Tuesday, October 25, 2011

Filled Under: ,

အရှင်ဂမ္ဘီရ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက် ၍ AHRC မှ သမ္မတထံ အိတ်ဖွင့်ပေးစာ ပို့........၂၅ အောက်တိုဘာ ၂၀၁၁


25 October 2011
BBC Tuesday Evening Broadcast
(During 20 min16 sec To 24 min 12 sec)
အရှင်ဂမ္ဘီရ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက် ၍ AHRC မှ သမ္မတထံ အိတ်ဖွင့်ပေးစာ ပို့

ကလေးထောင်မှာ အကျင်းကျနေ တဲ့ အရှင်ဂမ္ဘီရ ရဲ့ကျန်းမာရေး အခြေအနေ ဆိုးဝါးလာတဲ့ အတွက် အမြန်ဆုံးဆေးကုသခွင့်ရရေး ၊ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ နဲ့ တွေ့ခွင့်ရရေး နဲ့အမြန်ဆုံးလွတ်ပေးရေး အတွက် AHRC  အာရှလူ့အခွင့်အရေးကောင်စီ က သမ္မတ ဦးသိန်းစိန်ထံ အိတ်ဖွင့်စာ ရေးသားတောင်းဆိုလိုက်ပါတယ်။

ဒါနဲ့ပတ်သက်လို့ BBC  က AHRC  အာရှလူ့အခွင့်အရေးကောင်စီ ရဲ့ ရှေ့နေဦးမင်လွင်ဦး ကိုဆက်သွယ်မေးမြန်းခဲ့ရာမှာ

ဦးမင်လွင်ဦး။ ။ ကျွန်တော်တို့ ရရှိထားတဲ့ သတင်းတွေအရကတော့ အရှင်ဂမ္ဘီရ က ခန္တီးထောင်မှာရှိစဉ်ကာလ တုန်းက တစ်လနီးပါး ဦးခေါင်းရယ် နောက်ကျောရယ် ရိုက်နှက်ခြင်း ခံရတဲ့အတွက် နောက်ကျောပိုင်းအမြဲတမ်း နာကျင်နေတဲ့ဝေဒနာ ခံစားရတယ်။ နောက်ပြီးတော့ စိတ်မကျန်းမမာဖြစ်တဲ့အခြေအနေထိရောက်တယ်လို့ သိရပါတယ်။
ခန္တီးထောင်  ကနေ ကလေးထောင် ကိုပို့လိုက်တဲ့ပြီးတဲ့နောက်ပိုင်းမှာ ဒီရာသီဥတု ဆိုးဝါး၍ သော်ဌင်း၊ ရိုက်နှက်ထားတဲ့ဒဏ်တွေပြန်ပေါ် လို့သော်ဌင်း ထောင် အခြေအနေ ဆိုးဆိုးဝါးဝါး ဖြစ်တယ် လို့ကျွန်တော်တို့သိရ ပါတယ်။ အဲဒီလိုဖြစ်နေတဲ့ အခါမှာ ထောင်အာနာပိုင်တွေက ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ ဆေးကုသခွင့်မပေးဘဲ နီးစပ်ရာစိတ်ငြိမ်ဆေးတွေ ပေးနေတယ်လို့ ကြားရပါတယ်။

မေး။ ။ အဲဒါကို ဦးမင်လွင်ဦးတို့ အနေနဲ့ ဘယ်လိုသိရပါသလဲရှင့်.

ဦးမင်လွင်ဦး။ ။ပြီးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကလေးထောင်ကနေ လွတ်မြောက်လာခဲ့တဲ့ လူတွေကတဆင့် နောက်ပြီးတော့ နီးစပ်တဲ့မိသားစု ၀င်တွေကတဆင့် သိရပါတယ်။

မေး။ ။ အရှင်ဂမ္ဘီရ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ အရေးပေါ်ဆေးကုသခွင့်မရရင် အခြေအနေ ဘယ်လောက်ထိ ဆိုးသွားနိုင်ပါသလဲ။

ဦးမင်လွင်ဦး။ ။စိတ်မကျန်းမမာ ဖြစ်သွားနိုင်တဲ့ အခြေအနေ ထိ ဆိုးသွားနိုင်ပါတယ် လို့ကျွန်တော်တို့သိရပါတယ်။ အခု နီးစပ်ရာစိတ်ငြိမ်ဆေးတွေ ထိုး ပေးနေတဲ့ ကိစ္စက ကျွမ်းကျင်တဲ့ဆရာဝန် တွေ ရဲ့ ညွှန်ကြားချက် နဲ့ မဟုတ်ဘဲ စိတ်မကျန်းမမာတိုင်း မှာထိုးပေးနေတာဖြစ်တဲ့အတွက် တန်ဆေးလွန်ဘေး ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါတွေကို စိုးရိမ်တဲ့အတွက်ကြောင့်  ကျွန်တော်တို့ ယခုလိုမျိုး အိတ်ဖွင့်ပေးစာ ပေးရခြင်းဖြစ်တယ်။
မေး။ ။ အရှင်ဂမ္ဘီရ ကိုနှိတ်စက်ငြင်းပန်းတယ်ဆိုတာ ဘယ်လိုအထောက်အထားတွေနဲ့ ပြောနိုင်ပါသလဲ။

ဦးမင်လွင်ဦး။ ။ အဲဒါကတော့ အင်းစိန်ထောင်ကနေပြီးတော့ အဆင့်ဆင့်ရွှေ့ပြောင်းပြီးတဲ့အခါမှာ ဆန္ဒပြမှူတွေကို တွေ့ရတယ်။ ဆန္ဒပြမှူတွေနောက်ပိုင်းမှာ အကျင်းထောင်အာနာပိုင်တွေကနေပြီး တော့သူ့ကို တိုက်ပိတ်ထားတာ ကို တွေ့ရတယ်။ တိုက်ပိုတ်ထားတဲ့နောက်ပိုင်းမှာ အစာငတ်ခံ ဆန္ဒပြမှုတွေရှိတဲ့အတွက် နှိတ်စက်ငြင်းပန်းမှုတွေခံရတယ်လို့ ကျွန်တော်တို့ သိရပါတယ်။

မေး။ ။ဟုတ်ကဲ့။ အခုလို စိတ်ရောကိုယ်ပါ ကျန်းမာရေးချို့ယွင်းတဲ့ အထိဖြစ်ရတဲ့ သာဓကမျိုးရော အရင်တုန်းကနိုင်ငံရေးအကျင်းသားတွေမှာတွေ့ဖူးပါသလား။

ဦးမင်လွင်ဦး။ ။ ရှိပါတယ်။ယခုလက်ရှိကိုဘဲ။ ကျွန်တော်တို့အင်းစိန်ထောင်ထဲမှာ မလေးရှားကနေ ပြန်လာတဲ့ မလေးရှား NLD အဖွဲ့ဝင် ကိုသန်းမြင့်အောင်ကိုလည်း စစ်ကြောရေး အစမှာ နှိတ်စက်ငြင်းပန်းလို့ စိတ်ကျန်းမာရေး ဆေးရုံကိုပို့ပြီးကုသရတဲ့ အခြေအနေထိရောက်တယ်လို့ ကျွန်တော်တို့သိရပါတယ်။

မေး။ ။ အခု ဦးမင်လွင်ဦးတို့ သမ္မထံ ကိုစာရေးပြီးတော့ အရှင်ဂမ္ဘီရ ကို ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ နဲ့ အမြန်ဆုံးတွေ့ခွင့်ရဖို့ ၊နောက်သူ့ကို ကျန်းမာရေးဆေးကုသခွင့်အမြန်ပေးဖို့တောင်းဆိုထားပါတယ်။အစိုးရဘက် က ဒါကိုလိုက်လျှောမယ်လို့ ယူဆပါသလား။

ဦးမင်လွင်ဦး။ ။ကျွန်တော်တို့ဘက်ကတော့ အများကြီးမျှော်လင့်တယ်လေ။ဥပမာ-ရန်ကုန်လိုမျိုးနေရာကိုပို့လိုက်မယ်ဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ အနီးကပ်ကုသခွင့်ရမယ် ၊ဆေးဝါးပုံမှန်စားသုံးခွင့်ရမယ်ဆိုရင်အများကြီး ကောင်းလာနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ယခင်စစ်အစိုးရ ထက်စာရင် တက်လာတဲ့ အစိုးရသစ်အနေနဲ့ လူသားချင်းစာနှာမှုပိုရှိလိမ့်မယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိတဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို အစိုးရ ကိုယ်တိုင်လေးစားလိုက်နာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ အိတ်ဖွင့်စာ ပေးပို့ခြင်းဖြစ်တယ်။

AHRC  အာရှလူ့အခွင့်အရေးကောင်စီ ရှေ့နေဦးမင်လွင်ဦးဖြစ်ပါတယ်။

0 comments:

Post a Comment