ပြည်သူတွေကို နှိပ်စက်လျင် ကြံ့ဖွံ့ပါတီဝင်တွေ အရေးယူ ခံရတော့မည်
Bi Weekly Eleven သတင်းဂျာနယ်
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၂၇) ရက်နေ့ ထုတ်ဝေသော Bi Weekly Eleven သတင်းဂျာနယ် စာမျက်နှာ (၃) တွင် “ပြည်သူများအား အနိုင့်အထက် ပြုကျင့်ခြင်း၊
မောက်မာ စော်ကားခြင်း ပြုလုပ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များအား ဒဏ်ခတ် အရေးယူမှုများ ရှိလာနိုင်သည်ဟု ပါတီ ဒုတိယ ဥက္ကဌ
သူရရွှေမန်း ပြောကြား“ ဟူသော သတင်း ခေါင်းစဉ်ဖြင့် ဇန်န၀ါရီလ (၂၁) ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထူး အစည်း
အဝေး အကြောင်း သတင်း ပါရှိသည်။ ၄င်းသတင်း ဖော်ပြချက်နှင့် ပတ်သက်၍ ရန်ကုန်တိုင်း အတွင်းရှိ ပြည်သူအချို့နှင့် လူငယ်အချို့က ယနေ့ ၂၇.၁.၂၀၁၂
ရက်နေ့တွင် Bi Weekly Eleven သတင်းဂျာနယ်၊ စာမျက်နှာ ၃ မူရင်းအတိုင်း မိတ္တူများ ကူးယူလျက် လူထုကြား ဖြန့်ဝေခဲ့ကြောင်းနှင့် နောက်နောင်တွင် ကြံ့ခိုင်း
ရေး ပါတီဝင်များက ပြည်သူများအပေါ် အနိုင့် အထက် ပြုကျင့် စော်ကားလာလျှင် သည်းခံ မနေကြတော့ရန် ဆွေးနွေး ပြောဆိုခဲ့ကြောင်း သတင်း ရရှိသည်။
၎င်းသတင်းတွင် သူရဦးရွှေမန်း ပြောကြားခဲ့သော အမှာစကားကို ဖော်ပြထားရာတွင် “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များ အနေဖြင့် ပြည်သူများ
အား အနိုင့် အထက် ပြုကျင့်ခြင်း၊ မောက်မာ စော်ကားခြင်း၊ စည်းကမ်း ပျက်ခြင်း၊ ပါတီတွင်း ဒီမိုကရေစီ ဖော်ဆောင်မှုကို အနှောက်အယှက် ပြုသူများအား
ပါတီတွင် နေရာရှိမှာ မဟုတ်သကဲ့သို့ ဒဏ်ခတ် အရေးယူမှုများ ရှိလာနိုင်ကြောင်း“ သတိပေးချက် ပါရှိသည်ကို တွေ့ရပါသည်။
REPORT
- Working Group on UPR
- UPR Advance Question (2)
- UPR Advance Question (1)
- Report of Working Group on the UPR
- ALRC-UPR -concerning rules of law and human rights in Myanmar(Annexe)
- ALRC- UPR- concerning rules of law and human rights in Myanmar
- HRDP Election Report ( Burmese Version)
- HRDP Election Report( English Version)
DVB TV news
- AAPP (Assistance Association for Political Prinsoners)
- NLD (National League for Democracy ) Burma
- Discussion on myanmar women issue
- BBC ( burmese)
- DVB, Democratic Voice of Burma (English)
- DVB, Democratic Voice of Burma TV (Burmese)
- Khitpyaing ( Burmese)
- Karen Women's Organization
- Mizzima (English)
- MoeMaKa (English)
- Radio Free Asia (Burmese)
- ReliefWeb Myanmar Updates
- Shan Women's Action Network
- VOA Burmese Service (Burmese)
- Yoma3 (Burmese)
- Zin Linn's Contributions
ပြည်သူတွေကို နှိပ်စက်လျင် ကြံ့ဖွံ့ပါတီဝင်တွေ အရေးယူ ခံရတော့မည်... 30 January 2012 Burma VJ
Sunday, January 29, 2012at 8:01 PM
Labels: သတင်း, ဆွေးနွေးချက်
Subscribe to:
Post Comments (Atom)












0 comments:
Post a Comment