Thursday, March 19, 2009

Filled Under:

ALRC ရဲ့ ၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်

VOA ---- Evening Programm, 20/2/ 2009

(ဒီဆက်သွယ်မေးမြန်းချက်ကို VOA မှ ကိုရန်နိုင်က အာရှလူ့အခွင့်အရေး ကောင်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးကို ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။)

မြန်မာနိုငံမှာ စစ်အစိုးရက အတိုက်အခံနိုင်ငံရေး လှုပ်ရှားသူတွေကို မတရား ဖမ်းဆီးပြီး ပြီးခဲ့တဲ့လပိုင်းက နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့တာတွေ လုပ်ခဲ့ပါတယ်။
အခုလို မြန်မာနိုင်ငံမှာ အတိုက်အခံ နိုင်ငံရေး လှုပ်ရှား တက်ကြွသူတွေကို ဖမ်းဆီးထောင်ဒဏ် အပြစ်ဒဏ်တွေ ချမှတ်နေသလိုဘဲ အဲဒီလို နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို စွဲဆိုထားတဲ့ အမှုတွေအတွက် လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင် ရှေ့နေတွေကိုလည်း မြန်မာစစ်အစိုးရဘက်က ထောင်ဒဏ်ချမှတ် ခဲ့တာတွေ ရှိပါတယ်။

အခုလိုမျိုး စစ်အစိုးရဘက်မှ တရားဥပဒေ ချိုးဖေါက်နေတာနဲ့ ပတ်သက်ပြီးတော့ အာရှ ဥပဒေ အရင်းအမြစ် ပင်မဌာန ALRC က ဒီကနေ့မှာပဲ ကြေငြာချက် နှစ်စောင် ထုတ်ပြန် လိုပါတယ်။ ဒီကြေငြာချက်မှာ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ နိုင်ငံရေး လှုပ်ရှား တက်ကြွသူဘက်က လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ကိစ္စနဲ့ မြန်မာနိုင်ငံရှိ တရားစီရင်ရေးမှာ တရားမျှတမှုမရှိဘူး၊ တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုတာကို ထောက်ပြထားတဲ့ အစီရင်ခံစာတွေ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာတွေကို ရှေ့လမှာ ဂျီနီဘာမှာရှိတဲ့ လူ့အခွင့်အရေး ကော်မရှင်ကို တင်သွင်းမယ်လို့ ရှေ့နေဦးမင်းလွင်ဦးက အခုလိုပြောပါတယ်။


ဖြေ ----- လူ့အခွင့်အရေး ကောင်စီရဲ့ အစည်းအဝေးမှာ အထူးကိုယ်စားလှယ် ကလည်း အစီရင်ခံစာ တင်သွင်းမှာ ဖြစ်တယ်။ အဲဒီလို တင်သွင်းတဲ့အခါမှာ ကျနော်တို့ အခု ဖေါ်ပြထားတဲ့ ရှေ့နေတွေရဲ့ကိစ္စ၊ နောက်ပြီး မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်တွေမှာ ဘယ်လိုမျိုး လုပ်ကိုင် ဆောင်ရွက်သင့်တယ် ဆိုတဲ့ဟာတွေကို အမှုတွဲတွေနဲ့ တင်ပြထားတာ ရှိတယ်။ ဒါတွေကို ထည့်သွင်း စဉ်းစားနိုင်ဖို့ ကျနော်တို့ ကနေပြီးတော့ ဒီနေ့တင်သွင်းရခြင်း ဖြစ်တယ်။

မေး ---- အဲဒီလိုဆိုတော့ အရင်တုန်းကရော ဒီလိုတင်သွင်းတဲ့ အခါမှာ အကျိုးသက်ရောက်မှုတွေ ဘယ်လိုရှိသလဲ။

ဖြေ ----- ဟုတ်ကဲ့ခင်ဗျား။ ကျနော်တို့ ဒီလို တင်သွင်းလိုက်တဲ့ ကိစ္စရပ်တွေမှာ အကျိုးသက်ရောက်မှုတွေ ဘယ်ရှိသလဲဆိုရင် ပထမဦးဆုံး အကြိမ် အဖမ်းခံရတဲ့ စုစုနွေးကိစ္စမှာ ထူးထူးခြားခြား ပြောင်းလဲမှုတွေရှိလာတယ်။ နောက်တခါ ILO ကိစ္စနဲ့ ပတ်သက်လို့ အောင်လံမြို့နယ် ငပြင်းရွာသား ကိုဝင်းမြင့် သေတဲ့ကိစ္စမှာ လိုက်ပါ ဆောင်ရွက်ပေးတဲ့ သူတွေရဲ့ အမှုတွေကို အစိုးရ အာဏာပိုင်ကနေ ရုပ်သိမ်းခဲ့ရတာတွေက ထင်ထင်ရှားရှား ဖြစ်တဲ့ဥပမာတွေ ဖြစ်တယ်။

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိတာနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး ကော်မရှင်မှ အစီရင်ခံစာ တင်တဲ့ အကြောင်းကို ဦးမင်းလွင်ဦး ပြောပြခဲ့တာပါ။