Wednesday, September 08, 2010

Filled Under:

ပြည်ခိုင်ဖြိုးပါတီငွေချေးစည်းရုံး


( စက်တင်ဘာ ၇၊VOA)ရန်ကုန်တိုင်း၁၆မြို့နယ်ကလယ်သမားတွေကိုကျပ်ငွေသိန်း၈သောင်း
ကျော်အတိုးနည်းနည်းနဲ့ ထုတ်ချေးလိုက်တယ်လို့ပြည်ခိုင်ဖြိုးပါတီဝင်လောင်းဒေါက်တာတင်
ထွန်းဦးထုတ်ဝေတဲ့ဂျာနယ်မှာဖော်ပြထားပါတယ်။အခုသုံးနေတဲ့ငွေတွေဟာနိုင်ငံပိုင်ဖြစ်တယ်
လို့အာရှလူ့အခွင့်အရေးကော်မရှင်ကရှေ့နေဦးမင်းလွင်ဦးကဆိုပါတယ်။

ဦးမင်းလွင်ဦး…ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေပါတီကိုပြောင်းတဲ့အခါမှာဥပဒေနဲ့
အညီစာရင်းရှင်းလင်းဖျက်သိမ်းပြီးတော့မှလွှဲပြောင်းတာမဟုတ်ဘူး၊အသင်းကနေပါတီကို 
ပြောင်းတဲ့အခါမှာဥပဒေနဲ့ အညီပြောင်းမယ်ဆိုရင်နဂိုအသင်းတုန်းကစုဆောင်းထားတဲ့ပိုက်
ဆံတွေကဘယ်လောက်၊အဲဒီ့ရင်းနှီးမှုတွေကဘယ်လောက်၊အဲဒီ့အပေါ်မှာရတဲ့အကျိုးအ
မြတ်ကဘယ်လောက်ဆိုတာတွေကိုတင်ပြရမှာဖြစ်တယ်။သို့သော်ထင်ထင်ရှားရှားသိသာ
တဲ့လုပ်ဆောင်ချက်မရှိတဲ့အတွက် ကြံ့ခိုင်ဖွံ့ပါတီကသုံးနေတဲ့ငွေကြေးတွေက နိုင်ငံတော်
ပိုင်ငွေကြေးတွေဖြစ်တယ်။

ဒီပါတီဟာလူမှုရေးအသင်းအနေနဲ့ ရှိစဉ်ကနိုင်ငံအနှံ့မှာစီးပွားရေး လုပ်ကိုင်ခွင့်မျိုးစုံလုပ်ကိုင်
ခွင့်ရခဲ့ပါတယ်။လက်ရှိမှာရန်ကုန်တိုင်းကလယ်သမားတွေကိုထုတ်ချေးတဲ့ငွေကလွဲပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ဘယ်လောက်အထိငွေထုတ်ချေးနိုင်တယ်ဆိုတာမထုတ်ပြန်
သေးပါဘူး၊နိုင်ငံရေးပါတီတွေလိုက်နာရမဲ့ဥပဒေတွေမှာတော့ ပါတီတရပ်ဟာနိုင်ငံပိုင်ငွေ၊
ယာဉ်၊အဆောက်အဦ စတာတွေကိုမသုံးစွဲရဘူးလို့ပါရှိပါတယ်။အမျိုးသားဒီမိုကရေစီအင်
အားစုခေါင်းဆောင်ရှေ့နေကြီးဦးသိန်းမင်းကလည်းမဲဆန္ဒရှင်တွေကိုအခုလိုငွေချေးတာ
ဟာရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းနိုင်တယ်လို့ဆိုပါတယ်။

ဦးသိန်းမင်း… ဒါကတော့ ဥပဒေကြောင်းအရဖြေစရာမလိုပါဘူး၊ လူတိုင်းသိနေတဲ့ကိစ္စပါဘဲ။ 
ချေးတဲ့ငွေတွေဟာ နိုင်ငံတော်ပိုင်ငွေကြေးဖြစ်တယ်ဆိုရင်တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်ပြီးဖြစ်
စေမသုံးရဘူးလို့ ဥပဒေအရတားထားတာကိုး၊ အဲတော့ချေးငွေများသည်ဥပဒေမှာပါတဲ့နိုင်ငံ
တော်ပိုင်ငွေကြေးတိုက်ရိုက်လားသွယ်ဝိုက်ပြီးလားဆိုပြီးအကြောင်းချင်းရာအချက်အလက်
တွေပေါ်လာရင်ငွေချေးပြီးတော့ရွေးကောက်ပွဲလုပ်တယ်ဆိုရင်တော့ရွေးကောက်ပွဲဥပဒေပုဒ်မ
၁၀နဲ့ ငြိတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ လယ်သမားတွေကိုငွေထုတ်ချေးသလိုအခြားတဘက်မှာလည်းချေးငွေ
လက်ခံမဲ့လူတွေဟာအသင်းဝင်ဖြစ်ရမယ်ဆိုပြီးစည်းရုံးမှုတွေလည်းရှိတယ်လို့ ဦးမင်းလွင်ဦးက
ပြောပြပါတယ်။

ဦးမင်းလွင်ဦး…အသင်းဝင်တွေကိုငွေကြေးထုတ်ချေးတဲ့ကိစ္စရပ်ကိုကျနော်တို့ကထွေထွေထူး
ထူးသိပ်မပြောလိုဘူး၊သို့သော်ဒီလိုမျိုးအသင်းဝင်မှငွေချေးမယ်ဆိုရင်တော့ဒီဟာက
ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီတရပ်အနေနဲ့ ငွေချေးပေးမြူဆွယ်ပြီးတော့မှ အသင်းဝင်အဖြစ်
စုဆောင်းတယ်လို့ ကျနော်တို့ကပြောနိုင်တယ်။ဒါကရွေးကောက်ပွဲမှာပြဌာန်းထားတဲ့ဥပဒေနဲ့
လည်းဆန့်ကျင်တယ်။

တပြိုင်နက်ထဲမှာပဲဒီပါတီကငွေကြေးပေါပေါသီသီသုံးနိုင်ချိန်မှာပြိုင်ဘက်ပါတီအချို့ကတော့
ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ဒီမိုကရက်ပါတီမြန်မာပြည်ဟာစောစောပိုင်းက    တနိုင်ငံလုံးကိုယ်စားလှယ်ရဲ့ထက်ဝက်နီးပါးဖြစ်တဲ့ ၅၀၀ကျော်လောက်ယှဉ်ပြိုင်ဖို့ ရည်မှန်းခဲ့ပေမဲ့                
ဘဏ္ဍာရေးအခက်အခဲကြောင့်လက်တွေ့မှာ၅၀ကျော်ပဲ အမည်စာရင်း တင်သွင်းနိုင်ခဲ့ပါတယ်။ စည်းရုံးရေးဆင်းဖို့တောင်ငွေကြေးအခက်အခဲရှိတယ်လို့အဲဒီ့ပါတီရဲ့အထွေထွေအတွင်းရေးမှူး
ဒေါ်သန်းသန်းနုကဆိုပါတယ်။

ဒေါ်သန်းသန်းနု…..စည်းရုံးရေးဆင်းတယ်ဆိုတော့ကျမတို့ကငွေလိုတာပဲလေ၊ခရီးသွားရမယ်
မဟုတ်လား၊ကျမတို့အိမ်ထဲထိုင်နေလို့၊ရုံးထဲထိုင်နေလို့မရဘူး၊ခရီးသွားဖို့တောင်ကျယ်ကျယ်
ပြန့်ပြန့်သွားဖို့ခက်တယ်။ စည်းရုံးရေးဆင်းတယ်၊ခရီးသွားတယ်ဆိုရင် ဥက္ကဌတယောက်ထဲ ၊ကျမတယောက်ထဲသွားလို့ မရဘူး၊အကုန်ဖြန့်သွားကြရမှာကိုး၊ ကျမတို့ အဖေတွေလက်ထက်
တုန်းကလည်းသူတို့ကချမ်းသာတဲ့လူတွေမှမဟုတ်ဘဲနဲ့ ၊နိုင်ငံရေးအရဒီလိုပဲပေါ့၊ဒါပေမဲ့အဲဒီ့
အချိန်တုန်းကငွေတွေအရမ်းပုံသုံးပြီးတော့လုပ်တဲ့နိုင်ငံရေးသမားတွေလည်းမရှိဘူး၊အားလုံး
ဟာနိုင်ငံရေးသမားဆိုရင်ချို့တဲ့ကြပါတယ်။လိုအပ်ချက်ဆိုတာကိုကျမတို့ကဖြည့်နိုင်တဲ့အနေ
အထားမရှိဘူး၊

ဒေါ်သန်းသန်းနုဟာဝန်ကြီးချုပ်ဟောင်းဦးနုရဲသမီးဘဲဖြစ်ပါတယ်။လာမဲ့ရွေးကောက်ပွဲမှာလွှတ်
တော်အသီးသီးအတွက်ကိုယ်စားလှယ်နေရာ၁၁၆၃နေရာရှိပြီးပြည်ခိုင်ဖြိုးပါတီကကိုယ်စား
လှယ်လောင်း၁၁၀၀ကျော်စာရင်းနဲ့ မဲဆန္ဒနယ်အားလုံးနီးပါးမှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

0 comments:

Post a Comment