Monday, February 21, 2011

Filled Under:

အတွေ့အကြုံမရှိ တရားသူကြီးချုပ်ကြောင့်တရားစီရင်ရေးအခက်အခဲဖြစ်နိုင်

(RFA ၁၈၊ ၂၊ ၂၀၁၁)ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးက မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ဦးထွန်းထွန်းဦးအား ရွေးချယ်သတ်မှတ်တာကို မီဒီယာတွေကတဆင့် ကြားသိခဲ့ရပါတယ်။ မြန်မာနိုင်ငံတရားစီရင်ရေးနဲ့ ပတ်သက်လို့ အမြဲစောင့်ကြည့်သုံးသပ်နေတဲ့ သူတဦးဖြစ်တဲ့ အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေဦးမင်းလွင်ဦးကတော့ ဒီရွေးချယ်မှုနဲ့ ပတ်သက်ပြီးအခုလိုရှုမြင်သုံးသပ်ပါတယ်။

ဦးမင်းလွင်ဦး… စစ်တပ်ကလာတာလေ။ သူက law L.L.B ရတာ ကျနော်တို့ထက်၂နှစ်စောတယ်။ ရှေ့နေလည်းတခါမှ မလိုက်ဘူးပဲနဲ့ ဘယ်လိုလုပ်မလဲတော့ မသိဘူး။

မေး.. ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ပတ်သက်တဲ့ ရာထူးအတွက် သူထက်ဝါရင့်တဲ့ ပုဂ္ဂိုလ်တွေ ရှိသော်လည်း စစ်တပ်ကလာတဲ့ သူဖြစ်လို့ ဦးထွန်းထွန်းဦးကိုရွေးချယ်တာလို့ ဦးမင်းလွင်ဦးကကောက်ချက်ချပါတယ်။

ဦးမင်းလွင်ဦး… သူထက်စီနေရာကျတဲ့ လူတွေအများကြီးရှိတာပေါ့။ ဥပမာ လက်ရှိတရားသူကြီး အဖွဲ့ဝင်တွေထဲက သော်လည်းကောင်း၊ လက်ရှိတရားရုံးချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ သူတွေထဲကသော်လည်းကောင်း၊ ရှေ့နေလိုက်ခဲ့တဲ့ လုပ်သက်တွေလည်းရင့်တဲ့၊ တရားသူကြီး လုပ်သက်တွေလည်းရင့်တဲ့ သူတွေထဲကနေဖောက်ပြီး ဦးထွန်းထွန်းဦးကို ပေးလိုက်တာကတော့ ဒါစစ်တပ်ကမို့လို့ သက်သက်ခန့်လိုက်တယ်လို့ပဲထင်တာပဲ။

မေး..ကမ္ဘာ့နိုင်ငံတွေ အထူးသဖြင့် ဒီမိုကရေစီ နိုင်ငံတွေဖြစ်တဲ့ အမေရိကန်နိုင်ငံမှာတော့ တရားသူကြီးချုပ်ရွေးချယ်တဲ့ အခါမှာ အထူးသတိထား စိစိစစ်စစ်လုပ်ဆောင်လေ့ရှိပါတယ်။ ဥပဒေပညာသင်တုန်းက ရရှိခဲ့တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ၊ ဥပဒေရေးရာ အတွေ့အကြုံ၊ အထူးသဖြင့်တရားစီရင်ရေးရာအတွေ့အကြုံတွေကို ဦးစားပေးထည့်သွင်း စဉ်းစားလေ့ရှိတဲ့ အပြင်၊ ကိုယ်ကျင့်တရား၊ စဉ်းစားဆုံးဖြတ်ပုံ၊ ဥပဒေရေးရာနဲ့ ပတ်သက်လို့ ကောက်ချက်ချပုံ စတာတွေကိုလည်း ကြည့်ရှုလေ့ရှိပါတယ်။

အာရှတိုက်ကိုပြန်ကြည့်မယ်ဆိုရင်လည်း မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတခုဖြစ်တဲ့ ပါကစ္စတန်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူရှာယက်လက်ထက်မှာတောင် တရားသူကြီးချုပ်ဟာ အရပ်သားနောက်ခံ ဥပဒေပညာရှင်ဆိုသူပါ။ အခုယာထား သတ်မှတ်လိုက်တဲ့ ပြည်ထောင်စုတရားသူကြီးချုပ်ဟာ လက်ရှိအားဖြင့်တော့ ဒုတိယတရားသူကြီးချုပ်ဖြစ်ပါတယ်။

ဦးမင်းလွင်ဦး…. ဒုတိယတရားသူကြီးချုပ်က နေပြည်တော်ကို ပြောင်းသွားမှသာဖြစ်တာကိုး၊ သို့သော်အရေးကြီးတဲ့ အမှုတွေကျရင် တရားသူကြီး တဦးအဖြစ် အမြဲတမ်းပါဝင် ဆုံးဖြတ်တယ်ဆိုတာသိရတယ်။ ဥပမာ ဒေါ်စုအမှုမျိုးလိုပေါ့။

မေး…အဲတော့ တိုင်းပြည်မှာ အမြင့်ဆုံးတရားသူကြီးဖြစ်တဲ့ သူကတပ်ကဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံရှေ့အနာဂတ်ဟာ ဘယ်လိုအခြေအနေမှာ ရှိနိုင်ပါသလဲ။

ဦးမင်းလွင်ဦး…. ပြစ်မှုတွေသော်လည်းကောင်း ၊ တရားမမှုတွေသော်လည်းကောင်း၊ အထူးသဖြင့် တရားမမှုတွေပေါ့နော်။ လယ်ယာမြေပိုင်ဆိုင်မှုတွေ၊ ဥယျာဉ်ပိုင်ဆိုင်မှုတို့ တွေနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားတဲ့ ကိစ္စရပ်တွေမှာ တရားသူကြီးချုပ်ဖြစ်တဲ့ ဦးထွန်းထွန်းဦးအနေနဲ့ ပြင်ပမှာ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခဲ့ဘူးတဲ့ အတွေ့အကြုံ မရှိတာကြောင့် အများကြီး အခက်အခဲ တွေ့လာနိုင်တယ်လို့ ကျနော်တို့ပြောနိုင်ပါတယ်။

မေး….ဥပဒေတွေ၊ တရားစီရင်ရေးတွေမှာ အတွေ့အကြုံရှိပြီးတော့မှ အရပ်သား နောက်ခံတယောက်ယောက်က တရားသူကြီးချုပ် ဖြစ်လာရင် သူ့အနေနဲ့ကကော မြန်မာနိုင်ငံတရားစီရင်ရေးနဲ့ ပတ်သက်ပြီး အကျိုးဖြစ်ထွန်းအောင်လုပ်ပေးနိုင်မယ်လို့ ယူဆရပါသလား။

ဦးမင်းလွင်ဦး…. အမှန်ကတော့ ဒီပညာရှင်တွေထဲကနေပြီးတော့ နိုင်ငံတော် တရားသူကြီးချုပ်အဖြစ် ရွေးချယ်ခြင်းခံရတယ် ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်က တမျိုးတမည် ပြောင်းလဲလာနိုင်တယ်။ ရှေ့ဆက်တရား ဥပဒေစိုးမိုးမှုကိုပိုပြီး ဖော်ဆောင်နိုင်လိမ့်မယ်လို့ ကျနော်တို့ကတော့ ယူဆတယ်။

0 comments:

Post a Comment