Thursday, December 01, 2011

Filled Under:

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သတင်းစာ ရှင်းလင်း....RFA 1 December 2011

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သတင်းစာ ရှင်းလင်း

2011-12-01
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရ၀န်ကြီးတွေနဲ့ တွေ့ဆုံပြီးတဲ့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
RFA
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း
အမေရိကန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဆက်ဆံရေး၊ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ စီးပွါးရေးပိတ်ဆို့မှု၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ မြန်မာနိုင်ငံအပေါ် တိုက်တွန်းမှု၊ နိုင်ငံရေး အကျဉ်းသား ပြန်လည် လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒုက္ခသည် ကူညီရေး၊ လွှတ်တော်နှစ်ရပ်အတွင်း အာဏာခွဲဝေမှု၊ အစရှိတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ အမေးကို ပြည့်ပြည့်စုံစုံ ဖြေကြားသွားတာ တွေ့ရပါတယ်။ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေးအပါအ၀င် အမေရိကန် အစိုးရဘက်က ကူညီပံ့ပိုးနိုင်မယ့် ကိစ္စတွေကို ဆွေးနွေးခဲ့သလို မြန်မာနိုင်ငံဘက်က ရှေ့တိုးဆောင်ရွက်ရမယ့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးမှာ အားလုံးပါဝင်ခွင့်ရရေး၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နယ်ခြားဒေသတွေမှာ လူသားချင်းစာနာမှု အကူညီပေးခွင့်ရရေးတွေကို ပြည်သူ့လွှတ်တော်အနေနဲ့ ကြိုးစားဆောင်ရွက်မယ့်အကြောင်း ကတိပေးခဲ့တယ်လို့ ဦးရွှေမန်းက သတင်းထောက်တွေကို ပြောကြားပါတယ်။ မြန်မာအနေနဲ့ မြောက်ကိုရီးယားထံမှ နျူကလီးယားနည်းပညာ အကူအညီရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေကိုတော့ သူရ ဦးရွှေမန်းက သတင်းစာ ယတိပြတ် ငြင်းဆိုခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

0 comments:

Post a Comment