Monday, March 26, 2012

Filled Under: , ,

Interview with AHRC , the Statement “BURMA: Cynical manipulation of legal system prefigures continued authoritarianism”..........27 March 2012 (Burmese)


RFA Interview with AHRC , 27 March 2012 (Morning Broadcast )
Regarding on the Statement “BURMA: Cynical manipulation of legal system prefigures continued authoritarianism”
မြန်မာပြည်ရဲ့ အပြောင်းအလဲကာလ တရားစီရင်ရေး မှုတချို့မှာ ဥပဒေ ပြဌာန်းချက်တွေကို လှည့်ဖြားနေတာတွေရှိနေတယ်လို့ အာရှလူ့အခွင့်အရေးကော်မရှင်AHRC က မနေ့က ထုတ်ပြန်ကြောညာလိုက်ပါတယ်။ လူအများသိနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ရဲ့ အမှုမှာ တရားရုံးနဲ့ သမ္မတရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေအကြောင်းအရ မှားယွင်းတာတွေရှိနေတယ်လို့ AHRC ပြောခွင့်ရသူ ရှေ့နေဦးမင်းလွင်ဦး က ပြောပါတယ်။
ရှေ့နေဦးမင်းလွင်ဦး။          ။ဖဒိုမန်းငြိမ်းမောင်ကို စတင်အရေးယူစဉ် မှာကတည်းကိုက နိုင်ငံတော်ပုန်ကန်မှုနဲ့ အရေးယူမယ်ဆိုရင် သမ္မတရဲ့ ခွင့်ပြုမှုအမိန့်လိုပါတယ်။ အဲဒီတော့ အဲဒီတော့ ဒီအမှုမှာ နဂိုကတည်းက ကိုက သမ္မတရဲ့ခွင့်ပြုမိန့်မပါတဲ့အတွက် ဒီအမှုက နဂိုကတည်းက ကိုပျက်ပြယ်ပြီးသားအမှုလို့ကျွန်တော်တို့ဆိုနိုင်ပါတယ်။ အဲဒီတော့ ပျက်ပြယ်ပြီးသားအမှုကို တရားရုံးက ပြည်ထဲရေးဝန်ကြီးဌာန ရဲ့ အမိန့်စာနဲ့တင်လက်ခံပြီးတော့ စစ်ဆေးစီရင်တာက ပထမအချက်ဥပဒေအရမှားယွင်းတယ်။ နောက်တခါ တစ်သက်တကျွန်းပြစ်ဒဏ်ပေးလိုက်တယ်။ ပြစ်ဒဏ်ပေးပြီးတော့ တရားခံဖြစ်သူက အသနားခံစာသော်လည်းကောင်း၊ အယူခံမှုသော်လည်းကောင်း မတင်ခင်မှာ သမ္မတရဲ့ညွန်ကြားချက်နဲ့ လွတ်လိုက်တယ်ဆိုတဲ့ထုတ်ပြန်ချက်က ကျွန်တော်တို့တရားစီရင်ရေးကို အုပ်ချုပ်ရေးအာနာပိုင်အဖွဲ့က ပြက်ရယ်ပြုပြီးတော့ စီမံဆုံးဖြတ်လိုက်သလိုမျိုးဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့တွေ့ရတယ်။
မေး။      ။အလားတူဘဲ ရန်ကုန်မှာ နာမည်ကြီးလူသတ်မှုဖြစ်တဲ့ဆေးရုံကားမောင်း ကိုတင်မောင်ဆွေကို အများပြည်သူရှေ့မောက် လူတစ်စုက မသေမချင်းရိုက်သတ်ခဲ့တဲ့အမှုမှာ ငွေပေးနိုင်သူတွေကို တရားသူကြီးက ပြစ်ဒဏ်တွေလျှော့ပေါ့ပေးလိုက်တယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။
ရှေ့နေဦးမင်းလွင်ဦး။          ။အဲဒီအမှုမှာ တရားခံအဖြစ်ဖမ်းထားတဲ့ လူ ၅ ဦးကို ကျွန်တော်တို့တွေ့ရတယ်။ အဲဒီအထဲမှာ ငွေပေးနိုင်သူတွေကို ထောင်ဒဏ် ၁ နှစ်နဲ့ ၆ လ ထောင်ဒဏ်အပြစ်ပေးလိုက်တယ်။ ငွေမပေးနိုင်တဲ့ လူနှစ်ဦးကို ၅ နှစ်စီအပြစ်ပေးလိုက်တယ်။ ဒါတွေက မြန်မာနိုင်ငံအတွင်းက တရားစီရင်ရေးစနစ်မှာ လဒ်ပေးလဒ်ယူမှု တွေရှိနေတယ် ဆိုတာကို အတိအလင်းထောက်ပြလိုက်တာဖြစ်တယ်။ 
မေး။      ။ ဒီအမှုမှာ ပြည်သူတွေရှေ့မောက်ကျူးလွန်တဲ့လူသတ်မှုဖြစ်တဲ့ အပြင် ဘေးပတ်ဝန်းကျင်ကို ထိန့်လန့်အောင်လုပ်တဲ့အတွက်ကြောင့် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ရမယ့်အစား တရားခံတွေကို ထောင်ဒဏ်၅ နှစ် နဲ့ ၇ နှစ် လောင်စီဘဲ စီရင်ချက်ချတာကို ကြည့်မယ်ဆိုရင် ငွေများတရားနိုင်ဖြစ်နေတယ်လို့ ရှေ့နေဦးမင်းလွင်ဦးက ပြောသွားပါတယ်။

0 comments:

Post a Comment