Sunday, April 18, 2010

Filled Under:

ရွေးကောက်ပွဲ ဥပဒေအပေါ် AHRC အမြင်

မြန်မာနိုင်ငံမှာ စစ်အစိုးရက ပြဌာန်းလိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေမှာ နိုင်ငံရေးပါတီတွေကို မလိုရင်မလိုသလို ပယ်ဖျက်နိုင်တဲ့ အခွင့်အာဏာတွေကို ရွေးကောက်ပွဲကော်မရှင်မှာ ပေးအပ်ထား တယ်လို့ အာရှလူ့အခွင့်အရေး ကော်မရှင်က ဒီနေ့ ကြေငြာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီရွေးကောက်ပွဲ ဥပဒေတွေအရ နိုင်ငံရေးပါတီတရပ်အနေနဲ့ သောင်းကျန်းသူ အဖွဲ့အစည်းများ ၊တရားမဝင် အဖွဲ့အစည်းများ နဲ့ပတ်သက်ဆက်နွယ်နေပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိဆိုတာကို ရွေးကောက်ပွဲ ကောက်မရှင်က ပဲဆုံးဖြတ်မှာဖြစ်ပါတယ်လို့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက အခုလိုရှင်းပြပါတယ်။

ဦးမင်းလွင်ဦး…………နိုင်ငံရေးပါတီအဖြစ်မှ ရပ်တည်ခွင့်မရှိစေရ ဆိုတဲ့ အချက်အလက်တွေထဲမှာ ပြည်ပနိုင်ငံမှာရှိတဲ့ သောင်းကျန်းတဲ့ အဖွဲ့အစည်း ၊ဒါမှမဟုတ်မတရားအသင်းကြေငြာထားတဲ့ အဖွဲ့အစည်း တွေနဲ့တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်ပြီး သော်လည်း ကောင်း ဆက်သွယ် ဆောင်ရွက်တဲ့အခါမှာ ဒီရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံရေးပါတီ အဖြစ်က ပယ်ဖျက်နိုင်တဲ့ အခွင့်အာဏာကိုပေးအပ်ထားတယ်ဆိုတာကို တွေ့ရတယ်။ စစ်ဆေးစီရင်မဲ့ကော်မရှင်အဖွဲ့က တရားသူကြီးတွေ ပါဝင်တဲ့အဖွဲ့မဟုတ်ပါဘူး။ဒီအထူးသီးသန့်ဖွဲ့စည်းထားတဲ့ ခုံအဖွဲ့ကနေပြီးတော့စစ်ဆေးစီရင်ရမှာ ဖြစ်တယ်။တရားရုံးတွေက စီရင်ခဲ့တဲ့မြန်မာနိုင်ငံကတရားစီရင်ရေးမှာတောင် မလိုရင်မလိုသလိုသောင်းကျန်းသူတွေနဲ့ ဆက်သွယ်တယ်ဆိုပြီးမတရားထောင်ချ အပြစ်ပေးထားတာတွေရှိတယ်လို့ ဦးမင်းလွင်ဦးက အခုလိုထောက်ပြပါတယ်။

ဦးမင်းလွင်ဦး………အသင်းဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့ အာဏာပိုင်တွေရဲ့ အလိုကျအလွယ်တကူ စစ်ဆေးစီရင်ဆုံးဖြတ်ပြီး ကြီးလေးတဲ့ပြစ်ဒါဏ်တွေ ပေးခဲ့တယ်ဆိုတာကိုကျနော်တို့လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေး ကွန်ယက် အဖွဲ့ခေါင်းဆောင် ရှေ့နေဦးမြင့်အေး၊မြင်းခြံက ဒေါက်တာဝင့်သူတို့အဖွဲ့စတဲ့အဖွဲ့တွေကို ပြည်ပမှာရှိတဲ့မတရားအသင်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်တယ်၊ ပြည်တွင်းမှာ ဆူပူုမှုတွေရှိအောင်ဆောင်ရွက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သက်သေအပ်တယ်။

အထောက်အထား ခိုင်ခိုင်လုံလုံမရှိသော်ငြားလည်း ကြီးလေးတဲ့ပြစ်ဒါဏ်တွေပေးခဲ့တယ်ဆိုတာကို ကျနော်တို့တွေ့ရတယ်။
ဒီလိုအခြေအနေတွေကြောင့်နိုင်ငံရေးပါတီစစ်အစိုးရက အလိုမကျရင်အဖျက်ခံရနိုင်ဖွယ်ရှိကြောင်းဒါ့အပြင် တိုင်းရင်သား အဖွဲ့အစည်း အချို့ပါတီထူထောင်ရာမှာအပစ်အခတ်ရပ် အဖွဲ့အစည်းများမှခွဲထွက်လာပြီးထူထောင်တာဖြစ်တဲ့အတွက် ဒီလို စွပ်စွဲချက်မျိုးနဲ့စွပ်စွဲနိုင်စရာရှိကြောင်း၊အပစ်ရပ်အဖွဲ့အစည်းတွေကို မတရားသင်းကြေငြာထားရာကဒီကနေ့အထိ ရုပ်သိမ်းထားခြင်း မရှိသေးကြောင်း အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေဦးမင်းလွင်ဦးက ရှင်းလင်းပြောဆိုခဲ့တယ်။

0 comments:

Post a Comment