Wednesday, March 18, 2009

Filled Under:

အာဏာရှင် တဦး၏အရှုံး

အာရှလူ့အခွင့်အရေးကော်မရှင် (မြန်မာဌာန)
ဖေဖေါ်ဝါရီလ၊ ၂၀၀၉ ခုနှစ်


စစ်အာဏာရှင် ဗိုလ်ချုပ်မူရှာရတ်အား သမတ အဖြစ်မှ တွန်းလှန်ဖယ်ရှား နိုင်ခဲ့သည့် လူထု လှုပ်ရှားမှုကြီးကို ပါကစ္စတန် ပြည်သူတွေ လေးစား ဂုဏ်ပြုသင့်သည်။ အကြမ်းမဖက် နည်းနဲ့ အောင်ပွဲရလိုက်သည့် ဤရုန်းကန် တော်လှန်မှုကြီးတွင် လူထုအခြေပြု အဖွဲ့အစည်းများ ဖြစ်ကြသည့် ရှေ့နေများ၊ တရားသူကြီးများ၊ သာမန်ပြည်သူများ၊ သတင်း သမားများနှင့် ဥပဒေပြု အဖွဲ့အစည်းများ အစရှိသည့် လူထုလူတန်းစား အလွှာပေါင်းစုံ သည် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ် ဖွံ့ဖြိုးရေးအတွက် စုစည်း ညီညွတ်သောအားကို အရင်းခံ၍ တော်လှန်ခဲ့သည်မှာ ထင်ရှားသော သာဓကပင် ဖြစ်ပါသည်။

မကြာမီနှစ်များ အာဏာရှင် မကျဆုံးမီကပင် ပါကစ္စတန် ပြည်သူလူထုသည် စစ်အာဏာရှင်စနစ်ကို မလိုလား၊ ဒီမိုကရေစီစနစ်ကိုသာ လိုလားကြောင်း ၎င်းတို့ ၏သဘောထားကို တစိတ်တ၀မ်းတည်း ဖေါ်ပြခဲ့သည်။ အာဏာရှင်အား အထောက်အပံ့ ပေးနေသော အုပ်စုဘက်မှလည်း ကြီးမားသော အခွင့်အာဏာ (superpowers) ရထားသည့်အလျှောက် တော်လှန် တိုက်ပွဲဝင်သူတွေကို လိုက်လံ ဖမ်းဆီးခြင်းဖြင့် စစ်ဝါဒီအား အဆုံးသတ်လိုသည့် ပါကစ္စတန် ပြည်သူတို့၏ ဆန္ဒကို ဟန့်တားနိုင်ခြင်း မရှိခဲ့ပါ။

ဒီမိုကရေစီစနစ် ထွန်းကားရန် ရုန်းကန်ကြိုးပမ်းနေသည့် နိုင်ငံတွေအနေနဲ့ ၀မ်းနည်းဖွယ် တန်ပြန်မှုတရပ် ရင်ဆိုင်နေရသည်ကား ဒီမိုကရေစီ ရရှိရေးအတွက် လှုပ်ရှားနေသူ ပြည်သူတွေကို အကူအညီပေးရမည့်အစား စစ်အာဏာရှင် ဗိုလ်ချုပ်အား အထောက်အပံ့ ပေးနေခြင်းဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ပါကစ္စတန်ပြည်သူတို့သည် စစ်အာဏာရှင်ကို တွန်းလှန်ဖယ်ရှား နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ဗိုလ်ချုပ်မူရှာရတ်က “အကြမ်းဖက်ဝါဒီ တိုက်ဖျက်ရေး”ဟူ၍ ဟန်ပြ ကြွေးကြော် ကာ ပါကစ္စတန် နိုင်ငံသားတို့၏ အခွင့်အရေးကို ပိတ်ပင်ခဲ့သည်။ စင်စစ်တွင်မူ အကြမ်းဖက်ဝါဒီ တိုက်ဖျက်ရေး လုပ်ငန်းစဉ်သည် ပါကစ္စတန်နှင့် အိမ်နီးချင်း နိုင်ငံများအပါအ၀င် တကမ္ဘာလုံးက လုပ်ဆောင်ရမည့် ကိစ္စဖြစ်သည်။ မူရှာရတ်၏ အကြမ်းဖက်ဝါဒီ နှိမ်နင်း တိုက်ဖျက်ရေး၏ အကြောင်းပြ ဆင်ခြေ ပေးမှုသည် ပါကစ္စတန် နိုင်ငံ၏ ဒီမိုကရေစီ ယန္တယား အဆောက်အအုံ တခုလုံးအား ပျက်စီးစေခဲ့ပါသည်။ တချိန်တည်းတွင် ဒီမိုကရေစီ တည်ဆောက်ရေးဟု အကြောင်းပြ ပြောဆိုနေသည့် ကြားမှာပင် အကြမ်းဖက် သမားများအား တိုက်ခိုက်ဖယ်ရှား နေစဉ်အတွင်း စစ်ဝါဒီ တန်ခိုးကြီးထွားရေး အတွက်သာ မူရှာရတ်က ကြိုတင်သတ်မှတ်ချက် အမျိုးမျိုးဖြင့် အခြား လှုပ်ရှားမှုများကို ကန့်သတ်ခဲ့သည်။

ရုံးကန်တိုက်ပွဲနေ၀င်နေစဉ်အတွင်း “စစ်အာဏာရှင် စနစ်သည် ဒီမိုကရေစီ စနစ်ထက် စီးပွားရေး ကုန်ထုတ်လုပ်ငန်းများ ပိုမို လုပ်ဆောင်နိုင်သည်” ဟူ၍လည်း မူရှာရတ် စစ်အစိုးရအား ထောက်ခံသော အုပ်စုမှ အကြောင်းပြ လိုက်ပါသေးသည်။ ဤကဲ့သို့သော အကြောင်းပြ ပြောဆိုမှုကို ပါကစ္စတန် ပြည်သူတွေ ခါးသီးစွာ ရင်ဆိုင် ကြုံခဲ့ရပြီးဖြစ်၍ ထိုအကြောင်းပြ ချက်သည် ၎င်းတို့၏ ဘ၀လုံခြုံရေး အစိတ်အပိုင်း အချို့ကို ဖျက်ဆီးခဲ့ပြီး ဟူ၍လည်း ယူဆကြသည်။ သို့ဖြစ်၍ ပါကစ္စတန် ပြည်သူတွေ တွန်းလှန်တိုက်ခိုက်သည်။ တွန်းလှန် တိုက်ခိုက်သည့် အတိုင်းလည်း သူတို့ အောင်မြင်နေခဲ့ပြီး ဖြစ်ပါသည်။ ဤအကြောင်းကြောင့် ၎င်းတို့၏ ဒီမိုကရေစီ တော်လှန်ရေး အောင်ပွဲကို သမိုင်းမှတ်တိုင် အဖြစ် စိုက်ထူကာ တပြိုင်နက်တည်းမှာပင် အောင်မြင်မှုနှင့် စပ်လျဉ်း၍ သင်ခန်းစာအဖြစ် မော်ကွန်းတင် မှတ်ယူသွား ပါသေးသည်။

ပါကစ္စတန်နိုင်ငံမှ တန်ဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံတခု ရလိုက်သည်မှာ တရားသူကြီးချုပ် Ifterkhar Chaudhury ကို ဖယ်ရှားလိုက်သော စစ်ဗိုလ်ချုပ် မူရှာရတ်သည် နောက်ဆုံးတော့ အရှုံးနဲ့ အဆုံးသတ် သွားခဲ့ရသည်။ လွတ်လပ်သော တရားစီရင်ရေး (The Independence of the Judiciary)နှင့် တရားဥပဒေစိုးမိုးရေး (Rule of Law)တို့ အတွက် ရုန်းကန် တိုက်ပွဲဝင်မှုသည် မူရှာရတ်အား ဆန့်ကျင်တော်လှန်သည့် ဘုံရည်မှန်းချက် ဖြစ်သည်ဆိုသည့် အချက်ကိုလည်း ဘယ်လိုမှ ညင်းပယ်၍မရပေ။ တော်လှန်မှုဟာ ကြီးမားသောကွန်ယက် အနေဖြင့် စုစည်းလာပြီးနောက် အကြမ်းဖက်ဆန့်ကျင်ရေး (anti-terrorism) အသွင်သို့ ပေါ်လာခဲ့သည်။

မူရှာရတ် ရှုံးနိမ့်သွားခြင်းသည် ရှုံ့ချဖွယ်ကောင်းသော ၎င်း၏လူ့အခွင့်အရေး ချိုးဖေါက်ဖျက်ဆီး ပစ်လိုက်သည့် ‘အကြမ်းဖက်ဝါဒီ တိုက်ဖျက်ရေး မဟာဗျူဟာ’ ဆင်ခြေပေးမှု ပင်ဖြစ်သည်။ ဒီမဟာဗျူဟာအရ ဆန့်ကျင်တိုက်ပွဲ ၀င် သူတွေကို လက်စဖျောက်၊ ဥပဒေပြင်ပမှ သတ်ဖြတ်၊ ညှဉ်းပန်းနှိပ်စက် စသည့်နည်းနာ ပေါင်းစုံဖြင့် လူသားတို့၏ အခွင့်အရေးကို ချိုးဖေါက်ခဲ့သည်။

ဒီမိုကရေစီသည် တိမ်မြုပ်နေသော အခြေခံ ပြည်သူ့အဆောက်အအုံများ တည်ငြိမ်ရေးအတွက်၊ ရဲတပ်ဖွဲ့၊ အမှုရှာဖွေ ဖေါ်ထုတ်ရေးအဖွဲ့၊ တရားစီရင်ရေးအဖွဲ့ အစရှိသည့် ဗျူရိုကရေစီ ယန္တရားများသည် ပြည်သူ့ဝန်ထမ်း အသွင်လက္ခဏာ ဆောင်ရမည်ဟူသော ပန်ကြားချက်သည် ပါကစ္စတန် ပြည်သူတို့၏ အောင်မြင်မှု သမိုင်းအစပင် ဖြစ်ပါသည်။

ဒါဟာ အလွန်တရာ အရေးပါသော လုပ်ဆောင်ချက်ဖြစ်သည်။ သို့သော်လည်း တိုက်ပွဲဝင်သူတို့၏ သဘောထားသည် အာဏာရှင်အား ဆက်လက် စိန်ခေါ်သွားရန်လည်း အသိပညာပေးခဲ့သည်။ ဤအတွက် လမ်းပေါ် ဆန္ဒပြရုံသာမက၊ အစိုးရ၏ နှိမ်နင်းမှု အပေါ်တွင် တုံ့ပြန်မှု ပြုလုပ်သွား ခဲ့သေးသည်။ အားလုံးသော တိုက်ပွဲဝင်သူတွေ အနေနဲ့ တော်လှန်ရေးတွင် ၎င်းတို့၏ အခန်းကဏ္ဍသည် လှုပ်ရှားသည့် အကြောင်းအရာ ပေါ်တွင် စနစ်တကျ ဆောင်ရွက်ရန် အသိပေးလိုက်ခြင်း ဖြစ်သည်။

ပါကစ္စတန်ပြည်သူတို့၏ အာဏာရှင်ပြဿနာ ဖြေရှင်းလိုက်သည့် နည်းနာကို အိမ်နီးချင်း အာရှနိုင်ငံများ အနေဖြင့် အတုယူဖွယ် ကောင်းလှပါသည်။ တဦးတယောက်မှ အကယ်၍ စစ်အာဏာရှင်ကို ချေမှုန်း ဖယ်ရှားရန်မလွယ်၊ ချေမှုန်း ဖယ်ရှားရန် မအောင်မြင်နိုင်ဟု ယုံကြည်ထားပါက အာဏာရှင် မူရှာရတ်အား တွန်းလှန် ဖယ်ရှားလိုက်နိုင်ကြောင်းကို ပါကစ္စတန်ပြည်သူတွေ သက်သေပြခဲ့မည် မဟုတ်ပါ။

ကမ္ဘာ့အနေနှင့် ပါကစ္စတန်ပြည်သူအား လေးစားဂုဏ်ပြုသည့် အနေဖြင့် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေကြသည့် ပါကစ္စတန် ပြည်သူတွေနှင့် ကမ္ဘာ့အနှံ့ ပြည်သူတွေကို တစိတ်တ၀မ်း၊ တစုတစည်းတည်း အကူအညီ ပေးသွားကြရန် လိုအပ်ပေသည်။

ပါကစ္စတန်နိုင်ငံတွင် လတ်တလော ရင်ဆိုင်နေရသည့် စိန်ခေါ်မှုတရပ်ကား မူရှာရတ် ဖယ်ရှားပစ်ခဲ့သော တရားသူကြီးချုပ်နှင့် တခြား တရားသူကြီးများအား ပြန်လည်အစားထိုး ခန့်ထားပေးရမည့် ပြဿနာဖြစ်သည်။ လက်ရှိ အစိုးရအနေဖြင့် ၎င်းတို့၏ ကတိအတိုင်း မူရှာရတ် နှုတ်ထွက်ပြီးနောက်ပိုင်း (၃၀) ရက်အတွင်း တရားသူကြီးနှင့် တရားရုံးများ ပြန်လည် ဖွင့်လှစ်ပေးရမည်ဖြစ်သည်။

တော်လှန်သည့် ကလအတွင်း နိုင်ငံတကာမှ ဥပဒေဆိုင်ရာ အမြင် သဘောထားများ ထုတ်ပြန်ပေးခြင်းဖြင့် တရားရေးနှင့် ဥပဒေ စိုးမိုးရေး ဆိုင်ရာ စသည့် အရေးပါသော အခန်းဏ္ဍများ ကူညီပေးခဲ့သည်။ အထူးသဖြင့် ဥပဒေ အဖွဲ့အစည်းများနှင့် နိုင်ငံသား အခွင့်အရေး အတွက် တိုက်ပွဲဝင် နေကြသည့် သူတို့သည် အာဏာရှင်အား ဖယ်ရှားသည့် လှုပ်ရှားမှုကြီးအတွင်း ပါကစ္စတန် ပြည်သူတွေနဲ့ အတိုင်းထက်အလွန် သွေးစည်းညီ ညွတ်ကြခြင်းပင် ဖြစ်ပါသည်။ လက်ရှိအနေအထားနှင့် ပေါင်းစပ်ကာ ဖိအားပေးနေသည့် အကြားမှာပင် အခြေခံပြုပြင် ပြောင်းလဲမှုကိစ္စရပ်များ အောင်မြင်မှုရနိုင်ရန် ပါကစ္စတန်တွင် လှုပ်ရှားနေသော ရှေ့နေများ မြင်ယောင်ခဲ့ကြသည်။

ခက်ခဲ ရထောင့်ရခဲသော အခြေအနေများကြားမှ နှစ်လိုဖွယ်သော အပြု သဘောဆောင် အောင်မြင်မှုနှင့် ရေရည် အကျိုး ရလာဒ်များ ထွက်ပေါ်ခဲ့သည်။ ပြည်သူများအား အကူအညီ ပေးရာမှသည် ဒီမိုကရေစီ လိုလားသောဆန္ဒ ပြည်သူအကြားတွင် ပေါ်လာရန် အချိန်ကြာစွာ ယူခဲ့ရသည်။ ဤအချိန်သည် ဤကဲ့သို့ ကြီးကျယ်သော အသွင်ကူးပြောင်းရေးသို့ ပို့ဆောင်ပေး နိုင်ခဲ့ပေပြီ။


(အာရှလူ့အခွင့်အရေးကော်မရှင် အမှုဆောင်တာရိုက်တာ Mr. Basil Fernando ၏ A Dictator Is Defeated ဆောင်းပါးအား ဆီလျှော်အောင် ဘာသာပြန် ဖေါ်ပြထားခြင်း ဖြစ်သည်။)

0 comments:

Post a Comment