Friday, August 26, 2011

Filled Under:

ဗိုလ်ကြီး​ဟောင်း​ ​နေမျိုး​ဇင်ကို ​ထောင်ဒဏ် ၁၀ နှစ် ချမှတ် .....Augusr 26,2011


ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်      
Published on August 26, 2011 by အေးနိုင်   ·   No Comments
ဗိုလ်ကြီး ဟောင်း နေမျိုးဇင်ကို မြောက်ပိုင်းခရိုင်တရားရုံးတရားသူကြီး ဦးခင်မောင်ရုံးထိုင် အင်းစိန်ထောင်တွင်းတရုံးက အီလက်ထရောနစ်ပုဒ်မ ၃၃ (က) နဲ့ ဒီနေ့ခင်း ၂ နာရီမှာ ထောင်ဆယ်နှစ်ချမှတ်တယ်လို့ ကိုနေမျိုးဇင်ရဲ့ ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။
“အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃ (က) အရပဲ ထောင်ဒဏ် ၁၀ နှစ်ချလိုက်ပါတယ်။ ဥပဒေနဲ့အညီပြောမယ်ဆိုရင် rule of law မရသေးဘူးပေါ့။”ကိုနေမျိုးဇင်ဟာ အစိုးရသစ်လက်ထက်မှာ ပထမဆုံး စွဲဆိုအပြစ်စီရင်ခံရတဲ့ နိုင်ငံရေးအမှုဖြစ်ပါတယ်။သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလုပ်ဆောင်နေတဲ့ သွေးကူပေးရေးပရဟိတလုပ်ငန်းမှာ ကူညီနေရင်း ပြီးခဲ့တဲ့ ဧပြီလဆန်းမှာ ရဲက ဝရမ်းမပါ ဖမ်းဆီးတာခံရပါတယ်။
စစ်ကြောရေး မှာ ညှဉ်းပန်းစစ်ဆေးခံရသလို ဥပဒေနဲ့မညီညွတ်တဲ့ ပစ္စည်းသိမ်းဆည်းမှုတွေကို ရင်ဆိုင်ရပြီးတဲ့နောက် တရားစွဲဆိုခံရတာဖြစ်ပါတယ်။အမိန့် ချမှတ်ချက်တွေမှာ ကိုနေမျိုးဇင်ဟာ ဗွီအိုအေသတင်းဌာနမှာလုပ်နေတဲ့ ဦးရော်နီငြိမ်း ခေါ် ဦးသောင်းငြိမ်းမနဲ့ ဆက်သွယ်ပြီး ပြည်ပရောက် မျိုးချစ်စစ်သည်ဟောင်းများအဖွဲ့မှာ ဝင်ရောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်လည်း ပါတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကိုနေမျိုးဇင်ရဲ့ အင်တာနက်အကောင့်နဲ့ ပတ်စဝက်ကို စစ်ကြောရယူပြီး ရွေဘန်း ညီတိုးငြိမ်း စတဲ့ ကလောင်အမည်နဲ့ ရေးတဲ့ ဆောင်းပါးတွေကို အင်တာနက်ကနေ ကိုနေမျိုးဇင်က ရေးသားတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် အီလက်ထရောနစ် ဥပဒေနဲ့ စွဲဆိုစီရင်ခဲ့တာဖြစ်ပါတယ်။အခုပြစ်ဒဏ်စီရင်ခံရတဲ့ စွပ်စွဲချက်တွေကို တရားခွင်မှာ ထုချေရှင်းလင်းခဲ့ရာမှာ
ထောက်အထားမခိုင်လုံတာတွေကို ဖော်ထုတ်ထုချေခဲ့တယ်လို့ ဦးလှမျိုးမြင့်က ပြောပါတယ်။
အစိုး ရသစ်လက်ထက် ဒီစီရင်ချက်နဲ့စပ်လျဉ်းပြီး တရားခွင်မှာ စစ်ကြောတဲ့ ကာလတလျှောက် ကျေနပ်လောက်အောင် တရားရေးဝန်ထမ်း တာဝန် ထမ်းနိုင်ရဲ့လားလို့ မေးမြန်းချက်ကို ဦးလှမျိုးမြင့်က ပြောပါတယ်။
“တပ်မတော်သား ယောက်ကနေပြီးတော့ တပ်မတော်ကို သိက္ခာကျတဲ့ရေးအသားတွေ ရေးတယ်ဆိုပြီးတော့ သူ့ကို အဓိက အီလက်ထရောနစ် ဥပဒေနဲ့စွဲတာပေါ့။ သူက နိုင်ငံရေးအရ ပြစ်ဒဏ်ချခံရတာ။ သူ့ယုံကြည်ချက်နဲ့ သူ့ဟာသူလုပ်တယ်။ ပြီးတော့ သူမရေးတဲ့စာရွက် စာတမ်းတခုကို သူရေးပါတယ်ဆိုပြီး တရားမဝင်ပြစ်ဒဏ်ချမှတ်တယ်လို့ ကျနော်တို့က သုံးပါတယ်။ ဥပဒေနဲ့မညီတဲ့ စာရွက်စာတမ်းကို အခြေပြုပြီးတော့ ပြစ်ဒဏ်စီရင်တယ်ဆိုတော့ ဥပဒေနဲ့မညီဘူးပေါ့လျှောက်လဲချက်မှာလည်း တင်ပြထားတယ်။ ပြစ်ဒဏ်ကြီးကို မချသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ကျန်းမာရေးလည်းကောင်းဘူး။ ဒုက္ခိတ ဖြစ်နေတယ်။”
အီလက်ထ ရောပုဒ်မ ၃၃ (က) ဟာ ထင်ရှားတဲ့ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်သံဃာတွေကို တပ်မတော်အစိုးရလက်ထက်တရားရုံးတွေမှာ ချမှတ်လေ့ရှိတဲ့ ပုဒ်မဖြစ်ပါတယ်။ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၅ နှစ်သတ်မှတ်ထားပြီး အနိမ့်ဆုံး ၇ နှစ် ချမှတ်နိုင်ပါတယ်။
ကိုနေမျိုး ဇင်ရဲ့ညီ ကိုခင်မောင်ထွေးက သူ့အစ်ကိုထောင်ကျတာဟာ နိုင်ငံအကျိုးအတွက် ပရဟိတအလုပ် လျော့ကျသွားစေတယ်လို့ ပြောပါတယ်။
“ဒါဟာ သမ္မတ နိုင်ငံတော်လည်း ဖြစ်လာပြီ။ သန့်ရှင်းတဲ့အစိုးရဆိုတာလည်း သူတို့က ကြွေးကြော်ထားတယ်။ သန့်ရှင်းလား မသန့်ရှင်ဘူးလားဆိုတာ သက်သေပြတဲ့ဘောလည်း သက်ရောက်တယ်။”

0 comments:

Post a Comment