Saturday, November 26, 2011

Filled Under:

RFA .... U Min Lwin Oo Interview ....24 November 2011

၂၀၁၀ဧပြီလအတွင်းက X20 သကြန်ဗုံးပေါက်ကွဲမှူနဲ့ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ ရတဲ့ စာရေးဆရာ သားကြီးဇေယျနဲ့ သားဖြစ်သူ စည်သူဇေယျတို့ဟာ မတရားဖမ်းဆီးခံထားရတဲ့ သူတွေဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေးကော်မရှင်က ဆုံးဖြတ်လိုက်ကြောင်း အာရှလူ့အခွင့်ရေးကော်မရှင် AHRC က ဒီကနေ့ဘဲပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂကြေညာစာတမ်းမှာပါတဲ့ ပုဒ်မ ၁၉၊ ၂၀ အရ မိမိရဲ့ ထင်မြင်ယူဆချက်တွေကို လွတ်လွတ် လပ်လပ် ယူဆပိုင်ခွင့်ဆိုတဲ့ အချက်ကို ချိုးဖောက်ခံရတာဖြစ်တယ်လို့ လူ့အခွင့်အရေးကော်မရှင်ကဆုံးဖြတ်ကြောင်း AHRC ရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ရှေ့နေဦးမင်းလွင်ဦး ကပြောပါတယ်။

ဦးမင်းလွင်ဦး။  ။ကျွန်တော်တို့ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်လက်အောက်မှာ ရှိတဲ့မတရားဖမ်းဆီး ထိန်းသိမ်း ခံရတဲ့သူတွေကိုစောင့်ကြည့်တဲ့အဖွဲ့ကို ကျွန်တော်တို့ ကနေပြီးတော့ စည်သူဇေယျနဲ့ သားကြီးမောင်ဇေယျတို့ဟာ မတရားဖမ်းဆီး ထိန်းသိမ်း ခြင်းခံထားရတာ ကို အသိအမှတ်ပြုဖို့အတွက် ကျွန်တော်တို့တင်သွင်းခဲ့ပါတယ်။ အဲဒီလိုတင်သွင်းတဲ့အပေါ်မှာ လူ့အခွင့်ရေးကော်မရှင်ကနေပြီးတော့ မြန်မာနိုင်ငံအစိုးရကို ပေးပို့ အကြောင်းကြားတယ်။ အစိုးရကလည်း စည်သူဇေယျနဲ့ သားကြီးမောင်ဇေယျတို့ ဟာ ပြစ်မှုကျူးလွန်လို့အပြစ်ပေးပါတယ် ဆိုတဲ့အကြောင်းပြချက်တွေ နဲ့ အကြောင်းပြန် လာတာဖြစ်တယ်။ အဲဒီလိုနှစ်ဦး နှစ်ဖက်တင်ပြ ချက်တွေနဲ့ အကြောင်းပြချက်တွေပေါ်မှာ ကျွန်တော်တို့ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်က သုံးသပ်တာကတော့ မြန်မာနိုင်ငံ အတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှူတွေ ဆက်လက်ရှိနေသေးတယ် လို့အသိအမှတ် ပြုပြီးတော့ ဖြေကြားတယ်ဆိုတာကိုကျွန်တော်တို့သိရအောင် ထုတ်ပြန်ကြေညာခြင်း ဖြစ်ပါတယ်။

လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံ က မတရား ထိန်းသိမ်းခံထားသူများစာရင်း နှင့်ပတ်သက်ပြီး မျှမျှတတ စုံစမ်းစစ်ဆေးပြီးမှပြုစုထုတ်ပြန်တာဖြစ်တယ်လို့လဲ ဦးမင်းလွင်ဦး ကပြောပါတယ်။

ဦးမင်းလွင်ဦး။  ။လူ့အခွင့်အရေးချိုးဖောက်မှူတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရတယ်လို့ လူ့အခွင့်အရေးကော်မရှင်က သုံးသပ်ထားတဲ့ သုံးသပ်ချက်တွေက အစောကပြောသလိုမျိုး တဖက်သတ် သုံးသတ်ထားတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံအစိုးရကိုလည်း သူတို့က ခုခံ ချေပ ဖို့အတွက်မေးမြန်းပါတယ်။ အဲဒီလိုမေးမြန်းရရှိတဲ့အပေါ်မှာ ကျွမ်းကျင်တဲ့ပညာရှင် များကနေပြီးတော့ သုံးသပ်ဆုံးဖြတ်ပြီး အခုလိုမျိုး ထုတ်ပြန်ကြေညာ တာဖြစ်ပါတယ် ခင်ဗျာ။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ဆိုတာ မရှိဘူး။ ဥပဒေ ချိုးဖောက်သူတွေကို ပဲထိန်းသိမ်း ထားတာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန် က ဘာလီကျွန်းသတင်းစာရှင်း လင်းပွဲမှာ ပြောဆိုသွားတာဖြစ်ပေမယ့် နိုဝင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ မြန်မာ့အရေး ကုလသမ္မဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်မှာ နိုင်ငံရေးအကျင်းသား တွေကိုအမြန် ဆုံး လွှတ်ပေးဖို့တိုက်တွန်းထားပါတယ်ခင်ဗျာ။

0 comments:

Post a Comment