Wednesday, May 23, 2012

Filled Under:

ဗုံး​ခွဲမှုဖြင့်​ ​သေဒဏ်​ပေး​ခံရသူ အသည်း​ကင်ဆာ​ရောဂါကျွမ်း​နေ... DVB..23 May 2012

ဗုံး​ခွဲမှုဖြင့်​ ​သေဒဏ်​ပေး​ခံရသူ အသည်း​ကင်ဆာ​ရောဂါကျွမ်း​နေ

Published on May 23, 2012 by နေသွင်   ·   No Comments
လွန်ခဲ့ ​တဲ့​ ၂ နှစ်က ရန်ကုန်သင်္ကြန်ဗုံး​ပေါက်မှု​တွေမှာ တာဝန်ရှိတယ်လို့​ စွပ်စွဲခံရပြီး​နောက် ​သေဒဏ်​ပေး​ခံထား​ရတဲ့​ ကိုဖြိုး​ဝေ​အောင်ရဲ့​ အသည်း​ကင်ဆာ အ​ခြေအ​နေဟာ လပိုင်း​လောက်ပဲ ခံမယ်လို့​ ညီဖြစ်သူ ​ဒေါက်တာထက်​ဝေ​အောင်က ​ပြောပါတယ်။
ကိုဖြိုး ဝေ အောင်
“အသည်း​ကင်ဆာ ဖြစ်တာပါ။ အသည်း​တခုလုံး​ ပြန့်​နေပါပြီ။ အသည်း​ပါ​မောက္ခ ဌာနမှူး​နဲ့​ လာပြပြီး​ပါပြီ။ ကုသမှုက​တော့​ အသည်း​တခုလုံး​ကို ပြန့်​နေတဲ့​အတွက် လှီး​ထုတ်လို့​ မရ​တော့​ဘူး​။ ​နောက်ဆုံး​ ကင်ဆာအလုံး​တွေကို ဒီထက်မပွား​အောင် ​ဆေး​တိုက်ကြည့်​မယ်လို့​ပြောတယ်ဗျ။ အ​ခြေအ​နေအရ​တော့​ လပိုင်း​လောက်ပဲဗျ။ စိတ်ဓာတ်​ပေါ်မှာ မူတည်မှာ​ပေါ့​ဗျာ။ စိတ်ဓာတ်ကျသွား​ရင်​တော့​ ၁ လ​လောက်လည်း​ ဖြစ်နိုင်တာပဲ။ ခု​လော​လောဆယ်​တော့​ သူက စိတ်ဓာတ်မာ​နေ​သေး​တော့​ အ​ကောင်း​ဘက်က ​မေ်ွာ်လင့်​တာ​ပေါ့​ဗျာ။”
ကိုဖြိုး​ဝေ​အောင်ရဲ့​ ​ရောဂါအ​ခြေအ​နေကို တနင်္လာ​နေ့​တုန်း​က ရန်ကုန် ​ဆေး​ရုံကြီး​က ဆရာဝန်နှစ်ဦး​က စစ်​ဆေး​ပြီး​နောက် လပိုင်း​လောက်ပဲ ခံ​တော့​မယ့်​ အ​ကြောင်း​ ​ပြောခဲ့​တာလို့​ ညီဖြစ်သူ ​ဒေါက်တာထက်​ဝေ​အောင်က ​ပြောပါတယ်။
လော​လောဆယ်မှာ​တော့​ ကိုဖြိုး​ဝေ​အောင်ကို အင်း​စိန်​ထောင်​ဆေး​ရုံမှာပဲ ဆက်ထား​ပြီး​ မိသား​စုကို ပုံမှန်သွား​ကြည့်​ဖို့​ ခွင့်​ပြုထား​ပါတယ်။
ကိုဖြိုး​ဝေ​အောင်ဟာ ဇန်နဝါရီလကတည်း​ ​ရောဂါ​ဝေဒနာ​တွေ ဆိုး​ဆိုး​ရွား​ရွား​ ခံစား​နေရ​ပေမယ့်​ လုံ​လောက်တဲ့​ ကျန်း​မာ​ရေး​စောင့်​ရှောက်မှု​တွေ မရခဲ့​ဘဲ ၅ လ အကြာမှာ ​ရောဂါအ​ခြေအ​နေကို သိခွင့်​ရတယ်လို့​ ညီဖြစ်သူ ​ဒေါက်တာ ထက်​ဝေ​အောင်က ​ပြောပါတယ်။
“ဒီလိုဖြစ်သွား​မယ်လို့​ မထင်ဘူး​။ ဇန်နဝါရီတုန်း​က​တော့​ ​တော်​တော်ဆိုး​တယ်။ ထိုင်လို့​ မရ၊​ ထလို့​မရ၊​ အိပ်လို့​လည်း​ မရဘူး​။ လမ်း​လေ်ွာက်လို့​လည်း​ မရဘူး​။ ​ထောင်ကကျ​တော့​ ပိုး​သတ်​ဆေး​လေး​ပေး​လိုက်နဲ့​ပဲ​ပေါ့​။ သူတို့​က ထင်​နေတာ ဟန်​ဆောင်တယ်လို့​ ထင်လား​မသိပါဘူး​ဗျာ။ အသည်း​ကင်ဆာဆို​တော့​ အခု ၅ လ​နေမှ ပြန်လွှဲတာ​ပေါ့​။
“အရမ်း​နာကျင်တယ်ဗျာ။ ဖြစ်တာက ဇန်နဝါရီကတည်း​က ဖြစ်တာ။ အခုမှ ​ဆေး​ကုသခွင့်​ကလည်း​ မရဘူး​။ အခု ​ဆေး​ရုံလာ​တော့​ ​ဆေး​ရုံ​ပေါ်တက်တာ​တောင် ​တော်​တော်​လေး​ တက်ယူရတယ်။ လမ်း​လေ်ွာက်တာ ယိုင်​နေပြီး​တော့​၊​ မလှုပ်နိုင်ဘူး​။ အိပ်တာလည်း​ ထိုင်ခုံမှာပဲ အိပ်​နေရတယ်။ ​တော်​တော်ဆိုး​နေတာ​ပေါ့​ဗျာ။ စိတ်​လေး​တခုပဲ ​ကောင်း​နေတာ​ပေါ့​။”
လူ ၁၀ ​ယောက် ​သေဆုံး​ခဲ့​တဲ့​ ၂၀၁၀ ဧပြီလ ရန်ကုန်သင်္ကြန် X2O မဏ္ဍပ် ဗုံး​ခွဲမှုနဲ့​ အသက် ၃၂ နှစ်အရွယ် ကိုဖြိုး​ဝေ​အောင်ကို ဖမ်း​ဆီး​တရား​စွဲခဲ့​ပြီး​ ဒီလဆန်း​ပိုင်း​ကပဲ ​သေဒဏ်ချထား​တာ ဖြစ်ပါတယ်။
သူ့​ကို မှား​ယွင်း​စွပ်စွဲပြီး​ စီရင်ချက်ထား​တာဖြစ်လို့​ အခုလို အသက်ရှင်ဖို့​ ရက်သိပ်မကျန်​တော့​တဲ့​ အ​ခြေအ​နေမှာ ခြွင်း​ချက်မရှိ ပြန်လွှတ်​ပေး​ဖို့​ အာရှလူ့​အခွင့်​အ​ရေး​ကော်မရှင်က ဒီ​နေ့​ ရက်စွဲနဲ့​ သမ္မတ ဦး​သိန်း​စိန်ထံကို အိတ်ဖွင့်​ပေး​စာတ​စောင် ​ပေး​ပို့​ ​တောင်း​ဆိုထား​ပါတယ်။

0 comments:

Post a Comment