Tuesday, January 03, 2012

Filled Under:

သမ္မတ ဦးသိန်းစိန်ရဲ့ လျှော့ရက်ပေး လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရတဲ့ နိုင်ငံရေးအကျဉ်းသား သုံးဦး ပြန်လည်လွတ်မြောက်လာခဲ့...Burma VJ media network ...3 January 2012

သမ္မတ ဦးသိန်းစိန်ရဲ့ လျှော့ရက်ပေး လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးသန့်ရှင်း(သရက်ထောင်) ၊ ကိုစောတွတ်ကီ (သရက်ထောင်) နဲ့ ကိုခင်မောင်ပု (ခ) အကြီးကောင် (တောင်ငူထောင်) တို့ သုံးဦး ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့သိရပါတယ်။
ဒီလျှော့ရက်ပေး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သရက်ထောင်ကနေ လွတ်မြောက်လာတဲ့ အကျဉ်းသား ၁၀၃ ဦး နဲ့ တောင်ငူထောင်က အကျဉ်းသား ၉၇ ဦး လွတ်မြောက်လာတယ်လို့လည်း သိရပါတယ်။
အဲဒီထဲကမှ သရက်ထောင်ကနေ လွတ်မြောက်လာတဲ့အကျဉ်းသား ယောကျာင်္လေး ၉၀ ဦးနဲ့ မိန်းလလေး ၁၃ ဦး ပါတယ်လို့လည်းသိရပါတယ်။

0 comments:

Post a Comment