မီဒီယာအလုပ်ရုံ ဆွေးနွေးပွဲမှာ ပြည်တွင်း ပြည်ပ မီဒီယာများ တွေ့ဆုံခွင့်ရ
2012-01-30
မြန်မာနိုင်ငံမှာ သတင်းမီဒီယာ ဖွံဖြိုးတိုးတက်မှုနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ အဖွဲ့အစည်းများ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးပွဲ ဒီကနေ့ ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ်မှာ စတင်ကျင်းပခဲ့ပါတယ်။
RFA
"ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခု အတွင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု" ခေါင်းစဉ်နှင့် ပြည်တွင်းပြည်ပ မြန်မာသတင်း မီဒီယာ အဖွဲ့အစည်းများ၏ ပထမဆုံးအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ အင်းလျားကန် ဟိုတယ်တွင် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၀ မှ ၃၁ ရက်နေ့အထိ ကျင်းပနေစဉ်။
ဒီမိုကရေစီစနစ် ပြောင်းလဲရေးမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍအပြင် မီဒီယာဥပဒေနဲ့ ပတ်သက်လို့ အဓိက ဆွေးနွေးခဲ့တယ်လို့ စီစဉ်သူတစ်ဦးဖြစ်တဲ့ ရန်ကုန်သတင်းစာနယ်ဇင်း ဥက္ကဋ္ဌ ဦးကိုကို (စက်မှု)က အာအက်ဖ်အေကို ပြောပါတယ်။ နိုင်ငံခြားသား ပညာရှင်သုံးဦး ပါဝင်ဆွေးနွေးကြောင်း၊ ပြည်သူတွေအတွက် သတင်း ဘယ်လိုဖြန့်ဝေပေးမလဲ ဆိုတာကိုလည်း မိမိတို့ ဆွေးနွေးကြကြောင်း ဦးကိုကို (စက်မှု)က ပြောပါတယ်။
ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးတင့်ဆွေက ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ မီဒီယာဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ သတင်း စာနယ်ဇင်းသမားတွေအနေနဲ့ အသေးစိတ် မသိရသေးဘူးလို့ဆိုပါတယ်။
ဆွေးနွေးပွဲကို မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းကပညာရှင်တွေ တက်ရောက်ကြသလို ပြည်ပ သတင်းမီဒီယာဌာနတွေထဲက မဇ္ဈိမ၊ ဗွီအိုအေနဲ့ ဘီဘီစီ (မြန်မာပိုင်း)ဌာန ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
"ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခုအတွင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု" ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဒီအလုပ်ရုံ ဆွေးနွေးပွဲကို နှစ်ရက်တာ ကျင်းပမှာပါ။
REPORT
- Working Group on UPR
- UPR Advance Question (2)
- UPR Advance Question (1)
- Report of Working Group on the UPR
- ALRC-UPR -concerning rules of law and human rights in Myanmar(Annexe)
- ALRC- UPR- concerning rules of law and human rights in Myanmar
- HRDP Election Report ( Burmese Version)
- HRDP Election Report( English Version)
DVB TV news
- AAPP (Assistance Association for Political Prinsoners)
- NLD (National League for Democracy ) Burma
- Discussion on myanmar women issue
- BBC ( burmese)
- DVB, Democratic Voice of Burma (English)
- DVB, Democratic Voice of Burma TV (Burmese)
- Khitpyaing ( Burmese)
- Karen Women's Organization
- Mizzima (English)
- MoeMaKa (English)
- Radio Free Asia (Burmese)
- ReliefWeb Myanmar Updates
- Shan Women's Action Network
- VOA Burmese Service (Burmese)
- Yoma3 (Burmese)
- Zin Linn's Contributions
မီဒီယာအလုပ်ရုံ ဆွေးနွေးပွဲမှာ ပြည်တွင်း ပြည်ပ မီဒီယာများ တွေ့ဆုံခွင့်ရ... RFA 2012 , 30 January
Monday, January 30, 2012
Subscribe to:
Post Comments (Atom)












0 comments:
Post a Comment