Wednesday, November 16, 2011

Filled Under:

အကျဉ်းကျသံဃာတွေ လွှတ်ပေးရေး ဆန္ဒပြ သံဃာများ တောင်းဆို.... 16 November 2011

အကျဉ်းကျသံဃာတွေ လွှတ်ပေးရေး ဆန္ဒပြ သံဃာများ တောင်းဆို

2011-11-16
မန္တလေးမြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ သံဃာတော် ၅ ပါးက သမ္မတ ဦးသိန်းစိန် အနေနဲ့ နိုဝင်ဘာလ အတွင်း အကောင်အထည် ဖေါ်ပေးရမဲ့ အချက် ၃ ချက်ပါ တောင်းဆိုစာကို ဒီကနေ့ ပေးပို့လိုက်ပါတယ်။

AFP
အကျဉ်းကျသံဃာတွေ လွှတ်ပေးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် လွတ်လပ်စွာ ဟောပြောခွင့် အတွက် ဆန္ဒပြ တောင်းဆိုနေသော သံဃာ ၅ ပါးရဲ့ တရားပွဲကို ဒုတိယနေ့အဖြစ် တက်ရောက် နာယူနေကြသည့် သံဃာများကို မစိုးရိမ် တိုက်ဟောင်းဝင်း အတွင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တွေ့ရစဉ်။
ဒီစာကို မန္တလေးတိုင်း သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်တွေကတစ်ဆင့် ပေးပို့ခဲ့တာဖြစ်ပြီး နိုင်ငံရေးအရ အကျဉ်းကျနေတဲ့ သံဃာတော်တွေ အမြန်ပြန်လွှတ်ပေးရေးကို ဦးစားပေး တောင်းဆိုခဲ့တယ်လို့ ဆန္ဒပြ သံဃာ ၅ ပါးရဲ့ တရားပွဲကို တက်ရောက်ခဲ့တဲ့ မန္တလေးမြို့ခံတစ်ဦးက အာရ်အက်ဖ်အေကို ပြောပါတယ်။ အခုလို သံဃာ့မဟာနာယကအဖွဲ့ကတစ်ဆင့် စာပို့ရတာဟာ တရားဝင်ဖြစ်အောင်လို့ ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ဆန္ဒပြသံဃာ့ခေါင်းဆောင် ရှင်သောပါကက မိန့်ပါတယ်။ ဆန္ဒပြသံဃာတော်တွေ အပါအဝင် မစိုးရိမ်တိုက်ဟောင်းဝင်းအတွင်းက သံဃာအပါး ၅၀၀ ကိုပါ မန္တလေးလူထုက နေ့ဆွမ်းကပ်ပြီး ဆန္ဒပြသံဃာ ၅ ပါးဟာ နေ့လယ် ၁ နာရီက ၂ နာရီကျော်ထိ တရားဟောခွင့် ရခဲ့ပါတယ် ။ အဲဒီနောက်မှာတော့ မန္တလေးတိုင်း သံဃာ့မဟာနာယကအဖွဲ့ဝင် မစိုးရိမ်တိုက်သစ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသက ဆန္ဒပြသံဃာ ၅ ပါးရဲ့တရားပွဲကို အမြန် သိမ်းခိုင်းပြီး ဆန္ဒပြသံဃာတော်တွေကို မဟာမြတ်မုနိဘုရားကြီးတောင်ဘက်က ရေတော်ကျောင်းတိုက်မှာ နေရာချထားလိုက်တယ်လို့ သိရပါတယ်။ မနေ့ကတော့ ဆန္ဒပြသံဃာတော်တွေကို ဗုဒ္ဓဟူး ကြာသာပတေး ၂ ရက် လွတ်လွတ်လပ်လပ် တရားဟောခွင့် ပေးမယ်လို့ သံဃာ့ မဟာနာယဆရာတော်တွေက ကတိပေးခဲ့ပေမယ့် ဒီကနေ့ ၁ ရက်သာ ဟောခွင့်ရပြီး နက်ဖြန်မှာ တရားဟောခွင့် မရှိတော့ဘူးလို့ သိရပါတယ်။

0 comments:

Post a Comment