Monday, November 14, 2011

Filled Under:

ကလေးမြို့မှာ အရှင်ဂမ္ဘီရကို မယ်တော် စောင့်နေ...RFA 14 November 2011

လွှတ်ပေးမဲ့ နိုင်ငံရေး အကျဉ်းသားတွေ အထဲမှာ ဆရာတော် အရှင်ဂမ္ဘီရလည်း ပါဝင်နိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့ အတွက် မယ်တော် ဖြစ်သူ ဒေါ်ရေးဟာ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဆက်လက် စောင့်နေတယ်လို့ သိရပါတယ်။
ကလေးမြို့ အကျဉ်းထောင်က ဆရာတော် အရှင်ဂမ္ဘီရ လွတ်မြောက်လာရင် ဒေသခံတွေရဲ့ ဆန္ဒအရ ကလေးမြို့မှာပဲ သိမ်ထပ်ပြီး သင်္ကန်း ပြန်လည်ဆီးပေးမယ်လို့ မယ်တော် ဒေါ်ရေးက ပြောပါတယ်။ ဒီလ ၁၁ ရက်က ထောင်ဝင်စာ တွေ့ခဲ့ရာမှာ ဆရာတော် အရှင်ဂမ္ဘီရဟာ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာတာ တွေ့ရတယ်လို့ ဒေါ်ရေးက ဆိုပါတယ်။ အရှင်ဂမ္ဘီရဟာ ၂၀၀၇ ခု သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေးမှာ ဦးဆောင ဆရာတော် တစ်ပါး အနေနဲ့ ပါဝင်ခဲ့ပြီးနောက် ကလေးမြို့ အကျဉ်းထောင်မှာ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံခဲ့ရ ပါတယ်။

0 comments:

Post a Comment