Thursday, March 19, 2009

Filled Under:

မြန်မာစစ်အစိုးရရဲ့ လူမဆန်တဲ့ပြုမူမှုအပေါ် ICC တင်နိုင်တဲ့အလားအလာ

VOA ----- Morning Programme 28/ 2/ 2009

မြန်မာစစ်အစိုးရကို လူမဆန်တဲ့ ရာဇ၀တ်မှုနဲ့ တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိနိုင်ရန် AHRC အာရှလူ့အခွင့်အရေးအဖွဲ့မှ ရှေ့နေဦးမင်းလွင်ဦးက အောက်ပါအတိုင်း ဖြေကြားခဲ့ပါတယ်။

ဦးမင်းလွင်ဦး ----- ဒီ Crime Against Humanity နဲ့ အရေးယူနိုင်တဲ့ ကိစ္စရပ်တွေကတော့ လူသားချင်းစာနာမှု ကင်းမဲ့စွာ သတ်ဖြတ်တဲ့ကိစ္စတွေ၊ လူမျိုးသုဉ်းစီရင်တဲ့ ကိစ္စရပ်တွေ၊ လူအများအပြား ဘေးဒုက္ခရောက်နေတဲ့ အချိန်တွေမှာ အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်ဆိုတဲ့ ကိစ္စရပ်တွေမှာ အရေုးယူနိုင်ဖို့အတွက် ရည်ရွယ်ပြီး ပြဌာန်းထားတဲ့ ဥပဒေဖြစ်တယ်။

စစ်မက်ဖြစ်တဲ့အချိန်ဘဲဖြစ်ဖြစ်၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေတဲ့ အချိန်တွေမှာဖြစ်ဖြစ် တာဝန်ရှိတဲ့သူတွေကနေပြီး ဒုက္ခရောက်တဲ့သူတွေကို အလေးအနက်ထား အကာအကွယ်ပေးနိုင်ဖို့အတွက်ကို ရည်ရွယ်ပြဌာန်းထားတဲ့ ဥပဒေဖြစ်တယ်။ မြန်မာနိုင်ငံအတွင်းမှာ ဆိုင်ကလုန်းနာဂစ်ဖြစ်တဲ့ တောအတွင်းကာလမှာ သေဆုံးသွားရတဲ့ သူတွေနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို Johns Hopkins တက္ကသိုလ်ကနေပြီးတော့ ကုလသမဂ္ဂကို စုံစမ်းရေးကော်မရှင် လွှတ်ပေးဖို့၊ စုံစမ်းဖို့အတွက် အကူအညီတောင်းတယ်ဆိုလို့ရှိရင် ရရှိတဲ့အချက်အလက်တွေအပေါ်မှာ လုံခြုံရေးကောင်စီကနေပြီးတော့ (ICC နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး) မှာ မြန်မာနိုင်ငံစစ်အစိုးရကို အရေးယူအပြစ်ပေးနိုင်ဖို့အတွက် ဖိအားပေးနိုင်တယ်၊ တောင်းဆိုနိုင်တယ်။

လုံခြုံရေးကောင်စီမှာ ပါဝင်နေတဲ့ နိုင်ငံကသော်လည်းကောင်း၊ နောက်ပြီး အခြားနိုင်ငံကသော်လည်းကောင်း ဖိအားပေးပြီး တောင်းဆိုလာတယ်ဆိုရင်တော့ ဒီကိစ္စရပ်က ဖြစ်လာနိုင်မယ်လို့ ကျနော်ပြောချင်ပါတယ်။

0 comments:

Post a Comment