Thursday, May 13, 2010

Filled Under:

မြန်မာအာဏာပိုင်များ အာဏာအလွဲသုံးစားမှုမကြာသေးခင်ကဖြစ်ပွား

ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးအချိုးဖောက်ခံရဆုံး နိုင်ငံအဖြစ်နှစ်ပေါင်းများစွာ စာရင်းသွင်းခံထားရတဲ့ မြန်မာနိုင်ငံအတွင်း နိုင်ငံသားတွေအပေါ် စစ်အစိုးရအာဏာပိုင်အဆင့်ဆင့်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေဟာ လျော့နည်းလာတာမျိုးမရှိဘူးဆိုတာ နိစ္စဓူဝ ကြုံတွေ့နေရ တဲ့တရားလက်လွှတ်ဖမ်းဆီးရှာဖွေမှု ၊အာဏာအလွဲသုံးစားလုပ်ဆောင်မှုတွေကလည်း သက်သေခံနေပါတယ်။ လတ်တလော ဖြစ်ရပ်တခုက ပြီးခဲ့တဲ့ သတင်းပတ် ဧပြီလ ၂၃ ရက်နေ့က ရန်ကုန်တိုင်းမြောက်ဥက္ကလာပမြို့နယ် ( ဌ) ရပ်ကွက်မှာ ဖြစ်ပွားခဲ့တယ်။ဖမ်းဝရမ်းမပါ ၊အဖွဲ့ အစည်းအထောက်အထားမပါတဲ့ အာဏာပိုင်ဆိုသူတွေက ဦးသန်းထိုက်ဆိုသူကို အဓမ္မ ဖမ်းဆီးခဲ့ပြီး အနီးအနားမှာရှိတဲ့ နေအိမ်တအိမ်မှာ အိမ်ရှင်ရဲ့ခွင့်ပြုချက်မရယူဘဲ ခေါ်ယူစစ်ဆေးမေးမြန်းခဲ့တဲ့အကြောင်း ကာယကံရှင် ဦးသန်းထိုက်ကပြောပါတယ်။
ဦးသန်းထိုက်….ညနေစောင်း၃နာရီ၁၅မိနစ်လောက်က ကျနော်စကားပြောနေတုန်း လူ၃ယောက်ကဝင်လာပြီး ကျနော့်ခါးကိုသိုင်း လက်မောင်းကနေချုပ်ထားပြီး ကျနော့်ကို အတင်းဆွဲခေါ်ပြီး ၊ အတင်းချုပ်နှောင်ပြီး ဦးကုလားအိမ်ထဲ အတင်းဝင်ခိုင်းတယ်။ ကျနော့်အရှေ့မှာ ထိုင်ခုံလေးတလုံးရှိတယ်။ အနောက်မှာမှန်တင်ခုံရှိတယ်။ ဦးကုလားအိမ်ရဲ့အလှပြင်ခန်းမှာရှိတဲ့ ထိုင်ခုံပေါ်မှာထိုင်ခိုင်းပြီုး ရှာဖွေတယ်။ ကျနော့်အိမ်လည်း အကုန် ရှာဖွေတယ်။ ၂လုံးထီကိုင်လား ဆိုပြီးရှာဖွေတယ်။ သတင်းရလို့လို့ပြောပြီးဝိုင်းရှာတယ်။နောက်တော့ လူအများကြီးပါလာတယ်။ လူ၁၀ယောက်လောက်ရှိတယ်။ ကား၂စီးနဲ့ ၊ကျနော့်ကိုအကုန်ဝိုင်းရှာတယ်၊ဘာမှမတွေ့တော့ ကျနော့်ကို ဘာမှမတွေ့ဘူးဆိုတဲ့အကြောင်း၊ ကျနော့်ဆီကလည်းဘာမှမပျောက်ရှကြောင်း စာရွက်ပေါ်မှာ လက်မှတ်ထိုးခိုင်းတယ်။ ကျနော် ဆိုင်းထိုးပေးတဲ့ စာရွက်ပေါ်မှာ ကြည့်ပြီးတော့ ခင်ဗျားဘယ်ကလဲလို့ မေးတော့ ရန်ကုန်တိုင်းကလို့ပြောတယ်။ အရပ်ဝတ်တွေနဲ့လာတယ်။ယူနီဖောင်းလည်းမပါဘူး၊ သူတို့မှာဖမ်းဝရမ်းမပါဘူး ၊ရှာဖွေပုံစံမပါဘူး ။ ဒါကမတရားစီးနင်းတဲ့ သဘောဖြစ်တယ်။ ဦးသန်းထိုက်ဟာ ချဲထီလည်းမရောင်းသလို ၊နိုင်ငံရေးနဲ့ လည်းမပတ်သက်ဘူးလို့ပြောပါတယ်။ဦးသန်းထိုက်ကိုစစ်ဆေးရာမှာ နယ်မြေခံ ရဲစခန်းနဲ့ ရပ်ကွက်အာဏာပိုင်တွေမပါဝင်ဘူးလို့ဆိုပါတယ်။ သူ့ကိုရှာဖွေပြီးတဲ့နောက်မသကာင်္စရာ ဘာအထောက်အထားမှ မတွေ့ရတာကြောင့် လက်မှတ်ထိုးခိုင်းပြီး ဦးသန်းထိုက်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေ ထွက်ခွာသွားပြီးမိနစ်ပိုင်းအတွင်းမှာဘဲ အိမ်ရှင်ဖြစ်သူ ဦးသန်းထွန်း(ခ)ကိုကုလားကြီးရောက်လာပြီး သူတို့ရှာဖွေသွားခဲ့တဲ့ အံဆွဲ တခုထဲမှာ ထည့်ထားတဲ့ ငွေ၂သိန်းခွဲ ပျောက်ဆုံးနေတဲ့ အကြောင်းကို ကိုကုလားကြီးကဒီလိုပြောပြပါတယ်။
ကိုကုလားကြီး…….ကျနော်မရှိတုန်းမှာ ကျနော့်အိမ်ကို ညနေ၃နာခွဲလောက်မှာ လူတစုဝင်လာတယ်။ ပြီးတော့ ဦးသန်းထိုက်လက်ကိုချုပ်ပြီးကျနော့် အိမ်ထဲကို ခေါ်လာတယ်။ ကျနော့်အိမ်ထဲမှာကိုသန်းထွန်း တကိုယ်လုံးကို ရှာတယ်။ အဲဒီအချိန်မှာ ကျနော်မိတ်ဆွေကကျနော့်ကိုလာရှာပြီး ကျနော့်အိမ်ကိုရှာနေတယ်လို့ပြောတယ်။ ကျနော်စခန်းကိဖုန်းဆက်တယ်။ စခန်းမှူးကဘာမှမသိရပါဘူးလို့ပြောတယ်။ ကျနော်ပြန်ရောက်တော့ ဘယ်သူမှမရှိတော့ဘူး၊ အဲဒီအချိန်မှာကျနော့်မိန်းမကလက်ကောက်လုပ်ဖို့ဆိုပြီးထည့်ထားတဲ့ ငွေ၂သိန်းခွဲ မှန်တင်ခုံ ထဲထည့်ထားတဲ့ ငွေ၂သိန်းခွဲ မရှိတော့ဘူးခင်ဗျ။
မေး………… စစ်ဆေးသွားခဲ့တဲ့ အာဏာပိုင်တွေက သူတို့ အဖွဲ့အစည်း နာမည်ကိုထုတ်ဖော်မပြောပေမဲ့ စစ်ဆေးခံရတဲ့ ဦးသန်းထိုက်ကို ဘာမှမတွေ့ရှိကြောင်းလက်မှတ်ရေးထိုးခိုင်းတဲ့ စာရွက်အပေါ်မှာရေးထားချက်အရ ဒီအဖွဲ့ကို ဦးဆောင်သူဟာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲအုပ်သိန်းစိုးဖြစ်တယ်လို့ ဦးသန်းထိုက်ကပြောပြပါတယ်။ အဲဒီလိုနေအိမ်ကို အာဏာပိုင်အဖွဲ့အစည်း ကျူးကျော်ဝင်ရောက်ခဲ့မှုနဲ့၊ ငွေပျောက်ဆုံးမှုကိစ္စကို စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေထံ တိုင်ကြားထားတယ်လို့ ကိုကုလားကြီးက ပြောပြပါတယ်။
ကိုကုလားကြီး………အဲဒါနဲ့ကျနော်လည်း နိုင်ငံတော်ဥက္ကဌကြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ ပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်မောင်ဦး ဗိုလ်ချုပ်သူရရွှေမန်း၊ဗိုလ်ချုပ်မောင်အေး စသည်တို့ကို လိပ်မူပြီးတိုင်တယ်။
အခုလိုမြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့လုံခြုံရေးကင်းမဲ့နေတဲ့အခြေအနေတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေက ဆက်လက်ပြီးဆိုးဝါးနေဆဲ ဖြစ်တာကြောင့် စိုးရိမ်စရာဖြစ်လာပါတယ်လို့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်ရှေ့နေ ဦးမင်းလွင်ဦးက အခုလိုရှင်းပြပါတယ်။
ဦးမင်းလွင်ဦး…..ကျနော်တို့မြန်မာနိုင်ငံအတွင်းမှာ ဒီလိုမျိုးအာဏာပိုင်တွေကနေပြီးတော့ တရားလက်လွှတ်ပြုကျင့်မှုတွေကနေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတာဖြစ်တယ်။နိုင်ငံသားတွေရဲ့လုံခြုံရေးကို အဓိကကာကွယ်စောင့်ရှောက်ရမဲ့သူတွေက အာဏာပိုင်အဖွဲ့အစည်းဖြစ်တယ်။ သို့သော်လည်းပဲ အာဏာပိုင်အဖွဲ့အစည်းအသီးသီးကနေပြီးတော့ ဒီနိုင်ငံသားတွေအပေါ်မှာ အခုလိုမျိုးတရားလက်လွှတ်ရှာဖွေနေတာတွေပြုတယ်။ ဖမ်းဆီးတာတွေပြုတယ်။တရားရုံးခွင့်ပြုချက်မရဘဲ ဖမ်းဆီးစစ်မေးတာတွေ နေ့စဉ်နဲ့အမျှ ကြားသိနေရတယ်။်။ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်လက်ဖြစ်ပွားနေတယ်။ တရားဥပဒေ စိုးမိုးမှု လုံးဝမရှိဘူးဆိုတာကို ဖော်ပြနေတာပဲဖြစ်တယ်။ ဒါတွေကိုရပ်တန်းကရပ်ဖို့ ကိုလည်း အာဏာပိုင်အဖွဲ့အစည်းတွေမှာ အဓိကလိုက်နာဆောင်ရွက်ရမဲ့ တာဝန်ရှိသော်လည်း အာဏာပိုင်အဖွဲ့အစည်း ကိုယ်တိုင်က ယခုလိုမျိုးကျူးလွန်ဖောက်ဖျက်တာဟာ မြန်မာနိုင်ငံအတွက် လွန်စွာမှဘဲ စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။
ဒါကတော့ မြောက်ဥက္ကလာ ( ဌ ) ရပ်ကွက်ခေမာ၂လမ်း အိမ်နံပါတ် ၂၅၅မှာ ပြီးခဲ့တဲ့ ဧပြီလ၃ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပြည်သူတွေအပေါ် အာဏာပိုင်တွေရဲ့ လုံခြုံရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု၊အာဏာအလွဲသုံးစားမှုတွေနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေအကြောင်းတင်ပြခဲ့တာပါ။

0 comments:

Post a Comment