Wednesday, February 08, 2012

Filled Under:

ကချင် စစ်ပြေးဒုက္ခသည်များအတွက် 'မနောအလှ ဂီတည' .... 8 February 2012.... Mizzima

ကချင် စစ်ပြေးဒုက္ခသည်များအတွက် 'မနောအလှ ဂီတည'

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ) ။         ။ စစ်ပြေးဒုက္ခသည်များအတွက် ထောက်ပံ့လှူဒါန်းရန် ကချင်အဆိုတော်များ စုစည်းကာ
ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ 'မနောအလှ ဂီတည' အမည်ဖြင့် ဂီတဖျော်ဖြေပွဲတခု ကျင်းပသွားမည် ဖြစ်သည်။

လူသားချင်းစာနာသောအားဖြင့် ရန်ကုန်ရောက် ကချင်လူမျိုး နာမည်ကြီးအဆိုတော်များက စုစည်းကာ ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီဝင် အဆိုတော် L လွန်းဝါက ပြောသည်။

“ဒုက္ခရောက်နေတဲ့လူတွေကို ကူညီမယ်။ ဘာနိုင်ငံရေးမှ မပါဘူး။ ရသမျှ အကုန်လုံး လှူမှာပါ။ ကျနော်တို့ အစည်းအဝေးလုပ်ပြီး ညှိပြီးတော့မှ ဒီပွဲလေး ဖြစ်လာတာပါ။ လူသားချင်း စာနာတဲ့ သဘောပေါ့ဗျာ။ ကိုယ့်လူမျိုးလည်း
ဖြစ်နေတယ် ဆိုတော့ ပိုလုပ် ဖြစ်သွားတာပါ”ဟု သူက မဇ္စျိမကို ပြောသည်။ အဆိုပါ ရန်ပုံငွေပွဲတွင် ကချင်ရိုးရာ အကပဒေသာများလည်း ပါဝင်မည် ဖြစ်သည်။

'မနောအလှ ဂီတည'တွင် ကချင်တိုင်းရင်းသား အနုပညာရှင်များဖြစ်ကြသည့် နောနော်၊ Lခွန်းရီ၊ K ဂျာနူး၊ L ဆိုင်းဇီ၊ L လွန်းဝါ၊ N ကိုင်ရာ၊ ရေဗက္ကာဝင်း၊ Z အဘောက်၊ ဒေါင်လွဏ်း၊ အောင်းလာ၊ အောင်ရာလီ၊ အမ်းနော်၊ ဂျက်ဆန်ထွန်း၊ အာဇေး၊ ကော့မိုင်၊ ဘလူး ဘယ်ရီအဖွဲ့၊ အွန်ဆိုင်း၊ ဆိုင်းလူတို့ သီဆိုဖျော်ဖြေကြမည် ဖြစ်သည်။
manawnight
စစ်ပြေးဒုက္ခသည်များအတွက် ထောက်ပံ့လှူဒါန်းရန် ကချင်အဆိုတော်များ စုစည်းကာ ကန်တော်ကြီး မျှော်စင်ကျွန်း၌ 'မနောအလှ ဂီတည' အမည်ဖြင့် ဂီတဖျော်ဖြေပွဲတခု ကျင်းပသွားမည် (Photo :: Zen Myat)
ရန်ပုံငွေ လက်မှတ်တစောင်လျှင် ကျပ် ၅၀၀၀ နှုန်း သတ်မှတ်ထားပြီး သီးသန့်လှူဒါန်းလိုသည့် အလှူရှင်များ အနေဖြင့်
ငွေအားဖြင့်သော်လည်းကောင်း၊ ပစ္စည်းများဖြင့်သော်လည်းကောင်း လှူဒါန်းနိုင်ကြောင်း ပွဲတွင် ကြေငြာပေးထားမည်ဟု L လွန်းဝါက ဆိုသည်။

ဖျော်ဖြေပွဲမှ ရရှိသော အလှူငွေများကို  စစ်ပြေးဒုက္ခသည်များအတွက် အဆိုတော်များ ကိုယ်တိုင် မြစ်ကြီးနားမြို့အထိ သွားရောက် လှူဒါန်းမည် ဖြစ်သည်။

အဆိုပါ စစ်ပြေးဒုက္ခသည် ရန်ပုံငွေပွဲနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲတရပ် ကျင်းပမည် ဖြစ်သည်။

ယခုကဲ့သို့ ကူညီမည့် အစီအစဉ်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ ဒုက္ခသည်များ ကူညီရေး ကော်မတီ တာဝန်ခံ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

“ ဒုက္ခရောက်နေတဲ့သူတွေကို စာနာစိတ်နဲ့ လာရောက် ကူညီမယ်ဆိုရင် အသံနဲ့ ပဲဖြစ်ဖြစ်၊ ပစ္စည်းနဲ့ ကူညီတာပဲ
ဖြစ်ဖြစ်၊ မျက်နှာလာပြတာပဲ ဖြစ်ဖြစ်၊ ဝမ်းသာပါတယ်။ အရင်ကတော့ ကြားနေရတာပဲ ရှိတယ်။ အခုတော့ ကြိုဆိုပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။
manawnight1
စစ်ပြေးဒုက္ခသည်များအတွက် ထောက်ပံ့လှူဒါန်းရန် ကချင်အဆိုတော်များ စုစည်းကာ ကန်တော်ကြီး မျှော်စင်ကျွန်း၌ 'မနောအလှ ဂီတည' အမည်ဖြင့် ဂီတဖျော်ဖြေပွဲတခု ကျင်းပသွားမည် (Photo :: Zen Myat)

လက်ရှိအချိန်တွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသော စစ်ပြေးဒုက္ခသည်ပေါင်း ၆၀,၀၀၀ ကျော် ရှိရာ KIO ထိန်းချုပ် နယ်မြေအတွင်း ဒုက္ခသည် ၄၆,၀၀၀ ကျော် ရှိပြီး အစိုးရ ထိန်းချုပ်နယ်မြေများဖြစ်သော မြစ်ကြီးနား၊ ဗန်းမော်၊ မိုးမောက် စသည့်မြို့နယ်များတွင် စစ်ပြေးဒုက္ခသည်ပေါင်း ၁၄,၀၀၀ ကျော်ရှိသည်ဟု သိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင်  ငြိမ်းချမ်းရေးအဖွဲ့များနှင့် နှစ်ဘက် တွေ့ဆုံခဲ့ပြီးနောက် KIO တပ်ရင်း ၃၊ ၄၊ ၅ နယ်မြေများတွင် တိုက်ပွဲပေါင်း ၃၀ ကြိမ်ကျော် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

0 comments:

Post a Comment