Sunday, September 04, 2011

Filled Under:

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ရွှေတိဂုံဘုရားမှာ စုပေါင်းဆုတောင်း...စက်တင်ဘာ ၄.၂၀၁၁..RFA

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ရွှေတိဂုံဘုရားမှာ စုပေါင်းဆုတောင်း


ဒီကနေ့ စက်တင်ဘာလ ၄ ရက်၊ တနင်္ဂနွေနေ့လည် ၁ နာရီမှာ ရွှေတိဂုံဘုရား ရင်ပြင်တော်မှာ မြန်မာပြည်ငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး မေတ္တာပို့ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒီဆုတောင်းပွဲကို နိုင်ငံရေးအကျဉ်းကျ မိသားစု အကျိုးဆောင်ကွန်ရက်အဖွဲ့၊ အင်္ဂါမိသားစု ဆုတောင်းအဖွဲ့၊ ၈၈ ကျောင်းသားအဖွဲ့နဲ့ တခြား အဖွဲ့အစည်းတွေအပြင် ကျောင်းသား ပြည်သူလူထုတွေ ပါဝင်ပူပေါင်းပြီး  စီစဉ်ခဲ့တာလို့ သိရပါတယ်။

ဒီဆုတောင်းပွဲမှာ နိုင်ငံရေးအကျဉ်းသား မိသားစုကွန်ရက် အမှတ်တံဆိပ်ပါ ပို့စကဒ်၊ ၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ် ပို့စကဒ်၊ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ရေး စာတမ်းပါ တီရှပ်အင်္ကျီတွေကို ဝေငှခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုကွန်ရက်က မခင်မိမိခိုင်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး ပြန်လွှတ်ပေးရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသား မိသားစုကွန်ရက်က ဒီကနေ့ ကြေညာချက် ၁/၂ဝ၁၁ ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့ ဆုတောင်းပွဲမှာ ပရိသတ် အင်အား  ၅ ရာနီးပါး ပါဝင် ဆုတောင်းခဲ့ကြတယ်လို့ သိရပါတယ်။

0 comments:

Post a Comment