Meeting with Daw Aye Aye Mar on 23
August 2012
စနစ်မပြောင်းလဲသေးသောမြန်မာနိုင်ငံ
မေး။ ။
Social Action for Women (SAW) အနေနဲ့အစိုးရတွေနဲ့ပူးပေါင်းပြီးလုပ်တာတွေရှိသလား။
ထိုင်းနိုင်ငံမှာတော့အစိုးရမဟုတ်တဲ့
NGOတွေINGOတွေနဲ့ ပြီးတော့ ထိုင်း အစိုးရနဲ့တော့ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေကို ဆောင်ရွက်တယ်။ လူကုန်ကူးမှုနဲ့ပက်သက်ပြီးတော့
တခရိုင်လူကုန်ကူးမှုတိုက်ဖျက်ရေး network နဲ့တွဲလုပ်တယ်။ အမျိုးသမီးနဲ့ကလေးတွေကို ဦးစားပေးပြီးတော့လုပ်တယ်။
မေး။ ။အမအနေနဲ့မြန်မာပြည်တွင်းထဲမှာရှိတဲ့အမျိုးသမီးအဖွဲ့တွေကိုဘယ်လိုမြင်သလဲ။
တရားဝင်ကြေညာထားတဲ့အဖွဲ့အစည်းတွေက အစိုးရဘဲထိန်းချုပ်ထားတာကိုတွေ့ရတယ် ဒီအပေါ်မှာရော။
နောက်ပြီးတော့မြန်မာနိုင်ငံဟာ ယဉ်ကျေးမှုအရကော၊ ထုံးတန်းစဉ်လာအရကော အမျိုးသမီးတွေအပေါ်မှာဖိနှိပ်မှုတွေရှိသလား။
ဒီဘက်မှာဖြေရှင်းနေတဲ့
ပြဿနာတွေရဲ့အရင်းအမြစ်ကမြန်မာပြည်ထဲကဘဲလာတာလေ။ စီးပွားရေး၊လူမှုရေး အဆင်မပြေမှုတွေ၊ ကျပ်တည်းမှု၊
နိုင်ငံရေးအရမတည်ငြိမ်မှုတွေကြောင့်ဖြစ်ရတာ။ ထွက်ငွေ၊ ဝင်ငွေမ မျှဘူး။ စီးပွားရေးမတည်ငြိမ်တော့အလုပ်အကိုင်ရှားပါးလာတယ်။
နောက်ပြီး ဒီအပြင်ဘက်ကိုထွက်လာပြီး ကာမှ ဒီလိုအဖြစ်ဆိုးတဲ့ ပြဿနာတွေကြုံရတယ်။ ဖွံ့ဖြိုးတိုးတက်မှုနဲနေမှု
၊ခေတ်တခေတ်မှာစနစ်မျိုးစုံနဲ့လုပ်နေတော့ လူတွေက ဖိနိုပ်ခံနေရတာ။ နောက်ပြီးတော့ အမျိုးသားမှမဟုတ်
အားလုံးအလုပ်လုပ်နေရတာလေ။ လူနေမှုအဆင့်အတန်းတွေကလည်းနောက်ကျနေသေးတဲ့ အတွက်ဒီလိုပြဿနာတွေကြုံနေတာပေါ့။
မေး။ ။ အမပြောသလိုဆိုရင်
မြန်မာနိုင်ငံကအမျိုးသမီးတွေကို ဖိနိုပ်မှုက သိပ်မရှိဘူး ဆိုတော့ အခုလွတ်တော်တည်ထောင်တဲ့နေရာမှာတွေလည်း
အမျိုးသမီးလွတ်တော်ကိုယ်စားလုယ်တွေထားလာကြတယ်။ ဒါပေမယ့် ရာခိုင်နှုန်းအရတော့ နည်းနေသေးတယ်။
နောက်ပြီးအမျိုးသမီး ဝန်ကြီးတွေမရှိသေးဘူး ဒီအပေါ်မှာကော။
ကျွန်မထင်တာကစနစ်နဲ့ဆိုင်တယ်လို့ပြောရမယ်။မြန်မာပြည်မှာတကယ့်အရည်အချင်းရှိတဲ့အမျိုးသမီးတွေအများကြီးရှိတယ်။
အာဏာရှင် စနစ်ကြောင့်မို့လို ဖိနိုပ်ခံနေရတာ ။ ဒါကြောင့်မို့လို့ သူတို့တွေအနေနဲ့က
ရွေးချယ်လို့မရကြဘူးဖြစ်နေတာ။ လွတ်တော်မှာရှိနေတဲ့အမျိုးသမီးတွေလည်း ကြိုးဆွဲရာကနေတဲ့လူတွေနဲ့တူနေတယ်။
မြန်မာပြည်မှာရှိနေတဲ့ အမျိုးသမီးရေးရာတို့၊ လူမှုဖူလုံရေးတို့ဆိုတာတွေကလည်း အမျိုးသမီးတွေကိစ္စကို
သိလို့ လုပ်နိုင်တာမဟုတ်ဘူး။ တကယ်တန်းကျတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေက အမျိုးသားနည်းတူ
အားလုံးလိုက်လုပ်နေရတယ်။ တော်တဲ့လူတွေအများကြီးရှိတယ်။ တကယ်တန်းစနစ်ကကောင်းလာပြီဆိုရင်
ဒီအမျိုးသမီးတွေ တက်လာကြလိမ့်မယ်။ အမျိုးသမီးဖြစ်လို့ ခွဲခြားဆက်ဆံခံရတာကတော့ရှိတာပေါ့နော်။
ဥပမာ- သက္ကသိုလ် ဝင်ခွင့်လျှောက်တဲ့အခါမှာတို့။ နောက်ပြီး တိုင်းရင်းသားနယ်ပယ်ကျတော့လည်း
အမျိုးသမီးတွေကို အားနည်းတဲ့လူတွေအဖြစ်မြင်တာတို့။ ဒါတွေဖြစ်နေတာလည်း အာနာရှင်စနစ်ကြောင့်မို့လို့ပါ။
ဒါတွေနဲ့ပက်သက်ပြီးတော့လည်းတိုင်းရင်းသားအဖွဲ့အစည်းတွေက
အစီရင်ခံစာတွေအများကြီးထွက်ခဲ့တယ်လေ။ ဆိုတော့ ဒီကိစ္စတွေနဲ့ပက်သက်ပြီးတော့ လည်းဘာမှသိသာတဲ့အပြောင်းအလဲတွေအထဲမှာမဖြစ်လာသေဘူးပေါ့နော်။
ဥပမာ- ကချင်မှာဖြစ်သွားတဲ့ အမျိုးသမီးကိုခေါ်သွားပြီး မဒိန်းကျင့် သတ်ဖြတ်လိုက်တာမျိုးပေါ့။
ဒါတွေဟာသိသာထင်ရှားနေသည့်တိုင်အောင် တရားရုံးကနေဘာမှမလုပ်ဘူး။ ဒါတွေဟာမြန်မာပြည်မှာပွင့်လင်းမှုမရှိဘူးဆိုတာဘဲ။
တကယ်လို့ပွင့်လင်းတယ်ဆိုရင် သူတို့ စုံစမ်းစစ်ဆေးမှုတွေလုပ်ရမယ်။ ကော်မရှင်တွေဖွဲ့ရမယ်။
ဒါဟာလူ့အခွင့်အရေးနဲ့လည်းသက်ဆိုင်တယ်။ အမျိုးသမီးအခွင့်အရေးနဲ့လည်းဆိုင်တယ်။ တကယ်လို့မလုပ်ဘူးဆိုရင်
လူ့အခွင့်အရေးတွေက ဆက်လက်ချိုးဖြောက်ခံနေရမှာဘဲ။ လူ့အခွင့်အရေးမရှိတဲ့တိုင်းပြည်မှာ
အမျိုးသမီးအခွင့်အရးမရှိဘူးဆိုတာက အထူးအဆန်းမဟုတ်ဘူး။ လူ့အခွင့်အရေးရှိလာပြီဆိုတော့မှ
တရားတဲ့စနစ်တွေရှိလာမယ်။ အခုဆိုရင် ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံတွေကလည်းတမာတမတ်တည်းဖြစ်လာတာမဟုတ်ဘူး။
မေး။ ။ မြန်မာနိုင်ငံက
ကုလသမဂ္ဂမှာ CEDAW ကိုလက်မှတ်ထိုးထားတယ်။ ဒါပေမယ့် ထိရောက်စွာကျင့်သုံးတာတွေမတွေ့ရဘူး။
ဒီ့အပေါ်မှာ သုံးသပ်ပေးပါ။
အမတို့ကတော့အခွင့်အရးအဖွဲ့မဟုတ်ဘူး။
အဓိက ကတော့ လူမှုရေးနဲ့ကယ်ဆယ်ရေးတွေကိုဘဲလုပ်ပေးတာဆိုတော့ဒါမျိုးတွေမလုပ်ဘူး။ ဒါပေမယ့်
Human rights watch တို့ ၊ အာရှလူ့အခွင့်အရေးကော်မရှင်တို့ Amnesty international တို့
ဒါတွေနဲ့ပတ်သက်လာရင် အချက်အလက်ပေးတာတွေရှိတယ်။ အမမြင်တာက မြန်မာအစိုးရက CEDAW နဲ့ပတ်သက်ပြီးလက်မှတ်ထိုးထားတာလဲကြာပြီ
သို့သော်လည်းလက်တွေ့ကျင့်သုံးမှုလည်းမရှိဘူး။ အမျိုးသမီးအပေါ် ခွဲခြားဆက်ဆံမှုတွေလည်းအများကြီးဖြစ်နေတယ်။
မေး။ ။ ကျွန်မတို့နိုင်ငံမှာ
ကလေးအခွင့်အရေးကိုပြောကြတာလည်းအလွန်နဲတယ်။ နောက်ပြီးတော့ အများဆုးံခိုင်းထားတာတွေက
အိမ်မှာတွေခေါ်ခိုင်းတယ်။ ဒီ domestic
rights ကို ပြဌာန်းထားတာတွေမရှိဘူး။ အခုကြည့်လိုက်မယ်ဆိုရင် human rights နဲ့ Women rights ကိုပြောလာပြီ။ ဒါပေမယ့် child
rights ကို ပြောလာတာသိပ်မရှိသေးသလိုလုပ်နေတာကိုမရှိသေးဘူး။ အမအနေနဲ့ ဘယ်လိုမြင်မိသလဲ။
ဆိုတော့အခုက
သူတို့ကပြောနေကြတာဘဲရှိသေးတယ်။ လက်တွေ့လုပ်တာမရှိသေးဘူး။ အခုအချိန်ထိက ကလေးအခွင့်အရေးက
ပိုဆိုးနေသေးတယ်လေ။ ကလေးစစ်သားတွေစုဆောင်းတာတွေ၊ အဓ္ဓမခိုင်းစေတာတို့က အရမ်းကြီးသွားပြီ။
နိုင်ငံမှာက ကလေးတွေရဲ့ ပညာသင်ကြားခွင့်ကျန်းမာရေးစောင့်ရှောက်ခွင့် တောင်မပေးသေးတာ။
အခြေခံတွေတောင်မလုပ်နိုင်သေးတာ။ ထိုင်းနိုင်ငံမှာဆိုရင် ကလေးတွေကို အထက်တန်းအဆင့်အထိ
အခမဲ့ပညာသင်ကြားခွင့်တွေပေးနေတာ။ ကာကွယ်ရေးနဲ့ကျန်းမာရေးတွေလဲလုပ်ပေးတယ်လေ။ ဒါတွေဟာ
ထိုင်းနိုင်ငံမှာက ကလေးအခွင့်အရေးနဲ့ဆိုင်ပြီးတော့လုပ်နေတာတွေ။ ဒါတွေကအတုယူရမယ့်ဟာတွေ။
မြန်မာနိုင်ငံမှာ ဒီလိုအခြေအနေတွေမရှိသေးဘူး။
ဆိုတော့ မြန်မာနိုင်ငံမှာ
လူ့အခွင့်အရေးတွေမရှိလို့ဖြစ်တာဆိုရင် အခုလုပ်နေတဲ့လွတ်တော်တွေထဲမှာ တယောက်ယောက်က ကလေးအခွင့်အရေးကို
လျှောက်တယ်။ ပြဌာန်းတယ်ဆိုရင်ကော
အခုချိန်အထိကတော့
ဘယ်သူ့မှမပြောသေးဘူး။ ဒီဟာမျိုးတွေကို အမြင်ကျယ်ကျယ်နဲ့တင်ပြနိုင်တဲ့သူတွေမရှိသေးဘူး
။ တကယ်လို့တင်ပြနိုင်တယ်ဆိုရင်လည်း လွတ်တော်ထဲကနေ အများစုက လက်ခံနိုင်တဲ့ဟာမျိုး ဆုံးဖြတ်ချက်ကျလာရင်တော့
ကောင်းတာပေါ့။ ဒါမှမဟုတ်လို့ရှင်ရင် ဒီအဆိုကိုတင်သွင်းတာ ရှုံးနိမ့်ပါတယ်ဆိုရင်ဘာမှမပေါက်ရောက်တော့ဘူးပေါ့။
ဒီမိုကရေစီကိုသွားနေတဲ့လမ်းကြောင်းမှာဆိုရင် ဒါတွေက မဖြစ်မနေလိုအပ်တာတွေပေါ့နော်။
မေး။ ။ တကယ်လို့များ
အရပ်ဘက်လူ့အဖွဲ့အစည်းက ဒီကိစ္စတွေကို တရားဝင်ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ
ပြုလုပ်တယ်ဆိုရင်ကော။ ဥပမာ- ကလေးတွေကိုသက်သေအနေနဲ့တရားခွင်တွေမှာထွက်ခိုင်းတဲ့ကိစ္စတွေမှာ
ချိန်းခြောက်မှုတွေကနေကင်းဝေးအောင် နောက်ပြီးအမှန်တရားပေါ်ပေါက်ရေးအတွက် ဥပဒေကလည်းဒီလိုအကာအကွယ်ပေးနေတာကိုသိအောင်
ဘယ်လိုလုပ်ဆောင်သင့်တယ်ထင်သလဲ။
ဒီကိစ္စလည်း
စနစ်နဲ့ဘဲဆိုင်တယ်လို့ပြောရမှာဘဲ။ နောက်ပြီး အရပ်ဘက်လူ့အဖွဲ့အစည်းတွေလည်းလိုအပ်တယ်။
အားကောင်းလာရင်တော့ အနည်းနဲ့အများ ကလေးတွေအတွက်လည်းထိရောက်မှုရှိနိုင်တယ်။ မြန်မာပြည်မှာ
ကလေးကိုစောင့်ရှောက်တဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေအများကြီးလိုအပ်တယ်။ ကျွန်မတို့နိုင်ငံမှာလည်း
တရားမျှတတဲ့ တရားရုံးတွေလည်းမရှိဘူးဖြစ်နေတယ်။ ရှိဖို့လုပ်နေတဲ့ ရှေ့နေတွေလည်းပြန်ပြီးတရားစွဲခံရတယ်လေ။
ဆိုတော့ အရပ်ဘက်လူ့အဖွဲ့အစည်းအားကောင်းလာဖို့လိုတယ်။ လုပ်ရဲဖို့လည်းလိုလာတယ်။ အကာအကွယ်ပေးဖို့လည်းလိုတယ်။
ဒီမှာက လူကုန်ကူးမှုနဲ့ပက်သက်ပြီးအမှုရင်ဆိုင်နေရတဲ့ကလေးတွေကို အမတို့အနေနဲ့ ထိန်းသိမ်းကာကွယ်ပေးထားတယ်။
အဲဒီလိုမျိုး အရပ်ဘက်လူ့အဖွဲ့အစည်းတွေမြန်မာပြည်မှာ အများကြီးလိုတယ်။ ဥပဒေကိုလုပ်တဲ့အဖွဲ့၊
အခွင့်အရေးနဲ့ ကာကွယ်တဲ့အဖွဲ့တွေလည်းရှိဖို့လိုပါတယ်။ ကလေးတွေကို စိတ်ပိုင်းဆိုင်ရာအရ
အားပေးနေတဲ့အဖွဲ့လည်းလိုတယ်။ ဒီလိုစုံစုံ လင်လင်ပုံပိုးပေးနိုင်မယ်ဆိုရင်တော့ ကလေးတွေကလည်းပြောရဲဆိုရဲရှိလာလိမ့်မယ်။
ဒါဆိုရင် သူတို့ဘာကိုမှ ကြောက်တော့မှာမဟုတ်ဘူး။ တရားရုံးကိုသွားပြီးပြောင်းလဲအောင်လုပ်ဖို့ကသိပ်မဖြစ်နိုင်ဘူး။
သူတို့ကိုချုပ်ကိုင်ထားတဲ့လူတွေရှိနေတယ်လေ။
မေး။ ။ အခုမြန်မာနိုင်ငံကပြောင်းလဲလာပြီလို့နိုင်ငံတကာကပြောနေကြပြီ။
ဒါပေမယ့်လည်း သူတို့မျာက interest တခုခုရှိနေလို့ပေါ့။ ဆိုလိုတာက စီးပွားရေးနဲ့ပက်သက်ပြီးတော့
အဓိကလုပ်ချင်ကြတာပေါ့နော်။ ရင်းနှီးမြုပ်နှံမဲ့သူတွေနဲ့ စီးပွားရေးတွေလုပ်နေပြီပေါ့နော်။
ဆိုတော့ အခုက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေမရှိသေးဘူး။ နောက်ပြီး စီးပွားရေးသမားတွေက
ဒါတွေကိုသိမကြည့်ကြဘူးလေ။ ဆိုတော့ ဒီကိစ္စနဲ့ပက်သက်လာရင် အဓိက ကလေးတွေကိုအမြတ်ထုတ်သွားနိုင်တာတွေပိုရှိတာပေါ့။
Force labour နဲ့ sexual worker တွေခေါင်းပုံဖြတ်မှုတွေ ပိုများလာမလား။ အမအနေနဲ့ ဒီလိုရင်းနှီးမြုပ်နှံမှုအပေါ်မှာ
ဘယ်လိုထင်သလဲ။
ရင်းနှီးမြုပ်နှံမှုကတော့
မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုကိုလိုအပ်နေတဲ့အတွက်လိုပါတယ်။ ဆိုတော့ လာတဲ့ကုမ္ပဏီတွေကလည်း
သူ့နိုင်ငံအလိုက်လာတဲ့ဟာတွေရှိရမယ်။ ဘယ်လိုဟာမျိုးတွေဆိုရင်လုပ်လို့မရဘူး။ ဘယ်လိုဟာတွေကတော့
လုပ်လို့ရတယ်ပေါ့နော်။ ဆိုတော့မြန်မာနိုင်ငံမှာလည်း ရင်းနှီးမြုပ်နှံမှုတွေလာတဲ့အခါကျလို့ရှင်ရင်
လူ့အခွင့်အရေးတွေမချိုးဖောက်နိုင်ဖို့နဲ့ ပတ်ဝန်းကျင်ဆိုင်ရာမထိခိုက်ဖို့၊ ကလေးအခွင့်အရေးတွေမချိုးဖောက်ဖို့
စတာတွေကို နိုင်ငံအတွင်းမှာ သတ်မှတ်ထားရမယ်။ ဒါတွေအခုထိမလုပ်ကြသေးလို့ အလုပ်သမားတွေ
ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတာလေ။ အခုထပ်ပြီး ရင်းနှီးမြုပ်နှံမှုအတွက်လာမယ့်လူတွေကတော့
ဘယ်လိုပုံစံလဲဆိုတာ မပြောနိုင်သေးဘူး။သူတို့လာမယ့်နိုင်ငံပေါ်မှာလည်းမူတည်တယ်လေ။ ဆိုတော့သူတို့ကို
စောင့်ကြည့်ဖို့က CBO တွေ၊ နိုင်ငံရေးသမားတွေမှာ တာဝန်ရှိတယ်လေ။ ချိုးဖောက်မှုတွေကို
ထောက်ပြရမယ်။ ဒါတွေကြောင့်ဒီလိုဖြစ်တာတွေကို ပြောပြနိုင်ရမယ်။ ဆိုတော့ သူတို့နိုင်ငံမှာတွေလည်း
လူ့အခွင့်အရေးရှိတယ်ဆိုရင် သူတို့ ကုမ္ပဏီတွေကို ပြန်ရုပ်သိမ်းသွားလိမ့် မယ်။ ဒီဟာတွေမဖြစ်ဖို့ဆိုရင်
ကိုယ့်မိခင်နိုင်ငံနဲ့လည်းဆိုင်သလို၊ စောင့်ရှောက်မဲ့သူတွေနဲ့လည်းဆိုင်သလို၊ လူ့အခွင့်အရေးရှိတဲ့နိုင်ငံတွေနဲ့လည်းသက်ဆိုင်ပါတယ်။
မေး။ ။ အမအနေနဲ့
အခုမြန်မာနိုင်ငံက ခရီးသွားတွေအလာချင်ဆုံးနိုင်ငံဖြစ်တယ်ဆိုပြီးပြောနေတဲ့အပေါ်မှာနဲ့
Torurism နဲ့ ပက်သက်ပြီး ကောင်းကျိုးနဲ့ဆိုးကျိုးတွေရှိတာကိုတွေ့ရတယ်ပေါ့နော်။ ဒီ့အပေါ်မှာလည်း
ဘယ်လိုမြင်မိသလဲ။
ကျွန်မထင်တာက
သိပ်မစိုးရိမ်ရဘူးလို့ထင်တယ်လေ။ ဌာဏ်ရည် သိပ်နိမ့်တဲ့လူတွေမပါဘူး။ ခပ်တုံးတုံးတွေမပါဘူးဆိုတော့
ဒီကမ္ဘာလှည့်ခရီးသွားတွေလွမ်းမိုးသွားနိုင်ဘူးလို့ထင်ပါတယ်။ ဒါကြောင့်သူတို့လာတဲ့အတွက်ကို
ပြဿနာသိပ်ရှိလိမ့်မယ်လို့မထင်ပါဘူး။ သူတို့တွေမှာ မတူတဲ့ ယဉ်ကျေးမှုတွေပါလာကောင်းပါလာနိုင်တယ်။
ဒါပေမယ့် တိုင်းပြည်ရဲ့ယဉ်ကျေးမှုနဲ့ထိန်းနိုင်မယ်လို့လဲထင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုနည်းတာတောင်မှ
ဒါမျိုးတွေမဖြစ်နိုင်ဘူးလို့ထင်တယ်။
မေး။ ။ အမတို့
SAW က Red Ribbon ဆုနဲ့ပက်သက်ပြီးတော့ ရှင်းပြပါ။
အမတို့က အမျိုးသမီးနဲ့
ကလေးသူငယ်တွေကို စောင့်ရှောက်တာ ပါ။ အထူးသဖြင့် မိဘမဲ့ကလေးတွေ ရဲ့ သုံးပုံနှစ်ပုံလောက်က
HIV ဖြစ်နေတဲ့ ကလေးတွေပါ သူတို့က မဲဆောက်ဆေးရုံနဲ့ မယ်တော် clinic ကနေလာကြတယ်။ ဒီလို
HIV နဲ့သေသွားတဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်တယ်။ ပညာရေးအရလည်း ထိုင်းကျောင်းမှာထားပေးတယ်။
ဒီနှစ်ကတော့ ၄၇ ယောက်လောက်ရှိပြီ။ ဒီလိုပညာရေးအရ သူတို့ကိုမြှင့်တင်ပေးတဲ့ကိစ္စတွေရယ်
ကိုပြုလုပ်တယ်။ အမတို့ ထားတဲ့ ဂေဟာတွေ ၆ ခုရှိတဲ့အထဲက ၁ခုကတော့ HIV positive တွေကိုဘဲထားတာပါ။
သူတို့ကို ဆေးဝါးနဲ့ စောင့်ရှောက်မှုတွေကိုပေးတယ်။နေထိုင်ရေးနဲ့ စားသောက်ရေး တွေကိုစောင့်ရှောက်မှုပေးတဲ့အတွက်ကို
ကုလသမ္ပဂ္ဂ ကနေပြီးတော့ ပေးတဲ့ Red Ribbon ဆုကို ၂၀၀၈ ခုနှစ်ကရတာပေါ့နော်။ စလုပ်တာကတော့
၂၀၀၀ ခုနှစ်ကပါ ဆိုတော့ အခုက ၁၂ နှစ်တောင်မှရှိပြီ။
ပထမဦးဆုံးက
save house ၁ခုတည်း ကနေပြီးတော့လုပ်တယ်။ အခုဆိုရင်တော့ save house ၆ ခုရှိပြီပေါ့နော်။
လူတွေအားလုံးပေါင်းကတော့ ၃၀၀လောက်တော့ရှိတယ်။ ကလေးကောအမျိုးသမီးကော။ နောက်ပြီးတော့ကျောင်းမှာလည်းရှိသေးတယ်။
သူတို့ကိုတော့ အဆင့်မြင့်ပညာရေးစနစ်အထိသင်ပေးပါတယ်။
ကျောင်းသားကတော့အထက်တန်းအထိကို ၄၀၀ လောက်ရှိတယ်။ဒီလိုဘဲ ကလေးတွေက ရောင်းစားခံရတာတွေနဲ့
အမေတွေကတာဝန်မယူနိုင်လို့ချန်ထားတဲ့ဟာတွေကို အမတို့ကစောင့်ရှောက်ရတာပါ။ နေ့တိုင်းနေ့တိုင်းက
ထောင်နဲ့ချီပြီး နယ်စပ်ဘက်ကိုလူတွေဝင်လာကြတယ်။ ဒါက ထိုင်းမှာဘဲရှိသေးတာနော်။ အများစုက
အလုပ်အကိုင်ရှာဖွေရေးအတွက်ဖြစ်နေတော့ မဖြစ်သင့်တာတွေဖြစ်လာတယ်။ ရောင်းစားခံရတာတွေက
ပိုများလာတယ်။ အလုပ်အကိုင်က ပြည်တွင်းမှာ ကျပ်တည်းလာတော့ ဒီဟာတွေဖြစ်လာတာလေ။
မေး။ ။ ဆိုတော့
ဒီလိုလူကုန်ကူးမှုတွေကို မြန်မာအစိုးရက သိပ်အလေးမထားတာလား။ ဒါကြောင့်မို့လို့ပိုဖြစ်နေသေးတာလား။
ဒီထိုင်းနိုင်ငံမှာတော့
ဒီကိစ္စနဲ့ပက်သက်ပြီးတော့ လုပ်တော့လုပ်ရှာတယ်။ သို့သော်မြန်မာနိုင်ငံက လူကုန်ကူးခံရတဲ့
ဟာတွေက ဒီမှာလာဖြစ်တာ။ ထိုင်းတွေတခြားနိုင်ငံမှာလူကုန်ကူးခံရတာက မြန်မာနိုင်ငံထက်စာရင်
နဲတယ်။
SAW ကနေပြီးတော့
လုပ်တဲ့လုပ်ငန်းလေးတွေကောင်းပါတယ်။ ဒါပေမယ့်လူကုန်ကူးခံရပြီးမှထက် မဖြစ်ခင်ကာကွယ်အောင်
အထဲမှာလုပ်ဖို့အစီအစဉ်ကောရှိသလား။
အထဲမှာတော့
ဒီကိစ္စတွေကိုဆောင်ရွက်ပေးမယ့်အဖွဲ့တွေက ပေါ်လာမှာပါ။ အမတို့အဖွဲ့အစည်းကတော့ migrant
ကိုဘဲ အဓိကထားတယ်ဆိုတော့ အထဲထိကတော့ မတက်နိုင်သေးဘူး။ အမတို့ကိုတော့ US-AID ကနေပြီးပြောတာတွေရှိတယ်။
ဒါပေမယ့်အထဲ ထဲမှာက အာမခံနိုင်တဲ့သူတွေမရှိသေးဘူး။ ဒါတွေကအရေးကြီးတာက ဒီလိုလုပ်ငန်းတွေလုပ်တဲ့အခါမှာ
လုပ်ငန်းတွေရဲ့အာမခံမှုတွေ ငွေကြေးပိုင်းဆိုင်ရာအာမခံမှုတွေကို လုပ်နိုင်မှ အဖွဲ့အစည်းက
ရပ်တည်လို့ရမှာလေ။ ဆိုတော့ ဒီနယ်စပ်မှာမလုံလောက်သေးတဲ့အခါကျတော့ အထဲကဟာတွေကိုမလုပ်နိုင်သေးဘူး။
အမတို့လည်း မဖြစ်ခင် ကာကွယ်တာကို အားပေးပါတယ်။ နောက်ပြီး အားလုံးခြုံကြည့်လိုက်မယ်ဆိုရင်
ဒီပြဿနာဘယ်ကလာသလဲဆိုတာ သိဖို့လိုတယ်။ စနစ်ကြောင့်ဘဲလို့ပြောချင်ပါတယ်။ နိုင်ငံမှာက
စီးပွားရေးအဆင်မပြေမှုတွေရှိလာတော့ ဒီဘက်ကိုလာတဲ့အခါမှာ လူကုန်ကူးခံရတာတွေဖြစ်လာတယ်။
တကယ်လို့များ ကောင်းနေရင်တော့ လာစရာမရှိဘူး။ တလောက ဒေါက်တာ စင်တီယာ ကို ဝန်ကြီးဦးအောင်မင်းကနေပြီးတော့
ဆေခန်းကို သူတို့ဝိုင်းကူပေးမယ်လို့ပြောတယ်။ တကယ်တန်းကျတော့ သူတို့က ပါးစပ်ဘဲလာတာဖြစ်နေတယ်။
ဝိုင်းကူချင်တယ်ဆိုရင် အထဲကဟာတွေကိုကောင်းအောင်လုပ်ပါအုံး။ မြန်မာပြည်ထဲမှာ ကျန်းမာရေးထောက်ပုံမှုတွေမရှိတာကြောင့်
ဒီကိုရောက်လာတာ။ ဒါကြောင့်မို့လို့ ဒေါက်တာ စင်တီယာလည်းပြောတယ်လေ။ ကျွန်မတို့ကိုမကူညီနဲ့အုံး။
အဲဒီလူတွေကျွန်မတို့ဆီမှာမလာအောင်ဘဲလုပ်လိုက် ပါလို့ပြောတယ်။ တကယ်လဲဟုတ်နေတာဘဲ။ မြန်မာပြည်မှာ
ကျန်းမာရေးပြုစုစောင့်ရှောက်မှုရှိရင် လူတွေလာကြတော့မှာမဟုတ်သလို စီးပွားရေးအဆင်ပြေနေရင်တော့
migrant တွေရှိတော့မှာမဟုတ်ဘူး။ ဒါတွေအားလုံးက အစိုးရမှာအများကြီးတာဝန်ရှိတယ်။ စနစ်ကိုပြင်ရမယ်။
မေး။ ။ စနစ်ကိုပြောင်းလဲအောင်ဘယ်ပုံဘယ်နည်းနဲ့လုပ်သင့်တယ်လို့အမကထင်သလဲ။
သူတို့ပြောင်းလဲဖို့လုပ်တာတွေကတော့ရှိတော့ရှိနေပါတယ်။
ဒါပေမယ့်အခုအခြေအနေကတော့ အင်မတန်မှကိုနှေးကွေးနေသေးတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်းရှိနေသေးတယ်။
သူတို့ရဲ့ပြောင်းလဲမှုက အဝတ်ပြောင်းတာတွေဘဲရှိနေသေးတယ်။ အရင်က တိုင်းမှုးတွေအားလုံးအခုတော့ ဝန်ကြီးတွေရှိသေးတယ်။
ဒါပြောင်းလဲမှုမှ မဟုတ်တာ။ ဒါတွေကိုပြောင်းတယ်ဆိုပြီးတော့ နိုင်ငံတကာကိုလိုက်ပြနေတာ။
သူတို့အထဲကတကယ်ပြောင်းတယ်ဆိုမှပြောင်းလဲတယ်လို့ဆိုလို့ရတာ။ တကယ်ပြောင်းရင်လည်းဖွံဖြိုးတိုးတက်လာကြမှာ
။ ဆိုတော့အရေခွံလဲပြီးတဲ့အခါကျတော့ နိုင်ငံတကာရဲ့အကူအညီကိုလိုချင်တာကြောင့်ပြောကြတာ။
မေး။ ။ ဆိုတော့
အခုလူတွေအားလုံးက ၂၀၁၅ ရွေးကောက်ပွဲကိုဦးတည်ပြီးပြင်ဆင်တာတွေ လုပ်နေကြတယ်ဆိုတော့ အမအနေနဲ့
စစ်မှန်တဲ့ပြောင်းလဲမှုရှိလာမယ်လို့ထင်မိသလား။
အခုထက်ထိကတော့ပြောင်းလဲမှုတွေကိုမတွေ့ရသေးဘူး။
သို့သော်လည်း အခုလမ်းတွေအများကြီးဖွင့်လိုက်ရပြီဆိုတော့ လူတွေက အနဲနဲ့အများအမြင်တွေရှိလာကြပြီ။
တောင်းဆိုတက်လာကြပြီ။ လယ်သမား၊ အလုပ်သမား တွေကတောင်းဆိုလာကြပြီ။ ကြီးကြီးမားမားပြင်လို့ရတာတွေကတော့
မရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ တုန်းက စစ်တပ်ကို ကြောထောက်နောက်ခံလုပ်ထားတဲ့
ပြည်ခိုင်ဖြိုးပါတီက လွတ်တော်မှာနေရာတော်တော်များများရနေပြီးတော့ ဆုံးဖြတ်ချက်တွေကလဲသူတို့လက်ထဲမှာရှိနေကြတယ်။
ဖွဲ့စည်းပုံကိုလည်းသူတို့ရေးဆွဲထားတယ်။ ဆိုတော့ အခုတော့ဘာမှလုပ်လို့မရဘူးဖြစ်နေတယ်။
ဒါပေမယ့် ဒီလာမယ့် ၂၀၁၅ မှာဆိုရင်တော့ သူတို့ရဲ့ယှဉ်ပြိုင်ဘက်ပါတီတွေများလာမယ်။
NLD တခုတည်းမဟုတ်ဘဲနဲ့တိုင်းရင်းသားပါတီတွေလည်းရှိလာမယ်။ ဆိုတော့ ၂၀၁၀ နဲ့ ၂၀၁၅ ကနဲနဲလေးတော့ကွာမယ်။
ဒီမှာမှ လွတ်လပ်မှုဘယ်လောက်ရှိမရှိ ပွင့်လင်းမှုရှိမရှိဆိုတာက လာအုန်းမှာကို။ အခုဆို
လွတ်တော်မှာ လုပ်တာ တင်တာတွေက ဘယ်လောက်အဆိုတင်သွင်းတာတွေရှိနေပါစေ မကျလာဘူးလေ။ ဆိုတော့
၂၀၁၅ မှာ ဒီလိုမျိုးမသမာမှုတွေဘယ်လောက်လုပ်နေသေးသလဲဆိုတာကိုကြည့်ရအုန်းမယ်။ ဒီ ကြားဖြတ်ရွေးကောက်ပွဲမှာတောင်မှ
ကလိမ်ကကျစ်လုပ်တာတွေရှိသေးတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို နိုင်ငံတကာမှာချပြရမယ်ဆိုတော့လုပ်လိုက်တာလေ။
သူတို့အတွက်ကတော့ အမတ် ၄၀ ကျော်နေရာပေးလိုက်ဖို့ကဝန်မလေးတဲ့အပြင် သူတို့နိုင်ချင်ရင်တော့
ကြိုတင်မဲနဲ့နိုင်လို့ရတယ်လေ။ ဒါပေမယ့် နိုင်ငံတကာ ကစောင့်ကြည့်မှုတွေရှိနေသေးတယ်ဆိုတော့နေရာပေးလိုက်ရတာ။
ဒီလိုလုပ်ခြင်းကလဲ ၂၀၁၀ ခုနှစ်တုန်းက ပြုခဲ့တဲ့ မသမာမှုတွေနဲ့ နှစ် ၅၀ တိုင်တိုင်ချိုးဖောက်မှုတွေကို
ဖုံးလိုက်သလိုဖြစ်သွားတယ်လေ။ ဒါပေမယ့် သူ့အကျင့်ကတော့ မပျောက်သေးဘူး။ မဲတွေကိုဖယောင်းသုတ်ထားတာတွေနဲ့
တိုင်တဲ့လူတွေကိုတရားပြန်ဆွဲတာတွေ လုပ်တယ်။ ဒီလိုအတွေးအခေါ်ရှိတဲ့လူက တိုင်းပြည်ကိုပြုပြင်ပြောင်းလဲမှုလုပ်ဖို့ကမဖြစ်နိုင်ဘူး။
၂၀၁၅ မှာလည်းဒီလိုတွေမလုပ်ဘူးလို့မပြောနိုင်ဘူး။ လုပ်မှာဘဲ။
မေး။ ။ ဒါဆိုရင်
မြန်မာနိုင်ငံမှာ လူထုအုံကြွမှုတွေကောရှိလာနိုင်သလား။ ဘယ်အချက်တွေကပြောနေသလဲ။
ရှိနိုင်ပါတယ်။
အခုဆိုရင် လယ်သမားပြဿနာတွေနိုင်ငံတ၀မ်းဖြစ်ပေါ်နေမှုတွေ။ ဒီလိုလူထူအုံကြွမှူတွေကို ဥပဒေတွေနဲ့
ထိန်းထားမှုတွေ။ဒါတွေကလူထုကို ထိန်းချုပ်ထားလိုက်တဲ့အပေါ်မှာ တနေ့ကျရင် အားလုံးမပေါက်ထွက်နိုင်ဘူးလို့မပြောနိုင်ဘူး။
ကြေးနီတောင်စီမံကိန်းမှာဆိုရင် ပုဒ်မ ၁၄၄ကိုအဲဒီနယ်မှာဘဲထုတ်ထားလိုက်တယ်။ နေနေတဲ့ ဒေသခံတွေကိုဖိနိပ်ဖို့အတွက်လေ။
လူသိရှင်ကြားလုပ်တာမဟုတ်ဘူး။ နောက်ပြီးစီမံကိန်းကြီးကတော့ တရုတ် နဲ့လုပ်တာမို့လို့အရေးပါတယ်လေ။
ဒီအရေးမှာဆိုရင် အတိုက်အခံတွေကိုလည်းအားကိုးလို့ရတာမဟုတ်ဘူး။ နောက်ပြီးတော့လယ်သမားတွေက
သူတို့အရေးကိုသူတို့လုပ်နေရတဲ့အခြေအနေတိုက်နေရတဲ့အခြေအနေတွေလေ။ တကယ်တမ်းမြန်မာနိုင်ငံကပြောင်းလဲလားဆိုတော့မပြောင်းလဲဘူး။
တကယ်ဒီမိုကရေစီရပြီလား။ မရသေးဘူး။ တကယ်ရနေတယ်လို့ပြောနေတာက အောင်ဆန်းစုကြည်နဲ့အတိုက်အခံတွေကရနေတယ်လိုပြောရင်ပြောမှာပေါ့။
လူထုကတော့ မရသေးဘူး။ နိုင်ငံရေးသမားတွေဆိုတာက အကွက်ကိုကြည့်နေတယ်လေ။ အစိုးရနဲ့အဆင်ပြေနိုင်ဖို့အတွက်ကို
အပေးအယူတွေလုပ်နေတာလေ။ ဒီလက်ရှိအစိုးရကို အတိုက်အခံ မလုပ်ဖို့ပြောနေတာလေ။ သူတို့ရေငုံနှုတ်ပိတ်နေတာတွေရှိတာပေါ့။
ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီရသလား မရဘူးလားဆိုတာ ဒီင်္ကနေ့ပြနေတဲ့ ပြဿနာတွေက မျက်မြင်သက်သေတွေဘဲလေ။
အလုပ်သမားတွေဆိုတာလည်း သွားနေရတာဘဲ။ အဆင်မပြေမှုတွေနဲ့ လုပ်ခမလုံလောက်မှုတွေနဲ့ ဆန္ဒတွေပြနေကြတာဘဲ။ ဒါတွေကိုကြည့်မယ်ဆိုရင် ဘယ်မှာပြောင်းလဲမှုတွေရှိလို့လဲ။
မေး။ ။ ဒါဆိုရင်
လူတွေတော်တော်များများ အဆင်မပြေမှုတွေရှိလာကြတော့ တနေ့နေ့ တချိန်ချိန်မှာ လူထုအုံကြွမှုဖြစ်လာတယ်ဆိုရင်
၈၈တုန်းကလိုမျိုး၊ ၂၀၀၇ တုန်းကလိုမျိုးပြန်ဖြစ်လာရင် ဘာဘဲပြောပြော စစ်တပ်က အာဏာပြန်သိမ်းမှာဘဲလေ။ ဖွဲ့စည်းပုံကတည်းက
ပြောထားတာကိုဆိုတော့ ဒီလိုမျိုးကိုလည်းမြင်နေတော့ တချို့လူထုတွေက တကယ်လို့ဒီလိုတွေဖြစ်ရင်တော့
အစကနေပြီးပြန်စရမှာကိုစိုးရိမ်နေကြတယ်လေ။ ဒါကြောင့်မို့လို့ အခုလက်ရှိအစိုးရကိုဘာလုပ်လုပ်
appreciate လုပ်နေတာတွေရှိတယ်။ နောက်ပြီးလူထုက စစ်မှန်တဲ့အပြောင်းအလဲကိုလိုချင်ကြတဲ့လူတွေလည်းရှိနေတယ်လေ။
ဆိုတော့ ဒီလိုလူတွေကို ဥပဒေဘောင်ထဲကဘာတွေလုပ်ဆောင်နိုင်မယ်ထင်ပါသလဲ။
ဟုတ်ပါတယ်။ သူတို့စိုးရိမ်တာမှန်ပါတယ်။ ဒါပေမယ့်အခုလည်း စစ်တပ်ကသိမ်းထားတာဘဲလေ။ ဖွဲ့စည်းပုံလုပ်တုန်းကလည်း သူတို့ဘာသာသူတို့လုပ်တယ်။ ထောက်ခံခိုင်းတယ်။ နောက်ပြီး လွတ်တော်မှာလည်းသူ့လူတွေပြည့်နေတယ်လေ။ ဒါတွေကိုအထဲဝင်ကြည့်မယ်ဆိုရင် သူတို့ဘဲရှိနေတာ။ ဒါပေမယ့် နိုင်ငံတကာကိုအမြင်ကောင်းအောင်လုပ်နေတာတွေဘဲရှိတာ။အမကထင်တယ်။ ဒါတွေက ဘာမှစိုးရိမ်စရာမလိုဘူး။ စစ်အုပ်ချုပ်ရေးဆိုတာမဟုတ်ပေမယ့်သိမ်းထားဆဲဘဲ။ ဆိုတော့ လူထုအုံကြွမှုပေါ်လာစသည်ဖြစ်စေ မဖြစ်စေ သိမ်းမှာဘဲ။ စိုးရိမ်တယ်ဆိုတာက အခုလက်ရှိအရပ်သား အစိုးရကို ပြုပြင်ပြောင်းလဲမှုတွေလိုလားတယ်ဆိုပြီး ယုံနေလို့သာဖြစ်နေတာ။ ပိုဆိုးတာက ဘယ်သူမှလှုပ်လို့မရအောင် ဥပဒေနဲ့ထိန်းထားလိုက်တာ။ အဲဒီလိုလုပ်နိုင်ဖို့ကို Nargist မှာသူတို့ လူတွေသေနေတာကို ဖွဲ့စည်းပုံကို ထောက်တဲ့မဲတွေထည့်ခိုင်းတယ်။ ဒီကနေ့ဒီလိုဖြစ်လာအောင်လေ။ ဆိုတော့ ပြောင်းလဲနေပြီဆိုတာ တလွဲဆံပင်ကောင်းပြီးပြောနေတာတွေဖြစ်သလို အခုကြည့် လူထုတွေကို မအုံကြွအောင်လိုက်ထိန်းနေကြတာတွေဟာ လူထုနဲ့အတူမလိုက်ပါနိုင်လို့လေ။ လူထုနဲ့လိုက်နိုင်တယ်ဆိုရင် သူတို့ဆန္ဒကိုဦးစားပေးရမှာပေါ့။ လူထုနဲ့အတူမလိုက်ပါနိုင်တဲ့ အစိုးရဘဲဖြစ်ဖြစ် နိုင်ငံရေးပါတီဘဲဖြစ်ဖြစ် တနေ့ကျဆုံးမှာဘဲ။ လူထုက သူတို့ရှေ့ရောက်နေတော့ သူတို့တိုက်ပွဲကိုသူတို့ဆင်နွဲနေတာလေ။ လယ်သမားကိုဘယ်သူဦးဆောင်နေလို့လဲ။ တက်ကြွလှုပ်ရှားသူတွေဘဲလုပ်နေကြတာ။ ဘယ်နိုင်ငံရေးသမားကမှထောက်ပြနေတာမရှိပါဘူး။NLD တို့ ၈၈ တို့လည်းမထောက်ပြပါဘူး။ ကြားဝင်ဖြန်ဖြေပေးသလိုလို ဘေးပရိတ်သတ်လိုဘဲလုပ်နေကြတာ။ လယ်သမားတွေရှေ့ကနေပြီး ဦးဆောင်တဲ့လူတွေမရှိသေးဘူးလေ။ လယ်တွေကို cronies တွေ ကုမ္မဏီတွေ၊ စစ်တပ်ကသိမ်းနေပါတယ်ဆိုတာ ဘယ်သူ့မှမပြောဘူးလေ။ ဒီလိုလုပ်တဲ့ လယ်သမားတွေကိုတရားစွဲ၊ ထောင်ချတွေ စစ်တပ်ကလုပ်နေတာဘဲ။ ဒါကြောင့်မားမားမတ်မတ်ရပ်နေတဲ့လူ၊ အနီးကပ်နေတဲ့လူတွေတိုင်းပြည်မှာအများကြီးလိုတယ်။ ဒါမှမဟုတ်ရင်လည်း လူထုအုံကြွမှုကတော့ဖြစ်လာလိမ့်မယ်။ ဘယ်နေ့ဖြစ်မယ်ဆိုတာကမပြောနိုင်ဘူး။
ဟုတ်ပါတယ်။ သူတို့စိုးရိမ်တာမှန်ပါတယ်။ ဒါပေမယ့်အခုလည်း စစ်တပ်ကသိမ်းထားတာဘဲလေ။ ဖွဲ့စည်းပုံလုပ်တုန်းကလည်း သူတို့ဘာသာသူတို့လုပ်တယ်။ ထောက်ခံခိုင်းတယ်။ နောက်ပြီး လွတ်တော်မှာလည်းသူ့လူတွေပြည့်နေတယ်လေ။ ဒါတွေကိုအထဲဝင်ကြည့်မယ်ဆိုရင် သူတို့ဘဲရှိနေတာ။ ဒါပေမယ့် နိုင်ငံတကာကိုအမြင်ကောင်းအောင်လုပ်နေတာတွေဘဲရှိတာ။အမကထင်တယ်။ ဒါတွေက ဘာမှစိုးရိမ်စရာမလိုဘူး။ စစ်အုပ်ချုပ်ရေးဆိုတာမဟုတ်ပေမယ့်သိမ်းထားဆဲဘဲ။ ဆိုတော့ လူထုအုံကြွမှုပေါ်လာစသည်ဖြစ်စေ မဖြစ်စေ သိမ်းမှာဘဲ။ စိုးရိမ်တယ်ဆိုတာက အခုလက်ရှိအရပ်သား အစိုးရကို ပြုပြင်ပြောင်းလဲမှုတွေလိုလားတယ်ဆိုပြီး ယုံနေလို့သာဖြစ်နေတာ။ ပိုဆိုးတာက ဘယ်သူမှလှုပ်လို့မရအောင် ဥပဒေနဲ့ထိန်းထားလိုက်တာ။ အဲဒီလိုလုပ်နိုင်ဖို့ကို Nargist မှာသူတို့ လူတွေသေနေတာကို ဖွဲ့စည်းပုံကို ထောက်တဲ့မဲတွေထည့်ခိုင်းတယ်။ ဒီကနေ့ဒီလိုဖြစ်လာအောင်လေ။ ဆိုတော့ ပြောင်းလဲနေပြီဆိုတာ တလွဲဆံပင်ကောင်းပြီးပြောနေတာတွေဖြစ်သလို အခုကြည့် လူထုတွေကို မအုံကြွအောင်လိုက်ထိန်းနေကြတာတွေဟာ လူထုနဲ့အတူမလိုက်ပါနိုင်လို့လေ။ လူထုနဲ့လိုက်နိုင်တယ်ဆိုရင် သူတို့ဆန္ဒကိုဦးစားပေးရမှာပေါ့။ လူထုနဲ့အတူမလိုက်ပါနိုင်တဲ့ အစိုးရဘဲဖြစ်ဖြစ် နိုင်ငံရေးပါတီဘဲဖြစ်ဖြစ် တနေ့ကျဆုံးမှာဘဲ။ လူထုက သူတို့ရှေ့ရောက်နေတော့ သူတို့တိုက်ပွဲကိုသူတို့ဆင်နွဲနေတာလေ။ လယ်သမားကိုဘယ်သူဦးဆောင်နေလို့လဲ။ တက်ကြွလှုပ်ရှားသူတွေဘဲလုပ်နေကြတာ။ ဘယ်နိုင်ငံရေးသမားကမှထောက်ပြနေတာမရှိပါဘူး။NLD တို့ ၈၈ တို့လည်းမထောက်ပြပါဘူး။ ကြားဝင်ဖြန်ဖြေပေးသလိုလို ဘေးပရိတ်သတ်လိုဘဲလုပ်နေကြတာ။ လယ်သမားတွေရှေ့ကနေပြီး ဦးဆောင်တဲ့လူတွေမရှိသေးဘူးလေ။ လယ်တွေကို cronies တွေ ကုမ္မဏီတွေ၊ စစ်တပ်ကသိမ်းနေပါတယ်ဆိုတာ ဘယ်သူ့မှမပြောဘူးလေ။ ဒီလိုလုပ်တဲ့ လယ်သမားတွေကိုတရားစွဲ၊ ထောင်ချတွေ စစ်တပ်ကလုပ်နေတာဘဲ။ ဒါကြောင့်မားမားမတ်မတ်ရပ်နေတဲ့လူ၊ အနီးကပ်နေတဲ့လူတွေတိုင်းပြည်မှာအများကြီးလိုတယ်။ ဒါမှမဟုတ်ရင်လည်း လူထုအုံကြွမှုကတော့ဖြစ်လာလိမ့်မယ်။ ဘယ်နေ့ဖြစ်မယ်ဆိုတာကမပြောနိုင်ဘူး။
မေး။ ။ တိုင်းရင်းသားအရေးနဲ့ပက်သက်ပြီးတော့မေးချင်တာလေးလဲရှိတယ်။
ကချင်မှာတော့ စစ်ပွဲတွေဖြစ်နေပြီးတော့ ကျန်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တော့ငြိမ်းချမ်းရေးလတ်မှတ်ထိုးနေကြတယ်။
ဒါ့အပြင် ရခိုင်မှာလည်း ပဏိပက္ခတွေဖြစ်နေတယ်။ နောက်ပြီးမြန်မာနိုင်ငံဟာ တိုင်းရင်းသားတွေနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်တယ်ဆိုတော့
တိုင်းရင်းသားအရေးကို လစ်လျူရှူလို့လဲမရဘူးဆိုတော့ အမအနေနဲ့ ဒီကိစ္စတွေကို ဘယ်လိုမြင်မိသလဲ။
ဟုတ်ပါတယ်။
မြန်မာနိုင်ငံကတိုင်းရင်းသားတွေနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံလည်းဖြစ်တယ်ဆိုတော့ တိုင်းရင်းသားအရေးက
အရမ်းအရေးကြီးတဲ့ကိစ္စပါ။ ဆိုတော့ ဒီတိုင်းရင်းသားအရေးကိုလုပ်ပုံကိုင်ပုံမှာလည်းကြေနပ်လောက်တဲ့အဖြေမရခဲ့ဘူး။
အခုအပစ်အခက်ရပ်စဲရေးဆိုတာကလည်း
မလိမ့်တပတ်တွေလုပ်ထားကြတယ်။ ဒါကြောင့်လည်းထိုးထားတဲ့တချို့အဖွဲ့အစည်းနဲ့ ပြန်ပစ်နေကြတယ်။
ကချင်နဲ့ဆိုလည်း ၁၇ နှစ်ကြာ နောက်ပြီး DKBA နဲ့လည်း ၁၆ နှစ်ကြာတာတွေလုပ်ခဲ့တယ်။ အခုသူက
KNUကိုပြောနေတာတွေကဖြေထွက်နေတာဘဲ ။ KNUကပြေတယ် ပနာမအပစ်ရပ်ရေး။ အစိုးရဘက်ကတော့ ပြည်ထောင်စုအဆင့်တွေနဲ့ပြောနေတယ်လေ။
သူထင်တာက တခါတွေ့ရင် အားလုံးအဆင်ပြေသွားမယ်လို့ထင်တယ်။ နောက်ပြီးသူတို့လိုချင်တာက
စာရွက်ဘဲလေ။ နိုင်ငံတကာကို တိုင်းရင်းသားနဲ့အဆင်ပြေနေပါပြီဆိုတာကိုပြောနေကြပြီ။ ဒါတွေက
တိုင်းရင်းသားခေါင်းဆောင်တွေကပြောနေကြတာ။ အခုဆိုရင်လုပ်သာလုပ်နေတာ ကရင်ပြည်မှာတပ်တွေက
အရင်တုန်းကထက်စာရင်တိုးချဲ့လာကြတယ်။ တကယ်ငြိမ်းချမ်းရေးကိုလိုချင်တာလားဆိုပြီး တိုင်းရင်းသားတွေက
သံသယဖြစ်လာကြတယ်။ ကချင်မှာလည်းတနှစ်အတွင်းတိုက်တာတွေက တိုက်ပွဲပေါင်း၁၅၀၀ကျော်သွားပြီ။
သုံးတဲ့လက်နက်တွေကလည်းတခါမှမသုံးဖူးတဲ့လက်နက်တွေကိုသုံးတယ်။ နောက်ပြီးကချင်တွေကိုမေးတော့
ဘာဖြစ်လို့ကွဲလွဲနေသေးတာလဲဆိုတော့ သူတို့နယ်ထဲမှာလာပြီး စစ်အင်အားတွေတိုးချဲ့လာနေတဲ့ကိစ္စက
မလုပ်ပါနဲ့ဆိုတာကို လုပ်နေတာနဲ့ပက်သက်ပြီးတိုက်ပွဲတွေဖြစ်နေတာ။ ဆိုတော့ ဘယ်တိုင်းရင်းသားတွေနဲ့
ယုံကြည်မှုရပြီဆိုတာပြောလို့မရသေးဘူး။ တဖက်ကလဲတိုင်းရင်းသားတွေကို ဖဲ့ထုတ်ပြီး စည်းရုံးတဲ့နည်းနဲ့လုပ်နေတယ်။
အခွင့်အရေးပေးတဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေကတော့ သူတို့နောက်ပါသွားတာပေါ့။မလိုက်တဲ့သူကျတော့
တိုက်နေသေးတယ်။ ဒီလိုနဲ့ သွေးခွဲစည်းရုံးတာတွေလုပ်တာပေါ့။ဆိုတော့မြန်မာနိုင်ငံမှာ တိုင်းရင်းသားအရေးကို
အရေးတယူဖြေရှင်းရမယ်။ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးကို ဒွန်တွဲယှဉ်တွဲပြီးဖြေရှင်းရမယ်။
တိုင်းရင်းသားအရေးကိုမဖြေရှင်းနိုင်ဘူးဆိုရင် ဒီမိုကရေစီလမ်းမလျှောက်တော့နဲ့လေ။ ဥပမာဆိုရင်-
ထဲမှာ သူတို့ဘာသာသူတို့အဆင်ပြေနေတယ် နိုင်ငံတကာရင်းနှီးမှုတွေကလာတော့မယ်။ နိုင်ငံတကာကို
လွတ်တော်ထဲမှာလဲအဆင်ပြေပြီ၊ NLD တွေလည်းသဘောတူနေကြပြီဆိုပြီး ဖိတ်ခေါ်ကတယ်။ ရင်းနှီးမြုပ်နှံမှုတွေက
ကရင်ပြည်ကိုလာမယ်။ တိုင်းရင်းသားတွေနဲ့ အပေါ်ယံဘဲလက်မှတ်ထိုးထားတယ်ဆိုရင် တိုင်းရင်းသားတွေကနှစ်နှစ်ကာကာမရှိဘူး။
မယုံကြည်ကြလို့ တိုက်ပွဲတွေပြန်ဖြစ်ရင် ဒီရင်းနှီးမြုပ်နှံမှုတွေကမခိုင်မာနိုင်ဘူး။
ဒါကြောင့်ရင်းနှီးမြုပ်နှံမှုတွေက ၀င်လာချင်ပေမယ့် မခိုင်မာမှုတွေကြောင့် မ၀င်လာရဲကြဘူး။
ပြီးတော့ဖွံဖြိုးရေးကို အရင်လုပ်ကြရအောင်လို့သူတို့ပြောတယ်။ ဖွံဖြိုးရေးလုပ်မယ်ဆိုပေမယ့်
တိုင်းရင်းသားနယ်မြေတွေမှာ စီမံကိန်းတွေလုပ်တယ်။ ဆည်တွေလည်းဆောက်တယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်တယ်ဆိုရင်
လူ့အခွင့်အရေးချိုးဖောက်မှုတွေကပိုရှိလာတယ်။ ရွာတွေရွေ့ရတာတွေ လူတွေကို အဓမ္မစေခိုင်းတာတွေရှိလာတယ်ဆိုတော့
ဒေသဖွံ့ဖြိုးရေးက တိုင်းရင်းသားအရေးထက်စာရင်အရင်လုပ်လို့မရဘူး။ ဆိုတော့ တိုင်းရင်းသားတွေနဲ့
ညိုနိုင်းမှုတွေလုပ်ပြီးမှဘဲလုပ်လို့ရတာ။ ဒါတွေက NLD က အစိုးရဖြစ်ရင်လည်း လက်ခံသည့်တိုင်အောင်လုပ်လို့မရဘူး။
တိုင်းရင်းသားတွေနဲ့ တကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေး ၊ ခိုင်မာတဲ့အပစ်ရပ်ရေးတွေမလုပ်ဘူးဆိုရင်
ဘာမှလုပ်လို့မရဘူး။
မေး။ ။ ဆိုတော့
အခုနောက်ပိုင်းဖြစ်နေတဲ့ မှတ်ပုံတင်ပေးမှုကိစ္စမှာလည်း ကျွန်မကြားရတာကတော့ ကရင်၊မြန်မာ
ဆိုပြီးပေးတဲ့ကိစ္စတွေအပေါ်မှာကော အမ ဘယ်လိုမြင်သလဲ။
ဒါကတော့ သူတို့က
ဒီကဒ်ပြားတွေကိုအလွယ်တကူပေးနေတာလေ။ဒီလိုပေးနေလို့လဲ ရခိုင်မှာ ပြဿနာတက်သွားတာလေ။ မန္တလေးတွေမှာလည်းဒီလိုဖြစ်နေတာဘဲလေ။
ဗမာစကားမပြောတက်တဲ့လူတွေကို ဗမာနာမည်တွေပေးလိုက်မယ်။ တိုင်းရင်းသားတွေကိုမှ မွန်၊မြန်မာ
တို့ ကရင်မြန်မာ တို့လာချုပ်နေတာလေ။ ဒီမှတ်ပုံတင်က သူတို့အတွက်ဘာမှမဟုတ်ဘူးလေ၊ မြန်မာငွေ
၃၀၀၀၀ ရှိရင်အလွယ်တကူလုပ်လို့ရနေတာလေ။ ဒါပေမယ့် နိုင်ငံတကာကိုတော့ တသက်လုံး မပေးလာတာကိုပေးတယ်ဆိုပြီးလုပ်နေတာလေ။
ဒါတွေတောင်ပေးတာတောင်မှ ရိုးရိုးသားသားမပေးသေးဘူး။ ချိုးနိမ်ပြီးတော့ပေးနေတာလေ။ မွန်၊မြန်မာ
တို့ ကရင်မြန်မာ တို့လုပ်တယ်ဆိုရင် ဘင်ဂါလီ မြန်မာတို့လုပ်ပါလား။ ဒါတွေကတိုင်းရင်းသားတွေကို
ချိုးထားတာလေ။ နိုင်ငံတကာကို အမြင်ပြနေတာ။ဒီလိုတိုင်းရင်းသားပုံစံ မလိုချင်ဘူးဆိုရင်ရတယ်။
၅၀၀၀၀ ထပ်ပေးလိုက်ရင်တော့ ချက်ချင်းဗမာစစ်စစ်ဖြစ်အောင်လုပ်ပေးလိုက်တယ်လေ။ ဒီလိုမျိုးဘဲ
တိုင်းရင်းသားတွေကိုလည်းထောင့်မှာအာရုံလာအောင်ကစားနေတာလေ။ ဒီလိုဘဲ ရခိုင်မှာလည်းဒီလိုလုပ်လိုက်တာပါ။
တချိန်လုံး ဘင်ဂါလီအကြောင်းဘဲရအောင်ပြောနေကြတာ။ ကချင်ကစစ်ပွဲတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို
ဖုံးလိုက်တယ်။ နောက်ပြီး ဒီအရေးမှာလည်းနာမည်ယူလိုက်သေးတယ်။
ရခိုင်နဲ့
ဘင်ဂါလီတွေကမတည့်ကြဘူး။ ဒါကိုအစိုးရကသိပြီး ဒါသူတို့အတွက်လုည့်ကွက်တွေဖြစ်သွားတယ်။
သူတို့ စစ်တပ်ကိုထည့်လိုက်တာကြောင့်ပိုဆိုသွားတယ်။ ကုလသမ္ပဂ္ဂကလည်း စစ်တပ်ပါဝင်ပတ်သက်နေတယ်ဆိုတာကိုထုတ်ပြန်တယ်။
Human Rights Watch ကလည်းထုတ်ပြန်တယ်။ ဒီဟာတွေမထုတ်ပြန်ခင်မှာ သူက ရခိုင်တွေကိုဘက်လိုက်တဲ့ပုံစံမျိုးနဲ့
သမ္မတဆိုဒ်ရဲ့ စာမျက်နှာတွေမှာ ဘင်ဂါလီတွေကို နှိပ်ကွပ်တဲ့စာတွေရေးတယ်။ နောက်တော့ သမ္မတကနေပြီးတော့
ထုတ်ပြန်တဲ့ကြေညာစာမှာတော့ ရခိုင်တွေက ဘာတွေလုပ်တယ်။ သူတို့ကြောင့်ဖြစ်ရတာပါဆိုပြီးပြောတယ်။
အစကတော့သူတို့ဘက်ပါတဲ့ပုံစံတွေနဲ့လုပ်ပေးပြီး အနောက်ကိုဆွဲချလိုက်တဲ့ပုံစံဖြစ်နေတယ်။
ဒါတွေကသူတို့အကွက်တွေ။ စုံစမ်းရေးကော်မရှင်ဆိုတာလည်း ရုပ်ပြပါဘဲ။ မလိမ့်တပတ်တွေကိုလုပ်နေတာ။
0 comments:
Post a Comment