Wednesday, January 13, 2010

Filled Under:

မြန်မာနိုင်ငံတွင် Electric ဥပဒေနဲ့ ပြစ်ဒဏ်ကြီးလေးစွာ ချမှတ်နေ

VOA ----- 11/ 1/ 2010

မြန်မာနိုင်ငံမှာ Electric လျှပ်စစ် နည်းပညာပိုင်းဆိုင်ရာ ဥပဒေတွေနဲ့ နိုင်ငံရေး လှုပ်ရှားသူတွေကို နှိပ်ကွပ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု နေတာကို တွေ့ရတယ်လို့ ဟောင်ကောင်အခြေစိုက် AHRC ခေါ် အာရှ လူ့အခွင့်အရေး ကော်မရှင်ကနေ ဝေဖန်လိုက်ပါတယ်။

အခု
လတ်တလော ရက်တွေအထဲမှာ မြန်မာစစ်အစိုးရက လူ ၅ ဦးကို သေဒဏ် အပါအ၀င် ထောင်ဒဏ်နှစ်ရှည် ချမှတ်တာတွေ လုပ်ခဲ့ပါတယ်။ မြောက်ကိုးရီးယား နှင့် မြန်မာစစ်အစိုးရတို့ အကြားက ဆက်ဆံရေး လျှို့ဝှက်ချက်တွေ ပေါက်ကြားမှုနဲ့ ဗိုလ်မှူးဟောင်း ၀င်းနိုင်ကျော်နဲ့ သူ့လက်ထောက် ကိုသူရကျော်တို့ကို သေဒဏ် ချမှခဲ့ပြီးတော့ ကွယ်လွန်သူ အတွင်းရေးမှူး (၂) ရဲ့ ဗိုလ်ချုပ်တင်ဦးရဲ့ အတွင်းရေးမှူးဖြစ်တဲ့ နိုင်ငံခြားရေး ရုံးဝန်ထမ်း ကိုပြန်စိန်ကိုတော့ အဲဒီအမှုနဲ့ဘဲ ထောင်ဒဏ် ၁၅ နှစ် စီရင်ချက် ချခဲ့ပါတယ်။ အဲလိုဘဲ ဒီဇင်ဘာ ၃၁ ရက်နေ့ တုန်းကလည်း VDO သတင်းထောက် မလှလှဝင်းနဲ့ သူ့လက်ထောက် ကိုမြင့်နိုင်တို့ကို ထောင်ဒဏ် ၂၆ ပြစ်ဒဏ် ပေးခဲ့ပါတယ်။ အဲဒီလူတွေကို အပြစ်ပေးတဲ့ နေရာမှာ Electronic ဥပဒေအရ အရေးယူတယ် ဆိုတာကိုပါ ထည့်သွင်းပြီး တရားစွဲခဲ့တာကြောင့် Electronic ပုဒ်မနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ သိရအောင် အာရှလူ့အခွင့်အရေး ကော်မရှင်ရဲ့ ရှေ့နေ ဦးမင်းလွင်ဦးကို မေးကြည့်ထားပါတယ်။

ဦးမင်းလွင်ဦးက Electronic ဥပဒေကို ရှင်းပြတဲ့ အပြင် မြန်မာနိုင်ငံမှာ တရားမျှတမှု မရှိဘဲ စီရင်ချက် ချနေတဲ့ အကြောင်းကိုလည်း ပြောပြပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာ Electronic Transition Law လျှပ်စစ် နည်းပညာနဲ့ အချက်အလက်တွေ လွှဲပြောင်းတဲ့ ဥပဒေနဲ့ အရေးယူနေတာကို တော်တော်များများ တွေ့ရှိရတယ်။ ကွန်ပြူတာ ကနေပြီး အသိုအမှီထားတဲ့ အချက်အလက်တွေ၊ လျှပ်စစ်နည်းပညာနဲ့ အခြားကို ပေးပို့တဲ့အခါမှာ ဒီဥပဒေနဲ့ အရေးယူတယ်လို့ ကျနော်တို့ အကြမ်းဖျင်း ပြောနိုင်တယ်။ အဲဒီလို အရေးယူဖို့ ကလည်း ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ ရှိဖို့လိုပါတယ်။ ဘယ်တုန်းက၊ ဘယ်စက်ကနေ ပေးပို့တယ်။ ဘယ်သူက လက်ခံရရှိတယ် စတဲ့ အချက်အလက်တွေ တိတိကျကျ ရှိမှသာ ဒီဥပဒေနဲ့ အရေးယူနိုင်မှာ ဖြစ်တယ်။ အခုဖြစ်နေတဲ့ ကိစ္စရပ်တွေက အချက်အလက် သိုမှီတဲ့ Memory ကဒ်တခုကို ဖမ်းမိရင်လည်း ဒီဥပဒေနဲ့ အရေးယူနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်။

နောက်ပြီးတော့ ကွန်ပြူတာကနေ မိမိကြိုက်နှစ်သက်တဲ့ အချက်အလက်တွေ CD မှာ ထည့်သွင်း ကူးယူထားရင်လည်း ဒီဥပဒေနဲ့ အရေးယူနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတယ် ဆိုတာကို စစ်ဆေးစီရင်ခဲ့တဲ့ အမှုတွေရဲ့ သာဓကတွေနဲ့ ယှဉ်ပြီး ပြောမယ်ဆိုရင် ပြောလို့ရတယ်။”

Electronic ဥပဒေနဲ့ ပတ်သက်ပြီး ထောင်ချတဲ့အထဲက ထင်ရှားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီးတော့ ဦးမင်းလွင်ဦးက အခိုလို ပြောပြပါတယ်။

“ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီးတို့ကိုလည်း Electronic Transition Law နဲ့ဘဲ အရေးယူပြီး ထောင်ဒဏ် အနှစ် ၆၀ အပြစ်ပေးထားတာ ဖြစ်တယ်။ ထိုနည်းတူစွာ ဒေါက်တာတင်မင်းထွဋ်တို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဆီကို စာရေးတဲ့ ကိစ္စမှာလည်း အင်တာနက်မှာ တင်ထားတယ် ဆိုပြီးတော့ ဒီဥပဒေနဲ့ဘဲ ပြင်းထန်တဲ့ အပြစ်တွေ ပေးခဲ့တာကို တွေ့ရတယ်။”

Electronic ဥပဒေ ပုဒ်မအရ ဘယ်လိုပြစ်မှုတွေကို အရေးယူလို့ ရပါသလဲ၊ ပြစ်မှုမြောက်ဖို့ ဘယ်လို အခြေအနေတွေ လိုအပ်ပါသလဲ၊ ဒါတွေကိုလည်း ဦးမင်းလွင်ဦးက အခုလို ပြောပြပါတယ်။

“တကယ်လိုသာ အပြစ်ပေးမယ်ဆိုရင် သတင်း အချက်အလက်တွေကို ဘယ်စက်ကနေ ပေးပို့တယ်၊ ဘယ်သူ လက်ခံရယူတယ်၊ Email Account ဘယ်ကနေ ပေးပို့တယ် စတဲ့ အချက်အလက်တွေ အတိအကျ တင်ပြနိုင်ဖို့ လိုတယ်။ နောက်ပြီးတော့ ကွန်ပြူတာကိုလည်း သက်သေခံအဖြစ် တင်ပြနိုင်ဖို့ လိုတယ်။ အခုတော့ အဲဒါတာတွေ ဘာမှမတင်ပြနိုင်ဘဲနဲ့ လျှပ်စစ်နည်းပညာနဲ့ ပတ်သက်ပြီးတော့ အချက်အလက် လွှဲပြောင်းပေးပို့နေတဲ့ ကိစ္စရပ်တွေမှာ အရေးယူ အပြစ်ပေးနေတာကို ကျနော်တို့ တွေ့ရတယ်။ အထူးသဖြင့် မလှလှဝင်းကိစ္စ ဆိုလို့ရှိရင် ဘာမှ သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိဘူးဆိုတာကို တွေ့ရတယ်။”

အပြစ်ပေးခံရသူ အနေအထားနဲ့ ပတ်သက်ပြီးတော့ ဦးမင်းလွင်ဦးက ရှင်းပြပါတယ်။

“ကျနော်တို့ ပြောနိုင်တာကတော့ ဒီလိုမျိုး အက်ဥပဒေနဲ့ အရေးယူခံရတဲ့ သူတွေကို စစ်ကြောရေးစခန်းမှာ အတင်းအဓမ္မ နှိပ်စက်ညှဉ်းပန်း ရယူထားတဲ့ သက်သေ ထွက်ချက်တွေ အပေါ်မှာ မူတည်ပြီးတော့ အခုလိုမျိုး အပြစ်ပေးနေတယ် ဆိုတာတွေကို ယခင်ဖြစ်တဲ့ အမှုတွေက သာဓက ပြနေတာကို ကျနော်တို့ သိရှိရတယ်။”

Electronic ဥပဒေဆိုတာ အရင်က မရှိဘဲ အခု စစ်အစိုးရ လက်ထက်ကျ အခါမှ နိုင်ငံရေး လှုပ်ရှားသူတွေကို လိုလို အပြစ်ပေးဖို့အတွက် ဖန်တီးထားတဲ့ ဥပဒေ ဖြစ်နေတာကိုလည်း ဦးမင်းလွင်ဦက အထောက်အထားနဲ့ ပြောပါတယ်။

“Electronic Transition ကတော့ န အ ဖ တက်လာတဲ့ နောက်ပိုင်းမှာ ပြဌာန်းထားတဲ့ ဥပဒေဖြစ်တယ်။ နိုင်ငံရေး ပြစ်မှုတွေနဲ့ အဖမ်းခံရတဲ့သူတွေရဲ့ လက်ထဲမှာ CD ဓါတ်ပြား တခုခု တွေ့ရင်ဖြစ်ဖြင့်၊ ဒါမှမဟု Memory ကဒ် အချက်အလက် သိုမှီတဲ့ အတောက်တခုခု တွေ့ရင်ဖြစ်ဖြင့် ဒါတွေကို အကြောင်းပြပြီးတော့ ကြီးလေးတဲ့ အပြစ်ဒဏ် ပေးနိုင်ဖို့အတွက် စီမံဆောင်ရွက် နေတယ် ဆိုတာက အထင်အထား တွေ့နေရတယ် ဖြစ်ပါတယ် ခင်ဗျား။”

၂၀၀၇ စက်တင်ဘာ လှုပ်ရှားမှုအပြီး နောက်ပိုင်းမှာလည်း bloger နေဘုန်းလတ်ကို အပြစ်ပေးရာမှာ Electronic ပုဒ်မကို ထည့်သွင်းစွဲဆိုခဲ့သလို ၂၀၀၈ ခုနှစ် မေလ နာဂစ်မုန်တိုင်း နောက်ပိုင်း လူရွှင်တော် ဇာဂနာကို ထောင်ဒဏ် ချမှတ်တဲ့ နေရာမှာလည်း မြန်မာစစ်အစိုးရက ထည့်သွင်းစွဲဆို ခဲ့ပါတယ်ရှင်း။

0 comments:

Post a Comment