Wednesday, September 14, 2011

Filled Under:

BBC --- ဆွေးနွေးဖလှယ် .....14 Set 2011

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ မှာ BBC မြန်မာပိုင်း အစီအစဉ် တွင် နိုင်ငံတကာ မှာတောင်းဆိုနေ ကြတဲ့ သီးခြားလွတ်လပ်တဲ့ လူ့အခွင့်အရေး စုံစမ်းရေး ကော်မရှင် ဖွဲ့ မည် ကို ဘယ်လိုမြင်လဲ အဲဒီတော့ လူ့အခွင့်အရေး ချိုးဖောက်မှူတွေ ကို ဘယ်လို ဖော်ထုတ် မ လဲ ၊ ဟူသည့် ခေါင်းစဉ်အောက်မှာ မြန်မာနိုင်ငံ အရပ် ရပ်ရှိ သောတရှင်များ နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကာကွယ်မြင့်တင် သူများ အဖွဲ့ HRDP က ဦးမောင်မောင်လေး နှင့် ပြည်ပအခြေစိုက် အာရှ လူ့ အခွင့်အရေး ကော်မရှင်က ဦးမင်းလွင်ဦး တို့ ပါ ၀င်ဆွေးနွေး ကြ ပါသည်။
ပထမ ဦး ဆုံး ထိုင်းနိုင်ငံ မှာရောက်နေတဲ့ ရှမ်းအမျိုးသမီး နန်းရွှေအိမ် ကို

မေး။ ။ နန်းရွှေအိမ် ရေ ရှမ်း ပြည်နယ် မှာ လူ့အခွင့်အရေး ချိုးဖောက်မှူ ဘယ်လို ရှိ လဲ။ နောက်ပြီး ဒီ လူ့အခွင့်အရေး ချိုးဖောက်မှူများ ကိုဘယ်လို ဖော်ထုတ်မလဲ ။

ဖြေ။ ။ ဟုတ်ကဲ့၊ ရှမ်း ပြည်နယ် မှာ လူ့အခွင့်အရေး ချိုးဖောက်မှူ ဆက်လက်ရှိ နေဆဲ ပါ။
ဥပမာ . တော ထဲတောင်ထဲ မှာ ၊စစ်ကြောင်း ထိုးနေ သည့်နေရာ ၊ စစ်ဖြစ်နေ သည့်နေ ရာ တွေမှာ စစ်သားတွေက အိမ်တွေ ကိုမီးရှိ့ ၊ လူတွေကိုဖမ်းဆီး၊ အဓမ ကျင့် ၊ ပေါ်တာ ဆွဲ ၊ နယ်မြေများ သိမ်းဆီး မှု များ ပြု လုပ် နေ သေး တယ်။ ဒီ လို လူ့အခွင့်အရေး ချိုးဖောက်မှူများ ကိုဘယ်လို ဖော်ထုတ်မလဲ ဆို တော့ တစ်ဦးချင်းစီ ကိုယ်ခံစား နေရတဲ့ ဒီ လူ့အခွင့်အရေး ချိုးဖောက်မှူ တွေကို ကုလသမဂ သိအောင် လူ့အခွင့်အရေး ကောင်စီ ကို တင်ပြ ပြီး လူ့အခွင့်အရေး ချိုးဖောက်မှူ တွေကို ဖော်ထုတ် ရပါမယ်။

မေး။ ။ နောက်တစ်ဦးအနေ နဲ့ မြန်မာနိုင်ငံ မှာရှိ တဲ့ ကို သန့်ဇင်ဦး ကိုဖိတ်ခေါ် ချင်ပါတယ်။
ကို သန့်ဇင်ဦး ရေ မြန်မာ နိုင်ငံအတွင်း လက်ရှိ အစိုးရသစ်အခြေအနေ လူ့အခွင့်အရေး ချိုးဖောက်မှူ ဘယ်လို ရှိ လဲ။ ဒါနဲ့ ပက်သတ် ပြီး ဘယ်လို ဖော်ထုတ်နိုင်မလဲ ။

ဖြေ။ ။ ဒီ လူ့အခွင့်အရေး ချိုးဖောက်မှူတွေ က ဆက်လက်ရှိနေတယ်။ အများကြီးရှိနေ စဲပါ ဘဲ ။ နောက်ပြီး လူ့အခွင့်အရေး စုံစမ်းရေး ကော်မရှင် မပေါ်မီက ကျွန်တော် တို့ သက်ဆိုင်ရာ ကို တိုင်ကြား တယ် ဖော်ထုတ် တယ် ။ ဒါပေမည့် ဒီ လို တိုင်ကြား ဖော်ထုတ်
တဲ့အခါ မှာ ဘက်လိုက်မှူတွေကြုံရတယ် ။

မေး။ ။ ဆိုတော့ လူ့အခွင့်အရေး ချိုးဖောက် ခံနေ ရ သူတွေကို အကြံ ပေးမယ်ဆိုရင် ဘယ်လို အကြံ ပေးမလဲ ။

ဖြေ။ ။ လူ့အခွင့်အရေး ချိုးဖောက် ခံနေ ရ သူတွေ တိုင်ကြားနိုင် တဲ့ အဖွဲ့အစည်း တွေက စစ်မှန်သော ၊ဘက်လိုက်မှူမရှိ ၊ ရိုးသားပွင့်လင်း ၍ လွတ်လပ်သော အဖွဲ့အစည်း များ ဖြစ်ရမည်။ ဥပမာ -ကလေးစစ်သား ကိစ္စ နဲ့ ပတ်သတ် ပြီး ရန်ကုန်မှာ ILO ရုံး တွေရှိ တယ် ။ ဒါပေမည့် ILO ရုံး တွေ ကခန်းနားနေတော့ ပြည်သူ တွေ ကမသွားရဲဘဲ ဖြစ်နေတယ် ။ ဒါကြောင့် ဒီလို ရုံးတွေ ကို နယ်တွေမှာအသီးသီး ဖွင့်ပြီး ပြည်သူတွေ နဲ့အနီးကပ်လုပ်နိုင်မယ်ဆိုရင် တိုင်ကြားမှူတွေ ရှိလာနိုင်တယ်။

မေး။ ။ ဒါဆို ကုလသမဂ္ဂ ဦးဆောင် ပြီး သီးခြားလွတ်လပ်တဲ့ လူ့အခွင့်အရေး စုံစမ်းရေး ကော်မရှင် ဖွဲ့ မှာ ကို ဘယ်လိုမြင်လဲ။

ဖြေ။ ။ လူထု နဲ့ တိုင်းပြည် အတွက်အ ကျိုး ရှိမည်ဆိုလျှင် ကြိုဆိုပါတယ် ၊လက်ခံပါတယ်။

မေး။ ။နောက်ပြီး လိုင်းပေါ်မှာ ရှိ တဲ့ ထိုင်းနိုင်ငံရှိ Kachin Woman Organization မှ မွန်းနွယ်လေးကို မေးချင်ပါတယ်။ မွန်းနွယ်လေး အနေနဲ့ ကချင်ဒေ သ မှာ လူ့အခွင့်အရေး ချိုးဖောက်မှူ ဘယ်လို ရှိ လဲ။ ဘယ်လိုချိုးဖောက်ခံနေ ရသလဲ။

ဖြေ။ ။ လူ့အခွင့်အရေး ချိုးဖောက်မှူ တွေကဆက်လက်ရှိ နေတယ်။ ပိုဖြစ်တာ က စစ်ဖြစ်နေ သည့်နေ ရာမှာ စစ်သား တွေက် ဒေသခံ တိုင်ရင်းသားတို့ ကိုဖမ်းဆီး၊ အဓမ္မ ကျင့် ၊ ပေါ်တာ ဆွဲ ၊ နယ်မြေများ သိမ်းဆီး ၊ အကြောင်းမရှိ မေးမြန်း သတ်ပြစ် မှု တွေ ပြု လုပ် နေ တယ် ။

မေး။ ။ ဆိုတော့ ဒီ လူ့အခွင့်အရေး ချိုးဖောက်မှူတွေ ကို ဖော်ထုတ်ချင်တယ်ဆိုရင် ဘယ်လိုတိုင်ကြားနိုင်မလဲ။

ဖြေ။ ။ လူ့အခွင့်အရေး ချိုးဖောက်မှူများ ကို ဘယ်လိုတိုင်ကြားနိုင်မလဲ ဆိုတော့ ခုန က ပြောခဲ့သလို ဘဲ မြန်မာနိုင်ငံ မှာစစ်မှန်တဲ့ ၊ဘက်လိုက်မှူမရှိ တဲ့ လွတ်လပ်တဲ့ ကော်မရှင် ရှိ ဖို့လိုပါတယ်။

မေး။ ။မနေ့က ဘဲ မြန်မာနိုင်ငံ မှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဖွဲ့တဲ့ အပေါ်မှာ ဘယ်လိုမြင်သလဲ။

ဖြေ။။ ဘယ်လိုလုပ်ဆောင်မလဲ ဆိုတာ စောင့်ကြည့်ရ မယ်။ အာနာပိုင် လက်အောက်မှာ ဒီ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဟာ ဘယ်လောက်စိတ်ချမှူရှိ နိုင်မလဲ။ ဘယ်လောက် လူ့အခွင့်အရေး ကိုကာကွယ်မလဲ။ အစိုးရသစ် လက်အောက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှူ ဆက်လက် ဖြစ်နေ တဲ့အတူ ဒီ လူ့အခွင့်အရေးကော်မရှင်ဖွဲ့ က အစိုးရသစ် လက်အောက်မှာ ဆက်လက် ဖွဲ့စဉ်းလိုက်တာကြောင့် ဒါက စဉ်းစား စရာ တော် တော်များပါတယ် ။

မေး။ ။ ။ တဆက်တည်းဘဲ မြန်မာနိုင်ငံ လူ့အခွင့်အရေးကာကွယ်မြင့်တင် သူများ အဖွဲ့ HRDP က ဦးမောင်မောင်လေး ကို မေးချင်ပါတယ် ခင်ဗျာ. ။ ဦးမောင်မောင်လေး အနေနဲ့ စစ်တပ် တို့ အရပ် ဘက်တို့မှာ လူ့အခွင့်အရေး ချိုးဖောက်မှူ တွေကို တွေရတယ် ။ ဒါ ကို ဘယ်လိုနည်းနဲ့ဖော်ထုတ်မလဲ။ တချို့က ILO ရုံးကို တိုင်ချင်တဲ့လူတွေလည်းရှိ တယ် ။ ဒါနဲ့ပက်သတ် ပြီး ဆွေးနွေးပေး ပါအုန်း။

ဖြေ။ ။ ဟုတ်ကဲ့ ။ လူ့အခွင့်အရေး ချိုးဖောက် ခံနေရ သူများ ကလည်း သူတို့ ကိုယ်တိုင် ခံစား နေရတယ် ။သည့် အပြင် မည်သူကို တိုင် ရမည်လဲဆိုတာ ကိုမသိဘူး ၊ အဲဒီလို တိုင်ကြားနိုင်ဖို့ လူ့အခွင့်အရေး အဖွဲ့အစည်းများမရှိ ခြင်း ၊ အားနည်းနေ တယ် ။ ဒါကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှူ များ နိုင်ငံအတွင်း ပိုမိုများ ပြားနေတယ်။ ဒီ လူ့အခွင့်အရေး ချိုးဖောက်မှူ တွေ ကိုဖော်ထုတ် မည်နည်းလမ်း တွေဆို ရင် လူ့အခွင့်အရေး အဖွဲ့အစည်းများ နိုင်ငံထဲမှာ လုံလုံ လောက်လောက် ပေါ်ပေါက် ရန်အရေး ကြီး ပါ တယ်။ ထို အဖွဲ့အစည်းများ က လည်း လူ့အခွင့်အရေးကို ကာကွယ်မြင့်တင်ပေး နိုင်ရမယ် ၊ လူ့အခွင့်အရေး ချိုးဖောက် ခံနေရ သူများ က လည်း ဘယ်ဥန တွေမှာ တိုင်ကြား နိုင် ရမည် ကို သိရန် လို အပ် တယ်။

မေး။ ဟုတ်ကဲ့ .HRDP အနေဖြင့် လက်ရှိ ဘာတွေ လုပ်ဆောင်နေ သလဲ။


ဖြေ။ ။ကျွန်တော်တို့ HRDP အနေ နဲ့ ပြည်သူများ ကို လူ့အခွင့်အရေး ဆိုင်တဲ့ အသိတရားများ ဖြန့်ဝေ နေပြီး လူ့အခွင့်အရေး ချိုးဖောက် ခံ ရလျှင် ကျွန်တော်တို့ ဒေသ အသီးသီး မှာရှိ တဲ့ Network မှ တဆင့် အာနာပိုင်၊ ဒီ နောက် နိုင်ငံတ ကာ မှာ ရှိ တဲ.
AHRC ၊ (သို့) ILO ရုံးများ သို့တိုင်ကြား ပြီး ယခု နောက်ဆုံး မစ်စတာ ကင်တားနား လာတဲ့အခါ သူ့ ကိုပါ တင် ပြ ၊ ကူ ညီပေးနိုင်တဲ့အဆင့်အထိ ဆောင်ရွက်နေ ပါ တယ်။

မေး။။ ဟုတ်ကဲ့ ။အခုလိုင်းပေါ်မှာ ရှိ တဲ့ ပြည်ပအခြေစိုက် အာရှ လူ့ အခွင့်အရေး ကော်မရှင် (AHRC) မှ မြန်မာနိုင်ငံတာဝန်ခံ ဦးမင်းလွင်ဦး ကို မေးချင်ပါ တယ်။ ဦးမင်းလွင်ဦး ရေ ပြည်သူများ အနေ နဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံ ရ မှူကို တိုင်ကြားချင်နေ တယ် ။ဒါပေမယ့် အာနာပိုင်တွေ အရေး ယူမှာ ကို ကြောက်နေ လို့
မ တိုင်ကြား နိုင်ဘဲဖြစ် နေတယ် ။ ဒါနဲ့ ပတ်သတ်ပြီး အာနာပိုင်တွေအရေးမယူနိုင် အောင် မည်သု က အာမခံပေး မလဲ

ဖြေ။ ။ကျွန်တော်တို့ သိရသလောက် အစိုးရသစ်မှူထဲ၌ သမတ ထံ တိုင်ကြား နိုင်သည်လို့ ပါတယ်။ ထို့နောက် ၅ လ အတွင်း တိုင်ကြားစာများ ၅၀၀ ကျော် ရောက် ရှိ ခဲ့တယ်။
ထို တိုင်ကြားစာထဲမှာ ကလေးစစ်သား၊ တရားရုံးတွင်း စစ်ဆေးမှူ နှင့် ရဲများညှင်းပန်း မှူ ကိစ္စ များ ပါဝင် တယ်။ ထို့အတူ အရေးယူဆောင် ရွက်မှူများပြုလုပ်ပေး သည်ကိုတွေ့ ရှိ ရသည်။ တို့သော် တိုင်ကြားသူများ ကို ပြန်လည် စစ်ဆေးမှူပြုလုပ်ရာ မှာ
တိုင်ကြားသူများ အနေ နဲ့ တိုင်တုန်းကတိုင်ပြီး လာစစ်တော့ ရဲရဲမဖြေ ရဲနေ သည်ကို တွေ့ရသည်။ ဒါကလည်းသဘာဝ ကျပါတယ်။ ဒါကြောင့် သတ်သေ တွေကို ကာကွယ် ဖို့ ဘက်မလိုက် သည့် အဖွဲ့အစည်း ရှိ ဖို့ လိုတယ်။ လူ့အခွင့်အရေးဆောင်ရွက် ရာ မှာ ဘက်မလိုက်တဲ့ အဖွဲ့ ရှိ ဖို့လို တယ်။ သတင်းစာ မှ ၅ရက်နေ့ က
ဖွဲ့စည်း လိုက်သောပြည်ထောင်စုလွတ် တော်ရေးရာ ကော်မတီတွင် တိုင်ကြား နိုင်သည့်အဖွဲ့အစဉ်းများ ပါဝင်တယ်။ ဒါတွေက ၁နှစ်သက်တမ်းရှိ သည့် တရားဥပဒေအခွင့်အရေးဆိုင်ရာ ကော်မတီ၊ တိုင်ကြားစာ နဲ့ သနားခံစာ ကော်မတီ၊ နိုင်ငံ သား မှူလ အခွင့် နှင့် ဒီမိုဂရေစီရေး၊ လူ့အခွင့်အရေး ကော်မတီ၊ တို့ တွင်တိုင်ကြားနိုင်ကြောင်းဖော်ပြ ထားတယ်။ နောက်ပြီး နိုင်ငံတော်မဆင့် အမျိုးသားလူ အခွင့်အရေးကော်မရှင် ဆိုပြီး တိုင်ကြားနိုင်တယ်လို့ဆိုတယ်။ ပြည်သူများအနေနှင့် တော့ တိုင်ကြားနိုင် ရင်တိုင် မှာဘဲကော်မတီများအနေနှင့် ဘယ်လိုလုပ်ဆောင်မည်လဲ ဆိုတာကို စောင့် ကြဉ့်ရမှာ ဖြစ်တယ်။

မေး။ ။ နောက်တစ်ဦးအနေနဲ့ မြန်မာနိုင်ငံအတွင်းက လိုင်းပေါ်မှာရှိ တဲ့ ကိုမင်းခန့် ကိုယ်မေးချင်ပါတယ်။ ကိုမင်းခန့်ရေ ကုလသမ ဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ လူအခွင့်အရေး စုံစမ်းဖို့ ကော်မရှင်ဖွဲ့ဖို့ တိုက်တွန်းနေ ပါတယ် ။ ဒါနဲ့ပတ်သတ်လို့ ဘယ်လိုမြင်သ လဲ။

ဖြေ။ ။ လူအခွင့်အရေး စုံစမ်းဖို့ ကော်မရှင်ဖွဲ့ တယ်ဆိုတာကောင်းပါတယ်။ဒီအဖွဲ့ က ဘယ်သူ့ ကိုမှထိ ခိုက်မှူမရှိ နိုင်တဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက် ခံ ရ သူတွေကို အကူအညီအများကြီးပေး မယ့်အပြင် ၊ သူတို့အတွက်လည်း အကာအကွယ်ရှိ သွားတာပေါ့။ လူ့အခွင့်အရေး ချိုးဖောက် မှူကိစ ဆိုတာ အစိုးရ စစ်ယန်းဒယား မှာ တွေနိုင်သလို ကျွန်တော်တို့ ပတ်ဝန်းကျင် ရပ်ကွက် တွေမှာလည်းတွေ့နိုင်ပါတယ်။ ဒီတော့ကော်မရှင်တစ်ခုရှိ သွားတော့ ခံ ရ သူတွေ ဘက်က အကာအကွယ် ရှိသွားပြီး နိုင်ငံတကာကလည်း ကျွန်တော်တို့ကိုဂရုစိုက်တယ်ဆိုတာ သိသွားတယ်။ နောက်ပြီး ဒီအဖွဲ့ ဖွဲ့ ခြင်းက မြန်မာနိုင်ငံလို နိုင်ငံအတွက် အများကြီး အကြိုးရှိသွား နိုင်ပါတယ်။

မေး။ ။အခုမလေးရှားမှာရောက်နေတဲ့ ကိုယ်စစ်နိုင် အနေနဲ့ကော ဒီကော်မရှင်ဖွဲ့တဲ့အပေါ် ဘာပြောချင်သလဲ။

ဖြေ။ ။ကော်မရှင်ဖွဲ့တာ ကောင်းပါတယ်။ ကျွန်တော်တို့ လို လူ့အခွင့်အရေး ချိုးဖောက် ခံ ရတဲ့ သူတွေအတွက် အကူဖြစ်တာ ပေါ့။ ကျွန်တော်တို့ ကိစ္စ ၊ နာဂစ်ဖြစ်တုန်းက ကူညီတဲ့ ကိစ္စ တွေနဲ့ ဗုံးဖောက်ခွဲမှူတွေနဲ့ ပတ်သတ်ပြီး စွတ်စွဲခံရတဲ့ အကြောင်းတွေပါ။ ဒါ အစိုးရ သစ်လက်ထပ်မှာ အဖွဲ့ အစည်းအမျိုးမျိုး ပေါ်ပေါက်လာပေ မယ့် အခုထိ ပြည်သူတွေ ကိုအကူအညီပေးတာတွေ ၊ ကာကွယ်ပေးတာတွေမတွေ့ ရ ပါဘူး။ ဒါကြောင့် ဒီ အခုဖွဲ့စည်း တဲ့အဖွဲ့ အစည်း တွေက ဘယ်လောက်လွတ်လပ်မလဲ၊ ဘာတွေလုပ်ဆောင်မလဲ ဆိုတာ သတိကြီးကြီး စောင့်ကြည့်ဖို့လို ပါတယ်။

မေး။ ။ အခုအမေရိကန်ပြည်ထောင်စုမှာရောက်နေတဲ့ ကိုထွန်းဆွေ ရဲ့သဘောထားကိုပြော ပါ။

ဖြေ။ ။ မြန်မာနိုင်ငံ မှာလူ့အခွင့်အရေး ချိုးဖောက်မှူ ဆက်လက်ရှိ နေ တယ်။ ဒါကတော့ ဘယ်သူ့မှ ငြင်းလို့မရတဲ့ အချက်တစ်ခုပါ။ လက်ရှိအစိုးရက နာမည်အမျိုးမျိုးနဲ့ အဖွဲ့အစဉ်းတွေကိုဖွဲ့ပေမည့် သူလက်အောက်ကလူတွေကို ဘဲသုံးထားတာကြောင့် ဒီ
အဖွဲ့အစဉ်း က ဘယ်လိုမှ ယုံကြည်နိုင် စရာမရှိပါဘူး။ လက်မခံ နိုင်ပါဘူး။
ကုလသမဂ က ဖွဲ့မည့်သီးခြားလွတ်လပ်တဲ့ လူ့အခွင့်အရေးစုံစမ်းရေး ကော်မရှင် ကိုလက်ခံပါတယ်။ ပြီးတော့ ပြည်တွင်းမှာ ရှိ တဲ့အစိုးရနဲ့ မပက်သတ်တဲ့ ပြည်သူလူထုက လက်ခံယုံကြည်တဲ့ အဖွဲ့အစဉ်း တွေက ကုလသမဂ္ဂ က ဖွဲ့မည့် ကော်မရှင် နဲ့ ပူပေါင်းပြီး မြန်မာ့လူ့အခွင့်အရေး ချိုးဖောက်မှူ တွေကို စုံစမ်းဖို့အကြံပြုလိုပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှူ မြန်မာနိုင်ငံ မှာ သံသရာလည်နေသလိုပါ ဘဲ။ အဓိက ကတော့ မြန်မာအစိုးရ ရဲ့ နိုင်ငံရေး ပြောင်းလဲဖို့ ဘဲလိုတယ်။ မြန်မာအစိုးရ အနေနဲ့ ပြည်ပ က အဖွဲ့အစဉ်း တွေ
နဲ့ ပူပေါင်းပြီး မြန်မာ့လူ့အခွင့်အရေး ချိုးဖောက်မှူ ကိုခံစားနေ ရတဲ့ လူတွေကိုကာကွယ်မည့်အစီအစဉ် အမြန်ဆုံးပေါ်ပေါက်ဖို့ အကြံပြုလိုပါတယ်။

မေး။ ။ဟုတ်ကဲ့ ။ ဦးမင်းလွင်ဦး ဘက်ကိုလှည့်ပရစေ။ ဦးမင်းလွင်ဦး ရေ အခု ကုလသမဂ္ဂ အနေနဲ့ သီးခြားလွတ်လပ်တဲ့ လူ့အခွင့်အရေ်း စုံစမ်းရေး ကော်မရှင် နဲ့ပတ်သတ်ပြီး နိုင်ငံ အချို့ကလက်ခံတယ်၊ တချို့ကလက်မခံ ဘူး ။ဒါကြောင့်ဦးမင်းလွင်ဦးတို့အနေနဲ့ နိုင်ငံအများထောက်ခံလာအောင် ဘယ်လို ဆောင်ရွက်နိုင်မလဲ။

ဖြေ။ ။ AHRCအနေ နဲ့ ၂၀၀၆ ကတည်းက မြန်မာနိုင်ငံအတွင်းမှာ ကော်မရှင်ဖွဲ့စည်းဖို့ အစဉ်အဆက်တောင်းဆို လာတာ ဖြစ်တယ် ။ဘာကြောင့်ဆိုတော့ မြန်မာနိုင်ငံအတွင်းမှာ လွတ်လပ်တဲ့ အာရှလူ့အခွင့်အရေး ကော်မရှင် ရုံးမရှိ တဲ့ အတွက် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှူ စနစ်တကျမှတ်တမ်းမယူနိုင် ဘူး။ ဒီ အဖွဲ့အစည်းတွေပေါ်ပေါက် လာနိုင်ဖို့
ဆို ရင် ပြည်တွင်းကအား နဲ့ ပြည်ပနိုင်ငံတော်တော်များများ ရဲ့ထောက်ခံမှူလိုအပ်ပါတယ်။

မေး။ ။ ဒါဆိုရင် ပြည်တွင်းကဦးမောင်မောင်လေးအနေနဲ့ ဒီလိုအဖွဲ့အစည်း တွေပေါ်ပေါက်လာဖို့ ဘယ်လိုများပံပိုးပေးနိုင်မလဲ။

ဖြေ။ ။ ပြည်တွင်းမှာ မစ်စတာကင်တားနားပြော တဲ့ လူ့အခွင့်အရေး စောင့်ကြည်ရေးကော်မရှင် ပေါ်ပေါက်ဖို့ အရေးကြီပါတယ်။ အကယ်၍ သူတို့အနေနဲ့နိုင်ငံတ ကာက လက်ခံပြီး ပေါ်ပေါက်လာမယ်ဆိုရင် ကျွန်တော်တို့ဆီမှာရှိတဲ့
လူ့အခွင့်အရေးချိုးဖောက်မှူ ခပ်များများကို သူတို့လက်ထဲ မှာရှိတာ နဲ့ မစ်စတာကင်တားနား ကို အများကြီး အကူအညီပေးသွားနိုင် ပါတယ်။ အစိုးရအနေနဲ့လည်း ဒီကော်မတီကိုလက်ခံသင့်ပါတယ်။ ဒါမှ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှူရှိမရှိ ကို နိုင်ငံတကာကို ဖော်ထုတ်ပြသနိုင်တဲ့ အခွင့်အရေး တရပ်လည်း ဖြစ်ပါတယ်။

မေး။ ။ ဒီကနေ့ ဆွေးနွေး ဖလယ် ကိုဒီမှာ ဘဲအဆုံးသတ်ပါရစေ။ ပါဝင်ဆွေးနွေးပေးတဲ့ သောတရှင်တွေနဲ့ ဦးမောင်မောင်လေး၊ ဦးမင်းလွင်ဦးတို့ကို ကျေးဇူးတင်ရှိပါတယ်။

0 comments:

Post a Comment