Photo credit: State Department
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသားဟောင်း လူရွှင်တော် ကိုဇာဂနာနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton တို့ တွေ့ဆုံစဉ်။
အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း လူရွှင်တော် ကိုဇာဂနာ၊ NLDပါတီက ဒေါ်ခင်သန်းမြင့်နဲ့ NDFပါတီက ကချင်လူ့အခွင့်အရေး ဆောင်ရွက်နေသူ ဒေါ်ဘောက်ဂျာတို့ဟာ ဖေဖော်ဝါရီ ၈ ရက်က Mrs. Clinton နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့စဉ် ခုလို ပြောလိုက်တယ်လို့ ကိုဇာဂနာက အာအက်ဖ်အေကို ပြောပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေကို ပြစ်ဒဏ် အကြွေးမချန်ပဲ ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးတွက် အမေရိကန်အနေနဲ့ ဘယ်လို ကြားဝင် ဆောင်ရွက်နိုင်မလဲဆိုတဲ့ကိစ္စ၊ အမျိုးသမီး အခွင့်အရေးနဲ့ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းပိုင်ခွင့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ကချင်ဒေသက စစ်ပြေးဒုက္ခသည်တွေကို အမေရိကန်အနေနဲ့ ဘယ်လိုအကူညီ ပေးနိုင်မလဲ ဆိုတာကိုပါ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ကိုဇာဂနာတို့ သုံးဦးဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton အပြင် အာရှပိစိဖိတ်ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Kurt Campbell၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Michael Posner တို့နဲ့လည်း သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
0 comments:
Post a Comment