Wednesday, March 18, 2009

Filled Under:

အရှင်ဂမ္ဘီရအား ထောင်ဒဏ် အပြစ်ပေးမှုနှင့် စပ်လျဉ်း၍ အမဖြစ်သူ ရှင်းလင်းချက်

VOA ----- evening programme, 6/11/2008,

စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ ပါဝင်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ အရှင်ဂမ္ဘီရကို ထောင်ချဖို့အတွက် တိမ်းရှောင်စဉ်မှာ အတူ အဖမ်းခံခဲ့ရတဲ့ ဦးဂမ္ဘီရ ဖခင်ဖြစ်သူကို တရားလို သက်သေလုပ်ခိုင်းဖို့ အာဏာပိုင်တွေက အကြောင်းကြား လာတယ်လို့ ဆိုပါတယ်။ ဦးဂမ္ဘီရရဲ့ အမဖြစ်သူပြောတာက ----

''ချတဲ့နေ့ည ၁၁ နာရီလောက်က အမှတ် (၃) ရဲစခန်းက SA ကိုကျော်ထင်က နေလာပြီးတော့မှ အဖေ့ကို ဦးဇင်းအတွက် တရားလို သက်သေအနေနဲ့ လာပြီးတော့ ခေါ်တယ်။ ၁၀ ရက်နေ့ကို ရုံးချိန်း တွေ့ရမယ်ပေါ့လေ။ ၁၀ ရက်နေ့ မတိုင်ခင် ရောက်ထားရမယ်လို့ ပြောတယ်။ ဦးဇင်းကို တရားလို သက်သေအဖြစ် ထွက်ပေးဖို့ အဲလိုမျိုး အဲတာကိုဘဲ အဓိကထားပြီး ပြောသွားတယ်။''

မေး ----- အခုလို ဖခင်ဖြစ်သူကို တရားလိုသက်သေအဖြစ် စေခိုင်းချက်အပေါ် မိသားစုဘက်က သွားမယ့် အစီအစဉ် ရှိပါသလားလို့ မေးတဲ့အခါမှာတော့ -

ဖြေ ----- အဖေကတော့ မသွားချင်ဘူးပေါ့။ မသွားချင်ပေမဲ့ သူတို့က မသွားလို့မရ ဘူးလေ။ သူတို့က ခေါ်မှာဘယ်။ အဖေက မသွားချင်ရင်လည်း အဖေနဲ့ အမေကနဲ့ သွားရမှာဘဲ။ အဖေ့အနေနဲ့ မသွားချင်ဘူးပေါ့။ သွားလည်း မသွားသင့်ဘူးလေ။ သားဖြစ်တဲ့ ဦးဇင်းကို ထောင်ချဖို့ဟာကို အဖေကို သက်သေ လုပ်ခိုင်းတယ်ဆိုတာ မတရားတဲ့အလုပ်ဘဲ။ သမင် ဖိအားပေးတယ်။ သူတို့က သမင် ရက်စက်ပြီးတော့မှ ဒီလိုမျိုး ခေါ်တာပေါ့။ ဒါကတော့ မလုပ်သင့်ဘူး။

''အဲတော့ သွားဖို့ရာ ကျတော့လည်း အိမ်မှာ အဆင်မပြေဘူး၊ အဆင်မပြေဘူးဆိုတာက လမ်းစရိတ်ကအစ အဆင်မပြေဘူးလေ။ စီးပွားရေးဟာလည်း အိမ်မှာဘာမှ လုပ်လို့မရတော့ဘူး။ သူတို့က ဒီလို အနှောင့်အယှက် လုပ်တော့ ဆိုင်ကယ်ပြင်ဆိုင်လည်း ပိတ်ထားရတယ်။ နောက် အိမ်မှာ ဖွင့်ထားတဲ့ ဈေးဆိုင်ကလည်း လာဝယ်ရဲတဲ့သူ မရှိတဲ့အတွက် ပိတ်ထားရတယ်။ အိမ်မှာဝင်ငွေ မရှိဘူးပေါ့။ လမ်းစရိတ်ကအစ ပါမှမရှိတော့ အဖေတို့မှာ အဲဒီအခက်အခဲ ရှိတယ်အမ။''

ဦးဂမ္ဘီရကို ၂၀၀၇ ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့ မန္တလေးတိုင်း စဥ့်ကိုင်မြို့ မှာ ဖမ်းဆီးခဲ့ပြီး ဖခင်ဖြစ်သူကိုလည်း တပြိုင်တည်း ဖမ်းဆီးခဲ့ပါတယ်။ ဖခင်ဖြစ်သူဟာ သားဖြစ်သူကို စောင့်ရှောက်ရင်း ဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းဆီးစဉ်မှာ သားဖြစ်သူကို နားချခိုင်းမှုတွေကို လုပ်ခိုင်းခဲ့ပြီး ညှင်းပမ်းနှိပ်စက် ခံရမှုတွေ ရှိခဲ့ကြောင်း နောက်ပိုင်းကျမှသာ ဖခင်ဖြစ်သူကို ပြန်လွှတ်ပေးခဲ့ပြီး အခိုလို တရားလိုသက်သေ လုပ်ခိုင်းတာ ဖြစ်ကြောင်းကိုလည်း မိသားစုက ပြောပါတယ်။