Thursday, September 15, 2011

Filled Under:

မတရားဖမ်းဆီး နှစ်ရှည်ထောင်ချမှူများ ဆက်ရှိနေ.... ၁၅ ရက် စက်တင်ဘာ ၂၀၁၁

အာရှလူအခွင့်အရေးကောင်စီမှ အယူခံတင်တွင်းထားသော ကိုစည်သူဇေယျ  ကို မြန်မာအစိုးရအနေ နဲ့  နောက်ထပ် ထောင်ဒဏ် ၁၀ နှစ်ချမှတ် လိုက်ပါတယ်။ 
ကိုစည်သူဇေယျ သည် သင်္ကြန် မဏ္ဍပ် X2O ဗုံးပေါက်စဉ် က ဓါတ်ပုံရိုက်ခဲ့လို့ အဖမ်းခံရသူပါ ။ အရင်က ကိုစည်သူဇေယျ  ကို နယ်စပ်ဖြတ်ကျော်မှူ၊ မတရား အသင်းများနဲ့ စပ်သွယ်မှူ တို့နှင့် ထောင်ဒဏ် ၈ နှစ်ချမှတ် ထားရာ ကနေ ယခု နောက်ထပ် အီလက်ထရောနှစ် ပုဒ်မ အရ  ထောင်ဒဏ် ၁၀ နှစ်ချလိုက်တဲ့အတွက် စုစု ပေါင်း ၁၈နှစ် ကျခံရမှာ ဖြစ်ပါတယ်။
သို့လူ့အခွင့်အရေးချိုးဖောက်မှူများ မြန်မာနိုင်ငံအတွင်းဆက်လက်ဖြစ် နေသည့်အတွက် မြန်မာအစိုးရအနေနဲ့ ဖွဲ့စည်းလိုက်သော အဖွဲ့အစည်းသည် လူ့အခွင့်အရေးချိုးဖောက်ခံနေရသူများကို မည်မျှ ကာကွယ်လုပ်ဆောင်မည်ကို စည်းစားစရာ ဖြစ်ပါသည်။

0 comments:

Post a Comment