Wednesday, March 18, 2009

Filled Under:

ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ရှေ့နေနဲ့ ဒုတိယအကြိမ် တွေ့ခွင့်ရသည့်အပေါ်မေးမြန်းချက်

VOA --- Morning Program, 18/ 08/ 2009

၂၀၀၃ ခုနှစ်ကတည်းက ၅ နှစ်ကျော် ကြာ နေအိမ်မှာ တားဆီးမိန့် အကျယ်ချုပ် ဘ၀နဲ့ ထိန်းသိမ်း ခံထားရတဲ့ မြန့်မာဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေဖြစ်သူ ဦးကြည်ဝင်းက ဒုတိယအကြိမ် အဖြစ်နဲ့ မနေ့ကပဲ သူမရဲ့ နေအိမ်မှာ ထပ်မံတွေ့ဆုံခွင့် ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ (၈) ရက်နေ့ကတော့ ပထမဆုံး အကြိမ် တွေ့ခွင့် ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားတဲ့ အမှုနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ တည်ဆဲဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထား တဲ့ ပုဒ်မ (၁၀) (ခ)ဟာ (၅)အနှစ်အထိပဲ သက်တမ်းတိုး၍ ရတာမို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာဟာ တရားမ၀င်းဘူး၊ ဥပဒေမဲ့ ဖမ်းဆီးထားတာ ဖြစ်တယ်လို့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။

ယ္ခုဒေါ် အောင်ဆန်းစုကြည်ရဲ့ရှေ့ နေဦးကြည်ဝင်းတို့ ဒုတိယအကြိမ် တွေ့ဆုံခွင့် ရတာနဲ့ ပတ်သက်လို့ ဥပဒေ ကြောင်းအရ လွတ်မြောက်လာနိုင်တဲ့ အလားအလာ ဘယ်လောက်ရှိနိုင်မလဲ၊ AHRC အာရှလူ့အခွင့်အရေး ကော်မရှင်မှ မြန်မာရှေ့ နေ ဦးမင်းလွင်ဦးကို ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်ရှင်။

မေး ----- ဒေါ်အောင်ဆန်းစုကြည်ရှေ့နေ ဦးကြည်ဝင်းနဲ့ အခုတွေ့ဆုံခွင့်ရတာ ၂ ခါရှိပါပြီး ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီး ထိန်းသိမ်း ခံနေရတာ၊ တားမြစ်ခံထားရတာနဲ့ ပတ်သက်လို့ ဥပဒေအကြောင်းအရ လုပ်နိုင်တဲ့လမ်း ပွင့်လာပြီးလို့ ပြော လို့ရပါသလား ခင်ဗျား။

ဖြေ ----- ဟုတ်ကဲ့ ခင်ဗျား၊ အရင်တုန်းကတော့ ဒီလိုမျိုး တားဆီးချုပ်နှောင် ထားတဲ့ကိစ္စ၊ ကန့် သတ်ထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ အင်န်အယ်လ်ဒီ ပါတီအနေနဲ့ ဥပဒေအဖွဲ့က ၀န်ကြီးအဖွဲ့ဆီ တင်သွင်းခဲ့တာ ရှိတယ်။ ဒါပေမဲ့ ဘာမှ အကြောင်း ပြန်ကြားခြင်း မရှိခဲ့ဘူး။ အခုလိုမျိုး (၂) ကြိမ်အထိ တွေ့ခွင့်ပြုလိုက်ပြီး ဆိုရင်တော့ ဒါကနဲနဲလမ်းပွင့်လာ တဲ့သဘောမျိုးလို့ ကျနော်တို့ ယူဆမယ်ဆိုရင် ယူဆလို့ ရပါတယ်။ ဒါပေမဲ့ လမ်းပွင့်တယ်လို့ ပြောပေမဲ့လည်း ဒီဝန်ကြီး အဖွဲ့တွေရယ်၊ တရားသူကြီးချုပ်ရယ် ကနေပြီးတော့ ဒီအမှုကို အရေးယူ ဆောင်ရွက် မလားဆိုတာကလဲ ကျနော်တို့ သံသယ ဖြစ်ဖွယ် တခုရှိတယ်လို့ ကျနော်ထင်ပါတယ်။

မေး ----- ဘယ်လိုမျိုးလဲခင်ဗျ၊ တရားသူကြီးချုပ်က ဘယ်လိုကိုင်တွယ်လို့ ရတာလဲ။

ဖြေ ---- ဟုတ်ကဲ့ခင်ဗျ၊ အခုကျနော်တို့ ၀န်ကြီးအဖွဲ့ ကနေပြီးတော့ ချမှတ်ထားတဲ့ ကန့်သတ်မိန့်ကို လိုအပ်သလို ပြင်ဆင် မယ်၊ ပယ်ဖျက်မယ်၊ အတည်ပြု ခြင်းစတာတွေကို ကျနော်တို့ တရားသူကြီးချုပ် ကနေပြီးတော့ လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး လုပ်ဆောင်ရွက်ဖို့ အတွက်လဲ ၀န်ကြီးအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ရမှ ဆိုသလိုမျိုး ဖြစ်နေတော့ ဒီလိုကိစ္စတွေမှာ ဘယ်လိုမျိုး တရားသူကြီးချုပ်က ဥပဒေ ဘောင်အတိုင်း လုပ်ဆောင်ရွက်မှာလား၊ မဆောင်ရွက်ဘူးလား ဆိုတာကို ကျနော်တို့ တရားဥပဒေ စိုးမိုးရေးမူအရ ထင်ထင်ရှားရှား သိရှိရမှာဖြစ်ပါတယ်။

မေး ----- ဟုတ်ကဲ့ခင်ဗျ၊ အခု ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိကာလ ထိန်းသိမ်းထားတာနဲ့ ပတ်သက်လို့ ကော ကိုမင်းလွင်ဦး အယူအဆ ဘယ်လိုရှိသလဲခင်းဗျ၊ မြန်မာနိုင်ငံက တည်ဆဲဥပဒေ အရဆိုရင် တရားဝင်မှုရှိရဲ့လား။

ဖြေ ---- ပြဌာန်းထား တဲ့ဥပဒေကတော့ ရှင်းရှင်းလင်းလင်းပဲ ပြဌာန်းထားတာ ဖြစ်တယ်။ တာခါတားမြစ်မယ် ဆိုလို့ရှိရင် တနှစ်ထက်မပိုပဲ အများဆုံး (၅)နှစ်အထိပဲ တားမြစ်နိုင်တယ်။ အဲဒီလို တားမြစ်ပြီးတဲ့အခါမှာ အရေးယူဖို့ အချက် အလက်တွေ ပေါ်ပေါက် တယ်ဆိုရင် တရားရုံးတင်ပြီးတော့ အရေးယူ ဆောင်ရွက်ရမှာ ဖြစ်တယ်။ အခုအဲဒီလိုမျိုး မပေါ်ပေါက်ဘူး ဆိုလို့ရှိရင် ဒီကန့်သတ်မိန့်နဲ့ တားဆီးထားတဲ့သူကို လွှတ်ပေးရမှာ ဖြစ်တယ်။ ဒါကြောင့် အစိုးရအနေနဲ့ မိမိကိုယ်တိုင် ထုတ်ပြန်ထားတဲ့ ဥပဒေကို လိုက်နာဆောင်ရွက်ခြင်း မရှိဘူးဆိုတာကို ထင်ထင်ရှားရှားတွေ့ နေရတယ်။ သိနေရတယ်။

မေး ---- ဒီမြန်မာနိုင်ငံ တည်ဆဲဥပဒေအရ အခုဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်း ထားတာက တရားမ၀င်ဘူး ဆိုတော့ အခြားနိုင်ငံတကာ တရားရေးစနစ် ကနေပြီးတော့ ဒီကိစ္စတွေကို ဘယ်လိုမျိုး ဆောင်ရွက်လို့ ရနိုင် သေးသလဲ။

ဖြေ ----- ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအောက်မှာရှိတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး Independent Judge and Lawyer အဖွဲ့အစည်းတွေ ကနေပြီးတော့ မြန်မာနိုင်ငံ အတွင်းမှာ ဒီလိုမျိုးဥပဒေနဲ့ မညီတဲ့ ဆောင်ရွက်မှုမျိုးတွေ တွေ့နေပြီးဆိုရင် သူ့အနေနဲ့ ဒီကိစ္စကိုတော့ အစိုးရအနေနဲ့ ပြင်သင့်တယ်၊ ဘယ်လို ပြင်ရမယ်ဆိုတာကို သူတို့ အနေနဲ့အကြံပေး၊ ဖိအားပေးနိုင်တယ်။ နောက်တခါ ဒီလိုမျိုးလုပ်ဆောင်တဲ့ ကိစ္စရပ်တွေက နိုင်ငံတော်အုပ်ချုပ်တဲ့ အစိုးရတရပ် အနေနဲ့ မလုပ်ဆောင် သင့်တဲ့ကိစ္စ ဖြစ်တယ်ဆိုတာကိုလည်း သူတို့ အနေနဲ့ အသိပေးပြော ကြားမယ်၊ ဖိအားပေးမယ် ဆိုတာတွေ ဖြစ်လာနိုင်ပါတယ်။

မေး ------ လိုဆိုတာကတော့ ဒီနိုင်ငံတကာ တရားရေးစနစ်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖိအားပေးနိုင်တဲ့ သဘောပေါ့၊ တကယ်တန်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ကို လွှတ်ပေးရမယ်ဆိုတဲ့ စီရင်ချက်တခုချမှတ်နိုင်တဲ့ အလားအလာမျိုး ဒီဖက်မှာရှိသလား။

ဖြေ ----- ဟုတ်ကဲ့ခင်ဗျ၊ အဲဒီလိုမျိုးတော့ မရှိသေးပါဘူး။ ဒါပေမဲ့ အဲဒီလောက် ချက်ချင်းကြီး ဖိအားမပေး နိုင်တာတောင်မှ အစိုးရကိုတိုင်က ဥပဒေမဲ့ ကျူးလွန်နေတဲ့ကိစ္စကို ထင်ထင်ရှားရှား ထောက်ပြလာမယ် ဆိုရင်တော့ အစိုးရအနေနဲ့ လိုက်နာ ဆောင်ရွက် ပေးရမဲ့ သဘောဖြစ်တယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းထဲမှာ အစိုးရတရပ်ရဲ့ အင်္ဂါရပ်နဲ့ ညီဖို့အတွက် ကိုယ်ပိုင်ပြဌာန်းတဲ့ ဥပဒေကို ကိုယ်ကိုတိုင် လိုက်နာဖို့ ဆိုတာကို သူတို့ထောက်ပြ ပြောဆိုမှာ ဖြစ်တယ်။

မေး ----- ဒေါ်အောင်ဆန်းစုကြည်၊ တားမြစ်ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကလည်း တော်တော်များများ အယူခံဝင်တာတွေ ရှိပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ တွေ့ဖို့ ကြိုးစားတာ ရှိပါတယ်။ ခုအချိန်ကျမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေနဲ့(၂) ကြိမ်လောက်ပေါ့။ အချိန်ကာလ တိုတိုအတွင်းမှာ ဆက်တိုက် တွေ့ခွင့် ရလာတဲ့ဟာက ဘယ်လိုကြောင့် ယူဆလိုရမလဲခင်ဗျ။

ဖြေ ----- ပြောရမယ်ဆိုလို့ရှိရင်တော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ လာမယ်ဆိုတာရယ်၊ နောက်ပြီးတော့တခါ မကြာသေးခင်ကမှ ပြန်သွားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် ကိစ္စရယ်၊ အဲဒီအပြင် ကျနော်တို့ အိမ်နီးချင်း နိုင်ငံတွေရဲ့ သဘောထားတွေက သူဖက်ကအလျော့ ပေးတဲ့ပုံစံမျိုး ထင်ယောင်ထင်မှား ဖြစ်အောင် ဒီလိုမျိုး ခွင့်ပြုလာတယ်လို့ပဲ ကျနော်တော့ ယူဆပါတယ်။

မေး ----- ဟုတ်ကဲ့ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာဖို့ လမ်းစမြင်ရပြီးလို့ ပြောလို့ ရမှာလားခင်ဗျ။

ဖြေ ----- ဒါကတော့ နိုင်ငံတကာ ဖိအားတွေလည်းလိုတယ်။ ကုလသမဂ္ဂရဲ့ ဖိအားကတော့ အဓိကပိုပြီး လိုအပ်တာပေါ့ဗျား။ ဘယ်လောက်အထိ ဖိအားပေးနိုင်တယ်၊ န အ ဖ လယ်လောက်အထိ လိုက်လျောနိုင်မယ် ဆိုတာကို ကျနော်တို့ စောင့်ကြည့်ရမှာ ဖြစ်တယ်။ န အ ဖ ကတော့ အဆုံးစွန်အထိ တောင့်ပြီးခံနေမယ့် သဘော ရှိတယ်ဆိုတာကို ကျနော်တို့ ခန့်မှန်းလို့ ရပါတယ်။

ဟုတ်ကဲ့ ကိုမင်းလွင်ဦးရေ အခုလိုရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။