုတ်ဖော်ပြောလိုက်တာဟာ တော်တော်လေးကို စိတ်ပျက်စရာကောင်းတဲ့ဟာမျိုးဖြစ်သွားတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာယခင်ကတည်းက တရားစီရင်ရေးစနစ် ကို တရားရုံးချုပ်က နေပြီးတော့ လက်အောက်ခံ ရုံးအဖွဲ့အစည်းအသီးသီးကို အုပ်ချုပ်တဲ့ စည်းမျဉ်း စည်းကမ်း တွေရှိတယ်။ ကျွန်တော်တို့ဌာနဆိုင်ရာ စုံစမ်းစစ်ဆေး မှုတွေလုပ်တယ်။ နောက်ပြီးလို့ရှင်ရင် အပြစ်ရှိကြောင်းထင်ရှားရင် ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ အရေးယူတယ်။ အပြစ်ပေးတယ်။ ဒါတွေရှိနေရဲ့သားနဲ့ အခုလိုမျိုးတရားစီရင်ရေးနဲ့ ဥပဒေရေးဆိုင်ရာ ဥက္ကဌကိုယ်တိုင်ကထုတ်ပြောတယ်ဆိုတဲ့အခါ သူကဘဲမသိလို့လားပေါ့။ ဒါက ကျွန်တော်တို့ကြောက်စရာကောင်းတဲ့အခြေအနေတခုဖြစ်တယ်။ အဲဒီလိုမျိုးပြောလိုက်တဲ့အခါမှာကျွန်တော်တို့ပြီးခဲ့တဲ့ ပြည်သူ့လွတ်တော်အစည်း အဝေးမှာ ၀ိုင်း ပြီးတော့ ဆွေးနွေးကျတယ်ပေါ့ခင်ဗျာ။ ဆွေးနွေးကြတဲ့အခါမှာ တရားရုံးချုပ်တရားသူကြီးတယောက်ကလည်း ၀င်ပြီးတော့ပြောတယ်။ ဒါဟာအပြု သဘောဆောင်တဲ့အတွက် ကြိုသွားမှာဖြစ်တယ်ဆိုတော့ ရိသဲ့သဲ့နဲ့ ပြောလိုက်တဲ့ ပုံတော့ရှိတယ်ခင်ဗျာ။ မသိတာတော့မဟုတ်ဘူး။ ပြည်ထောင်စုလွတ်တော်ချုပ်တရားသူကြီး ဦးစိုးညွန့်ကနေပြီးတော့ ဒါက ဖြစ်နေတယ်။ သို့သော်လည်းဘဲ စစ်တပ်က အုပ်ချုပ်နေတဲ့သူတွေကို လက်ရှိတရားသူကြီးတွေကိုယ် တိုင်ကိုက မကျော်နိုင်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းကို ဖော်ပြလိုက်တယ် ဆိုတာ မျိုးဖြစ်တယ်လို့ ကျွန်တော်ကတော့ ထင်မြင်ယူဆပါတယ်။ ဒါကြောင့် လဒ်ပေးလဒ်ယူမှုကိုတိုက်ဖျက်မယ်ဆိုလို့ရှင်ရင် ဒီတရားစီရင်ရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ ဘာမှတရားစီရင်ရေးနဲ့မဆိုင်တဲ့ စစ်တပ်ကလူတွေကို ဘေးဖယ်ပြီးတော့ ဥပဒေပညာ ကျွမ်းကျွမ်းကျင်ကျင်တက်ကျွမ်းတဲ့လူတွေနဲ့ စီမံဆောင်ရွက်မှဖြစ်လိမ့်မယ် လို့ ကျွန်တော်က အကြံပြုချင်ပါတယ်။
မေး ။         ။ ဟုတ်ကဲ့။ အဲဒီတော့ လဒ်ပေးလဒ်ယူမှုရယ် နိုင်ငံရေးအာဏာအရ အုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးကိုလွမ်းမိုးနေတာပေါ့ခင်ဗျာ။ separation of power မပျက်ဘူး။ Judiciary ကိုလည်း executive   branch ပိုင်းကလွမ်းမိုးထားတာ ကိုလည်း တွေ့ရတယ်ဆိုတော့ အခုလိုတရားစီရင်ရေးအာဏာဟာသီးခြား လွတ်လပ်စွာ ရပ်တည်မှုမရှိတာတပိုင်း၊ လဒ်ပေးလဒ်ယူမှုရှိတာတပိုင်း၊ လို့ကျွန်တော်ပြန်ပြီး စဉ်းစားမိပါတယ်။ ဆိုတော့ကျွန်တော်တို့ သုံးသပ်တဲ့အပိုင်းမှာပြန်ပြီးဆွေးနွေးကြပါစို့။
အခုပါဝင်ဆွေးနွေးဖို့ စာရင်းပေးထားတဲ့ရှေ့နေကြီးတွေကို ဖိတ်ခေါ်ရအောင် ခင်ဗျာ။
ပထမဦးဆုံး သူကတော့ ဦးအောင်ရိန်ထွန်းဖြစ်ပါတယ်။ ဦးအောင်သူရိန်ထွန်းရဲ့သဘောထားကို ကြားပြရစေ။
ဦးအောင်သူရိန်ထွန်း ။     ။စောနတုန်းကဆွေးနွေးသွားတဲ့ အချက်ထဲမှာဘဲပါသွားတယ် အမှုသည်တွေလည်း အဓိကကျတယ်လို့ ပါတယ်။ နောက်တချက်က လိုအပ်တဲ့ ဥပဒေတွေ၊ လိုအပ်တာထက်များနေတာတွေပါတယ်။ ရှုတ်ထွေးလှတဲ့ တရားစီရင်ရေးစနစ်မှာ အမှုကိစ္စတစ်ခုထဲမှာတောင်မှာ ဥပဒေ ၂မျိုး၊၃ မျိုးရှိတာကိုတွေ့ရတယ်။ ဥပဒေတခုက အပြစ်မရှိဘူးဆိုရင်အခြားဥပဒေတခုက အပြစ်ရှိအောင် လုပ်ထားတာမျိုးတွေတွေ့နေရတယ်။ အဲဒီလိုဖြစ်နေရင် ဥပဒေထိန်းသိမ်း ရေးမှာတာဝန်ယူတဲ့ ရဲတွေ၊တရားရုံးတွေက သူတို့ သဘောအတိုင်း ကြိုက်သလို ဆုံးဖြတ် နေမှာဖြစ်တယ်။ သူတို့ဟာတကယ်တန်းအပြစ်ရှိသူကိုတောင် ဥပဒေကနေ လက်တလုံးခြားလွတ်အောင် လုပ်ပေးနိုင်သလို ၊အပြစ်မကျူးလွန်သူကိုလည်း ဥပဒေနဲ့ မငြိငြိအောင် အရေးယူနိုင်တဲ့သဘော မျိုးတွေရှိနေတယ်။ တရားစီရင်ရေးစနစ်မှာ အခုလိုအားနည်းနေတာကို အခွင့်ကောင်းယူပြီးတော့ ငွေကြေးတတ်နိုင်တဲ့ ရာဇ၀တ် သားတွေက လဒ်ထိုးကြတယ်။ ဒီဟာက တရားစီရင်ရေး မဏ္ဍိုင် ချစားမှု တွေဖြစ်လာတယ်။ ဒါကိုကြည့်ရင်တရားစီရင်ရေး  မဏ္ဍိုင် ချစားလာတဲ့ အဓိကကြောင်းအရင်းက ဥပဒေကိုလိုအပ်တာထက်ပိုများစေတဲ့အကြောင်းအရင်းလည်းဖြစ်လာပါတယ်။ နောက်တခုက ကျွန်တော်တို့ အမှုသည်တွေ၊လူထုကိုတိုင် အရိုးစွဲနေတဲ့ ကိစ္စကတော့ ပိုက်ဆံမပေးရင် ငါတို့ဒီအမှုက လွတ်မြောက်ပါ့မလား၊ ငါတို့ဒီအမှုကို နိုင်ပါ့မလားလို့ ဒီလိုခံယူနေတယ်။ ဒီ့ထက်ပိုဆိုးတဲ့အချက်က တချို့တရားရုံးတွေမှာဆိုရင် ပေါက်ဈေး ဆိုတာတောင်ပေါ်နေတယ်။ ဘယ်လိုပေါက်ဈေးမျိုးလဲဆိုရင် အမှူလက်ခံဖို့ ကိစ္စဆိုရင် ဈေးတမျိုး၊ ဒါဟာအမိန့် ချဖို့မပါသေးဘူးလို့တရားခွင်စာရေးတွေကိုတိုင်က ညှိနိုင်းပြီး တော့ ဆောင်ရွက်တဲ့ကိစ္စမျိုးတွေကိုတိုင်ရှိတာ နောက်ဆုံးမှာ တရားသူကြီးကိုတိုင်က သူ့ရှေ့မှာ ပြောင်ပြောင်တင်းတင်းပြောနေတာ ။ အမှုသည်နဲ့ ရှေ့နေကိုပြောတယ် စာရေးနဲ့ ဘဲ ညိုလိုက်ပါဆိုတဲ့ ကိစ္စမျိုးတွေတောင်ဖြစ်လာတယ်။
ဒါတွေဟာ အမြစ်တွယ်လာတာ။ ဘယ်ကတည်းက အမြစ်တွယ်လာသလဲဆိုတာ လွန်ခဲ့တဲ့ နှစ် ၆၀ လောက်ကတည်းက အမြစ်တွယ်လာတာဖြစ်တဲ့အတွက် တော်တော်နဲ့ တော့ လွယ်မဲ့ ကိစ္စမျိုးမဟုတ်ဘူးလို့ ကျွန်တော့အနေနဲ့ ဒီလိုထင်ပါတယ်ခင်ဗျာ။
မေး။  ။ဟုတ်ကဲ့ ဦးအောင်ရိန်ထွန်းကို ကျေး ဇူးတင်ပါတယ်။ ရှေ့နေကြီးများကို ခဏရပ်ပြီးတော့ အမျိုးသမီးတဦးကို ကျွန်တော်ဖိတ်ခေါ်လိုပါတယ်။
ယခုနောက်တခါ ဆွေးနွေးမဲ့ ပုဂိုလ်ကတော့ မထွေးဖြစ်ပါတယ်ခင်ဗျာ။ မထွေးကြားပါသလား။ ဟုတ်ကဲ့ဆွေးနွေးပါခင်ဗျာ။
မထွေး ။      ။ ခုနကပြောသွားတဲ့အထဲမှာဆိုရင် စစ်အစိုးရ၊မြန်မာအစိုးရ ပြောင်းလဲထားတဲ့ စနစ်မှာ အတူတူဘဲဆိုတာ ကျွန်မထောက်ခံပါတယ်ရှင့်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မနားလည်သလောက်ပြောရမယ်ဆိုရင် ဒီမိုကရေစီစနစ်ဟာ လူ့အခွင့်အရေးကို အခြေခံတဲ့ စနစ်ပါရှင့်။ အခု စစ်အစိုးရပြောနေတဲ့ ဒီမိုကရေစီစနစ်ဆိုရင်တော့ တရားစီရင်တဲ့ တရားရုံးဟာ ဥပဒေ ဘောင် ထဲမှာနေပြီး လူ့အခွင့်အရေး အလွန်ချိုးဖောက်နေပါတယ်ရှင့်။ ဘာကြောင့်လဲဆိုတော့ ဥပဒေအရ သက်သေခိုင်လုံမှုရှိဖို့ လူသက်သေနဲ့ စာသက်သေတွေကို တရားခံဘက်က တင်ပြထား တာတွေကိုလည်း လူသက်သေတွေ တရားရုံးမှာမလာရအောင် ဖိအားအမျိုးမျိုး ပေးနေ ပါတယ်ရှင့်။ နောက်ပြီးတော့ စာသက်သေတွေဆိုရင်လည်း တရားပြိုင်ဘက်က တင်ပြ ထားတာတွေကိုလည်း အမှန်တွေကို အမှားပြုလုပ်ပြီးတော့ တင်ပြထားပါတယ်ရှင့်။ ဒီတော့ တရားပြိုင်ဘက်က ရှုံးပြီးရင်းရှုံးနေတာ သူတို့ ဥပဒေတွေကိုလည်း လိုသလို ဆွဲပြီးတော့အမျိုးမျိုးလည်းလုပ်နေပါတယ်ရှင့်။
မေး ။         ။ဟုတ်ကဲ့မထွေး။ ဒီကိစ္စမှာ မထွေးပြောတဲ့အထဲမှာ ခုနကပြောတာက လဒ်ပေးတာအပြင် သက်သေတွေကို ချိန်းခြောက်ပြီးတော့မလာနဲ့ ဒါမျိုးတွေကို ကျွန်တော်လည်းမကြာခဏကြားရပါတယ်။ ပရိတ်သတ်တွေစီက သတင်းတွေထဲမှာ။ အထူးသဖြင့် နိုင်ငံရေးအငြိုးအတင်းရှိတဲ့ ကိစ္စတွေ ။ တချိန်တုန်းကဆိုလို့ရှင်ရင် အတိုက်အခံနိုင်ငံရေးဘက်က လုပ်ရှားမှုတွေနဲ့ ပက်သက်ပြီးတော့ ဒါမျိုးတွေလုပ်ခဲ့တာ အများကြီးရှိပါတယ်။ ဒါက ဘယ်လောက်တောင် ကျယ်ကျယ်ပြန့်ပြန့်ရှိပါသလဲခင်ဗျာ။ ဒါနဲ့ပက်သက်ပြီးတော့ ဦးအောင်သိန်းဆွေးနွေးပါခင်ဗျာ။
ဦးအောင်သိန်း ။    ။ နိုင်ငံရေးအငြိုးအတေးမှုတွေနဲ့ ပက်သက်တာကတော့ ကျွန်တော်တို့ ၂၀၀၈ မှာ အင်မတန်ကို တော်တော်များများကြုံခဲ့ရတဲ့ ကိစ္စတွေပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီသက်သေတွေက ဘာမှလည်းမသိ။ မသိတဲ့သက်သေတွေကို တရားရုံးတင်တယ်။ ရဲစက္ကူတွေအရ တရားခံရဲ့ဖြောင့်ချက်တွေနဲ့ သက်သေထွက်ဆိုပြီး ရဲအရာရှိကိုတိုင် တရားရုံးမှာထွက်တယ်။ ကျွန်တော်တို့က ကန့်ကွက်တယ်။ တရားသူကြီးကခွင့်ပြုတယ်။ နောက်ပြီးတော့ အဲဒီဖြောင့်ချက်တွေနဲ့ဘဲတရားခံကို ပြစ်ဒဏ်ပေးတယ်။ ဒီတော့ကျွန်တော်တို့က ပြစ်မှုနဲ့ပက်သက်ပြီးတော့ တရားစီရင်တဲ့အခါမှာ ကျွန်တော်တို့လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် တခုပေါ်မှာ သွားတာမဟုတ်ဘူး။ ခင်ဗျာ။ နိုင်ငံရေးအမှုတွေနဲ့ပက်သက်ရင်တော့ အလွန်မှ ကျဉ်းကျပ်တဲ့ ကျွန်တော်တို့ဒီ ပရ၀န်အတွင်းမှာရှိတဲ့ လူထုနားမထောင်နိုင်တဲ့၊ အထူးသဖြင့် မိသားစုတောင်လာရောက်နားမထောင်ခွင့်မရှိတဲ့ တရားစီရင်ရေးတွေနဲ့ ပြစ်ဒဏ်စီရင်သွားတာတွေအရ ဒီ၈၈ မျိုးဆက်ကျောင်းသားတွေ၊ နောက် Activist တွေ၊ နောက် ရဟန်ဿးံဃံတွေအများကြီး ဘဲဗျာ။ ကျွန်တော်ပြီးတော့  ကျွန်တော်ကိုယ် တိုင်ပင် လျှင် အမှုပေါင်း ၁၅၀ ကျော်လောက် အဲဒီလိုအမှုတွေကို ဖြတ်သန်းခဲ့ရ တဲ့ အခါမှာ တပုံစံထဲနည်းနည်းကို အဲဒီလိုမျိုးတွေတွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအမှုအခင်းတွေဟာ ၂၀၀၇ ခုနှစ်အရေးအခင်းတွေဖြစ်တဲ့အတွက် ၂၀၀၈ခုနှစ်မှာ ဖမ်းတဲ့သူတွေဖမ်းဆီး ပြီးတရားရုံးမှာ အစုလိုက်အပြုံလိုက် တခါတည်းဆွဲတင်ပြီးတော့ ပြစ်ဒဏ်စီရင်ဖို့ဘဲ လုံးပမ်းတယ်ပေါ့ခင်ဗျာ။
မေး ။ ။ ဆရာဦးအောင်သိန်း အခုတော့ နိုင်ငံရေးနဲနဲပြေလည်လာတဲ့ သဘောကို တွေ့ရတယ်။စစ်အစိုးရဘက်က အငြိုးအတေးအထားခဲ့ဆုံးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းဆောင်ရွက်လာတာတွေကိုတွေ့လာရတယ်ဆိုတော့ အငြိုးအတေးနဲ့ ပြစ်ဒဏ်နင်းကန်ချမှတ်တဲ့ ကိစ္စတွေပေါ့ သွားနိုင်သလား ရှေ့ကို လျှော့သွားနိုင်တယ်လို့ဆရာမြင်မလား။  
ဦးအောင်သိန်း ။    ။လောလောဆယ်တော့ ထင်သလောက်မမြင်သေးပါဘူးခင်ဗျာ။ ဒီလိုအမှုမျိုးတွေဟာနောက်ဆုံး ဖြိုးဝေအောင်ကို သေဒဏ်ချလိုက်တဲ့အမှုမျိုးတွေကို ကြည့်ရင်သူဟာလွတ်လပ်တဲ့ တရားစီရင်မှုမျိုးကိုခံယူ ခြင်းမရှိဘူးဆိုတာကို ကျွန်တော်တို့ကို သက်သေပြနေတာဘဲ။
မေး။  ။ ဟုတ်ကဲ့ခင်ဗျာ။ ကျွန်တော်နောက်ဆွေးနွေးမဲ့ သူကိုဖိတ်ခေါ်လိုပါတယ်။ သူကတော့ ဦးကောင်းထက်ဦး။ သူလည်းဘဲနေပြည်တော်က ရှေ့နေတဦးဖြစ်ပါတယ်။ ဆွေးနွေးပါခင်ဗျာ။
ဦးကောင်းထက်ဦး။ ။ ဒီနေ့အစိုးရသစ်လက်ထက်မှာ ကျွန်တော်တို့ ဥပဒေပြုမဏ္ဍိုင် ဖြစ်တဲ့ လွတ်တော်ရဲ့လုပ်ဆောင်ချက်က ပြီပြီပြင်ပြင်နဲ့ တိုးတက်မှုတွေရှိလာနေတာကို တွေ့နေရပါတယ်။ ပါလီမာန်စနစ်နဲ့နေသားမကျသေးလို့ ၊အတွေ့အကြုံနည်းသေးလို့ အားနည်းချက်တွေရှိတယ်ဆိုပေမယ့်မကြာခင်မှာ ဘဲ လမ်းကြောင်းမှန်ပေါ်မှာ အောင်အောင်မြင်မြင်ချီတက်နိုင်တော့မယ်လို့ ယုံကြည်ပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်ကတော့ အပေါ်ကနေ အောက်ခြေအထိ တဖြည်းဖြည်းပြောင်းလဲ အောင်ကြိုးစားနေတာကိုတွေ့ရတယ်။ ဒါပေမယ့်အောက်ခြေမှာတော့ အုပ်ချုပ်ရေးဌာန ဆိုင်ရာတွေရဲ့ ဒဏ်တွေကို ပြည်သူတွေအလှူးအလိမ့်ခံနေရတုန်းပါဘဲ။ အဆိုးဆုံးက တော့ တရားရေးမဏ္ဍိုင်ပါဘဲ။ အဓိကတာဝန်ရှိနေတဲ့ ရဲတွေဥပဒေတာဝန်ရှိတွေ၊ တရားသူကြီးတွေ ရှေ့နေတွေ လျှောက်စားလိမ်စား ပေါင်းစားလုပ်နေကြလို့ အမှုတခုဖြစ်လာရင်တရားခံရော၊တရားလို ရောဖွတ်ဖွတ်ကြေအောင် ဖြစ်ရပါတယ်။
အပြင်မျက်နှာတခုလုံးကို ကြည့်ပြီးတော့ မရှိတဲ့အမှုကို ရှိအောင်လုပ်တယ်၊ ရှိတဲ့အမှုကို ပျောက်အောင်လုပ်တယ်။သေးတဲ့အမှုကို ကြီးအောင်၊ ကြီးတဲ့အမှုကို ငယ်အောင်လုပ်တယ်။  တရားလိုကိုတရားခံ ဖြစ်အောင်၊ တရားခံကို တရားလို ဖြစ်အောင်လုပ်တယ်။ နည်းမျိုးစုံသုံးပြီးတော့ ကလားပိုင်းချိုးတယ်။ ငွေမရှိတဲ့လူကတော့ ဘယ်လောက်ဘဲမှန်မှန် ရှုံးနေရောဘဲ။ ဒါကြောင့်ထောင်ထဲကိုတန်းဝင်ရော။ အမှုတည်ဆောက်တဲ့နေရာမှာ ဒီရဲတွေက အရေးကြီးသက်သေတွေကိုဖျောက်တယ်။ ဒါမှမဟုတ် တရားခံနဲ့ ညှိပြီးတော့ လိုသလိုဖြေရှင်းတယ်။ တခါတခါ မဆိုင်သူတွေရော ဆိုင်သူတွေရော သိမ်းကြုံးဖမ်းပြီးတော့ ပြန်ပေးဆွဲသလိုမျိုး။ တယောက်ချင်း ပိုက်ဆံပေးမှ ပြန်လွတ်ပေးတယ်။ ငွေပေးတဲ့ဘက်ကနေပြီးတော့ လိုသလိုအမှုကို စိတ်ကြိုက်လုပ်ပေးတယ်။ အဲဒီကစပြီးတော့ အမှုက ကမောက်ကမ ပြောင်းပြန် တွေဖြစ်ကုန် ကော။ ဥပဒေအရာရှိတွေ တရားသူကြီးတွေကလည်းဘဲ ငွေပေးနိုင် တဲ့အမှုတွေအရ ပုဒ်မအကြီးအသေးကို လိုသလိုတပ်ပေးတယ်။ အမှုကိုင်တဲ့ရဲနဲ့ အချိန်အဆက်လုပ်ပြီးတော့ တရားခံတရားလို၊ နှစ်ဖက်စလုံးကို စစ်တုရင်ကစားသလို လိုက်ချက်တယ်။ အရုပ်တွေနဲ့တူတဲ့ ဆင်းရဲသားတွေကတော့ လက်ရှိတရားရေးမဏ္ဍိုင် ရဲ့ တံစားခံ၊ ချကျွေးခံ ၊ အကျိတ်အနင်းခံရတဲ့ ဘ၀တွေဖြစ်ပါတယ်။ ပိုက်ဆံမရှိရင်ထောင်ထဲရောက် လူဆိုးသူခိုးတွေ အဖြစ် ကဗျည်းတပ်ခံရပါတယ်။ တကယ့် လူဆိုးတွေကတော့ ဘယ်တော့မှထောင်ထဲမရောက်ကြပါဘူး။ အဲဒါတွေကို ဒီကြားက ဘယ်သူတွေကလုပ်ပေးနေသလဲဆိုတော့ တရားသူကြီးတွေရဲ့ စာရေးစာချီ တွေက အဲဒါတွေကို ပွဲစားအဖြစ်လုပ်ပေးနေပါတယ်။ ရှေ့နေတွေဆိုတာလည်း မှန်မှန် ကန်ကန်လုပ်ရင်အလုပ်မဖြစ်ဘူး။ သူတို့နဲ့ပေါင်းစားမှအလုပ်ဖြစ်တယ်။ ပေါင်းမစားရင်မှန်ပေမယ့်ရှံးတယ်။ ဥပဒေတွေကလည်း တရားသူကြီးနဲ့ …………..
ရှင်းရှင်းပြောရရင်တော့ တရားစီရင်ရေးမ
ဏ္ဍန်တစ်ခုလုံး ရစရာမရှိအောင် ပျက်စီး နေပါတယ်။ ဥပဒေစိုးမိုးမှုဆိုတာမရှိပါဘူး။ လူတိုင်းမလုံခြုံသလိုခံစားနေရပါတယ်။ စနစ်ဆိုးရဲ့အမွေဆိုးတွေကို တာဝန်ရှိသူတွေ  စွန့်လွတ်သင့်ပါပြီ။ ဒါဟာ ဒီမိုကရေ စီလမ်းကြောင်းကို ပိတ်ဆို့ထားတဲ့ အနှောက်အယုက် ပယောဂတွေဖြစ်တယ်လို့ နိုင်ငံကို မဖျက်ဆီးသင့်ပါ ဘူးလို့ ပြောလိုပါတယ်ခင်ဗျာ
မေး ။ ။ ကျွန်တော်မေးချင်တာ “တရားခံရဲ့ရှေ့နေတွေဘက်ကကော” ဆိုတာကို ကျွန်တော်မေးချင်ပါတယ်ခင်ဗျာ။ ရဲတွေအမှုလိုက်အရာရှိတွေပျက်ဆီးတာ ဦးကောင်းထွတ်ပြောသလိုပါဘဲ။ ပြောတဲ့အထဲမှာပါသွားလို့ကျေးဇူးတင်ပါတယ်။ တရားခံရဲ့ရှေ့နေတွေကလည်း လဒ်ပေးလဒ်ယူ သံတရာ ထဲမှာပါဝင်ပတ် သက်နေကြတာပေါ့။ တရားခံဘက်က အကျိုးဆောင်ပေးတဲ့ရှေ့နေတွေကလည်းဘဲ။ အဲဒါတခုကို ကျွန်တော်ထည့်ပြောချင်ပါတယ်။
ဦးကောင်းထက်ဦး။ ။ စနစ်ကြောင့်လည်းသူတို့ကောင်းသလိုလုပ်နေရတာပေါ့ခင်ဗျာ။ မကောင်းရင်သူတို့ထမင်းငတ်မှာ။ တရားခံရှေ့နေမှာတွေကိုလည်း တရားသူကြီးတွေ ကိုလည်း အပေးအယူလုပ်စေချင်တယ်။ မဟုတ်ရင်လည်းတရားသူကြီးတွေကိုလည်း ဟိုရှေ့နေတွေကမကောင်းဘူး။ ဒီရှေ့နေတွေကကောင်းတယ်။ အဲဒီရှေ့နေဌားရင် ငါတို့တာဝန်မယူဘူး။ အဲဒါမျိုးဖိအားပေးကြတော့လည်း ခုနကပြောသလို ပုလင်းတူဘူးဆို့တွေဖြစ်ကုန်တာဘဲခင်ဗျာ။
ဟုတ်ကဲ့။ ကျွန်တော်နိဂုံးဆွဲချင်တာက ဆင်းရဲနွမ်းပါးမှုကလည်း တရားစီရင်ရေးမဏ္ဍိုင်ပျက်ပြားရခြင်းအကြောင်းအရင်း ဖြစ်တယ်။ သူတို့ကလည်း စားဝတ်နေရေးလုပ်စားမှုအတွက်ဖြစ်တယ်ပေါ့။ ထိုနည်းအတိုင်းဘဲ ဦးကောင်းထက်ဦးပြောခဲ့တဲ့အတိုင်းဘဲ ရဲတို့ အစိုးရအရာရှိတို့ ပြောသလို ကျွန်တော်တို့ကလည်း လခနဲ့ မလောက်လို့ စားရပါတယ်ဆိုရင် ဒါကိုကော ဘယ်လိုဖြေရှင်းရမလဲဆိုတာ။ အချိန်ရရင်နောက်ပိုင်းဆွေးနွေးကြပါစို.။
နောက်ဆွေးနွေးမဲ့အစီအစဉ် ကြီးတခုကျန်ပါသေးတယ်ခင်ဗျာ။ သူကတော့ ဦးမင်းသန့်ဇင်ဖြစ်ပါတယ်။ ကြားရပါသလား။ ဟုတ်ကဲ့ပြောပါ။ ဘယ်လိုများဆွေးနွေးလိုပါသလဲလို့။
ဦးမင်းသန့်ဇင် ။     ။ ဒီတရားစီရင်ရေးမဏ္ဍိုင်မှာ ပထမပိုင်းက ဆရာကြီးတယောက်ဆွေးနွေးသွားသလိုပါဘဲ ဒီပြည်သူတွေလဒ်ပေးတဲ့ ကိစ္စလည်းပါတယ်ခင်ဗျာ။ ဘာဖြစ်လို့ပါရတာလဲဆိုတော့ လဒ်ပေးလဒ်ယူကိစ္စမှာ လဒ်ပေးတဲ့လူရှိလို့သာ လဒ်ယူတဲ့လူဖြစ်လာတာလေ။ ဒီလဒ်ယူတဲ့လူက အပြစ်ရှိတယ်လို့နိုင်ငံတော်ကနေပြီးတော့ ဒီသက်ဆိုင်ရာ ဌာနဆိုင်ရာတွေက ဆုံစမ်းစစ်ဆေးမှုတွေကို လုပ်သလို ပြည်သူတွေရှေ့နေတွေ နဲ့ပေါင်းပြီး လဒ်ပေးတဲ့ကိစ္စတွေကို က ဖော်ထုတ်ပေးမယ်ဆိုရင် ဒီကိစ္စတွေကတရားစီရင် ရေး မဏ္ဍိုင်ကိုအထောက်အကူပြုပေးမယ်လို့ထင်ပါတယ်။ ဆိုလိုတဲ့သဘောက တရားခံဘက်ကလည်းသူ့အမှုကိုလွတ်အောင် ၊ တရားလိုဘက်ကလည်း တရားခံကို ရသင့်တဲ့သက်တာခွင့်တွေကို ရအောင်၊ ဆိုလိုတဲ့သဘောက အာမခံကိစ္စတွေကို ရအောင် သူ့အနေနဲ့ မရရှိအောင် တရားသူကြီးနဲ့ပေါင်းပြီးတော့ လုပ်တဲ့ ကိစ္စမျိုး တွေရှိတယ်။ အဲဒီအတွက် လဒ်ပေးလဒ်ယူကိစ္စက ယူတဲ့လူတယောက်တည်းမှာတင် အပြစ်ရှိတာမဟုတ်ဘူး။ ပေးတဲ့လူပေါ်မှာလည်းအပြစ်ရှိတယ်။ အဲဒီပေးတဲ့ လူပေါ်မှာလည်းနောက်မပေးရဲအောင် ပြစ်ဒဏ်စီရင်ရမယ်။ သူ့ကို ပြစ်ဒဏ်စီရင်တဲ့ အခါမှာလည်း ကျွန်တော်တို့သတင်းမီဒီယာတွေမှာလည်းဖော်ပြရမယ်။ နိုင်ငံပိုင် သတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်း၊ကြေးမှုန်၊ မြန်မာ့အသံ၊ မြ၀တီလိုမျိုးမှာတွေ ဖော်ပြပေးရင် ပြည်သူတွေဘက်ကလည်း လဒ်ပေးတာတွန့်သွားသလို လဒ်ယူတဲ့ အစိုးရ၀န်ထန်းတွေတရားစွဲတဲ့ကိစ္စကို ဖြစ်ရပ်မှန်နဲ့တကွ မီဒီယာတွေမှာချပြမယ်။ ဒီဘက်က လဒ်ယူတဲ့ပုဂိုလ်တွေလည်း လက်တွန့်သွားမယ်။
မေး ။ ။ ကျွန်တော်တခုမေးချင်တာက မြန်မာနိုင်ငံဥပဒေမှာကော လဒ်ပေးတဲ့ လူကိုရော အရေးယူပိုင်ခွင့်ရှိတယ်မလား။ ဥပဒေအရ ပေါ့။
ဦးမင်းသန့်ဇင် ။     ။ ဥပဒေအရတော့ရှိတယ်ဗျာ။ ကျွန်တော်တို့တကယ်တန်းဇောင်းပေးနေတာ လဒ်ယူတဲ့လူကိုဘဲဇောင်းပေးတယ်။ တကယ်တန်း လဒ်ပေးတဲ့ ဘက်ကို ဇောင်းပေးမှုတွေနဲပါးတယ်။ ဆိုတော့ ပြည်သူတွေ က လဒ်ပေးတာကို အပြစ်ကင်းတယ်ဆိုတာ ကို ခံယူနေတယ်။ သူတို့မှာအပြစ်ရှိတယ် လို့ကိုမထင်ဘူး။ ဆိုတော့ ပြည်သူတယောက်က လဒ်ပေးတယ်ဆိုရင်ကျွန်တော်တို့မှာ အရေးယူရမလို အလဒ်ယူမယ်ဆိုရင်လည်းကျွန်တော်တို့က အရေးယူရမယ်။ အဲဒီလို အရေးယူတာကို မြုံမထားသင့်ဘဲနဲ့ မီဒီယာမှာ ဖွင့်ချရမယ်။ ဒီလိုဆိုမှ တခြားသူတွေ လည်း လဒ်ပေးတာကို အပြစ်ရှိတယ်ဆိုတာ သူ့အနေနဲ့သိမှာ။ အခုက လဒ်ပေးတဲ့ကိစ္စ က ဥပဒေနဲ့မညီဘူး ဆိုတာပြည်သူတွေကမသိဘူး။ နောက်ဆုံးမှာ ရှေ့နေခတောင် မပေးရင်မပေးပါစေ။ တရားသူကြီးကိုဘယ်လောက်ကန်တော့ရမလဲဆိုတာ သိမှာ။
မေး ။ ။ ကောင်းပါပြီခင်ဗျာ။ အခုဆရာတို့ဆွေးနွေးခဲ့ကြတာ အင်မတန်ကောင်းပါတယ်ခင်ဗျာ။ ဆိုတော့ အခု ကျန်တဲ့ ၇မိနစ်အတွင်းလောက်မှာ ကျွန်တော်တို့ ခြုံငုံပြီးကြည့်ရအောင်။ ဘယ်လိုအကြောင်းအရင်းတွေကြောင့်ဖြစ်သလဲ။ ဘယ်လိုဖြေရှင်းကြမလဲ။ ကျွန်တော်စဉ်းစားမိတာက နိုင်ငံရေးစနစ်မပြောင်းသေးဘူး။ အာဏာရှိတဲ့အပိုင်းက ကြီးစိုးနေတယ်ဆိုတာ တခုပါပါတယ်။ နိုင်ငံရေးအငြိုးအတေးနဲ့လုပ်တယ်။ နိုင်ငံရေးအယူအဆကွဲပြားနေတာပါပါတယ်။ နောက်တခါ ဆင်းရဲနွမ်းပါးမှု လဒ်ပေးလဒ်ယူမှုစတဲ့ အကြောင်းအရာတွေကို တွေ့ရ တယ်ခင်ဗျာ။ ဆိုတော့ကျွန်တော်တို့ ဒီဟာကို ဘယ်လိုပြုပြင်ရမလဲဆိုတာ။ ဆရာဦးမင်းလွင်ဦးနဲ့စရအောင် ကျွန်တော်ထင်တယ် မစ္စတာကင်တားနားပြောထားတဲ့အထဲမှာ Awareness တို့ capacity building တို့ ကြားနေရစကားတွေအများကြီးပါပါတယ်ခင်ဗျာ။ အသိပညာပေးဖို့နဲ့သူတို့ လုပ်ပိုင်ခွင့်ရှိအောင်၊ လုပ်တတ်ကိုင်တတ်အောင်သင်ကြားပေးဖို့ဆိုတာ အဲဒါဘယ်လောက်ထိထိရောက်နိုင်ပါသလဲ မြန်မာနိုင်ငံအခြေအနေနဲ့။
ဦးမင်းလွင်ဦး ။      ။ ကျွန်တော်တို့နိုင်ငံတကာကနေသတ်မှတ်ထားတဲ့ အတိုင်းလွတ်လပ်တဲ့တရားစီရင်ရေးစနစ်ပေါ်ပေါက်နိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ အချက် ၂၀ ရှိပါတယ်။ အဲဒီတော့အချက်၂၀ထဲမှာစောနကပြောတဲ့ သင်တန်းတွေ ပေးမယ် ၊Capacity Building တွေလုပ်ပေးမယ်။ လစာလုံလောက်အောင်ပေးမယ်။ တရားရုံးရဲ့ စားရိပ်ကို အမှုသည်တွေက ခံရတာမဟုတ်ဘဲနဲ့ နိုင်ငံတော်က အလုံအလောက်ထောက်ပံ့ပေးမယ်။ လိုက်ပါဆောင်ရွက်ပေးတဲ့ရှေ့နေ၊ ၀န်ထမ်း တရားသူကြီးစတာတွေရဲ့စားဝတ်နေရေး တွေအတွက်ထိုက်သင့်တဲ့ဝင်ငွေတွေရအောင် အစိုးရက အာမခံပေးဖို့လိုပါတယ်။ ကျွန်တော်တို့တရားရုံးတွေမှာဖြစ်နေတာက ရုံးတွေနေ့စဉ်လည်ပတ်ဖို့အတွက်ကို ရှေ့ပတ်စာရေးကနေပြီးတော့ အမှုသည်တွေဆီက ပိုက်ဆံယူပြီးတော့ လျှောက်လွာစာရွက်ဝေရတဲ့အခြေအနေတွေဖြစ်နေတာတွေကို ရပ်ခိုင်းလိုက်ဖို့လိုတယ်။ အစိုးရတွေအနေနဲ့ ဒီလိုမျိုးကိစ္စရပ်တွေကအစ ဖြည့်ဆီးပေးဖို့လိုပါတယ်။ နောက်ပြီးတော့တခါ တရားရုံးတွေရဲ့ ဖွဲ့စည်းတည်ဆောက် ပုံစနစ်ကို ခန့်ခန့်ညားညားဖြစ်ဖို့လိုတယ်။ ဒါမှလည်းအများပြည်သူက ယုံကြည်လေးစား လာမှာဖြစ်တယ်။ နောက်တချက်က ကျွန်တော်တို့ဥပဒေပိုင်းဆိုင်ရာ တရားစီရင်ပေးပိုင်း ဆိုင်ရာ တွေမှာ ပြည်သူလူထုတွေအနေနဲ့ သံသဃရှင်းရှင်းနဲ့ လက်ခံယုံကြည်လာဖို့ လည်း အဓိကလိုတာဖြစ်တယ်။
မေး ။ ။ဟုတ်ကဲ့ ဦးမင်းလွင်ဦး ပေးတဲ့အကြံကောင်းပါတယ်။ နောက်ပြီးတော့ ရှေ့နေကြီး ၄ဦးကျန်ပါသေးတယ်။ တယောက်ကို ၁ မိနစ်လောက်ဘဲ ရမယ် ထင်ပါတယ်။ ဆရာဦးအောင်သိန်းရဲ့အကြံပေးချက်ကိုပြောပါအုန်းခင်ဗျာ။
ဆရာဦးအောင်သိန်း ။   ။ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ ရှေ့နေဘ၀အတွေ့အကြံနဲ့ပြောရရင်တော့ တရားဦးစီးရုံးမှာ ကျွန်တော့ကို ဆရာလုပ်ထုံးလုပ်နည်းတွေကိုမသိဘဲကို ဆိုပြီးကျွန်တော့ကိုပြောတယ်။ ကျွန်တော်က လုပ်ထုံးလုပ်နည်းအပိုင်းလေးဆိုတာဘာလဲလို့ အပေးလိုင်းကို ဆရာသဘော မပေါက် လို့ဖြစ်တာဆိုပြီး အဲဒီလိုကျွန်တော့ကိုပြောတယ်။ ဆိုတော့ ကျွန်တော်တို့တရားစီရင်ရေး ဟာ ကြည့်လို့ရှင်ရင် လေလံတင်တရားစီရင်ရေးလိုကျရောက်တယ်ခင်ဗျာ။ များတဲ့ လူပေးရင် နဲတဲ့ပိုက်ဆံပြန်ပေးပြီး များတဲ့ ပိုက်ဆံယူပြီး အနိုင်ပေးတာမျိုးလည်း ရှိပါတယ်။ ကျွန်တော်တို့ ဒီတရားစီရင်ရေးစနစ်ကြီးကို ပြုပြင်ဖို့ဆိုတာ ကျွန်တော်တို့ အချိန်လည်း အတော်ယူရအုန်းမယ်။ တရားရုံးတွေမှာလည်း ဆရာမွေး၊ တပည့်မွေးတဲ့ စနစ်တွေ စည်းမရှိကမ်းမရှိဘဲ၊ လုပ်တဲ့လူတွေကို ပို့ချင်တဲ့နေရာပို့တယ်။ တပည့်ရင်း တွေမဟုတ်တာလုပ်တာ လဒ်စားတာကို အတိုင်ခံရပြီဆိုရင် ရုံးချုပ်ကိုခေါ်ပြီးချိန်းထား လိုက်တယ်။ မေ့လောက်ဆိုရင် ရာထူးတိုးပေးလိုက်ပြီးတော့ တခြားကိုပြောင်းပေး လိုက်တယ်ဆိုတဲ့ တပည့်မွေးဆရာမွေး တရားသူကြီး၊ ဥပဒေအရာရှိ တွေဒီနေ့အထိ ရှိနေတုန်းဘဲဆိုတာ ကျွန်တော်ပြောလိုပါတယ်။
မေး။  ။ ရှေ့နေကြီး ဦးအောင်သူရိန်ထွန်း ၊ ဆရာ ဘယ်လိုပြုပြင်စေချင်လဲဆရာ ၊ ဘယ်လိုပြုပြင်ရမလဲ။
ဒီလိုကိစ္စမျိုးကို ပြုပြင်ဖို့အတွက်ကို ရှေ့နေရှေ့ရပ်တွေအားလုံးပါဝင်ရမယ်။ နောက်တခုက လွတ်လပ်တဲ့ ရှေ့နေအသင်းတွေရှိသင့်တယ်။ အဲဒီအသင်းတွေကနေပြီးတော့ ချပြသင့်တယ်။ နောက်တခုက နိုင်ငံတော်ရဲ့ တိုင်းပြည်ပြုပြင်ရေးလုပ်ငန်းတွေမှာ ရှေ့နေရှေ့ရပ်တွေကို ပစ်ထားဖို့မသင့်ဘူး။ နောက်တခုက ရှေ့နေကြီးတွေရဲ့အကျင့်ဆိုးကို ပြင်ဖို့လည်းလိုအပ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
ဦးကောင်ထက် ဆွေးနွေးပါ။
ကျွန်တော်တို့က လဒ်ပေးလဒ်ယူ မှုကို ပြင်းပြင်ထန်ထန်အရေးယူဖို့လိုပါတယ်။ တရားရုံးတွေဆိုးတဲ့အကြောင်းအပုတ်နံတွေထောင်းထောင်းထွက်နေတယ်။ နိုင်ငံတော်အကြီးအကဲတွေက သန့်ရှင်းကောင်းမွန်တဲ့အစိုးရ၊ ဥပဒေပေါ်မှာ ဘယ်သူ့မှမရှိရဘူး။ ဒါတွေကို ပြောနေပေမယ့် လက်တွေ့မှာ ဥပဒေရဲ့ ဂုတ်ပေါ်မှာ တရားသူကြီးတွေ ၊ ဥပဒေအရာရှိတွေ ခွထိုင်စားလို့ ဥပဒေစိုးမိုးမှုဆိုတာ ပျက်စီးနေပါပြီ။
ဘယ်လိုလို့သန့်ရှင်းကောင်းမွန်တဲ့ အစိုးရဖြစ်နိုင်ပါမလဲ။ ဒါတွေကို အပေါ်က ပြတ်ပြတ်သားသားနဲ့အရေးယူဖို့လိုပါတယ်။ လွတ်တော်ကိုယ်စားလုယ်ဆိုတဲ့ လူတွေက လည်း ငါနဲ့မဆိုင်သလို ထိုင်မကြည့်နေပါနဲ့။ ခင်ဗျားတို့တာဝန်တွေအများကြီးရှိပါတယ်။ ပြည်သူတွေမှာ ဒိအပြင်အားကိုးစရာမရှိပါဘူး။ ပြည်သူတွေရဲ့တိုင်ကြားချက်တွေကို အထောက်အထားယူပြီး အပေါ်ကို တင်ပြကြပါလို့ပြောချင်တယ်။ ချစားတဲ့ တရားသူကြီး တွေ ကို ဖျတ်ချ ဖို့လိုတယ်ဆိုတာ ပြောချင်ပါတယ်။
ရှေ့နေဦးမင်းသန့်ဇင်နောက်ဆုံးအကြံပြုပါ။
ကျွန်တော်အကြံပြုချင်တာကတော့ နောက်ဆုံးလွတ်လပ်တဲ့တရားစီရင်ရေး ဖြစ်ဖို့အတွက်ပြည်သူတွေရှေ့မှာတရားစီရင်ရမယ်။ လူတွေတတ်ရောက်နိုင်တဲ့ တရားခွင်ရှိဖို့ဆိုတာ အဓိကလိုအပ်တယ်။ ရှိနေတဲ့ တရားခွင်တောင်မှ ရောင်းစားပြီး တော့ မီးချစ်ဆံဗူးလောက် ရှိတဲ့တရားရုံးမှာ အမှုစီရင်နေရတာကတော့ လွတ်လပ်တဲ့ တရားစီရင်ရေးက ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး။ ကျွန်တော်ဒီလိုပြောချင် ပါတယ်။
အခုသောတရှင်တဦးက သူရေးတဲ့စာထဲမှာ ကောင်းမြင်တဲ့သဘောနဲနဲပါတဲ့အတွက် ဒီစာကို ဇိမ်ခံပြီးတော့ ဖတ်ချင်လို့နဲနဲချန်ထားပါတယ်။ သူကတရားရေးမဏ္ဍိုင်က ဒီမိုကရေစီလမ်းကြောင်းနဲ့ မကိုက်ညီသေးဘူးလို့ပြောရမှာပါ။ နှစ်ပေါင်း ၅၀ လောက် ယို့ယွင်းခဲ့တဲ့ ပြဿနာထဲကတခုဆိုတော့ ပြင်ဖို့ကျိုးစားနေတာကိုတွေ့ရပါပြီ။ ပွင့်ပွင့်လင်းလင်း ပြောဆိုကိုင်တွယ်နေတာကိုတွေ့ရပါတယ်။ တခြားပြဿနာတွေထက် အရင်ဆုံးပြေလည်မယ့်ပြဿနာတွေ့ရပါတယ်။ ဒီဟာက ဥပဒေကို နားလည်သူတွေ ဖြစ်တဲ့ အတွက် ဘယ်လိုလုပ်ရင် ဘယ်လိုထိရောက်နိုင်သလဲဆိုတာ သိရှိကြ တာဖြစ်ပါတယ်။ ဒါကြောင့်မကြာခင်မှာ စိတ်ရှည်လက်ရှည်နဲ့ ၀ိုင်းဝန်းပြီးတော့ ထိန်းသိမ်းစောင့်ရှောက်ကြပါ၊ အောင်မြင်ပါလိမ့်မယ်လို့ပြောတဲ့ သူကတော့ နိုင်ငံရေးအကျဉ်း သား ဟောင်း ဦးပိုက်တင်ဖြစ်ပါတယ်ခင်ဗျာ။