Wednesday, March 18, 2009

Filled Under:

မခင်စန္ဒာဝင်းအား လုပ်ကြံဖမ်းဆီသည့်အပေါ် သုံးသပ်ချက်


ပြီးခဲ့တဲ့ စက်တင်ဘာ အရေးအခင်း၊ လူထု လှုပ်ရှားမှုကြီးကို စစ်တပ်ကနေ ရက်ရက်စက်စက် အကြမ်းဖက် ဖြိုခွင်းပြီး မကြာခင်ရက်ပိုင်း အတွင်းတွေမှာ အသက် ၂၃ နှစ်အရွယ် မခင်စန္ဒာဝင်းကို ဖမ်းဆီးပြီး အာဏာပိုင်တွေက လက်နက်မှုနဲ့ အမှုဆင်ဖမ်းဆီး ခဲ့ပါတယ်။ အခုအာဏာပိုင်တွေက မခင်စန္ဒာဝင်းကို လာမဲ့ ဖေဖေါ်ဝရီလ (၅)ရက်နေ့မှာ ဆေးရုံထုတ် စစ်ဆေး တော့မှာဖြစ် ပါတယ်။ မခင်စန္ဒာဝင်းကို ဖမ်းဆီးတဲ့အချိန်မှာ ကျောင်းသားကဒ်ပြားနဲ့ ငွေအချို့သာ တွေ့ရပေမဲ့ သူမဆီက ဓါးတို့ လောက်လေးခွတို့ တွေ့ခဲ့တယ်ဆိုပြီး လုပ်ကြံအမှုဆင် ခဲ့တာလို့ အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦး က ခုလို ဆက်ပြောပါတယ်။

သူ့ကိုဖမ်းတုန်းက ဘာမှမတွေ့ရဘူးဗျ၊ ကျောင်းသားကဒ် ၂ ခု ငွေ ၂၅၀ ကျပ်နဲ့ ဦးထုပ် ၁ လုံး ဒါဘဲ တွေ့တာ၊ ဖမ်းမိပြီးတဲ့ အခါကျတော့ သူတို့မြို့တော်ခန်းမကို ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ ဓါးတို့၊ လောက်လေးဂွတို့ ပြပြီး အဲဒီပစ္စည်းတွေ မခင်စန္ဒာဝင်းဆီက ရတယ်ဆိုပြီးတော့ လက်မှတ်ထိုးခိုင်းတယ်။ မခင်စန္ဒာဝင်းက လက်မှတ်မထိုးဘူး။ လက်မှတ် မထိုးတဲ့အခါကျတော့ ကျိုက္ကဆံ စစ်ကြောရေးစခန်းသို့ ပို့လိုက်တယ်။ ကျိုက္ကဆံစစ်ကြော ရေးစခန်း ကနေပြီးတော့ အင်းစိန်ထောင်သို့ ပို့ပြီး တိုက်ပိတ်လိုက်တယ်။ တိုက်ပိတ်လိုက်ပြီးတော့ အဲဒီမှာထားတယ်။ နောက်ပိုင်းမှာ ဘာအထောက်အထားမှ ခိုင်ခိုင်လုံလုံ မတွေ့တဲ့အတွက် ပြန်လွှတ်လိုက်တယ်။ ပြန်လွှတ်လိုက်ပြီးတဲ့ အခါကျမှ ကျောက်တံတားရဲစခန်း ကနေပြီးတော့ လာအကြောင်း ကြားတယ်။ ခင်စန္ဒာဝင်း ရုံးချိန်းရှိတယ်ဆိုပြီးတော့ တံတားရဲစခန်းက တရားလိုလုပ် တရားစွဲတယ်ဆိုတာ သိရတယ်။

တရားစွဲတဲ့အခါ တရားလိုရဲ့ စစ်ဆေးချက်တွေ အရကော၊ တရားခံရှေ့နေရဲ့ ပြန်လှန်မေးမြန်းချက် တွေအရကော လက်နက်ဥပဒေပုဒ်မနဲ့ အကြုံးမ၀င်တဲ့အတွက် အခြားပုဒ်မတွေနဲ့ မခင်စန္ဒ၀င်းကို အရေးယူလိုက်တယ်လို့ ရှေ့ နေဦးမင်းလွင်ဦးက ပြောပါတယ်။

တရားစွဲတော့ တရားလိုရဲ့ စစ်ဆေးချက်တွေအရကော၊ တရားခံရှေ့နေရဲ့ ပြန်လှန်မေးမြန်းချက် တွေအရကော အဲဒီမှာ လက်နက် ဥပဒေပုဒ်မနဲ့ အကြုံးမ၀င် တဲ့အတွက် တရားရုံးကနေပြီးတော့ သူမကို ပုဒ်မ ၃၃၆/၅၁၁ စတာတွေနဲ့ အရေးယူ လိုက်တယ်။ အဲဒီလို ပုဒ်မတွေနဲ့ အရေးယူပြီးတဲ့အခါမှာ အဲဒီပုဒ်မတွေဟာ အာမခံပေးနိုင်တဲ့ ဥပဒေပုဒ်မတွေ ဖြစ်တယ်။ ဒါကြောင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ မြို့ နယ်တရားရုံးက နေပြီးတော့ ကျပ်သိန်း ၅၀ တန် အာမခံနှစ်ဦးနဲ့ အချုပ်လွတ် ထုချေခွင့် ပြုလိုက်တယ်။ အဲဒီလိုအာမခံပေးပြီး နောက်ရုံးချိန်းဖြစ်တဲ့ ၁၂-၁၁-၂၀၀၇ ခုနှစ်မှာကျတော့ ကျောက်တံတားမြို့နယ် တရားရုံးကပဲ ဒီလုံခြုံရေး တပ်ဖွဲ့ဝင်များကို အန္တရာယ်ပြုတယ်ဆို တဲ့အမှုနဲ့ စွဲဆိုထားတယ် ဖြစ်တဲ့အတွက် လုံခြုံရေးအရ မခင်စန္ဒာဝင်းအပေါ်မှာ ပေးထားတဲ့ အာမခံကို ပြန်လည်ရုပ်သိမ်း လိုက်တယ်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပြဌာန်းချက် တွေအရဆိုရင် အာမခံ ပေးနိုင်တဲ့အမှုကို အာမခံပေးရမှာဖြစ်ပေမဲ့ အခုလိုမျိုး ပြန်လည်ရုပ်သိမ်းပိုင်ခွင့် မရှိဘူးလို့ ဦးမင်းလွင်ဦးက ပြောပါတယ်။ ဒါပေမဲ့ တရားခံက အမှန်တရား ပေါ် ပေါက်ရေး အတွက် နှောင့်ယှက် ဖျက်ဆီးတာတို့၊ တနေရာရာကို ထွက်ပြေး သိမ်းရှောင်တာတို့ကို ကြံစည်တာတို့ရှိ ခဲ့ရင်တော့ တရားရုံးက အဲဒီအာမခံကို ပြန်လည်ရုပ်သိမ်းနိုင်တဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တရားရုံးက ရုပ်သိမ်းနိုင်တဲ့ အခြေအနေရှိတယ်။ အဲဒီအခြေအနေတွေက ဘာတွေလည်းဆိုတော့ အမှန်တရား ပေါ်ပေါက်ရေးအတွက် နှောင့်ယှက်ဖျက်ဆီး နေတာလား၊ ဒါမှမဟုတ် ထွက်ပြေးမလား၊ သိမ်းရှောင်မှာလား အဲဒီ အချက်အလက်တွေနဲ့ သံသယရှိတယ် ဆိုရင်တော့ တရားလိုဖြစ်တဲ့ ရဲကတောင်မှ တရားရုံးအာမခံချက်ကို ပြန်လည် ရုပ်သိမ်းနိုင်တာ ဖြစ်တယ်။ ယခုအမှုမှာတော့ တရားလိုဖြစ်တဲ့ ရဲကတောင်မှ လျောက်ထားခြင်းမရှိဘဲ၊ တရားရုံး တရားသူကြီး ကနပြီးတော့ သူချထားတဲအမိန့်ကို သူစိတ်သဘောနဲ့ ပြန်လည်ပြင်ဆင် တယ်ဆိုတယ်က ကျနော်တို့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေကို ကျူးလွန်ဖေါက်ဖျက် တာဖြစ်တယ်။ တရားဥပဒေအရ ခွင့်ပြုထားတဲ့ အခွင့်အရေးကို မခင်စန္ဒာဝင်းအနေနဲ့ ခံစားခွင့်မရဘဲ တားဆီးခံရတာဖြစ် တယ်ဆိုတာကို ကျနော်တို့ ဒီနေ့ အာရှလူ့အခွင့်အရေး ကော်မရှင် ကနေပြီးတော့ ထုတ်ပြန်ကြေငြာရခြင်း ဖြစ်ပါတယ်။

အာမခံနဲ့ လွှတ်ပေးပြီးတော့ အခုလောလောဆယ် မခင်စန္ဒာဝင်းကို ပြန်ဖမ်းထားတယ်လို့ ဆိုလိုတာလား၊ ဟုတ်တယ်၊ တရားရုံးက နေပြီးတော့ ၁၂-၁၁-၂၀၀၇ မှာ အာမခံ ရုပ်သိမ်းလိုက်တဲ့အတွက် မခင်စန္ဒ၀င်းက အင်းစိန် ထောင်မှာပဲ အကျဉ်းကျခံနေရတာ ဖြစ်တယ်။ အမှုကို ထောင်တွင်းကနေ ရင်ဆိုင်နေရတာဖြစ်တယ်။

အာမခံရုပ်သိမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မခင်စန္ဒာဝင်းဘက်က တရားရုံးအဆင့်ဆင့်ကို ပြင်ဆင်မှုတင် သွင်းခဲ့တာတွေ ရှိတဲ့အကြောင်းလည်း ဦးမင်းလွင်ဦးက ယခုလိုဆက်ပြောပါတယ်။

ကျနော်တို့ အာမခံ ရုပ်သိမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ မခင်စန္ဒာဝင်းက နေပြီးတော့ တရားရုံးအဆင့် ဆင့်ကို ပြင်ဆင်တင်သွင်း ခဲ့တာရှိပါတယ်။ အခုဆိုလို့ ရှိရင် ခရိုင်တရားရုံး၊ တိုင်းတရားရုံး အသီးသီးက အကျဉ်း နည်းနဲ့ ပလတ်ခံရတာ ဖြစ်တဲ့အတွက် ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာ ဒီအမှုအတွက် လျောက်လဲချက် ပေးဖို့ ချိန်းဆိုထားတယ်လို့ ကျတော်တို့ သိရှိရပါ တယ်ခင်ဗျား။

ဦးမင်းလွင်ဦးပါရှင်၊ မတရား အမှုဆင်ထားတဲ့ မခင်စန္ဒ၀င်းရဲ့ အမှုကို မကြာခင် ရက်တွေအတွင်း ရုံးထုတ် စစ်ဆေးမှာနဲ့ ပတ်သက်ပြီး ဦးဇော်ဝင်းလှိုင်က အာရှလူ့အခွင့်အရေး ကော်မရှင်မှ ဦးမင်းလွင်ဦးကို ဆက်သွယ်မေး မြန်းတင်ပြခဲ့တာပါ။