Sunday, December 04, 2011

Filled Under:

နိုင်ငံရေးအကျဉ်းသားတွေ မလွတ်သေးခင် ဘင်္ဂလားဒေ့ရှ် အကျဉ်းသားတွေ ပြန်လွှတ်ပေး...4 December 2011

နိုင်ငံရေးအကျဉ်းသားတွေ မလွတ်သေးခင် ဘင်္ဂလားဒေ့ရှ် အကျဉ်းသားတွေ ပြန်လွှတ်ပေး

2011-12-04
မြန်မာနိုင်ငံကို မကြာခင် ရောက်ရှိလာ မယ့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ ချစ်ကြည်ရေးခရီးစဉ် ကို ကြိုဆိုတဲ့အနေနဲ့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ် ကျခံနေရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ယောက်ကို မြန်မာ အာဏာပိုင်တွေက ပြစ်ဒဏ်တွေ လျှော့ပေါ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ မေတ္တာရပ်ခံချက်အရ နှစ်နိုင်ငံ ချစ်ကြည်ရေး အရရော၊ လူမှုရေးအရ ငဲ့ညှာတဲ့အနေနဲ့ပါ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တဲ့အကြောင်း ဒီနေ့ထုတ် မြန်မာအစိုးရ သတင်းစာ တွေမှာ ဖော်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာဖွယ်ရှိတယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အများ မျှော်လင့်သလို ဖြစ်မလာ ခဲ့ပါဘူး။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ် မတိုင်ခင် အခုလို ဘင်္ဂလားဒေ့ရှ် အကျဉ်းသားတွေကို ပြန်လွှတ်လိုက် တာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ပြန်လွှတ်ပေးသလို မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသားတွေကို လည်း လွှတ်ပေးသင့်တယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရခိုင် အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး ဒါဟာ Ms. Khaleda Zia ဝန်ကြီးချုပ်ဘဝနဲ့ မြန်မာနိုင်ငံကို ၂ဝဝ၃ ခုနှစ်က ရောက်ရှိလာပြီး နောက် ၈ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခေါင်းဆောင်တဦးရဲ့ မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။

မြန်မာ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စိုးဝင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြီးခဲ့တဲ့လက သွားရောက်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။

0 comments:

Post a Comment