Sunday, August 29, 2010

Filled Under:

လူထုနှင့်ရွေးကောက်ပွဲဆောင်းပါး

(အပတ်စဉ်သောကြာနေ့တိုင်းအာရ်အက်အေမှထုတ်လွှင့်နေသည့် ဦးမင်းလွင်ဦး၏လူထုနှင့်ရွေးကောက်ပွဲ
ဆောင်းပါးအမှတ်၎)

၂၀၁၀ရွေးကောက်ပွဲကိုနိုဝင်ဘာ၇ရက်နေ့မှာကျင်းပမယ်လို့ကြေညာလိုက်ပါပြီ။ရွေးကောက်ပွဲမှာအနိုင်ရဖို့ ရွေးကောက်ပွဲဝင်မဲ့နိုင်ငံရေးပါတီများကလည်းရွေးချယ်ခံမဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့
အမည်နဲ့တင်သွင်းရမဲ့ငွေ၅သိန်းစတဲ့အခက်အခဲများကိုရင်ဆိုင်နေကြရတယ်။တပြည်လုံးအတိုင်းအတာနဲ့ဝင်
ရောက်အရွေးချယ်ခံမယ်ဆိုရင်တင်သွင်းရမဲ့ငွေပမာဏကလဲများတဲ့အတွက်အချို့နိုင်ငံရေးပါတီတွေဆိုရွေး
ကောက်ပွဲကိုဝင်ရွေးချယ်ခံမဲ့လူစာရင်းကိုတောင်လျှော့ချရမဲ့အခြေအနေမျိုးဖြစ်နေပါတယ်။စစ်အစိုးရက
ကျောထောက်နောက်ခံပြုပေးထားတဲ့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊စစ်အစိုးရနဲ့ငြိမ်းချမ်းရေးသဘောတူညီမှုတွေရ
ူထားပြီးစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ခွင့်ရနေတဲ့တိုင်းရင်းသားလူမျိုးစုပါတီတွေ၊စစ်အစိုးရနဲ့နီးစပ်တဲ့စီး
ပွားရေးလုပ်ငန်းရှင်တွေပါဝင်တဲ့နိုင်ငံရေးပါတီတွေကလွဲလို့ကျန်တဲ့နိုင်ငံရေးပါတီတွေအားလုံးငွေကြေးပြ
သနာကိုရင်ဆိုင်ကြရတာပါ။

စည်းရုံးရေးဆင်းဖို့လုံလောက်တဲ့အချိန်မရတာရယ်၊စည်းရုံးရေးဆင်းတဲ့အခါမှာကန့်သတ်တားဆီးထားတဲ့
အချက်တွေကြောင့်လဲအချိန်တိုအတွင်းဘယ်လိုမှဖြေရှင်းလို့မရနိုင်တဲ့အခက်အခဲကိုရင်ဆိုင်ကြုံတွေ့ရတာ
ဖြစ်တယ်။ဒီလိုဖြစ်အောင်လဲစစ်အစိုးရတမင်ဖန်တီးလုပ်ဆောင်ထားတာပါ။တနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်
ရောက်ရွေးချယ်ခံမဲ့ကြံ့ဖွံ့ပါတီကတော့ဒီအခက်အခဲတွေကိုသတိပြုစရာမလိုပါဘူး၊လိုအပ်တဲ့ငွေကြေးပမာ
ဏပြည့်စုံတဲ့အတွက်စည်းရုံးရေးဆင်းတဲ့အခါမှတောင်ကြံ့ဖွံ့ပါတီဝင်မယ်ဆိုရင်ငွေကိုအတိုးနှုန်းသက်သာ
စွာနဲ့ထုတ်ချေးနေတာတွေ၊တောင်သူလယ်သမားတွေကိုသီးစားခထုတ်ချေးနေတာတွေကိုနေ့စဉ်နဲအမျှ
ကြားသိနေရပါတယ်။ကြံ့ဖွံ့အသင်းဝင်လျှောက်လွှာကိုမရိုးမသားဖြည့်စွက်ခိုင်းတာတွေ၊ရွေးကောက်ပွဲမှာ
ကြံ့ဖွံ့ပါတီကိုမဲပေးရမယ်ဆိုတာရယ်ငွေပြန်မဆပ်နိုင်ရင်အရေးယူခံရမယ်စတာတွေကိုရယကတွေရဲ့ကူညီမှု
နဲ့ဆောင်ရွက်နေတာနေရာအနှံ့ပါပဲ။

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲမှာပြဌာန်းထားတဲ့တရားမဲ့ပြုကျင့်မှုများဆိုတဲ့လုပ်ရပ်တွေအားလုံးနီးပါးကို ကြံ့ဖွံ့ပါတီကလုပ်ဆောင်နေတာပါ။အဲဒီလိုလုပ်ဆောင်ချက်တွေကိုပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကော်မရှင်
်ကမသိမဟုတ်ပါဘူး၊မသိချင်ယောင်ဆောင်နေတာပါ၊တနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ရောက်ရွေးချယ်ခံမဲ့ကြံ့ဖွံ့
ပါတီဟာနိုင်ငံတော်ပိုင်ငွေကြေး၊အဆောက်အဦး၊မြေ၊အိမ်၊ယာဉ်။ပစ္စည်းစတာတွေကိုအသုံးပြုနေတာဆိုတာ
ပြည်သူလူထုတွေသိနေပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ရောက်ရွေးချယ်ခံမှာဖြစ်တဲ့အတွက်ကိုယ်စား
လှယ်လောင်းတဦးအတွက်ငွေ၅သိန်းတင်သွင်းရမယ်၊အမတ်နေရာ၃၃၀အတွက်ဆို၁၆၅သန်းကုန်ကျမှာပါ။ဒီ
ငွေတွေကိုဘယ်ကရသလဲဆိုတာကိုကော်မရှင်ကမမေးပါဘူး၊၀န်ကြီးချုပ်နဲ့ဝန်ကြီးတွေရဲ့လစာငွေတွေထဲက
ကုန်ကျခံမယ်ဆိုတာလဲမဖြစ်နိုင်ပါဘူး။

တိုင်းရင်းသားဒေသတွေမှာဖွဲ့စည်းတည်ထောင်ထားတဲ့နိုင်ငံရေးပါတီအချို့ကလဲစီးပွားရေးလုပ်ငန်းတွေကို အတိုင်းအဆမရှိလုပ်ကိုင်ဆောင်ရွက်ခွင့်ရထားတာပါ။ဒီတော့တိုင်းရင်းသားနယ်မြေဒေသမှာဝင်ရောက် အရွေးခံဖို့အတွက်ကုန်ကျမဲ့ငွေကပူပင်စရာမလိုပါဘူး၊ဥပမာဦးအောင်ခမ်းထီဦးဆောင်တဲ့ပအိုးဝ်တိုင်းရင်း
သားအဖွဲ့ကကျောက်စိမ်းတူးဖေါ်ရောင်းချခွင့်ရထားတာပါ။အချို့ဒေသတွေမှာဆိုစီးပွားရေးလုပ်ငန်းရှင်တွေ
ကိုနိုင်ငံရေးပါတီထောင်ပြီးဝင်ရောက်အရွေးခံဖို့စစ်အစိုးရကဖိအားပေးတာတွေလဲရှိပါတယ်။ရှမ်းပြည်နယ်
နမ့်ခမ်းမြို့နယ်မှာပြည်သူ့စစ်ခေါင်းဆောင်ပန်းဆေးကျော်မြင့်ကိုနမခတိုင်းမှူးကိုယ်တိုင်ကကြံ့ဖွံ့ပါတီကိုယ်
စားလှယ်အဖြစ်ရွေးကောက်ပွဲဝင်ခိုင်းတာကိုလဲတွေ့နေရပါတယ်။

မူးယစ်ဆေးဝါးရောင်းချပြီးရရှိတဲ့ငွေမဲတွေကိုငွေဖြူအဖြစ်ခ၀ါချဖို့၊အခြားစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နိုင်
ဖို့နိုင်ငံရေးကိုစိတ်မ၀င်စားနားမလည်ပေမဲ့စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ခွင့်ပြုမယ်ဆိုတဲ့မက်လုံးတွေ
ကြောင့်နိုင်ငံရေးပါတီတည်ထောင်ပြီးရွေးချယ်ခံမဲ့သူတွေလဲရှိနေပါပြီ၊စစ်အစိုးရက၀င်ပြီးယှဉ်ပြိုင်တယ်ဆို
တာနဲ့နိုင်ရစေမယ်လို့ပြောတဲ့ကတိစကားကြောင့်နိုင်ငံရေးပါတီထောင်ပြီးဝင်ရောက်အရွေးချယ်ခံမဲ့အပစ်
ရပ်တိုင်းရင်းသားနိုင်ငံရေးပါတီအချို့လဲရှိတယ်ဆိုတာသိရပါတယ်။

စစ်အစိုးရနဲ့ညီအကိုပါတီလို့ပြောနိုင်တဲ့တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတောင်မှကြံ့ဖွံ့ပါတီလိုဘက်
ပေါင်းစုံကပြည့်စုံတဲ့အခြေအနေမျိုးမရှိပါဘူး၊လက်ရှိစစ်အစိုးကလဲမနှောက်ယှက်တာပဲရှိတာပါ၊လက်တွဲခေါ်
သွားဖို့တော့ရည်ရွယ်ချက်ရှိဟန်မတူဘူးရွေးကောက်ပွဲပြီးသွားရင်အတိုက်အခံနိုင်ငံရေးပါတီလောက်ပဲမျှော်
မှန်းထားတာပါ။ရွေးကောက်ပွဲကော်မရှင်အနေနဲ့လွတ်လပ်၍တရားမျှတတဲ့၂၀၁၀ရွေးကောက်ပွဲအောင်မြင်
်စွာကျင်းပနိုင်ဖို့လိုအပ်သလိုဆောင်ရွက်နိုင်သည်လို့ရွေးကောက်ပွဲဥပဒေပုဒ်မ၅၄မှာဖေါ်ပြထားပါတယ်။

တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ရွေးကောက်ပွဲဝင်မဲ့နိုင်ငံရေးပါတီတွေကိုလွတ်လပ်စွာပြောဆိုခွင့်၊လွတ်
လပ်စွာစည်းရုံးခွင့်၊လွတ်လပ်စွာစုရုံးခွင့်စတဲ့အချက်တွေကိုခွင့်ပြုမှသာနိုင်ငံရေးပါတီများအနေနဲ့လိုအပ် တဲ့ပါတီဝင်သစ်တွေစုဆောင်းနိုင်မယ်၊လိုအပ်တဲ့ရံပုံငွေကိုရှာဖွေနိုင်မှာဖြစ်တယ်။ပါတီရဲ့သဘောထား ကြေညာချက်၊ရည်ရွယ်ချက်၊ဦးတည်ချက်တို့ပါဝင်တဲ့စာစောင်တွေထုတ်ဝေဖို့ကိုတောင်မှနိုင်ငံရေးစာပေကင်း
လွတ်ခွင့်တင်ပြီးမှသာထုတ်ဝေခွင့်ရမှာဖြစ်တဲ့အတွက်နိုင်ငံရေးပါတီများအနေနဲ့လွတ်လပ်စွာလှုပ်ရှားခွင့်
မရဘူးလို့ပြောနိုင်တယ်။ဥပဒေတွေမှာပြဌာန်းထားတဲ့အတိုင်းမိမိရဲလုပ်ပိုင်ခွင့်ကိုအသုံးချပြီးရွေးကောက်
်ပွဲကော်မရှင်ကထိန်းကျောင်းတည့်မတ်သွားပေးရမဲ့တာဝန်ရှိတယ်၊ဒါတွေကိုလုပ်ဆောင်တာမတွေ့ရဘူး၊

ရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီများနဲ့ပတ်သက်လို့ရွေးကောက်ပွဲအတွက်ထင်ရှားတဲ့ဆောင်ရွက်မှု
အနေနဲ့အမျိုးသားဒီမိုကရေစီအင်အားစုကိုခေါ်ယူပြီးအသနားခံစာတင်ခိုင်းတာကလွဲလို့သီးခြားဆောင်ရွက်မှု
ဆိုလို့မတွေ့ရသေးပါဘူး၊ဒါတောင်ဆုံးဖြတ်ဖို့အထက်ကိုတင်ပြမယ်ဆိုထားပြန်တယ်။ရွေးကောက်ပွဲနဲ့ဆိုင်တဲ့မှုခင်းတွေဖြစ်လာရင်ရွေးကောက်ပွဲကော်မရှင်ရဲ့အဆုံးအဖြတ်ကအပြီးသတ်ဖြစ်စေရမယ်လွတ်လပ်စွာဆောင်
ရွက်နိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒုတိယတရားသူကြီးချုပ်နဲ့ဒုတိယရှေ့နေချုပ်တို့ပါဝင်တဲ့ရွေးကောက်ပွဲ
ကော်မရှင်ရဲ့အထက်မှာဘယ်သူတွေရှိနေလဲဆိုတာကတော့ပြောစရာပင်မလိုတော့ဘူးထင်ပါတယ်ခင်ဗျား။

(အာရှလူ့အခွင့်အရေးကော်မရှင်မှဦးမင်းလွင်ဦး အာအက်ဖ်အေအတွက်ရေးသားထားသောဆောင်းပါးဖြစ်
ပါတယ်။)

0 comments:

Post a Comment