Sunday, August 03, 2014

Filled Under:

အချုပ်သားများကို ရိုက်နှက်ခဲ့သော အကျဉ်းထောင်ဝန်ထမ်းဟောင်းနှစ်ဦး မီဒီယာရှေ့တွင် တောင်းပန် (By 7 Day Daily News)

အချုပ်သားများကို ရိုက်နှက်ခဲ့သော အကျဉ်းထောင်ဝန်ထမ်းဟောင်းနှစ်ဦး မီဒီယာရှေ့တွင် တောင်းပန်


အင်းစိန်ထောင်တာဝန်ရှိသူများ တော်ဝင်သစ်အချောထည်စက်ရုံမှ အလုပ်သမားများအပေါ် ကြမ်းတမ်းစွာဆက်ဆံခဲ့ခြင်းကို ဝန်ချတောင်းပန်စဉ်
အင်းစိန်အကျဉ်းထောင် အတွင်း အချုပ်သားကို  ရိုက်နှိက် ခဲ့သည့် ထောင်ဝန်ထမ်းဟောင်း နှစ်ဦးက ပထမအကြိမ်အဖြစ် ကျူးလွန်ခံရသူများအား မီဒီယာများရှေ့တွင် ၀န်ချတောင်းပန်ခဲ့သည်။၂၀၁၃ ခုနှစ် ဇူလိုင်က အင်းစိန်အကျဉ်းထောင်တွင် ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခံထားရသော တော်ဝင်သစ်အချောထည် စက်ရုံမှ အလုပ်သမား ကိုးဦးမှာ တရားရုံးချိန်းမှ အပြန်အချုပ်ခန်းသို့ မရောက်မီ လုံခြုံရေးဂိတ်တွင် စစ်ဆေးခံနေစဉ် ၎င်းတို့ထဲမှ နှစ်ဦးကို တပ်သား အေးမင်းအောင်က လည်ပင်းညှစ်၊ ထိုးကြိတ်ခဲ့သောကြောင့် အကျဉ်းဦးစီးအရာရှိထံ တိုင်ကြားသော်လည်း မဖြေရှင်းပေးဘဲ ခြိမ်း ခြောက်ပြောဆိုခဲ့၍ အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။

ထို့နောက် အချုပ်သားဖြစ် သူများက ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့် အကျဉ်းဦးစီးအရာရှိအပါအ၀င် အေးမင်းအောင်တို့ ကို ပုဒ်မ သုံးခုဖြင့်  အမှုဖွင့်ပြီး အင်းစိန်တရားရုံးတွင် တရားစွဲ ဆိုခဲ့သည်။ တရားရုံးချိန်းပေါင်း ၃၀ ကျော်တွင် အမှုဖွင့်ခံခဲ့ရသည့် ဦးစီးအရာရှိမောင်မောင်ကြီးနှင့် တပ်သားအေးမင်းအောင်တို့ကအမှုရုပ်သိမ်းရန် ညှိနှိုင်းဆွေးနွေး မှုပြုလုပ်လာခဲ့သည်။ သြဂုတ် ၃ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကျူးလွန်ခဲ့သည့်အမှားအတွက် ကျူးလွန်ခံရသူများအားမီဒီယာများရှေ့တွင် ၀န်ချတောင်းပန်ခဲ့ခြင်းဖြစ်သည်။
 ထိုကဲ့သို့မီဒီယာရှေ့တွင် ၀န်ချတောင်းပန်ရန် တရားလို များဘက်က တောင်းဆိုခြင်း မဟုတ်ကြောင်း တရားလိုများ ဘက်မှပြောသည်။
‘‘ဖြစ်ခဲ့တာကို သမိုင်းတစ်ခု လို့မှတ်ယူတယ်။ ဦးမောင်မောင် ကြီးနဲ့ ကိုအေးမင်းအောင်က သူ တို့ကျူးလွန်ကြောင်းကို  ရဲရဲဝံ့ဝံ့ဝန်ချတောင်းပန်ခဲ့တဲ့အတွက် ခြွင်းချက်မရှိကျေအေးပေးဖို့ လာမယ့်၁၄ ရက်နေ့ရုံးချိန်းမှာ လက်မှတ်ရေးထိုးပေးမှာပါ’’ဟု တော်ဝင်သစ်အချောထည်စက်ရုံမှ အလုပ်သမားခေါင်းဆောင် နေလင်းဦးကပြောသည်။
 ထို့ကြောင့် သြဂုတ် ၁၄ ရက်  တရားရုံးချိန်းတွင် တရားလိုဖြစ်သော တော်ဝင်သစ်အချောထည်စက်ရုံမှ လုပ်သားများဘက်က ကျေအေးကြောင်း လက်မှတ်ရေးထိုးပေးမည်ဖြစ်ကြောင်း အမှုဖွင့်ထားသူများကပြောသည်။
  ‘‘ရှေ့ကိုလည်းမရှည်ချင်တော့ဘူး။ ကိုယ်တိုင်လည်း ကျူးလွန်ခဲ့တာတော့ မဟုတ်ဘူး။  တာဝန်ပိုင်းအရ သေချာမဖြေရှင်းပေးခဲ့ လို့ တောင်းပန်ပါတယ်။ အခုဝန် ထမ်းလည်း မဟုတ်တော့ပါဘူး။ အရပ်သားစိတ်ဓာတ်ပဲရှိပါတယ်’’ ဟု ထောင်တာဝန်ခံဟောင်းတစ် ဦးဖြစ်သူ ဦးမောင်မောင်ကြီးက သတင်းစာရှင်းလင်းပွဲတွင်ပြော ကြားခဲ့သည်။
 ထို့အပြင်တပ်သားဟောင်း အေးမင်းအောင်ကလည်း စိတ် အခန့်မသင့်၍ဖြစ်သွားခြင်းပါဟု ဆိုသည်။
  ဦးစီးအရာရှိဟောင်း ဦးမောင်မောင်ကြီးသည် ၂၀၁၄ ဇွန်လက  အငြိမ်းစားပင်စင်ယူခဲ့ပြီး တပ်သားအေးမင်းအောင်မှာ အလုပ်မှ  ထုတ်ပယ်ခံခဲ့ရသည်။ ထို့အပြင် အကျဉ်းထောင်စည်း ကမ်းအရ ၁၅ ရက်ဖမ်းဆီးထိန်း သိမ်းခံခဲ့ရပြီး ၎င်းရရှိမည့် လုပ်ခ လစာငွေတစ်လစာကိုလည်း မရရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါတော်ဝင်လုပ်သား များသည် အလုပ်ရှင်နှင့် အငြင်း ပွားမှုဖြစ်ပွားပြီး ခွင့်ပြုမိန့်မရှိဘဲ ဆန္ဒပြတောင်းဆိုခဲ့၍ မြို့နယ် လေးခုတွင် ပုဒ်မ ၁၈ ဖြင့် အမှု ရင်ဆိုင်ခဲ့ရသည်။ ယခုအခါ၎င်း တို့သည် ငွေဒဏ်ပေးဆောင်ကာ ပြစ်ဒဏ်ခဲ့ပြီးဖြစ်သည်။

0 comments:

Post a Comment