Sunday, November 06, 2011

Filled Under:

ဖမ်းဆီးခံ ကချင်အမျိုးသမီး အတွက် စိုးရိမ်ကြောင်း KWAT ပြော...Mizzima 6 November 2011

ဖမ်းဆီးခံ ကချင်အမျိုးသမီး အတွက် စိုးရိမ်ကြောင်း KWAT ပြော...Mizzima 6 November 2011



ချင်းမိုင်(မဇ္ဈိမ) ။        ။ မြန်မာစစ်တပ်က ဖမ်းဆီးထားသည်မှာ ရှစ်ရက်ကြာပြီဖြစ်သော ကချင်ပြည်နယ် မိုးမောက် မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲ ခိုင်ဗန်းကျေးရွာနေ  ကချင်အမျိုးသမီးအတွက် စိုးရိမ်ကြောင်း ထိုင်းအခြေစိုက် ကချင် အမျိုးသမီး အစည်းအရုံး KWAT က သောကြာနေ့က ပြောဆိုလိုက်ပြီး လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

လွယ်ဂျယ်မြို့အခြေစိုက် အစိုးရ တပ်ရင်း ခလရ ၃၂၁ မှ  စစ်သားများက အသက် (၂၈) နှစ် ဒေါ်ဆွမ်လွတ်ရွယ်ကို
အောက်တိုဘာ ၂၈ ရက်နေ့ကတည်းက ဖမ်းဆီးထားခဲ့သည်။

အောက်တိုဘလ ၂၈ ရက်နေ့က ၁၄ လသားအရွယ် သမီးငယ်၏ မိခင် ဒေါ်ဆွမ်လွတ်ရွယ်နှင့်အတူ ခင်ပွန်း ဦးမရူဒေါင်လွမ်း၊ ယောက္ခမ ဦးမရူဇေဒေါင်တို့ကို တောင်ယာတွင်ရှိနေစဉ် တပ်သားသုံးဦးက လာရောက် ဖမ်းဆီးခဲ့သည်။ ကချင်အမျိုးသားအစည်းအရုံး၏ တပ်များမှ စစ်သားများဟု စွပ်စွဲကာ အဖမ်းခံရသော အမျိုးသား
နှစ်ဦးမှာ တနေ့တည်းမှာပင် ထွက်ပြေးလွတ်မြောက်လာခဲ့သည်။

ဒေါ်ဆွမ်လွတ်ရွယ်ကို ထိန်းသိမ်းထားပြီး အဓမ္မပြုကျင့်နေသည်ဟု KWAT က စွပ်စွဲထားသည်။

“ကျမတို့ သွားကြည့်တဲ့ ၃၁ ရက်နေ့မှာ သူ့အရင် အင်္ကျီမဝတ်တော့ဘူး။ ညနေ ၄ နာရီလောက်မှာ စစ်သား လေးဦး က သူ့ကို စခန်းမှာ တူးထားတဲ့ လှိုဏ်ခေါင်းပေါက်ထဲကို တွဲခေါ်သွားတယ်။ နောက်နေ့ ၁ ရက်နေ့မှာ သူ့ကို မတွေ့ ရတော့ဘူး၊။”ဟု KWAT ၏ မိုင်ဂျာယန်အဖွဲ့ခွဲမှ ဒေါ်မိုင်းဂျာက ပြောသည်။

0 comments:

Post a Comment