Friday, September 03, 2010

Filled Under:

ရွေးကောက်ပွဲဥပဒေနှင့် လူထု ဆောင်းပါး

အာရ်အက်အေမှ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေသည့် ရွေးကောက်ပွဲဥပဒေနှင့်
လူထု ဆောင်းပါးအမှတ်စဉ် ၅။

နိုဝင်ဘာလ၇ရက်နေ့က ရွေးကောက်ပွဲကျင်းပမဲ့နေ့လို့ ကြေညာလိုက်ပါပြီ။ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပ
ဒေကို အခြေခံပြီးဖွဲ့စည်းမဲ့ အစိုးရတရပ်ပေါ်ပေါက်လာတော့မှာပါ။ ပြည်သူတွေအနေနဲ့ခုလဲ နအဖကအုပ်ချုပ်
နေတာပဲ၊ နောင်ရွေးကောက်ပွဲပြီးရင်လဲ သူတို့ပဲဆက်လက်အုပ်ချုပ်မှာပဲ ဘာထူးလို့လဲလို့ထင်ကြမှာပါ။ လက်
ရှိအုပ်ချုပ်နေတဲ့ နအဖဟာဥပဒေနဲ့အညီ ပြည်သူများက ရွေးချယ်တင်မြှောက်ထားတဲ့ တရားဝင်အစိုးရတရပ်
မဟုတ်ပါဘူး ၊အာဏာသိမ်းအစိုးရ၊ စစ်အစိုးရစတာတွေကို သူတို့ကိုယ်တိုင်ကဖွင့်ဟ ၀င်ခံပြီးသားပါ ။ဥပမာ
ပြရမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စပ်လျဉ်းပြီး၁၉၉ဝပြည့်နှစ်မေလ(၉)ရက် နေ့နံနက်(၁ဝ)နာရီ
ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)အစည်းအဝေးခန်းမမှာ ကျင်းပတဲ့နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်
ဆောက်ရေးအဖွဲ့နဲ့ ပြည်နယ်တိုင်းငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့များ ညှိနှိုင်းအစည်းအဝေးမှာန၀တ၊
ဥက္ကဌ၊ ဗိုလ်ချုပ်မှူးကြီး စောမောင်ပြောကြားတဲ့မိန့်ခွန်းမှာ

-
မြန်မာနိုင်ငံရဲ့ ကိစ္စအရပ်ရပ်ကို တာဝန်ယူထားတာ ဘယ်သူလဲဆိုရင်နဝတဘဲဖြစ်တယ် ၊ဖွဲ့စည်းပုံအခြေခံဥပ
ဒေအရပ်ရပ်က အစိုးရမပေါ်ခင် မြန်မာနိုင်ငံကိုကြားဖြတ်အနေနှင့် တာဝန်ယူထားတာ ဘယ်သူလဲဆိုရင်နဝ
တဘဲဖြစ်တယ်၊ ဒါ့အပြင်စက်တင်ဘာလ(၇)ရက်နေ့နံနက်၁ဝ)နာရီ ကာကွယ်ရေးဝန်ကြီးဌာန၊ ခန်းမ
ဆောင်မှာ တိုင်းပြည်အတွက် သိသင့်သိထိုက်တာများနဲ့ စပ်လျဉ်းပြီးပြောကြားတဲ့ မိန့်ခွန်းမှာကျွန်တော်တို့က
ဒီနေ့ဟာ စစ်အစိုးရလို့ ကျွန်တော်ပြောထားတယ်၊ မာရှယ်လော၊ တပ်မတော်အစိုးရ၊ ကျွန်တော့်မှာအခြေခံ
ထားတဲ့ဥပဒေမရှိဘူး၊ ဒီလောက်တော့နားလည်ဖို့ ကောင်းတာပေါ့လို့ ပြောကြားခဲ့တာတွေကို ကြည့်ရင်တရား
မ၀င် အစိုးရဆိုတာကို ပြည်သူတွေသိလောက်ပါပြီ။

တရားဝင် အစိုးရဖြစ်လာတော့ ဘာတွေများထူးမှာလဲလို့ ပြည်သူတွေသိချင်ကြမှာပါ။ တရားဝင်အစိုးရတရပ်
ဖြစ်လာရင် နိုင်ငံတကာစာချုပ်စာတမ်းများနဲ့ ကုလသမဂ္ဂက ရေးဆွဲပြဌာန်းတဲ့ ကွန်ဗင်းရှင်းစာချုပ်စာတမ်း
များကို လက်မှတ်ရေးထိုးနိုင်တယ်။ နိုင်ငံတကာကော်ပိုရေးရှင်းများဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံ
ငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်စတဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့်အရေးတွေ
ရလာမယ်။ ခုထက်ပိုပြီးနိုင်ငံတကာမှာ ၀င်ဆံ့လာမဲ့သဘောပါ။ ပြည်သူပြည်သားတွေရဲ့ အခွင့်အရေးတွေကို
လေးစားလိုက်နာမယ်၊ စစ်မှန်တဲ့ဒီမိုကရေစီစံနစ်ကို ဖေါ်ဆောင်မယ်ဆိုရင်တော့ ကောင်းတယ်လို့ပြောရမှာ
ပေါ့။

ဒီတော့ န၀တနဲ့နအဖနှစ်၂၀ကျော် အုပ်ချုပ်တဲ့အချိန်ကာလအတွင်းမှာ ပြည်သူတွေရဲ့ အခွင့်အရေးကိုလေး
စားလိုက်နာတာရှိသလားဆိုတာ ကြည့်ရအောင်လူကြီးတွေမပြောနဲ့ ကလေးသူငယ်တွေကိုတောင် အဓမ္မ
ကလေးစစ်သားအဖြစ် စုဆောင်းတာတွေ၊ စစ်တပ်နဲ့နီးစပ်တဲ့စီးပွားရေး ကုမ္ပဏီတွေ လုပ်ပိုင်ခွင့်ရအောင်
တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေတွေကို အဓမ္မသိမ်းယူတာတွေ၊ ပြည်သူတွေ ကိုးကွယ်ဝတ်ပြုတဲ့
ဘုန်းကြီးကျောင်းတွေ ၊ဘုရားရှစ်ခိုးကျောင်းတွေ၊ ဗလီတွေဖျက်ဆီး၊လွတ်လပ်စွာ ကိုးကွယ်ဝတ်ပြုခွင့်မရ
အောင်လုပ်ခဲ့တာတွေ၊ ရွှေဝါရောင်သံဃာ့အရေးအခင်းမှာ သံဃာတော်တွေကို လူမဆန်စွာနှိပ်ကွပ်ခဲ့တာ
တွေ၊ တိုင်းရင်းသားဒေသတွေမှာ ရွာတွေမီးရှို့၊အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတာတွေက ကြည့်ရင်နအဖ
ရဲ့သဘောထား အမှန်ကိုသိသင့်ပြီလို့ထင်ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားများရဲ့အရေးတွေကို ညှိနှိုင်းအဖြေရှာဖို့ ကြိုးပမ်းတဲ့တိုင်းရင်း
သားခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီအရေးလှုပ်ရှား သူတွေကိုလဲ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ
ချမှတ်ထားတွေရှိပါတယ်။ ဒီလိုလုပ်ဆောင်တာတွေက ဥပဒေနဲ့ညီညွတ်ပါရဲ့လား၊ ထင်ရှားတဲ့ ဥပမာတခု
ုပြရရင်တော့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်နဲ့ ဗိုလ်ချုပ်ဆွေထင်
တို့ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ဖမ်းဆီးအပြစ်ပေးခဲ့တာကို ဥပမာပြလိုပါတယ်။

ပြစ်မှုဆိုင်ရာ ဥပဒေပြဌာန်းချက်မှာ နိုင်ငံတော်ပုန်ကန်မှုနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်းပြဌာန်းထားပါ
တယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့်တည်ထောင် ခန့်အပ်တဲ့ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ လုပ်ငန်းအဖွဲ့
ကိုလက်နက်ဲနြဲ့ဖစ်စေ၊ အခြားနည်းနဲ့ဖြစ်စေ၊ ဖြိုဖျက်ရန်အားထုတ်ရင်၊ပြင်ဆင်ရင်ပါဝင် ဆောင်ရွက်ရင်ပြည်
ထောင်စု မြန်မာနိုင်ငံပြည်တွင်း ၊ပြင်ပမှာလူတဦးဦးကိုလှုံ့ဆော်ရင်း ပေါင်းကြံစည်ရင် ထိုသူဟာနိုင်ငံတော်
သစ္စာဖေါက်ဖျက် ပုန်ကန်မှုကြီးကို ကျူးလွန်တယ်လို့ ပြဌာန်းထားပါတယ်။

ဆိုလိုတာကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ တည်ထောင်ထားတဲ့ အစိုးရအဖွဲ့ဖြစ်မှသာ ဒီဥပဒေနဲ့အ
ရေးယူလို့ရမှာဖြစ်တယ် ဒါပေမဲ့ဥပဒေက မည်သို့ပင်ဆိုစေကာမူ နအဖကတော့ဥပဒေနဲ့မညီပဲ စစ်ဆေးစီရင်
်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ပေးခဲ့ပါတယ်။ ဒါကတရားဝင်အစိုးရမဖြစ်သေးတဲ့ အချိန်မှာ ဥပဒေကိုမျက်ကွယ်
်ပြုလုပ် ဆောင်ခဲ့တဲ့သာဓကတခုပါ။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီအုပ်ချုပ်တဲ့အစိုးရ ဖြစ်လာမဲ့အချိန်
မှာ ဒီထက်ပိုဆိုးလာမလား၊ ကောင်းလာမလားဆိုတာကိုတော့ ပြည်သူတွေစဉ်းစားဖို့လိုပါတယ်။

ဒီနေရာမှာ ပြည်သူတွေရဲ့အခန်းကဏ္ဍက အရေးကြီးလာပါပြီ၊ စစ်အစိုးရသက်စိုးရှည်ဖို့ ရေးဆွဲထားတဲ့၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အုပ်ချုပ်မဲ့ အစိုးရကိုပြည်သူတွေ ကိုယ်တိုင်ကမဲပေးရွေးချယ် ရတော့မှာဖြစ်တယ်၊
ဒီနေရာမှာ စစ်အစိုးရကိုမကြိုက်လို့ ကန့်ကွက်မဲပေးလဲ ထောက်ခံမဲဖြစ်သွားမှာ စိုးရိမ်တဲ့ပြည်သူတွေအတွက်
်စိတ်သက်သာ ခွင့်ရအောင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေမှာ ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့အခွင့်
အရေးနဲ့မဲမပေးပဲနေနိုင်တယ်၊ တနည်းပြောရရင် နိုင်ငံရေးနဲ့ကင်းကင်းရှင်းရှင်း နေနိုင်တယ်ဆိုတဲ့ အခွင့်
အရေး ၂ရပ်ပြဌာန်းပေးထားပါတယ်။ စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုတာဟာ အသံတိတ်ဆန္ဒပြ
တာပါပဲ၊ အနာဂါတ်မြန်မာပြည်အတွက် မိမိနှစ်သက်ရာကို မှန်ကန်စွာရွေးချယ်ကြဖို့လိုကြောင်း တင်ပြလိုက
်ရပါတယ်ခင်ဗျား။

(အာရှလူ့အခွင့်အရေး ကော်မရှင်မှရှေ့နေမင်းလွင်ဦး အာအက်ဖ်အေအတွက် ရေးသားထားခြင်းဖြစ်ပါ
တယ်)

0 comments:

Post a Comment