Monday, August 30, 2010

Filled Under:

AHRCမှနှိပ်စက်ညှင်းပန်းမှုဆိုင်ရာ အချက်အလက်များ ကုလသမဂ္ဂကို ပေးပို့

(VOA ၂၈.၈.၂၀၁၀)
ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ဆိုပြီးတော့ ဖမ်းဆီးခံထားရတဲ့ ကိုဖြိုးဝေအောင်၊ စမ်းချောင်းဗဒုမ္မာ အတွင်း ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ဆိုပြီးတော့ ထောင်ချအပြစ်ပေးခံထားရတဲ့ ကိုသန်းမြင့်အောင် အပါအဝင် အမေရိကန်စင်တာနဲ့ ဟက်ကြီးရေကာတာတွေကို ဗုံးပေါက်ခွဲရန်ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံ ထားရတဲ့ ကန္တာရဝတီရဲ့ သတင်းထောက် ကိုညီညီထွန်းတို့ဟာ စစ်ကြောရေးကာလတွေမှာ လူမဆန်စွာနှိပ်စက်ညှင်းခံရတဲ့ အချက်အလက်တွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ကြီးဆီကို ပေးပို့ခဲ့ကြတာပါ။

ကုလသမဂ္ဂရဲ့ မတရားချုပ်နှောင်ဖမ်းဆီးခြင်းခံရတဲ့ အထူးကိုယ်စားလှယ်၊ နှိပ်စက်ညှင်းပန်းခြင်းဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့အတူ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆီအပြင် လွတ်လပ်သောရှေ့နေများနဲ့ တရားသူကြီးများဆိုင်ရာ အထူး ကိုယ်စားလှယ်အဖွဲ့ အဲဒီ့အဖွဲ့ကြီး၎ခုဆီကို အခုသူတို့၃ဦးရဲ့ နှိပ်စက်ညှင်းပန်းခြင်းခံရတဲ့ အချက်အလက်တွေကို စုစည်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒီလူ့အခွင့်အရေးအဖွဲ့တွေက သူတို့နှိပ်စက်ညှင်းပန်းခံရတာတွေကို အမြန်ဆုံးဖိအားပေးဆောင်ရွက်ဖို့ကိုလည်း တောင်းဆိုခဲ့တာဖြစ်တယ်လို့ AHRCအာရှလူ့အခွင့်အရေး ကော်မရှင်ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

ဦးမင်းလွင်ဦး…. ကိုသန်းမြင့်အောင်ဆိုရင် နှိပ်စက်ညှင်းပန်းတဲ့အခါမှာ နံပါတ်ဒုတ်နဲ့ရိုက်တယ်။ နောက်ပြီးတော့ စစ်ဖိနပ်တွေနဲ့ ကန်ကျောက်တယ်။ နောက်ပြီးကျောက်စရစ်ခဲပေါ်မှာ ဒူးထောက်ခံရတယ်။ လူကိုကိုယ်လုံးသီးချွတ်ပြီး မတ်တပ်ရပ်ခိုင်းတယ်။ ပြီးတော့ယောကျာ်းအဂါင်္ကို မီးရှို့တယ်။ ကိုသန်းမြင့်အောင်ဆိုရင် နှိပ်စက်ညှင်းပန်းခံရတဲ့ အတွက် ဦးခေါင်းခွံအက်နေတယ် ဆိုတာကိုတောင်သိရတယ်။ ဒါတွေကလည်းသက်ဆိုင်ရာ ဆေးရုံကြီးတွေကအတိအကျ ဆေးစာတွေနဲ့ထုတ်ပြန်ထားတာဖြစ်တယ်။ လူမဆန်တဲ့နှိပ်စက်နည်းတွေနဲ့ နှိပ်စက်ညှင်းပန်းခြင်းခံရတာ ဒီတယောက်တည်းမဟုတ်ပါဘူး ၃ယောက်စလုံးအတူတူပဲဖြစ်တယ်။

ပြီးခဲ့တဲ့ ရန်ကုန်သင်္ကြန်မှာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ဆိုပြီးတော့ မသင်္ကာမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ကိုဖြိုးဝေအောင်ဆိုရင်လည်း အဝတ်အစားမပါ ကိုယ်လုံးတီးနဲ့ထားတာမျိုးတွေ၊ ခန္တာကိုယ်အောက်ပိုင်းကို မီးရှို့တာ၊လက်မြှောက်ခိုင်းထားပြီးတော့ ကျောက်ခဲတွေအပေါ်မှာ ထိုင်ခိုင်းထားတဲ့နည်းတွေအပြင် တခြားအသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်တဲ့ စစ်ဆေးမှုမျိုး နည်းပေါင်းစုံနဲ့ အောင်သပြေစစ်ကြောရေးစခန်းမှာ ၉ရက်တိုင်တိုင် စစ်ဆေးခဲ့တဲ့အကြောင်းတွေကိုလည်း သူတို့မိသားစုတွေ ပြောပြချက်တွေ လက်မှတ်တွေနဲ့ အတူကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ကြီးဆီကို ပေးပို့ခဲ့ကြတာပါ။ တခါကိုညီညီထွန်း ဆိုရင်လည်း ကိုသန်းမြင့်အောင်နဲ့ ကိုဖြိုးဝေအောင်တို့လိုပဲ အလားတူနှိပ်စက်မှုမျိုးတွေရှိခဲ့တယ် ဆိုတာတွေလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံအတွင်း ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ဆိုပြီးတော့ မသင်္ကာမှုနဲ့ ဖမ်းဆီးခံထားရတဲ့ သူတို့တွေကို လူမဆန်စွာ
နှိပ်စက်ညှင်းပန်းမှုတွေကို စစ်ကြောရေးဌာနတွေမှာ ကျူးလွန်နေတာဖြစ်တယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

ဒီလိုနှိပ်စက်ခံရမှုတွေကို မိသားစုဝင်တွေက သက်သေအထောက်အထားတွေနဲ့ မြန်မာနိုင်ငံထဲက တာဝန်ရှိတဲ့ ဌာနအသီးသီးကို တင်ပြပြောဆိုပေမဲ့ ဘာမှအရေးယူ ဆောင်ရွက်ခြင်းမရှိဘူးလို့လည်း ဆက်ပြောပြပါတယ်။

ဦးမင်းလွင်ဦး….အနှိပ်စက်ညှင်းပန်းတဲ့ သူတွေအတွက် တော်တော်များများကလည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှုးရုံးရယ်၊ အောင်သပြေ စစ်ကြောရေး စခန်းရယ် အဲဒီတွေမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကနေပြီးတော့ ကျူးလွန် ဖောက်ဖျက်တာ ဖြစ်တယ်။ သာမန်ရဲတပ်ဖွဲ့ဝင်တွေ မဟုတ်ဘဲနဲ့ ရာထူးအဆင့်မြင့်တဲ့ သူတွေ၊ရဲအုပ်တွေ၊ ဒုရဲအုပ်တွေက ပါဝင်ပြီးတော့ ကျူးလွန်တာဖြစ်တယ်။ ကိုဖြိုးဝေအောင်ရဲ့ မိသားစုကနေပြီးတော့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေအထိကို တိုင်ကြားထားတဲ့ တိုင်ကြားစာတွေရှိတယ်။ ကိုညီညီထွန်းရဲ့အမဖြစ်တဲ့ လူကလည်း ရဲတိုင်ကြားထားတဲ့ တိုင်ကြားစာ၊ ထိုနည်းတူစွာပဲ ကိုသန်းမြင့်အောင်ဆိုရင်လည်း သူ့ရဲ့မိခင်ဖြစ်တဲ့သူကနေပြီးတော့ သူဖွင့်ဟပြောဆိုထားတဲ အချက်အလက်တွေပေါ်မှာ မူတည်ပြီးတော့ အစိုးရကိုယ်တိုင်ကိုက တာဝန်ယူဆောင်ရွက်ပေးရမဲ့ ကိစ္စရပ်ဖြစ်သော်လည်းပဲ လစ်လျူရှုပြီးနေတယ်ဆိုတာကို ကမ္ဘာကသိအောင်အခုလို
ပေးပို့ရခြင်းဖြစ်ပါတယ်။

စစ်ကြောရေးတွေအတွင်းမှာ လူမဆန်စွာနှိပ်စက်ညှင်းပန်းခံရမှုတွေကို သက်သေသာဓကတိတိကျကျနဲ့ ကုလသမဂ္ဂလို အဖွဲ့ကြီးအပါအဝင် နိုင်ငံတကာတရားရေးရာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေသိအောင် တင်ပြတိုင်ကြားမှုတွေကြောင့် ရှေ့မှာဒီလို စစ်ဆေးမှုမျိုးတွေ ရပ်ဆိုင်းလျော့ကျသွားလိမ့်မယ်လို့ ဦးမင်းလွင်ကယူုဆထားပါတယ်။

ဦးမင်းလွင်ဦး… အဲဒီလိုမျိုးဖြစ်တဲ့ ကိစ္စရပ်တွေက နောက်ပိုင်းတွေမှာဖြစ်ပေါ်လာတဲ့ အမှုတွေမှာ တော်တော်များများ အစိုးရ တရားစွဲ အဖွဲ့အစည်းအနေနဲ့ ရပ်ဆိုင်းသွားနိုင်လိမ့်မယ်လို့ ထင်မြင်ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ လူ့အခွင့်အရေးကောင်စီရဲ့ သိရှိနားလည်မှုအပေါ်မှာ ၊ဖိအားပေးမှုတွေ၊ သတိပေးမှုတွေအပေါ်မှာဒါတွေကအထိုက်အလျောက်တော့ ရပ်ဆိုင်းသွားနိုင်လိမ့်မယ်လို့ ကျနော်တို့မျှော်လင့်လို့ ပေးပို့ရခြင်းဖြစ်ပါတယ်။

အလားတူ မြန်မာနိုင်ငံထဲက စစ်အစိုးရရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေ၊ လူသားမျိုးနွယ်တွေ အပေါ်မှာ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ကုလသမဂ္ဂကနေပြီးတော့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းပြီး စစ်ဆေးနိုင်ဖို့ အတွက်ကိုလည်း လူ့အခွင့်အရေးအဖွဲ့တွေက ကြိုးစားနေကြပါတယ်။

0 comments:

Post a Comment