Friday, May 14, 2010

Filled Under:

အစိုးရဝန်ထမ်းများအပေါ်ရွေးကောက်ပွဲဥပဒေ

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးမစ္စတာ ကာ(ထ်)ကန်ဘဲလ်နဲ့ အမေရိကန်သံရုံးတာဝန်ခံ လာရီဒင်းဂါးတို့ မြန်မာ စစ်အစိုးရအရာရှိတွေနဲ့ အခုလိုတွေ့ဆုံခဲ့ရာမှာ ရွေးကောက်ပွဲဥပဒေတွေနဲ့ ပတ်သက်ပြီးတော့လည်းမေးခွန်းထုတ်ခဲ့ပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေ အနေနဲ့ အစိုးရဝန်ထမ်းမဖြစ်စေရ ဆိုတဲ့ ကန့်သတ်ချက်နဲ့ ပတ်သက်လို့ မေးမြန်းခဲ့ရာမှာလက်ရှိဝန်ကြီးချုပ်သိန်းစိန် ဦးဆောင်တဲ့ရွေးကောက်ပွဲကိုဝင်ဖို့ ပြင်ဆင်ထားတဲ့ပုဂ္ဂိုလ်တွေဟာ စစ်တပ်က အနားယူပြီးဖြစ်တဲ့အပြင် နိုင်ငံရေးအရခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် အစိုးရဝန်ထမ်းမဟုတ်တဲ့အကြောင်း ဖြေရှင်းချက်ပေးတယ်လို့သိရပါတယ်။ဥပဒေကြောင်းအရဒီဖြေရှင်းချက်နဲ့ ပတ်သက်လို့အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေဦးမင်းလွင်ဦးကို မေးကြည့်တော့

ဦးမင်းလွင်ဦး….မြန်မာနိုင်ငံမှာ နိုင်ငံတော်ဝန်ထမ်းအဖြစ် သတ်မှတ်တဲ့ အခါမှာ ပြန်ထမ်းဝင်အရာရှိတွေကို သတ်မှတ်တဲ့အခါမှာ နိုင်ငံတော်သမ္မတ၊ ဒါမှမဟုတ် နိုင်ငံတော်အစိုးရ ရုံးက ညွှန်ကြားရေးမှူးချုပ်ကနေ တာဝန်ရှိတဲ့သူတဦးဦးကနေပြီး နိုင်ငံတော်ပြန်ထမ်းအနေနဲ့ ထုတ်ပြန်ကြေငြာပြီးမှ တာဝန်အရပ်ရပ်ကိုခန့်အပ်ပေးရတာဖြစ်တယ်။ အဲဒီလို ကြေငြာပြီးမှဘဲ တရားဝင်သက်ဆိုင်ရာ အစိုးရဌာနတွေမှာ ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်တာ ၊တာဝန်ယူနိုင်တာဖြစ်တယ်။ ဒီလိုမျိုး တရားဝင်နိုင်ငံတော်ပြန်ထမ်းအနေနဲ့ ထုတ်ပြန်ကြေငြာထားပြီးတဲ့ သူတွေက နိုင်ငံ့ဝန်ထမ်းမဟုတ်ဘူးဆိုတာကို လူတွေထင်ယောင်ထင်မှားဖြစ်အောင် နောက်ပြီးတော့ နိုင်ငံခြား သံအရာရှိတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ စီမံခန့်ခွဲပုံစနစ်ကို ဝေဝေဝါးဝါး ဖြစ်အောင်ပြောတယ်လို့ပဲ ကျနော်တော့ ထင်မြင်ယူဆပါတယ်။

အမှန်ကတော့ တရားဝင်ခန့်အပ်ပြီးသားဖြစ်နေတဲ့အတွက် ဝန်ကြီးချုပ်ဦးသိန်းစိန်အပါအဝင် အားလုံးဟာ နိုင်ငံတော်ဝန်ထမ်းဖြစ်တယ်ဆိုတာ ကျနော်တို့သိရတယ်။ တကယ်လို့သာ နိုင်ငံတော်ဝန်ထမ်းမဟုတ်ဘူးဆိုရင်လည်းတပ်မတော်ကနေထုတ်ပယ်၍သော်လည်းကောင်း၊ ဒါမှမဟုတ်အငြိမ်းစားယူ၍သော်လည်းကောင်း အဲဒီလိုမျိုးတရားဝင်ထုတ်ပြန်ကြေငြာပြီးမှသာ အရပ်သားအဖြစ်ကို အစိုးရဌာနအသီးသီးကသော်လည်းကောင်း ၊ပြည်သူလူထုအသီးသီးကသော်လည်းကောင်း၊ နိုင်ငံတကာအသီးသီးကသော်လည်းကောင်း လက်ခံနိုင်မှာဖြစ်တယ်။ အဲဒီလိုမျိုးထုတ်ပြန်ကြေငြာခြင်း မရှိသေးသရွေ့တော့ နိုင်ငံတော်ဝန်ထမ်းပဲဖြစ်တယ်လို့ ဥပဒေအရ နားလည်ထားတယ်။

မေး…ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးဥပဒေတွေထုတ်ပြန်တဲ့ အခါမှာ အစိုးရဝန်ထမ်းမဟုတ်သူသာ ပါတီကိုဖွဲ့စည်းတည်ထောင်ခွင့်ရှိတယ်ဆိုတော့ စစ်အစိုးရဝန်ထမ်းနဲ့ ပတ်သက်ပြီး ဥပဒေအရ ဘယ်လိုများအဓိပ္ပါယ် ဖွင့်ဆိုထားတယ်လို့ ထင်ပါသလဲ၊ အစိုးရဝန်ထမ်းဟာ အာဏာသုံးမှာစိုးလို့ ဒီအစိုးရဝန်ထမ်းဆိုတဲ့အပိုဒ်ကိုထည့်ထားတယ်လို့ ယေဘူယျအားဖြင့် ယူဆလို့ရတယ်။ ဒါပေမဲ့ သူတို့က ဒါနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ ရှင်းရှင်းလင်းလင်း ရှင်းရှင်းလင်းလင်းသိရအောင် ပြောပြပေးပါ။

ဦးမင်းလွင်ဦး…..နိုင်ငံရေးပါတီ တည်ထောင်လိုသူတွေက နိုင်ငံဝန်ထမ်းမဟုတ်ခြင်းဆိုတဲ့ အချက်ကို ပုဒ်မ၄( က)မှာ ထည့်သွင်းဖော်ပြထားတာကိုကျနော်တွေ့ရတယ်။ အဲဒီလိုပါရှိတဲ့ အချက်အလက်က နိုင်ငံတော်ဝန်ထမ်းဖြစ်တယ်၊ အစိုးရအကြီးအကဲ ဖြစ်တယ်။ မိမိလက်အောက် ယ်သားတွေအပေါ်မှာ သြဇာညောင်းမယ်။ မိမိလက်အောက်မှာ ရှိတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းအသီးသီးကို မဲဆွယ်စည်းရုံးတဲ့ နေရာမှာ ပိုပြီးတော့ ထိရောက်မှုရှိမယ်ဆိုတဲ့ အချက်အလက်တွေကို ရည်ရွယ်ပြီးတော့ နိုင်ငံ့ဝန်ထမ်းမဟုတ်ရဘူးလို့ ရေးဆွဲပြီးထည့်သွင်းထားတာဖြစ်တယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်ကိုက ရွေးကောက်ပွဲမှာ ပါဝင်တယ်။ ပါတီကိုတည်ထောင်တဲ့ နေရာမှာ ဥက္ကဌ၊အတွင်းရေးမှူးစတဲ့ နေရာယူပြီး ဖြစ်နေတဲ့ အတွက် ဒါတွေက ဥပဒေပြဌာန်းထားနိုင်တဲ့

0 comments:

Post a Comment