Monday, September 20, 2010

Filled Under:

အကြွေးပေါ်အတိုးဆင့်နှင့် မြန်မာပြည်သူလူထုဒုက္ခ

(စက်တင်ဘာ၁၄ဘီဘီစီ) ကျနော်တို့ မြန်မာပြည်မှာဆင်းရဲမွဲတေတဲ့ လူဦးရေက လူဦးရေစုစုပေါင်းရဲ့ ၃၀ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဆင်းရဲတဲ့လူတွေအဖို့မကင်းရတာက အကြွေးကိစ္စပါ။အကြွေးတွေအပေါ် အတိုးနှုန်းတွေကလည်း နင့်နေတာပဲဆိုပြီးတော့ စကားသံတွေကလည်း အမြဲလိုလိုကြားရပါတယ်။ ဆင်းရဲသူတွေကမြို့ပေါ်မှာကော၊ တောနယ်တွေမှာပါရှိကြပါတယ်။ အဲ့ဒီတော့မြို့နယ်က ဆင်းရဲသားအလွှာ အတွက်
ငွေချေးရင်အတိုးနှုန်းက ဘယ်လောက်ထိအောင် ဖြစ်နေပါလဲ။ ရန်ကုန်ကမမိုးက အဲဒီမှာသိနေရတဲ့
အတိုးနှုန်းတွေကို ပြောပြပါဦး။

မမိုး....သူတို့ကိုပစ္စည်းရွှေအပေါင်ပေးမယ် ဆိုရင်သူတို့က၃ကျပ်တိုးနဲ့ယူတယ်။ ရွှေမပါဘူးအလွတ်ဆို
ရင်တော့ ၁၀ တိုးရှိတယ်။ ၇ကျပ်တိုးရှိတယ်။ အချို့ဆိုရင်၂၀တိုးတွေတောင်ယူကြပါတယ် ငွေရှင်တွေက
ပေါ့နော်။

မေး.... အဲဒါက၁လတိုးလား။

မမိုး....ဟုတ်ကဲ့ ၁လတိုးပါ။ ဥပမာ ငွေ၁သိန်းချေးမယ်ဆိုရင်၂၀တိုးဆိုရင် သူကငွေ၂သောင်းကို ဖြတ်ယူထားလိုက်ကော။ အတိုးကို ဖြတ်ယူပြီးချေးတဲ့ လူကို၈သောင်းပဲပေးတယ်။ အဲတော့၁လပြည့်ရင် သူ့ကိုပြန်ဆပ်၊ပြန်ဆပ်ရင် ၁သိန်းအပြည့်ပြန်ဆပ်ရတယ်။ ဒီမှာမတ်တိုးတို့၊ ကျပ်တိုးတို့ဆိုတာလည်း ရှိသေးတယ်ရပ်ကွက်တွေထဲမှာပေါ့လေ။ မတ်တိုးဆိုတာကနေ့ပြန်တိုး သဘောပေါ့။ ဥပမာ၁သိန်းငွေရှင်က ထုတ်ချေးလိုက်တယ်၊ သူက၂၀တိုးယူတယ်။ ၂၀တိုးယူရင်၂သောင်းကို နှုတ်ယူထားလိုက်တယ် ။သူ့ကိုပြန်ဆပ်တဲ့အချိန်ကျရင် တနေ့ကိုဘယ်လောက်သွင်းပေါ့။ တနေ့ကို၅ထောင်သွင်း၊ ၃ထောင်သွင်းဆိုပြီးတော့ ငွေရှင်က၁သိန်းပြန်ရဖို့အတွက်ကို တနေ့ကိုဘယ်လောက်နှုန်းသွင်းပါ
ဆိုပြီးတော့ နေ့သွင်းသွင်းခိုင်းတာ ရပ်ကွက်တွေထဲမှာရှိတယ်။

မေး…အဲဒီတော့ ဆင်ခြေဖုံးမှာရှိတဲ့ လက်လုပ်လက်စားတွေက မညည်းကြဘူးလား။

မမိုး... ညည်းတာပေါ့အကိုရယ်။ သူတို့မှာလည်းဒီလိုမှမလုပ်ရင် ငွေအရင်းမရှိတဲ့အတွက် ဒီလိုမှမပေးရင် ဘယ်လိုမှ လုပ်စားလို့မရတော့ဘူး။ လုပ်စားလို့မရတော့မယူမဖြစ်ယူနေရတဲ့ သဘောတော့ဖြစ်တာပေါ့။ဒါကတော့ မြို့နေဆင်းရဲသူတွေရဲ့အကြွေး၊ အဲဒီအကြွေးကထပ်ဆင့်ထားတဲ့ အခြေအနေ၊နယ်တွေဘက်က တောင်သူလယ်သမားတွေဘက်မှာလည်း အတိုးကညှာနေတဲ့ ပုံစံမရှိပါဘူး။ အကြွေးပိနေတဲ့ လယ်သမားတွေ အရေးကို အမြဲတွေ့နေရတဲ့ လမ်းပြကြယ်က ရှေ့နေဦးအေးမြင့်ကို မေးတော့…

ဦးအေးမြင့်…. အတိုးနှုန်းတွေက ၁၀၀မှာ၂၀ယူရတာရှိတယ်။ဒါက အပေါင်အနှံမပေးနိုင်တဲ့ အခါမှာ၁၀၀ မှာ၂၀နှုန်းနဲ့ကိုယူရတယ်။ တချို့ကျတော့လည်း ၆ကျပ်တိုး၊ ၇ကျပ်တိုးနဲ့ပေးရတယ်။ နောက်တခုကစပါးပေး၊ ပဲပေးဆိုတာယူရတယ်။ သူကလည်း ၂၀တိုးလောက်ကျတာပဲ။

မေး…..ဒီအကြွေးကိစ္စတွေနဲ့ ပတ်သက်ပြီးလယ်သမားတွေ အကြွေးကိစ္စတွေနဲ့ကြုံရပြီး၊ ဦးအေးမြင့်တို့ဆီကို ၁လ၁လလူတွေ ဘယ်လောက်တောင် လာကြသလဲ။

ဦးအေးမြင့်…. ၁လမှာအနည်းဆုံးမရှိဘူးဆိုရင် ၆ ဦးနဲ့၇ဦးကြားမှာ ရှိပါတယ်။ တချို့ဆိုရင် နှစ်ရှည်လများ။ အခုဆိုရင် သနပ်ပင်မြို့နယ်တံခွန်တိုင် ကျေးရွာမှာ စပါးလေး၆တင်းယူထားတာ အတိုးအရင်းကောပေးလိုက်ရတာ၊ ၁၀နှစ်ကျော် ဆပ်လို့ မကျေတဲ့အတွက် နောက်ဆုံး၄၇သိန်းရလိုမှုနဲ့ တဘက်ကတရားဆွဲထားတာကိုကျနော် ပဲခူးခရိုင်တရားရုံးမှာ အခုလက်တွေ့ ရှင်းနေရပါတယ်။ ဦးအေးမြင့်တို့ လမ်းပြကြယ်က ပဲခူးမှာအခြေစိုက်တော့ ပဲခူးနယ်တဝိုက်က တောင်သူတွေက လာကြမှာကိုတော့ သိပြီးသားပါ။ အဝေးကြီးကကော ဘယ်လောက်အထိလာကြသလဲ။ ခပ်ဝေးဝေးဆိုရင်ဧရာဝတီတိုင်းမြောင်းမြ၊ ဒေးဒရဲတို့ဘက်ကလည်း လာတယ်။

နောက်တခုက စစ်ကိုင်းတိုင်းမုံရွာဘက်ကလည်း လာတယ်။ ပြည်နယ်တွေဘက်ကလည်း လာတယ်။သူကရှေ့နေဦးအေးမြင့်ပါ။ ဧရာဝတီတိုင်း နာဂစ်ဒါဏ်ခံရတဲ့ဘက်မှာ ဖွံ့ဖြိုးရေးဆိုင်ရာ အန်ဂျီအိုတခုမှာ လုပ်နေတဲ့ ဦးမြတ်မင်းကတော့ အဲဒီဘက်က ကြွေးတင်နေတဲ့ လယ်သမားအရေအတွက်က စစ်တမ်းအရ ကိုးဆယ်ရာခိုင်နှုန်းလောက်တောင်ရှိတယ်လို့ ဆိုပါတယ်။

ဦးမြတ်မင်း….ပြီးခဲ့တဲ့၂၀၀၈ခုနှစ်က ဟားဗတ်က စီးပွားရေးပညာရှင်တွေ လာသွားတုန်းကလည်း ဆန်းစစ်ချက်တခုထုတ်ခဲ့တယ်။ ဧရာဝတီတိုင်းက ၉၀ရာခိုင်နှုန်းလောက်က အကြွေးတွေအနည်းနဲ့ အများတင်နေတဲ့သူတွေဖြစ်ပါတယ်။ ဒါပေမဲ့အပေါ်ပိုင်းမှာ ဆိုရင်တော့ အနည်းဆုံးဘယ်လောက်ရှိမလဲ ဆိုရင် ၄၅နဲ့၅၅ရာခိုင်နှုန်းလောက်ဟာ အကြွေးရှိတယ်လို့ ကျနော်တို့ဆိုနိုင်ပါတယ်။

ဒီအကြွေးတွေနဲ့ ပြဿနာတွေကို အကြွေးရှင်တွေက ရာဇဝတ်မှုဖြစ်အောင်လုပ်တဲ့ အတွက်လယ်သမားတွေထောင်ထဲမှာ အများကြီးပါ။

ဦးအေးမြင့်… တချို့ကျတော့လည်း ငွေရှင်ကရိုးရိုးသားသားနဲ့ တရားမနဲ့စွဲတယ်။ တချို့ကျတော့လည်း တရားမ
က ကုန်ကျစရိတ်များတယ်။ အကြွေးရစရာရှိတော့ရဲနဲ့ပေါင်းတယ်။ ၄၁ရ၊၄၂၀လိမ်လည်မှုတွေနဲ့ ဖန်တီးစွဲတယ်။ တရားရုံးကို လာဘ်ထိုးတယ်။ တရားရုံးက အကြွေးတောင်းပေးတဲ့ တရားရုံးလိုဖြစ်နေပြီး၊ လယ်သမားတွေ ထောင်ကျတဲ့ ဘဝတွေနဲ့ ရင်ဆိုင်နေရတာ ဒီနေ့အချိန်အထိ ၊ပဲခူးမြို့နယ်၊ကဝမြို့နယ်၊ဒိုက်ဦးမြို့နယ်တွေ တိုင်းမှာကို လယ်သမားတွေကို အကြွေးရှင်တွေက တရားစွဲတောင်းတာကို ရင်ဆိုင်ဖြေရှင်းနေရတယ်။

မေး….အဲဒီလိုတရားမမှုကို ရာဇဝတ်မှုနဲ့ပြောင်းစွဲတော့ ဒါကဥပဒေကြောင်းအရညီရဲ့လား ခင်ဗျ။

ဦးအေးမြင့်….. ဥပဒေကြောင်းအရမညီဘူးလေ၊ ဒါပေမဲ့ဥပဒေပညာရှင်ဆိုတာက ဥပဒေပေါ်မှာဘဲ ရပ်တည်ရမယ်၊ လူထုဘက်ကနေပြီး ဘက်မလိုက်ရဘူးဆိုပေမဲ့ တိုင်းပြည်ရဲ့ပျက်ဆီးနေတဲ့ တရားစီရင်ရေး၊အုပ်ချုပ်ရေးကို လိုက်လျောညီထွေမှု အခြေအနေအရကျင့်သုံးပြီးတော့ လာဘ်ထိုးပြီးတော့ တရားစွဲကြတာလေ။ ထောင်ကျတဲ့လူတွေကို ကျနော်တို့မကယ်နိုင်တဲ့အပြင် လက်ပိုက်ကြည့်နေရတာ များတယ်။

မေး…. ကြွေးရှိနေတဲ့လယ်သမားတွေကို အစိုးရကငွေချေးပေးတာတော့ ရှိပါတယ်။ ဒါပေမဲ့သူတို့ချေးတာက တဧကကို ၂သောင်းနှုန်းနဲ့ လယ်သမားကလယ်ဘယ်လောက်ပိုင်ပိုင် လယ်သမားတဦးကို အများဆုံး၂သိန်းလောက်အထိဘဲ ချေးလို့ရပါတယ်။ ဒါတွေကလည်းလယ်သမားတိုင်းက မချေးနိုင်သလို၊ ချေးလို့ရရင်လည်းလောက်တဲ့ ကိစ္စမဟုတ်ပါဘူး၊ အန်ဂျီအိုဘက်ကလည်း မိုက်ကရိုခရက်ဒစ် အသေးစားချေးငွေတွေထုတ်ပေးဖို့ ကြိုးစားကြတာတွေရှိပါတယ်။ ဒီတော့ဦးမြတ်မင်းကိုမေးပါရစေ။ လယ်သမားတွေက သူတို့ဘယ်လောက် ပျမ်းမျှနှုန်းလိုပြီးတော့ သူတို့ရတာက ဘယ်လောက်လဲဆိုတာ ပြောပြပါလား။

ဦးမြတ်မင်း…. တဧကရဲ့ ကုန်ကျစရိတ်ကို စီးပွားရေးပညာရှင်တွေကနေပြီးတော့ မိုးစပါးမှာဆိုရင် ရှစ်သောင်း၊ နွေစပါးမှာဆိုရင် တသိန်းခွဲဆိုပြီးတော့ ၁ဧကနှုန်းပေါ့ ၊မြစ်ဝကျွန်းပေါ်ဒေသမှာ တောင်သူလယ်သမားတယောက်ကို ပျမ်းမျှအနေနဲ့ပြောမယ်ဆိုရင် ၆ဧကရှိတယ်။ ၃ဧကကနေပြီးဧက ၂၀ အထိပိုင်တဲ့လူတွေက အများစုပေါ့နော်၊ ကျန်တဲ့၃၀တို့၄၀တို့ပိုင်တာက တော်တော်နည်းပါတယ်။ ပျမ်းမျှခြင်းဆိုရင် ၆ဧက၊၆ဧကနှုန်း ဆိုရင်၎သိန်း၈သောင်း၊ မိုးစပါးဆိုရင်၉သိန်း အဲဒီလို ချေးပေးရမှာဖြစ်တယ်။ ဒါပေမဲ့လည်း အခုချေးနေတဲ့နှုန်း ကတော့ အဖွဲ့ကြီးတဖွဲ့ကဆိုရင် လူတယောက်ကိုမှ တသိန်းပဲချေးမယ်လို့သိရတယ်။ ဒီဟာကဘယ်လိုမှမလောက်ပဲနဲ့ အရှည်ခွင်မျိုးလုပ်တ ရည်မှန်းချက်နဲ့ဆိုရင်တော့လုံးဝ အဆီအငေါ် မတည့်တဲ့လုပ်ငန်းပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ကုပဏီကလာတယ်ဆိုပြီးတော့ လယ်ပြန်၊ငွေပြန်ချေးကြတယ်။ ငွေပြန်မပေးရင် လယ်သိမ်းမယ်ဆိုတဲ့ပုံစံလည်း ပေါ်နေပြီလို့သိရပါတယ်။ ဒီအတွက်လည်း လယ်သမားတွေလယ်ကို ထိုးအပ်နေရပါတယ်။

ဦးအေးမြင့်….ပဲခူးတိုင်းကဝမြို့နယ်မှာ အုန်းနှဲမှာကုမဏီတခုကနေပြီး လယ်သမားတွေကို စာချုပ်စာတမ်းမှာ လက်မှတ် ထိုးခိုင်းပြီးတော့ ဘာအာမခံချက်ထားရလဲဆိုတော့ လယ်သမားချေးငွေကိုလယ်သမားနဲ့ဒီငွေကြေးထုတ်ပေးပြီး အကျိုးတူပူးပေါင်း လုပ်ငန်းလုပ်တယ်ဆိုပြီးတော့ အပေါ်မှာစာသားတွေရေးတယ်။ အကယ်လို့လယ်သမားမပေးနိုင်ရင် ဒီလယ်ကိုသိမ်းလို့ရတဲ့စာတွေကို ရေးထားတာတွေ့တယ်။ တနည်းအားဖြင့်ဥပဒေကိုဆန့်ကျင်ပြီး လုပ်ထားတာတွေ့ရတယ်။

ဦးမြတ်မင်း….ဖြာပုံမြို့နယ်ထဲမှာ ဆိုရင်သိန်း၂၀၊၂၅သိန်းလောက် ရှိတယ်။ ဒေးဒရဲမှာဆိုရင်လည်း ကြားရတာရှိတယ်။ ဒါပေမဲ့ သေသေချာချာစာရင်းဇယား အတိအကျဆိုရင်တော့ ပြောဖို့ခက်ပါတယ် ။ဥပမာ၅ဦးကနေ ၁၅ဦးစသဖြင့် ခြုံငုံပြီး ပြောလို့ရတာရှိပါတယ်။ မြန်မာပြည်ရဲ့ခောတ်သစ်သမိုင်းမှာ၊ ဘယ်ခောတ်ဘယ်အခါကမှမကြားရဘဲ၊ စစ်အစိုးရခောတ်မှာကြားရတဲ့ လယ်သမားတို့ အကြွေးမဆပ်နိုင်လို့ ဘဝကိုအဆုံးသတ်လိုက်ရတယ်ဆိုတဲ့ သတင်းတွေကလည်း အဆန်းမဟုတ်သလိုတောင် ဖြစ်နေပါတယ်။

ဦးအေးမြင့်….၂၀၀၉မှာဆိုရင် ဒိုက်ဦးမြို့နယ်ထဲမှာ ရွှေရင်လုံကျေးရွာက လယ်သမားတယောက်က အကြွေးတွေထူလာတယ်။ ထုတ်ပေးတဲ့ငွေရှင်တွေ ကိုယ်တိုင်ကစီးပွားရေး အကျပ်အတည်း ရိုက်လာတဲ့အတွက်မဖြစ်ဖြစ်တဲ့နည်းနဲ့ ရဲနဲ့ပေါင်းတယ် ။ပေါင်းပြီးတော့ အကြွေးရအောင်ခြိမ်းခြောက်တောင်းတယ်၊ တရားရုံးမှာကိုဖန်တီးပြီးတော့ တရားမမှုတွေနဲ့မစွဲဘဲ ရာဇဝတ်မှုတွေနဲ့စွဲတဲ့ အခါကျတော့ လယ်သမားတွေက စိတ်ညစ်လာပြီးတော့ ကြိုးဆွဲချပြီးသားတွေသမီးတွေကို အဆိပ်ခတ်ပြီးသားအမိသားအဖ လေးယောက်လုံးသေသွားတဲ့ အဆင့်အထိရှိတယ်။

ဦးမြတ်မင်း… ပန်းစိုက်တဲ့ တောင်သူတွေမှာ အကြီးအကျယ်ပန်းတွေ ပျက်ဆီးတဲ့အခါကျတော့ အကြွေးကိုဆယ်နဲ့ချီပြီး ၄၊၅၊၆ဆယ်ကျော်တဲ့ အခါကျတော့ နှလုံးသွေးရပ်သွားတယ်ဆိုတဲ့ သတင်းကျနော်တို့ကြားရပါတယ်။ ရေကြည်မြို့နယ်က ပန်းစိုက်တဲ့တောင်သူတွေမှာ ကြုံခဲ့ရတဲ့အဖြစ်ဖြစ်ပါတယ်။

0 comments:

Post a Comment