Meeting
With Burma Lawyer Council
U
Thein Oo
စစ်တပ်လက်ထက်ကတရားစီရင်ရေးနဲ့
အရပ်သားအစိုးရတရားစီရင်ရေး
မေး။ ။ လက်ရှိတရားစီရင်
ရေးစနစ်အပေါ်မှာ ဆရာ့ရဲ့အမြင်။
တရားစီရင်ရေးနှစ်ခုကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင်
ယခုကတော့ပိုကောင်းလာတယ်လို့ပြောရမှာပါ။ အရင်တုန်း ကတော့ ဦးသန်းရွှေ တစ်ယောက်တည်းဘဲ
သူ့ဟာသူ တရားသူကြီးတွေကိုကြိုက်သလို ဖြုတ် ၊ ခန့် ပြီးအမိန့်ပေး နေတာပေါ့။ သူကြိုက်တာလုပ်တာကအရမ်းပေါ်လွင်နေတယ်။
အခုက အဲဒီစနစ်လုံးဝပျောက်သွားသလား ဆိုတော့ မပျောက်သွားဘူး။ အခုက စာအုပ်နဲ့
constitution ပေါ်လာတာပေါ့နော်။ ဒါကြောင့် constitution နဲ့ခန့်တဲ့အဖွဲ့အစည်းတွေဖြစ်လာတယ်။
ဒါပေမယ့် Basic Idea နဲ့တော့ အရင်တုန်းကအတိုင်းဘဲ သွားနေတုန်း ဘဲ။ တရားသူကြီးကအခုသူ့ကိုခန့်တဲ့အဖွဲ့အစည်းကို
သူကပြန်ကြောက်နေရတယ်။ အခုက ဖွဲ့စည်းပုံ အခြေခံဥပဒေက လုပ်တာလို့ဘဲသိနေကြတယ်။ ဒါပေမယ့်
တယောက်တည်းနဲ့စာလို့ရှိရင်တော့ ပိုပြီးစနစ် ကျလာတယ်။ Idea ကတော့ အရင်အတိုင်းကဘဲမပြောင်းလဲသေးဘူး။
နောက်ကွယ်ကနေပြီးတော့အမိန့်တွေ ပေးနေတုန်းဘဲ။ အဲဒါကြောင့်မို့လို့တရားသူကြီးတွေက ဥပဒေအရလုပ်လို့မရသေးဘူး။
နှုတ်မိန့်အရနားထောင် နေရတုန်းဘဲ။ မလိုက်ရင် ပြုတ်သွားနိုင်တာကို။ ဒါကြောင့်မို့လို့
တရားစီရင်ရေး အပြောင်းအလဲ ကောင်းကောင်း မရှိသေးဘူး။
နောက်တချက်က
အရင်တုန်းက သူတို့ကို ကြိုက်သလိုလုပ် စစ်အစိုးရကို ထိလို့မရဘူး။ နောက်ဆုံးမှာ အဲဒါကြောင့်
ကျွန်တော်တို့နိုင်ငံက တရားသူကြီးတွေက ကြောက်လို့ ရွံ့လို့လုပ်ရတဲ့နေရာထဲမှာ တဖြည်းဖြည်းနဲ့
ဘာ Idea ရသလဲဆိုတော့ မဟုတ်တာကို မဟုတ်တာကိုကြောက်လို့ လုပ်နေရတယ်။ အဲဒီဟာနဲ့လုပ်နေရတာ
ကြာလာတော့အဲဒီ Idea ကိုသဘောကျသွားတယ်။ ဘယ်မှာသဘောကျသွားသလဲဆိုတော့ မဟုတ်တာကို မဟုတ်တာလုပ်ရင်
ပြုတ်ချင်မှပြုတ်တယ်။ သူတို့နဲ့အဆင်ပြေလို့ရှိရင်ပေါ့။ ဘာကိုနောက်ပြီးတွန်းအားပေး နေသလဲ
ဆိုတော့ လာဘ်စားမှူကို တွန်းအားပေးနေသလိုဖြစ်နေတယ်။ မှားမှန်းသိတယ်ဆုံးဖြတ်ချက်ချတယ်
သူတို့မပြုတ်ဘူး။ သဘောကျသွားတဲ့အခါကျတော့ လာဘ်စားလိုက်တယ်။ လာဘ်စားတဲ့အခါ အပြင်လူက
ဘာထင်သလဲဆိုတော့ အရင်တုန်းကလိုတယောက်ယောက်ကအနောက်ကနေပြီးတော့ အမိန့်ပေးနေလို့လုပ် ရတယ်လို့ထင်နေတယ်။
အမိန့်ပေးတဲ့လူက အရင်တုန်းကလိုဟုတ်ချင်မှဟုတ်မယ်လို့ထင်တယ်။ ဒါပေမယ့် အဲဒါကို ကျေနပ်နေတယ်။
ခိုင်းတိုင်းကလုပ်ရသလိုလို လာဘ်မစားနေသလိုလို။ တကယ်တန်းကျတော့ လာဘ်စားနေပြီ၊ အပေါ်ကနေပြီးတော့
ခိုင်းချင်မှလည်းခိုင်းတော့မယ်။ ဒီစနစ်ကအဲဒီလိုဖြစ်သွားတယ်။ တရားစီရင်တဲ့စနစ်က အောက်ခြေကနေပျက်စီးသွားတာပေါ့။
အဓိကတရားသူကြီးတွေရဲ့အကျင့်သိက္ခာ တအား ကျသွားတယ်။ အကုန်လုံးလိုလိုကို ဖြစ်နေတာ။ အရင်တုန်းကတော့
clear ဖြစ်ပါတယ်။ ခိုင်းတဲအတိုင်း လုပ်တယ်။ မလုပ်ရင်ချက်ခြင်းဖြုတ်လိုက်တယ်။ခင်ညွန့်တို့အစ
ကြိုက်တဲ့လူကိုဖြုတ်လို့ရတာကိုး။ အခု ကျတော့ အဲဒီလိုမဟုတ်သည့်တိုင်အောင် အစိတ်အပိုင်းတစ်ချို့ကကျန်နေသေးတယ်။
တရားစီရင်ရေးစနစ်က ပုံသဏ္ဍာန်အရကတော့ပြောင်းသွားပေမဲ့လည်း အနှစ်သာရက အခုထိမပြောင်းသေးဘူး။
ဒါကအခုရှိနေတဲ့ တရားစီရင်ရေးပါ။ တရားသူကြီးကဘာလုပ်လဲဆိုတော့
ဥပဒေကိုမလေးစားတော့ဘူး။ ဥပဒေကိုမလေးစားတော့ ကျွန်တော်တို့နိုင်ငံမှာ
anti-corruption ဆိုတဲ့ကော်မရှင်ဆိုတာမရှိဘူး။ ဘယ်သူကလိုက်စားနေတယ် ဆိုတာကိုသိအောင်လုပ်တဲ့ဟာ။
အခုဥပဒေလုပ်တော့မယ်ဆိုရင်လွှတ်တော်ကိုတင်လိုက်တယ်။ ပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ ဥပဒေကို
တင်တော့မယ်ဆိုရင် အမတ်တွေကမလုပ်ဘူး။ လွှတ်တော်ကလည်းခွင့်မပြုဘူး။ အဲဒီဥပဒေကိုလုပ်မယ်ဆိုရင်
အဲဒီဥပဒေကိုသုံးပြီး ရုံးမှာတရားစွဲနိုင်တယ်။ တရားစွဲပြီဆိုရင် ရုံးမှာတရားသူကြီးက
သူတို့ကိုအမိန့်ချနိုင်မယ်။ အဲဒီဥပဒေမရှိရင် တစ်ယောက်မှဘာမှလုပ်လို့မရဘူး။ အခုတော့
၁၉၅၀ပြည့်နှစ် အဂတိလိုက်စားမှုဥပဒေဘဲရှိတယ်။ အခုတော့ဘယ်လောက်ဘဲ လာဘ်စားပါစေ သူ့ကိုတိုင်မယ့်သူမရှိတော့
ဘာမှလုပ်လို့မရဘူး။ ဆိုတော့ အခြေခံအားဖြင့်ကြည့်မယ်ဆိုရင် ကျွန်တော်တို့စီရင်ရေးစနစ်က
ပုံသဏ္ဍာန် အရသာပြောင်းသွားမယ် အနှစ်သာရကတော့အရင်ကအတိုင်းနီးပါးဘဲ
ရှိသေးတယ်။ ဒါကြောင့်မို့ တရားရုံးတွေ မှာဆိုရင် သိသာတာက ပိုက်ဆံမရှိတဲ့သူတွေဆိုရင်
ရှုံးတဲ့သူဘဲများတယ်။ တရားသူကြီးက လာဘ်စားမှုကို ထိထိရောက်ရောက်အရေးယူနိုင်မယ့်
ဥပဒေမရှိလို့ ဘာမှမလုပ်နိုင်ဘူး။ အခုသူတို့ထုတ်ပြန်တဲ့ ဝန်ထမ်းတွေကို ထုတ်ရတဲ့အထဲမှာ အများဆုံးက
တရားသူကြီးတွေဖြစ်နေတယ်။ ဒါတွေဟာ လာဘ်စားတာကိုတိုင်တဲ့စာရင်း အရထွက်လာတာတွေပါ။ တရားသူကြီး
၅၇ ယောက်လားဖြတ်လိုက်တယ်။ အခုနောက်ပိုင်းကျတော့ လူထုက
တိုင်တန်းလို့ရတဲ့အလားအလာတွေပွင့်သွားပြီ။ လွှတ်တော်ကလည်းတက်လာပြီဆိုတော့
အနည်းနဲ့အများ လူထု ရဲ့အသံကိုနားထောင်လို့ရသွားပြီ။
အဲဒီလာဘ်စားတာကိုတိုင်တန်းလို့ရတဲ့နေရာရှိသွားတာပေါ့။
မေး။ ။ ဒီမြန်မာနိုင်ငံရဲ့နိုင်ငံရေးပြောင်းလဲမှုကို
ကြည့်ရရင် ဒီအောက်ခြေက ပြည်သူလူထုတွေကပြောင်းလဲလို့ ပြောင်းလဲလာတာမဟုတ်ဘဲနဲ့ အပေါ်က
ပြောင်းလဲလို့ပြောင်းလဲလာတာကိုမြင်ရတယ်။ ဒါဟာပြောင်းလဲ
သင့်ပြီထင်လို့ပြောင်းလဲတာလား ။ နောက်ပြီးဒီပြောင်းလဲမှုဟာ
လူထုပေါ်မှာအခြေမခံတဲ့အတွက်ကြောင့် တချို့ ကလည်း
နောက်ပြန်လှည့်သွားနိုင်တယ်လို့ပြောကြတယ်။ ဆရာကောဘယ်လိုမြင်သလဲ။
ကျွန်တော်နားလည်တာကတော့ နိုင်ငံရေးမှာ စနစ် ၃
ခုနဲ့ပြောင်းလဲတယ်လို့ထင်တယ်။ တခုကတော့ Transformation လို့ခေါ်တယ်။ အဲဒါဟာ ပုတ်သင်ညိုအရောင်ပြောင်းလဲတဲ့ဖြစ်စဉ်။
ဒါကဘာလဲဆိုတော့ uniform ကနေပြီးတော့ လွှတ်တော်မှာ ခေါင်းပေါင်းတွေနဲ့ပုဆိုးတွေဖြစ်သွားကြတာပါ။
ဒါပေမယ့်လူဟောင်း တွေဘဲဖြစ်နေတယ်။ အဲဒါက အုပ်ချုပ်တဲ့လူတန်းစားကနေပြီးတော့ အားသာပြီးတော့
တစုံတရာအပြောင်းအလဲ ကိုတောင်းဆိုတဲ့အခါမှာ လူထုကိုမျက်လှည့်ပြလိုက်တာပေါ့။
constitution ရှိတယ်ပြီးတော့ constitution က တက်လာတဲ့ဟာမျိုးတွေပါ။ ဒါပေမယ့် သူတို့ရဲ့
Basic idea တွေကမပြောင်းဘူး။ အခုက လွတ်တော်ကြီး ပေါ်လာတယ်။ Constitution ကြီးရှိလာတယ်။
အရင်တုန်းကလို ဗိုလ်ချုပ်တွေက haski တွေနဲ့သွားတာမဟုတ် တော့ဘဲနဲ့။ ခေါင်းပေါင်းတွေနဲ့လူတွေသွားနေတာတွေတွေ့ရတယ်။
တကယ့်အပြောင်းအလဲဖြစ်လား ဆိုတော့ မရှိဘူး။ အသွင်အရတော့ပြောင်းသွားပေမယ့် အနှစ်သာရမရှိသေးဘူး။
နောက်တခုကျတော့ အတိုက်အခံ။ အတိုက်အခံကလည်း တစုံတရာအင်အားရှိတယ်ဆိုရင်
အုပ်ချုပ်တဲ့သူက လုပ်ချင်တိုင်းလုပ်လို့မရတော့ဘူး။ အဲဒီလိုဆိုရင် အပေးအယူလုပ်လာရတယ်။
အခုဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အပေးအယူ လုပ်တယ်ဆိုတာက အတိုက်အခံတွေက တစုံတရာအင်အားရှိလာလို့။
အခုဆိုရင် လွှတ်တော်မှာ NLD က ၄၃ နေရာကိုရထားပြီ။ ရာခိုင်နှုန်းအရနည်းသေးပေမယ့် အရင်တုန်းကလည်း
NDF တွေလည်းရှိတယ် နောက်တခြားပါတီတွေရှိတယ်။ အခုက အဲဒီအုပ်စုတွေက အုပ်စုတစုခြင်းစီဖြစ်ပြီးတော့
အင်အားကြီးတဲ့ အတိုက်အခံ တွေဖြစ်လာတယ်။ အခုဆိုရင် လွှတ်တော်ထဲမှာပြဌာန်းတဲ့ဥပဒေတွေဟာအရင်တုန်းကလို
သူတို့တဖွဲ့တည်းကဘဲ ပြဌာန်းတာမဟုတ်တော့ဘဲနဲ့ reform အဆင့်ကိုပြောင်းလာတယ်။ ဒေါ်စုကိုခေါ်
တွေ့တဲ့ကိစ္စတွေ၊ နိုင်ငံခြားကို ပညာတော်သင်လွှတ်တဲ့ကိစ္စတွေ၊ NGO တွေကိုအထဲမှာဖိတ်ပြီးလုပ်တဲ့ကိစ္စတွေ
ဟာ reformation ကိုအသွင်ဆောင်တယ်။ ဒါတွေဟာ အတိုက်အခံတွေကို အသိအမှတ်ပြုလာတာပါ။ ပထမ
ဆုံးကတော့ အတိုက်အခံတွေကို အမြစ်ဖျက်ခြေမှုန်းဖို့သွားနေတာကနေ အတိုက်အခံတွေက အင်အားကြီး
လာတော့အပေးအယူတွေလုပ်ရင်းနဲ့ reformation ဘက်ကိုဦးတည်လာနေတာပါ။
နောက်ထပ်အပြောင်းအလဲတခုကိုကျွန်တော်နားလည်တာက Revolution ပါ။
အဲဒါက အုပ်ချုပ်တဲ့ လူတန်းစား တွေကို မကျေနပ်လို့အတိုက်အခံတွေက အင်အားကြီးပြီးတော့
အုပ်ချပ်တဲ့လူတန်းစားတွေကို ဂရုမစိုက်တော့ ဘဲနဲ့ revolution တခုလုပ်လိုက်တော့မယ်။ ပြင်သစ်၊
အမေရိကန် revolution ကိုကြည့်ရင် idea က ပြောင်းသွားတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံက
ရှစ်လေးလုံးကိုကြည့်ရင် အဆုံးသတ်အောင်ပွဲကို မရ လိုက်ဘူး။ တကယ်လို့ရခဲ့ရင်တော့ ကျွန်တော်တို့လဲလုံးဝပြောင်းလဲသွားမှာပါဘဲ။
အခုတော့ revolution အဆင့်ကိုတော့မမြင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့
ဒီဘက်မှာရှိတဲ့ cease fire အုပ်စုတွေကလဲ အထဲမှာပြန်ရောက်သွားပြီ။ စစ်တပ်ကလဲဘဲ
revolution ဆိုရင်အကုန်လုံးကို စွန့်လွှတ်ရတော့ မှာကို ဥပမာ ကချင်မှာဖြစ်နေသလိုမျိုးပါ။
ဒါကြောင့်သူတို့က ဒီလိုမျိုးနိုင်ငံတဝန်းမှာ ဖြစ်မှာ ကြောက်တဲ့အတွက် revolution အဆင့်မှာမရောက်ဘဲနဲ့
transform မှာလည်းအားမသာတော့တဲ့အတွက် reform အဆင့်ကိုသွား နေတာပါ။ ဒါကြောင့်မို့လို့
ဒီအဆင့်မှာဆိုရင် လူထုရဲ့ပါဝင်ပက်သက်မှုအားကြီးလာမှ ကျွန်တော်တို့လိုချင်တဲ့ reform
ဖြစ်မှာ။ ဒါမှမဟုတ်ရင် အခုပြောနေတဲ့ transform ဘက်ကိုပြန်သွားနိုင်သေးတယ်၊ နောက်ပြန်လှည့်မှု
ဆိုတာကလေ။ အခုကတော့ transform ကတော့ ဖြစ်သွားပြီးပြီ။ စစ်တပ်ကနေပြီးတိုက်ရိုက်အုပ်ချုပ်မှုတွေ
ပြောင်းသွားပြီ။ ဒါကြောင့်မို့လို့သူတို့ဟာ လာမည့် ၂၀၁၅ ခုနှစ်မှာ အခုသူတို့စဉ်းစားလိမ့်မယ်။
နောက်ပြီး ကြားဖြတ်ရွေးကောက်ပွဲက သူတို့ကို alert လုပ်လိုက်တာဘဲ။ တကယ်လို့သာ အတိုက်အခံတွေက
လာမည့် ၂၀၁၅ မှာ အပြတ်နိုင်မယ်ဆိုရင် သူတို့ဘာမှာလုပ်လို့မရတော့ဘူး။ ဒါဆိုရင်တော့
revolution ကို ရောက်ပြီလို့ပြောနိုင်တယ်။ ဒါကြောင့်မို့လို့ ဒါကိုလည်းစစ်တပ်ကလည်းသိတယ်ဆိုတော့
လာမည့် ၂၀၁၅ ရွေးကောက်ပွဲဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲလိုမျိုးတရားမျှတချင်မှလည်းမျှတလိမ့်မယ်။
ဆိုတော့ ဒီကြားထဲမှာသူတို့ကဘာတွေလုပ်သလဲဆိုတော့ သူတို့ဘက်မှာရှိတဲ့
reformative တွေကို ရသလောက်ခွဲမှာဘဲ။ NLD တွေ တိုင်းရင်းသားအုပ်စုတွေ ကိုလည်းခွဲမှာဘဲ။
တိုင်းရင်းသားလက်နက်ကိုင်တွေ ကိုအားနည်းသလောက်လုပ်သွားမယ်။ ဒါမှ ၂၀၁၅ ကို ပြန်ကိုင်လို့ရမှာကို။
ဆိုတော့ ၂၀၁၅ ကအရေးကြီး ဆုံးကာလဖြစ်တယ်။ ဒီမတိုင်ခင်မှာ သူတို့လုပ်နိုင်သမျှကိုလုပ်သွားမှာဘဲ။
နောက်ပြီးတော့ သူတို့အဖွဲ့မှာကိုက ခေါင်းမာတဲ့အုပ်စုတွေလည်းရှိတယ်။ သူတို့က
transformation ကိုဘဲကြိုက်တယ်။ သူတို့ကကမ္ဘာကို မျက်လှည့်ပြလို့ရနေတာကို။ sanction
တွေလည်းပြုတ်သွားပြီ။ သူတို့အနေနဲ့တော့တရားသူကြီးတွေကို အများကြီးကိုင်မှာမဟုတ်တော့ဘူး။
ဘာကြောင့်လဲဆိုတော့ တရားသူကြီးတွေကိုကိုင်လို့ အာဏာတွေ ပေးအပ် တယ်ဆိုရင် တခါနောက်ပြန်လှည့်လာတဲ့အခါမှာ
သူတို့အတွက် ပြဿနာတက်နိုင်တယ်လေ။ တရားရုံးမှာ သွားတိုင်လိုက်ရင် သူတို့လုပ်ချင်တဲ့အတိုင်းလုပ်လို့မရတော့ဘူး။
ဒါကြောင့်မို့လို့တရားစီရင်ရေးမှာ ပြဿနာ တွေတက်နေတယ်လို့ဆိုပေမယ့် ဘယ်သူကမှ ထဲထဲဝင်ဝင်
ပြင်ဖို့မပြောသေးဘူး။ လုပ်နေတာသိပ်မတွေ့ဘူး။ ဆိုတော့ ဒီအတိုင်းဆက်သွားနေမှာဘဲ။ ဒါပေမယ့်တခုရှိတာက
အတိုက်အခံက တစုံတရာအင်အားကောင်းလာ တာကြောင့် ဟိုဘက်မှာရှိတဲ့ moderate တွေနဲ့ ဒီဘက်မှာရှိတဲ့
reform အား တွေကို ပြောင်းပြီးတော့ အပြောင်း အလဲတွေက စလုပ်နေပါပြီ။ ဒါပေမယ့် လူထုမပါဘဲနဲ့ဆိုရင်
ပြဿနာရှိနိုင်တယ်။ အပေါ်မှာဘဲအပြောင်းအလဲ တွေကိုသာလုပ်နေတယ်။ လူထုပါဝင်မှုအားနည်းနေသေးတယ်။
အခုကျွန်တော်တို့ကြည့်မယ်ဆိုရင် အလုပ် သမားဥပဒေတွေထုတ်လိုက်တယ်။ အောက်ခြေမှာကျတော့
ဒီဥပဒေတွေဟာ သုံးလို့ကိုမရသေးဘူး သုံးဖို့ အတွက်လည်းစိတ်မဝင်စားဘူး။ အလုပ်သမားဝန်ကြီးကလည်း
ရိုးရိုးပြောမယ်ဆိုရင် investment ကိုလိုချင်တယ်။ ဒါကြောင့်မို့လို့အလုပ်ရှင်တွေကို
ဦးစားပေးတယ်။ ဒါကြောင့်မို့လို့အလုပ်ရှင်တွေက လည်းအာဏာရလာတယ်။ သူတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက်၊
သူတို့အလုပ်ကောင်းကျိုးအတွက်ကို လာဘ်ထိုး လိုက်တယ်။ အလုပ်သမားတွေကိုတော့ ဒီအတိုင်းဖိခိုင်းတယ်။
ဒါတွေဖြစ်လာတာပေါ့။
တိုင်းရင်းသားအရေးနဲ့ပက်သက်လို့ အစိုးရမှာ moderate သမားနဲ့ hardliner တွေရှိတယ်။ ဦးအောင်မင်းကိုင်ထားတဲ့အဖွဲ့အစည်းတွေက
သဘောတူညီမှုတွေရလာတယ်။ ဦးအောင်သောင်း တို့တော့မရ ဘူး။ ဒါကိုမြင်တဲ့အတွက်ကြောင့်မို့လို့
ငြိမ်းချမ်းရေးအဖွဲ့ကိုပြောင်းဖွဲ့ရတာကို ဦးသိန်းစိန်ကလဲ reform ကို သဘောကျတယ်။ ဆိုတော့
ဒီ transform period မှာ အစိုးရမှာ အုပ်စုတွေကွဲလာတာကိုတွေ့ရတယ်။ ဆိုတော့ စစ်မှန်တဲ့ပြောင်းလဲမှုကိုလုပ်နေတဲ့လူတွေရှိသလို
အခုအချိန်က ကိုယ်ကျိုးရှာလို့လွယ်နေတဲ့အချိန်လည်း ဖြစ်တယ်။ နောက်ပြီး တော့ဒီလိုဖြစ်နေတဲ့အချိန်မှာ
ဟိုဘက်ဒီဘက်တိုက်နေတဲ့အချိန်မှာ သူလိုကိုယ့်လူခွဲ ပြီးတော့ တိုက်မှာဘဲ။ အင်အားကြီးတဲ့အုပ်စုတွေကိုဖြိုခွဲမှာဘဲ။
အဖွဲ့အစည်းတွေမှာလည်း အောက်ခြေမှာမညီမှု တွေရှိနေမှာ။ အဲဒါကိုမထိန်းနိုင်ဘူးဆိုရင်တော့
ကျွန်တော်တို့ reform သမားတွေကအားနည်းလာမှာပါ။ အဲဒီလို မျိုးဖြစ်ရင် ကျွန်တော်တို့
focus လုပ်နေတဲ့ ဟိုဘက်ကခေါင်းမာအုပ်စုတွေက သဘောကျနေမှာပါ။ အကျဉ်းချုပ်မယ် ဆိုရင်တော့
နိုင်ငံရေးအခြေအနေက ရေထဲမိုးထဲမှာဘဲ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ၂၀၁၅ ရွေးကောက်ပွဲအတွက်
strategies ကို ဆွဲဖို့လိုတယ်။ တကယ်လို့ မညီဘူးဆိုရင်တော့ သမ္မတ သိန်းစိန်က အပြောင်းအလဲလုပ်ချင်တယ်ပြောပြောဖြစ်ဖို့အလားအလာနည်းနေသေးတယ်။
cronies တွေလည်းအများကြီး ပေါ်လာမှာဘဲ။ လူထုကတော့ဘာမှအကျိုးခံစားရမှာမဟုတ်ဘူး။
မေး။ ။ အခုတစ်ခြားအဖွဲ့တွေလဲပြောနေကြတယ်
၂၀၁၂ရွေးကောက်ပွဲလည်းလုပ်ပြီးသွားပြီ၊ ကြားဖြတ် ရွေးကောက်ပွဲလည်းလုပ်ပြီးသွားပြီ၊
constitutionလည်းလုပ်ပြီးသွားပြီဆိုတော့ changes ဖြစ်ဖို့ကလည်း မလွယ်တော့ဘူး။ ဒါဆိုတော့၂၀၁၅ကိုစောင့်ရမယ်ပေါ့။
အဲဒီအချိန်မှာလည်း သူတို့ကပြည်သူတွေကို awareness training ပေးဖို့ကို focus လုပ်ထားတယ်ဆိုတော့
အားလုံးက၂၀၁၅ကို ဦးတည်ပြီး လုပ် နေကြတယ်။ ဆိုတော့ Burma Lawyer Council အနေနဲ့ကဘယ်လိုမျိုးပြင်ဆင်မှုတွေကိုပြုလုပ်နေပြီလဲ။
ကျွန်တော်တို့အထိက ၂၀၁၅ ကိုမျှော်မှန်းထားတာက တကယ်လို့ အတိုက်အခံတွေနိုင်လာမယ်ဆိုရင်
ကျွန်တော်တို့ အနေနဲ့အထဲကိုရွေ့သွားမှာပါ။ ဆိုတော့ အထဲမှာလည်းလုပ်တတ်ကိုင်တတ်တဲ့လူ
ရှိနေဖို့လည်း လိုတယ်။ ကျွန်တော်တို့ခံယူချက်က တနိုင်ငံလုံးနဲ့ပတ်သက်တဲ့ ဥပဒေကိစ္စရပ်တွေက
တယောက်တည်း တဖွဲ့ တည်းလုပ်လို့မရသလို အားလုံးဝိုင်းလုပ်ဖို့လည်းလိုအပ်တယ်။ လုပ်တဲ့လူတွေကလည်း
မြို့တွေကဆိုရင် အလုပ် မဖြစ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ lawyer ကျောင်းဖွင့်တယ် ရည်ရွယ်တာကတော့
နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသား lawyer တွေကို အထိကသင်တန်းပေးနေတာပါ။ ဒါမှလည်း ဒီလို
knowledge တွေရှိမှလည်း သူ့လူထုကိုဆွဲခေါ်နိုင်လာမှာ ဆိုတော့ ကျွန်တော်တို့ဘယ်လောက်ဘဲအပေါ်မှာ အပြောင်းအလဲတွေလုပ်နေ
အောက်ခြေမှာမရောက်ရင် ဘာမှအကျိုးမဝင်ဘူး။ တကယ်ဆိုတော့ ဒီနယ်စပ်ဒေသပိုင်းမှာ အခုထက်ထိကြည့်
လိုက်မယ်ဆိုရင် အပေါ်မှာသာ changes တွေဖြစ်နေတယ်ဆိုပေမယ့် နယ်စပ်တွေမှာက ဘာမှ မပြောင်းလဲသေးဘူး။
ဒီအတိုင်းဘဲ။ တကယ့်အပြောင်းအလဲဖြစ်တယ်ဆိုတာ တနိုင်ငံလုံးနယ်စပ်ဒေသ တွေပါ မကျန်ပြောင်းလဲမှုရှိရမယ်။
ကျွန်တော်တို့အနေနဲ့ ၂၀၁၅ အနေနဲ့နိုင်သည့်တိုင်အောင် အောက်ခြေမှာ Train လုပ်ထားတဲ့လူတွေမရှိရင်
ဘာမှလုပ်လို့မရသေးဘူး။ ဒီ train လုပ်ထားတဲ့လူတွေခိုင်လာပြီဆိုရင် network တွေလုပ်လာဖို့လည်းရှိတယ်။
ကျွန်တော်တို့နားလည်းတာက network မရှိဘဲနဲ့ဘာမှမလုပ်နိုင်ဘူးဆိုတာ နားလည်းတယ်လေ။ ၂၀၁၅
ပြီးတာနဲ့ တကယ်အလုပ်လုပ်မည့်လူတွေဖြစ်ရမယ်။ အခုရှေ့နေအများစုတွေသည် ပြည်နယ်နဲ့တိုင်းမှာတောင်မှ
မြို့နယ်တွေမှာဘဲရှိတယ်။ legal knowledge က အောက်မှာမရှိဘူး။ တိုင်ရ ကောင်းမှန်းတောင်မသိဘူးဖြစ်နေတယ်။
တိုင်ရင် အဖမ်းခံရမလားဘဲ ကြောက်နေကြတယ်။ ဒါတွေကို ဖျောက်မှ ရမယ်။ ဆိုတော့ ၂၀၁၅ ကိုအထိက
အကောင်းမြင်တဲ့အပိုင်းကိုထားတယ်။ ဒါပေမယ့် စစ်မှန်တဲ့ပြောင်းလဲမှု ရှိဖို့ဆိုရင်
network ကောင်းတွေရှိဖို့လိုတယ်ဆိုတော့ civil society အောက်ခြေလူတန်းစားတွေကို အထောက အကူပြုပေးတဲ့
community base organization တွေ နောက်ပြီး network တွေ ကောင်းလာရမည်။ ဒါမှလည်း အရပ်ဘက်လူ့အဖွဲ့အစည်းအတွက်ကောင်းလာမှာ။
အခုတော့ ကျွန်တော်တို့မှာ member base organization တွေဘဲရှိနေသေးတယ် ဆိုတော့ ကျွန်တော်တို့
အထဲမှာရှိတဲ့ community base organization တွေနဲ့ချိတ် ဆက် နိုင်ဖို့လည်းကြိုးစားနေပါတယ်။
ကျွန်တော်တို့ က တကယ်ဆိုတော့ community မှာ rule of law ကို နားလည်လာဖို့တွန်းအားပေးမှုတွေလည်းလုပ်နေတယ်။
တိုင်းရင်းသား ပဋိပက္ခ တွေကိုနားလည်းလာဖို့နဲ့ လူ့အခွင့်အရေးအကြောင်းကိုလည်းပါတယ်။ နောက်ပြီးတော့
အထဲမှာရှိတဲ့ community တွေနဲ့ချိတ်ဆက်နိုင်မှ သာလျှင် ဒီလုပ်ငန်းတွေကိုလုပ်နိုင်မှာ
ကျွန်တော်တို့ဘက်ကတော့ ဥပဒေ အသိုင်းအဝန်းကလည်းပံ့ပိုးနေမှာပါ။ legal knowledge ဥပဒေနဲ့
ညီတယ်ဆိုရင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး၊ ဖားစရာ လာဘ်ပေးစရာလဲ မလိုဘူး ဆိုတဲ့
idea တွေပေးမယ်ပေါ့နော်။ ဒါတွေက ၂၀၁၅ ပြီးရင်။ ဘာကြောင့်လဲဆိုတော့ အခုအချိန်အထိက စစ်တပ်က
ကိုင်ထားတုန်းဘဲရှိသေးတယ်။
မေး။ ။ ၂၀၀၈ဖွဲ့စည်းပုံမှာပါတဲ့ စာချွန်တော်ကိစ္စနဲ့ပက်သက်ပြီးတော့
ဆရာတို့အမြင်မှာရော။ စာချွန်တော် ရေးတဲ့နေရာမှာလိုလို့လား။ ဒါမှမဟုတ်တရားလွှတ်တော်ခုံရုံးတွေက
မဆောင်ရွက်ပေးချင်လို့လား။
ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့အံ့အားသင့်တာက ၂၀၀၈ ဖွဲ့စည်းပုံ၊
အာဏာရှင်စနစ်အောက်ကထွက်လာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စာချွန်တော်လျှောက်ခွင့်ရှိတယ်ဆိုကတည်းက
မျက်စိလည်ပြီးတော့ပါလာတာလို့ မှတ်ချက်ချလိုက်တယ်။ ဆိုရှယ်လစ်ခေတ်တုန်းကအခြေခံဥပဒေကိုပြန်ကြည့်မယ်ဆိုရင်လည်း
ကောင်းမှ ကောင်း။ အကောင်းလွန်နေလို့လူတွေကလည်းမလုပ်တော့ဘူး။ ဖွဲ့စည်းပုံက ကောင်းနေတာကို
လူတွေကလိုက် မလုပ်တော့ အသက်မဝင်တော့ဘူး။ ဒါနဲ့ပယ်လိုက်ရော ။
စာချွန်တော်နဲ့ပက်သက်ရင်တော့
၄၇ မှာပါတယ်။ နောက်တော့ ၇၂ မှာမပါဘူး။ တစ်ပါတီဦးဆောင်တယ် ဆိုတော့ တရားရုံးကို အာဏာမပေးခဲ့ဘူး။
အခုက ဒီမိုကရေစီပြန်သွားမယ်ဆိုတော့ ကျွန်တော်ထင်တာက ဒီမိုကရေစီကိုလည်းသူတို့ကောင်းကောင်းနားမလည်တော့ဘူး။
ကြွားလည်းကြွားချင်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ BLC ကနေထောက်ပြတယ်လေ။ သူမျက်စိလည်သွားတာဖြစ်မယ်ဆိုပြီး။
တကယ်လည်း ကျွန်တော်တို့ထင်တာတွေက အမှန်အတိုင်းဖြစ်နေတယ်လေ။ ထည့်ထားပေးတယ်၊
constitution မှာပါလာ တယ်၊ ဘယ်လိုလျှောက်ရမလဲဆိုတဲ့နည်းတွေပါပေးထားတယ်၊ တရားဝင်လည်းထုတ်ပြန်ထားတယ်။
ဒါပေမယ့် တက်လာတဲ့ စာမှန်သမျှကိုက အပယ်ခံနေရတယ်။ ခုနကပြောတဲ့ မှားပြီးထည့်တဲ့
theory ကပိုပြီးနီးစပ်တယ်။ တကယ်လုပ်ပေးချင်တာမဟုတ်ဘဲနဲ့ ပြောတဲ့အခါကျတော့ပယ်ချခံရတာကို။
ကျွန်တော်တို့အနေနဲ့တော့ ဒါနဲ့ ပတ်သက်ပြီး မှားပါလာတယ်လို့ဘဲခံယူထားပါတယ်။
နောက်တခုက စာချွန်တော်နဲ့ပက်သက်ပြီးတော့ စာချွန်တော် ၅ ရပ်မှာ
မတရားအကျဉ်းကျ ခံနေရတဲ့ လူတွေ ရှိတယ်ဆိုရင် ဘယ်သူကဖမ်းထားတာလဲ ဖမ်းထားတဲ့လူတွေရှိတယ်ဆိုရင်
မတရားဖမ်းထားတယ်ဆိုရင် လွှတ်လိုက်တာ။ ဒါကရှေ့တော်သွင်းစာချွန်တော်အမိန့်၊ နောက်တခုက
အာဏာပေးစာချွန်တော်အမိန့်၊ ဥပမာ- နာဂစ်မှာတုန်းက အကူအညီတွေအများကြီးပေးတယ် ဒါပေမယ့်စစ်တပ်ကကိုင်ထားတယ်၊
သွားမပေးဘူး။ ပို့ဆောင်ဆက်သွယ်ရေးကိုကိုင်ထားတယ်။ နောက်ပြီး စစ်တပ်က စောင်တွေဘာတွေသိမ်းထားလိုက်တယ်။
ဘယ်သူ့ကိုသွားတိုင်မလဲ ၊ တရားရုံးကိုသွားတိုင်ရမယ်။ တရားရုံးကနေဒါကို စာချွန်တော်နဲ့
တိုင်စာတွေရတယ်၊ ဒီပစ္စည်းတွေကို အစိုးရက ယူထားတယ်ဆို ပြီးစစ်တပ်ကို တရားရုံးကနေပြီး
အမိန့်ချက်ချက်ပေးလို့ရတယ်။ဒါက အာဏာပေးစာချွန်တော်အမိန့် နောက်တခုက စစ်တပ်ကနေပြီးမလုပ်တဲ့ဟာ
။ ဒါပေမယ့်စစ်တပ်ခေါင်းစဉ်နဲ့ဆိုပြီး ကုန်သည်တွေကသိမ်းတယ်။ လူထုကခံရတာကိုစာချွန်တော်လျှောက်လို့ရတယ်။
တရားရုံးကနေပြီးရပ် ထားခိုင်းလိုက်လို့ရတယ်။ ဒါကတားမြစ်စေ စာချွန်တော်အမိန့် ဒါတွေကိုကြည့်မယ်ဆိုရင်
အာဏာပိုင် ကနေပြီး လူထုကိုလုပ်တဲ့ဟာတွေ။ လူ့အခွင့်အရေးနဲ့ မတရားဖမ်းဆီးတာတွေမကဘူးအများကြီးဘဲ။
ဒါဆိုတော့ သူတို့ထဲ ကလည်း ကြည့်နေတဲ့အခါမှာ ကချင်မှာဖြစ်တဲဟာက ပထမဦးဆုံးတက်လာတဲ့ဟာခေါ်စစ်တော့
စစ်တပ်က ပြောလိုက်တယ်။ အဲဒီတုန်းက အဲဒီတပ်လည်းမရှိဘူး။ ဖမ်းလည်းမဖမ်းထားဘူးဆိုလို့ရှိရင်
စာချွန်တော်ရဲ့ အမိန့်ကိုက ဖမ်းတဲ့လူပြစမ်းဆိုပြီးပြောရမှာ။ ဒါပေမယ့် သူတို့ကငြင်းလိုက်တယ်
မရှိဘူးဆိုပြီးဆိုရင် တရားရုံးက အဲဒီအမှုကို ဆုံးဖြတ်လို့မရသေးဘူးဆိုရင် ခုနပြောတဲ့
အာဏာပေးစာချွန်တော်အမိန့်ထုတ်ပြီးတော့ စစ်ဆေး ခိုင်းရမှာ။ ဟုတ်မဟုတ်သွားလေ့လာခိုင်းရမှာ။
အဲဒီလိုမျိုးမလုပ်ဘဲနဲ့ပယ်ချလိုက်တယ်။ ဒါမျိုးပယ်ချခံ ရရင် ဖွဲ့စည်းပုံနဲ့တရားစွဲရမှာ
။ ဒါပေမယ့်ဆက်မတက်လာဘူး။ ပြည်တွင်းထဲမှာလည်းအတွေ့အကြုံ တွေမရှိတဲ့ အခါကျတော့ ဘာဆက်လုပ်ရမလဲဆိုတာကိုမသိတော့ဘူး။
ပြောချင်တာက တရားသူကြီးတွေက လုပ်တုန်းဘဲ ရှိသေးတယ် ပြုတ်မှာကြောက်လို့ ဒါနဲ့ပဲ တရားစီရင်ရေးတွေမှာ
အကြောက်တရားတွေလွှမ်းမိုးနေသေးတယ်။ ဒါတွေပပျောက်အောင်လုပ်ပေးမယ့် network တွေလိုတယ်။
ပါတီတွေပင်လျှင်လုပ်လို့မရဘူး။ lawyer network တွေကလုပ်ရမှာ။ law နဲ့ဆိုင်လို့လေ။
မေး။ ။ ပြောသွားတဲ့အထဲမှာ လူတွေကကြောက်စိတ်တွေနဲ့ ဆိုတော့ တိုင်တန်းမှုတွေမလုပ်ကြဘူး။
ဆိုတော့စဉ်းစားလိုက်တာက မြန်မာနိုင်ငံမှာ policing system မကောင်းလို့လား ။ ချစားမှုတွေနဲ့ပြည့်နေပြီး
ပြည်သူတွေကမတိုင်ရဲကြဘူး။ နောက်ပြီးတော့တိုင်ရင်လည်းဘာမှမထူး၊ ပိုက်ဆံဘဲပေးနေရတယ်၊
ပိုရှုပ်ကုန် မှာကို မလိုလားလို့လား။ ဆရာ့အနေနဲ့ရော။
ကျွန်တော်သိရသလောက်က ကျွန်တော်တို့ဆီမှာ civil society တွေအားနည်းနေတယ်။ law ရှိတယ်
procedure တွေရှိတယ်။ ဒါပေမယ့် Rule of law မရှိလို့ဒါလည်းမှန်ပါတယ်။ Rule of law ရှိရင်တော့
ဘာမှ လုပ်စရာမလိုဘူးပေါ့နော်။ ဖြစ်တယ်ဆိုရင်ရဲသွားတိုင် ရဲကလုပ်ပေးမယ်ပေါ့နော်။ ရဲကနေပြီးတော့
လူထုက ကာကွယ်ပေးရမယ်။ အခုက policy ပိုင်းကဘာမှမရှိဘူးဖြစ်နေတယ်။ တကယ်လို့ ဒီလိုဖြစ်နေရင်
civil socity အားကောင်းရင် တိုင်နိုင်တဲ့နေရာရှိရင် ပြည်သူတွေတိုင်ရဲကြမှာပါ။ နောက်ပြီး
ရဲကိုကြောက်တယ်ဆိုရင် တရားရုံးကိုတိုက်ရိုက်သွားတိုင်လို့ရတယ်။ တချို့ဟာတွေက တိုက်ရိုက်
complain တွေရှိတယ်။ တရားရုံးက လက်ခံပြီးတော့ ရဲကိုဆောင်ရွက်ခိုင်းလို့ရတယ်။ ဒါတွေကိုပြုလုပ်နိုင်ဖို့ဆိုရင်
ပြည်သူတွေကို အသိဥာဏ် ပေးနိုင် ဖို့ အားကောင်းတဲ့
civil society ရှိဖို့လိုတယ်။ ဥပမာ- Philippine မှာတုန်းက မားကို့စ်လက်ထပ်မှာတုန်းကလို
ပေါ့ နိုင်ငံရေးသမားတွေက ပျောက်သွားတယ်။ ပျောက်သွားတဲ့ ညီအကိုမောင်နှမတွေ၊ အမျိုးသမီးတွေက
အုပ်စုတွေဖွဲ့လိုက်တယ်။ အဲဒီလိုမျိုး သူတို့နဲ့အလားတူပျောက်သွားတယ်ဆိုရင် သူတို့ကိုအကြောင်းကြားပါ။
list လုပ်ထားပေးပါမယ် မှတ်တန်းတင်ပေးထားပါမယ်။ ဒါနဲ့အဲဒီလိုမျိုးလာတိုင်တဲ့လူတွေလဲများ၊
list တွေလည်း များလာတဲ့အတွက် အဖွဲ့အစည်းကြီးက ကြီးလာတယ်၊ လူထုက ကိုးစားတဲ့အဖွဲ့တွေဖြစ်လာတယ်။
အဖွဲ့က လူတေက မြို့နယ်တွေအထိပါ အဖွဲ့ခွဲတွေလုပ်လာတယ်။ မားကို့စ် တို့ကကြောက်သွားတယ်။
သူတို့တုန်း ကလည်း အာဏာရှင်က ခိုင်းထားတဲ့ရဲစခန်းတွေဖြစ်နေတော့ တိုင်တန်းမှုတွေကို လုပ်လို့မရဘူး။
ခုနကပြောတဲ့ အမျိုးသမီးအုပ်စုတွေက အရင် ပြန်ပြီးဖွဲ့စည်းလိုက်တဲ့အတွက်ကြောင့် တကယ့်ကိုလူပျောက်တဲ့ဟာတွေ
ပျောက်သွားတယ် ကျွန်တော်တို့နိုင်ငံလည်းအဲဒီလိုလုပ်လို့ရတယ်လို့ထင်တယ်။ ရဲကြောက်တာက
ကျွန်တော် တို့ပြည်သူတွေရဲ့စိတ်ထဲမှာ စွဲနေပြီ။ မကြောက်အောင်သွားပြောလို့မဖြစ်ဘူး။
လက်တွေ့မှာက ရဲတွေကလုပ်နေ တာတွေရှိတာကို။ ဒါကြောင့်မို့လို့ ပြည်သူတွေနဲ့ ပိုပြီး
friendly ဖြစ်တဲ့ အဖွဲ့အစည်းတွေရှိဖို့လိုတယ်ဆိုတော့ ကျွန်တော်တို့မှာ strong
civil society တွေမရှိလို့ဖြစ်တာ။ Rule of law ပြောတာဟာမှန်ပါတယ်။ ဒါပေမယ့် အောက်ခြေအထိကျတော့
မီဒီယာတွေ၊ civil society တွေစောင့်ကြည့်ဖို့လိုပါတယ်။ ကျွန်တော်တို့တွေ police
system ကိုကောင်းလာအောင်စောင့်ကြည့်နေမယ့်အစား civil society ကိုအားကောင်းအောင်လုပ်နိုင်ဖို့
လိုပါ တယ်။
မေး။ ။ ဆိုတော့ civil society အားကောင်းလာဖို့ဆိုရင် အခုလည်း
တချို့ NGO တွေဝင်လာတာတွေ တွေ့ရတယ်။ နောက်ပြီးတော့ နောက်ထပ် ၂ နှစ်၊ ၃ နှစ်လောက်ဆိုရင်
အများကြီးဖြစ်လာတော့မှာ ။ ဒီတော့ ကောင်းတာတခုက civil society ပိုမိုအားကောင်းလာမယ်လို့ထင်ရတယ်။
ဒါပေမယ့် အဖွဲ့အစည်းတခုစီရဲ့ ပစ်မှတ်တွေကမတူညီကြဘူး ဆိုတော့ဆရာ့အနေနဲ့ဘယ်လိုပြောချင်သလဲ။
ကျွန်တော်ကတော့ community based အဖွဲ့တွေအရေးကြီးတယ်လို့မြင်တယ်လေ။
NGO ဆိုတာက ကြိုက်တဲ့ နေရာတောင်သွားလို့ရတယ်၊ နောက်မကြိုက်ဘူးဆိုရင် ပြန်သိမ်းလို့ရတယ်။
သူတို့အပေါ်ဘဲမူတည်တယ်။ community base ကသွားလို့မရဘူး။ community ကနေတက်လာတဲ့ဟာတွေကို
ဖွံ့ဖြိုးအောင်လုပ် ရမယ်။ ရည်ရှည်မှာ အားကောင်းတဲ့အထိလုပ်ရမယ်ဆိုတော့ community
based မဟုတ်လို့ရှိရင် လူထု အတွက်က ရေရှည်မှာအားကိုးဖို့သိပ်မဖြစ်နိုင်ဘူး။
မေး။ ။ နောက်တခုအနေနဲ့ investment နဲ့ပက်သက်ပြီးတော့ သိချင်တယ်။
အခုအခြေအနေက မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံတကာကလည်းလာနေကြပြီ။ တဖက်မှာလည်းနိုင်ငံကို
ကြည့်မယ်ဆိုရင် နိုင်ငံရေးအရ ပြောင်းလဲမှုတွေရှိလာသော်လည်း ပြည်တွင်းမှာ ပဋိပက္ခ တွေရှိနေတုန်းဘဲ
ဆိုတော့ ဆရာ့အနေနဲ့ ဘယ်လို ရင်းနှီးမြုပ်နှံမှုကိုလက်ခံသင့်သလဲ လို့ထင်ပါသလဲ။
ရင်းနှီးမြုပ်နှံမှုနဲ့ပက်သက်ပြီးနှစ်ခုရှိတယ်။ သံယံဇာတတွေပေါ်မှာ
အထိကထားတဲ့ investment နဲ့ ကျွမ်းကျင် မှုပေါ်မှာ အဓိကထားတဲ့ investment ။ သံယံဇာတထုတ်တယ်ဆိုတာက
ကိုယ့်နိုင်ငံမှာရှိတဲ့ဟာတွေ ကိုယူသွားမယ် ဆိုတော့ ကျွန်တော်တို့နိုင်ငံက အခွံဘဲကျန်ခဲ့မယ်။
ဒါတွေမဟုတ်ဘဲနဲ့ ကျွမ်းကျင်မှု ပေါ်မှာ အခြေခံတဲ့ ဥပမာ- ကားကုမ္ပဏီတခုလာမယ် ဆိုတော့ လူထုက
ဒါတွေကိုလုပ်ရင်းနဲ့ ကျွမ်းကျင်လာမယ်။ ဆိုတော့ ထုတ်လုပ်မှုပိုင်းနဲ့ပက်သက်တာတွေကို ကျွန်တော်တို့
ကြိုဆိုသင့်တယ်လို့ထင်တယ်။ ဒီ nature resources နဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့ပိုသတိထားရမယ်လို့ထင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ သူတို့အမြတ်ရဖို့အရောင်းကိုပိုပြီးအဓိကထားတာကို။ ဒါပေမယ့် အကြမ်းအားဖြင့်
ရင်းနှီးမြုပ်နှံမှုကို ကြိုဆို ပါတယ်။ နောက်ပြီးတော့ ဒေသခံပြည်သူတွေကိုမထိခိုက်ရဘူးပေါ့။
မြစ်ဆုံလိုမျိုးကြတော့ မကောင်းဘူး လေ။ ဒေသခံတွေကိုလည်းအကြောင်းမကြားဘူး။ အစိုးရနဲ့ဘဲပေါင်းပြီးလုပ်သွားကြတယ်။
ဒါတွေကတော လွန်တာ ပေါ့နော်။ ကျွန်တော်တို့က ငွေရမှာဘဲသိတယ်။ ဒီဟာရဲ့ဆိုးကျိုးကိုမသိဘူး။
နောက်ပြီးမြန်မာပြည်မှာ ဒီလို မျိုးဆိုးကျိုးတွေရှိတာကိုပြောပြတဲ့အဖွဲ့အစည်းတွေမရှိဘူး။
နောက်ပြီးစွမ်းအင်ဝန်ကြီး ကပြောလိုက်သေး တယ်
မီးရမယ့်အလုပ်ဘဲ ဆိုတာမျိုးတို့ပေါ့။ ဒါတွေကိုကြည့်ရင် အစိုးရကလဲ တိုင်းပြည်နဲ့နိုင်ငံ
ထိခိုက်မှာကို မကြည့် တော့ဘူး။
မေး။ ။ နောက်ပြီးတော့ တိုင်းရင်းသားအရေးနဲ့ပက်သက်ပြီးတော့ သိချင်တာလေးတွေရှိတယ်။
အခုက နိုင်ငံတကာကလည်းပြောနေကြပြီ ဘာဖြစ်လို့ ကချင်တွေဆက်ပြီးတိုက်နေကြသေးသလဲ။ အခုပြောင်းလဲလာတဲ့
မြန်မာ့နိုင်ငံရေးမှာ ဒီပြောင်းလဲမှုကိုဘဲ ဦးတည်ပြီးလုပ်ရမယ့်ဟာကို စစ်ပွဲတွေဖြစ်နေသေးသလဲ။
နောက်ပြီး တိုင်းရင်းသား အတော်များများက မိမိစာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုတွေကိုထိန်းသိမ်းချင်တယ်ဆိုတော့
မြန်မာနိုင်ငံကို federal ရချင်ကြတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီးတော့ ဆရာ့အနေနဲ့ဘယ်လိုမြင်သလဲ။
ကျွန်တော်ထင်တာ ပထမဦးဆုံးကတော့ ကျွန်တော်တို့ common interest
ကိုရှာဖို့ပါဘဲ။ ဒီမှာက အပေးအယူတွေရှိနိုင်တယ်။ ကိုယ့်တိုင်းရင်းသားအချင်းချင်းကြားထဲမှာ
ဘယ်လောက်နားလည်မှုရှိနေပြီလဲ ဆိုတာသိဖို့ကအရေးအကြီးဆုံးဘဲ။ နောက်ပြီးအဓိကကတော့ လုံခြုံရေးကိုကြည့်ရတာပါ။
ကျွန်တော်တို့နိုင်ငံကို နိုင်ငံကြီးတွေဖြစ်တဲ့ china နဲ့ India တွေက ဝိုင်းဝန်းထားတော့
ဒီနိုင်ငံတွေရဲ့ ကျူးကျော်မှုတွေကိုမခံရအောင် နိုင်ငံအတွင်းမှာတိုင်းရင်းသားတွေနဲ့ စည်းလုံးမှုလိုပါတယ်။
ပြည်တွင်း ငြိမ်းချမ်းရေးဆိုတာက ပထမဦးစားပေး၊ ဒုတိယအဆင့်က လုံခြုံရေးရှိပြီဆိုရင်
development ဆိုတာက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပြင် လူ့အခွင့်အရေးနဲ့ လူတွေရဲ့အသိ
တိုးတက်မှု။ အဲဒါတွေကိုဖြေရှင်းပေးနိုင်တာက ဖွဲ့စည်းပုံ။ ဖွဲ့စည်းပုံက အာမခံ ပေးရမှာကို
ပါးစပ်နဲ့အာမခံလို့မရဘူး။ federal constitution လို့ပြောရင် အနှစ်သာရက ကျွန်တော်တို့ရဲ့
agreement တွေကြားထဲမှာ။ ဟိုတုန်းကလည်း ပင်လုံကနေစခဲ့တာပါ။ နိုင်ငံရေးအရဖြစ်စေ လူမျိုးရေး
အရ ဖြစ်စေ တန်းတူညီတူရှိရမယ့်မူပေါ်မှာအခြေခံရမယ်။ ဒါတွေကို ဖွဲ့စည်းပုံက အာမခံရမယ်။
Federal ဆိုတာက self rule and share rule ဆိုတော့ ကိုယ့်ဒေသကိုလည်းအုပ်ချုပ်ပိုင်ခွင့်ရှိရမယ်။
နောက်ပြီး common interest နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘယ်လောက်သဘောတူထားသလဲ။ အထက်ကအမိန့်နဲ့
မဟုတ်ဘဲနဲ့ သဘောတူထား တာတွေ။ ကျွန်တော်တို့အခု cease fire တွေမှာလုပ်နေတယ်ဆိုတဲ့နေရာတွေမှာ
constitution ကအာမခံချက်မရှိဘူး။ အဲဒါလဲမရှိတဲ့အတွက်ကြောင့် အခုလောလောဆယ်မှာထားလိုက်ပါအုံး။
development ကိုပိုပြီးလုပ်ပါအုံးလို့ပြောလာကြတယ်။ တကယ်ဆိုတော့ ဖွံ့ဖြိုးမှုဆိုတာက ဒုတိယအဆင့်
ဒါကိုကျော်နေတယ်လို့မြင်တယ်။ အခုဆိုရင် ကချင် မှာမငြိမ်းချမ်းသေးဘူး ဆိုတော့
common interest က အဲဒီမှာပျက်နေပြီ။ ဆိုတာက constitution က အာမ မခံထားလို့။ နောက်ပြီး
Development မှာ ထွက်လာတဲ့အမြတ်တွေကိုဘယ်လိုလုပ်မလဲဆိုတာမပါဘူး။ အခုကတိုင်းပြည်မှာ
ဗမာတွေကများနေတော့ ဆုံးဖြတ်ချက်တွေလဲသူတို့လက်ထဲမှာရှိနေတယ်။ တရားမျှတတဲ့ဆုံးဖြတ်ချက်မျိုးဖြစ်ရမယ်လေ။
ဘယ်နေရာ ဘယ်လိုမျိုးအကျိုးရလဒ်တွေဖြစ်စေ share လုပ်ရပါမယ်။ နောက်ပြီး ပြဿနာဖြစ်လာရင်
ဘယ်လို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းမလဲဆိုတာလဲပါသေးတယ်။ federal မှာ ပြည်နယ်တွေကအဆင့်အတူတူ
ဖြစ်တာကြောင့်တယောက်ကိုတယောက်ဗိုလ်ကျလို့မရဘူး။ ဒါကြောင့်မို့လို့ဒီအခြေခံ ၃ ခုကိုဘယ်ကအာမခံ
သလဲ ဆိုတော့ constitution ကဘဲအာမခံပေးတယ်လေ။ ဒါကြောင့် အာဏာ ၃ ရပ်ကိုလည်းဝေခွဲရမယ်။
ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရတွေဆိုပြီးတော့ ခွဲခြားထားရမယ် ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေလည်း
မရှိတော့ဘူး။ ပြည်ထောင်စုစစ်တပ်ဆိုတာဘဲရှိတော့တယ်။ ဒီအထဲမှာ တခုက အမြဲတမ်းစစ်တပ်နဲ့
အရံ စစ်တပ်ရှိတယ်။ စစ်မဖြစ်ဘူးဆိုရင် အရံစစ်တပ်ကလူတွေက စစ်သားတွေမဟုတ်ဘူးဆိုတော့ လူတိုင်းလူတိုင်း
ဟာစစ်မှုမထမ်းမနေရ ဥပဒေကို ပြဌာန်းလိုက်ပြီးတော့ စစ်ပညာသင်တန်းကို ၂ နှစ်တက်ထားရမယ်။
အစ်စရေး တို့မှာသုံးနေတဲ့စစ်တပ်တွေလိုပေါ့။ သူတက်တဲ့ဟာတွေလဲကိုယ်တက်တယ် ဆိုတော့ ဗိုလ်ကျလို့မရဘူး။
နောက်ပြီးတယောက်နဲ့တယောက် ယုံကြည်မှုတွေပိုရှိလာတယ်။ ဒါပေမယ့် ဒီစနစ်ကို ဖွဲ့စည်းပုံကလည်း
အာမ မခံထားဘူး။
မေး။ ။ အခု BLC အနေနဲ့ ရှေ့ဆက်ပြီးတော့ လုပ်ဆောင်မည့်လုပ်ငန်းစဉ်တွေကိုသိပါရစေ။
ကျွန်တော်တို့က အထဲကိုသွားဖို့အစီအစဉ်တွေရှိတယ်။ အထဲမှာထက်အပြင်မှာလုပ်တာဟာ
ပြောရရင်တော့ ကုန်ကျစရိတ်တွေဟာတအားကွာတယ်။ နောက်ပြီးတော့ ဒီဘက်မှာ ပွဲတခုလုပ်တာဟာ ဟိုဘက်မှာ
၅ ခုလုပ်တာနဲ့သွားတူနေတယ်။ နောက်ပြီးတော့ ပြောရရင် Donner တွေကလည်းစဉ်းစားလာကြပြီ။
ပြောင်းလဲ လာတာကို အထဲမဝင်သေးတာလဲဆိုတာတို့။ ဒါကြောင့်မို့လို့ကျွန်တော်တို့ကလည်း အခုအထဲမှာ
လုပ်နိုင်မည့် ဟာတွေကိုရှာနေတယ်။ ဒါပေမယ့် အခုထိကာလကတော့ဘာမှသေချာမတွေ့သေးဘူး။ ဒါကြောင့်မို့လို့
အခု အထိက ဒီဘက်မှာဘဲခေါ်လုပ်တာတွေဘဲရှိသေးတယ်။ တရားသူကြီးတွေနဲ့လုပ်ဖို့ကသူတို့က သူတို့ပါးစပ်မဟ
ရဲကြသေးဘူး ။ သူတို့နောက်ကွယ်မှာ အာဏာကိုကိုင်ထားတဲ့လူတွေရှိတာကြောင့် သူတို့နဲ့လုပ်ဖို့က
မလွယ် သေးတဲ့ အနေအထားမှာရှိနေကြတယ်။ ကျွန်တော်တို့ ၂၀၁၅ ကိုအားလုံး ပစ်မှတ်ထားဖို့ကိုတိုက်တွန်းနေတယ်။
ဒီထက်လည်းပိုပွင့်သွားရင် လည်းကျွန်တော်တို့အတွက်လည်းကောင်းဆောင်ရွက်စရာတွေလည်း ဆောင်ရွက်
နိုင်သွားတာပေါ့။ မဟုတ်ရင်တော့ cronies တွေနဲ့ပြည့်သွားမှာဘဲ။ ဒီကာလမှာတော့ ကိုယ့်အချင်းချင်း
နားလည်အောင် ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲနဲ့ community base တွေများများပေါ်လာနိုင်ရင်
ကောင်းမယ် လို့ကျွန်တော်တို့ထင်ပါတယ်။
0 comments:
Post a Comment