Friday, February 10, 2012

Filled Under:

ABSDF နှင့် အစိုးရ ကိုယ်စားလှယ်တို့ အကြိုဆွေးနွေးပွဲ ပြုလုပ် .......10 February 2012... Mizziama

ABSDF နှင့် အစိုးရ ကိုယ်စားလှယ်တို့ အကြိုဆွေးနွေးပွဲ ပြုလုပ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။         ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (ကျောင်းသား တပ်မတော်) နှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်ရန် အကြိုတွေ့ဆုံဆွေးနွေးပွဲကို နှစ်ဖက် ကိုယ်စားလှယ် အဖွဲ့များက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဖေဖေါ်ဝါရီ ၉ ရက်နေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

ABSDF ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုဗိုလ်မှူးကြီးဟောင်း
စောခင်စိုး ဦးဆောင်သော ကိုယ်စားလှယ်များက ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖေါ်ဆောင်နိုင်ရေးတို့ကို အကြိုသဘောဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲတွင်ပါဝင်သူ ABSDF ဒုဥက္ကဋ္ဌ ဦးမျိုးဝင်း က ပြောသည်။

“အခြေခံအားဖြင့်တော့ ရှေ့ဆက်ပြီး နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးabsdf နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာတွေ
ဆွေးနွေးနိုင်ဖို့အတွက် အဓိကထားပြီး အကြိုသဘော ဆွေးနွေးဖြစ်တယ်”
ဟု မဇ္ဈိမကို ပြောသည်။

ယခုဆွေးနွေးပွဲသည် ပဏာမ တွေ့ဆုံခြင်းဖြစ်ပြီး အပစ်ရပ်ရေး အပါအဝင်
နိုင်ငံရေးအရ နှစ်ဖက်ညှိနှိုင်းဖေါ်ဆောင်ရ မည့် ကိစ္စရပ်များကို အကောင် အထည် ဖေါ်နိုင်ရန် ဒုတိယအကြိမ် တွေ့ဆုံပွဲတွင် ဆွေးနွေးသွားကြမည်
ဖြစ်ကြောင်း ABSDF  ထံမှ သိရသည်။

“ကျနော်တို့ အစစ်အမှန်ဆွေးနွေးရမယ့် ညှိနှိုင်းရမယ့် နိုင်ငံရေးကိစ္စတွေ အားလုံးကို ဒုတိယ အဆင့်မှာပဲ ဆွေးနွေးမယ်။ အခုဆွေးနွေးပွဲကလည်း ဒုတိယအဆင့်ကို သွားနိုင်ဖို့ ပြင်ဆင်တဲ့ အနေအထားပဲ ရှိပါတယ်။ ရက်ကိုတော့ နှစ်ဖက် အားတဲ့ရက်ကို ညှိနှိုင်းပြီး လုပ်ကြမှာပါ။ ခုတော့ သတ်မှတ်ထားတာ မရှိသေးပါဘူး” ဟု ဦးမျိုးဝင်း က ပြောသည်။

ယင်းသို့တွေ့ဆုံရာတွင် တင်ပြဆွေးနွေးကြမည့် အချက်များကို ABSDF တာဝန်ရှိသူများအကြား ဆွေးနွေးဖလှယ်မှုများ
ပြုလုပ်ရဦးမည်ဟု သိရသည်။

အစိုးရဘက်မှ ငြိမ်းချမ်းရေး စားပွဲဝိုင်းတွင် ‘တန်းတူညီတူ’ ဆွေးနွေးမည်ဟု ဖော်ပြပါရှိသော ကမ်းလှမ်းစာကို
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်း ကိုယ်စား ဒုဗိုလ်မှူးကြီးဟောင်း
စောခင်စိုး လက်မှတ်ထိုး၍ ဇန်နဝါရီ ၁၀ ရက်နေ့စွဲဖြင့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့သည်။

ABSDF ကလည်း ၎င်းတို့အနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ်
ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စသည့် နိုင်ငံရေး လုပ်ငန်းစဉ်များကို ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း အကြောင်းပြန်စာ ပို့ခဲ့ပြီးနောက် ယခုကဲ့သို့ ဆွေးနွေးပွဲ ဖြစ်ပေါ်လာခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။

ABSDF အတူ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြသည့် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရတို့ ဇန်နဝါရီ ၁၂ ရက် နေ့က ဘားအံမြို့တွင် အပစ်ရပ်ရေး ဆွေးနွေးသဘောတူခဲ့ကြသည်။

၁၉၈၈ ဒီမိုကရေစီအုံကြွမှုကြီးမှ ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းခဲ့သည့် ABSDF အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေး
ဆွေးနွေးရန်အတွက် မိမိအဖွဲ့တွင်းနှင့် ပြည်တွင်း/ပြည်ပ ကျောင်းသားလူထု၏ သဘောထား အကြံဉာဏ်များ ရယူခဲ့ပြီးမှ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment