Friday, September 17, 2010

Filled Under:

ရွေးကောက်ပွဲနှင့်လူထု ဆောင်းပါး

အာရ်အက်အေမှ အပတ်စဉ်သောကြာနေ့တိုင်းထုတ်လွှင့်နေသည့်ရွေးကောက်ပွဲနှင့်လူထုဆောင်းပါး
အမှတ်စဉ်၇။(မင်းလွင်ဦး)

နိုဝင်ဘာလ၇ရက်နေ့မှာကျင်းပမဲ့ရွေးကောက်ပွဲမှာဝင်ရောက်အရွေးချယ်ခံမဲ့သူတွေလက်ရှိအစိုးရအဖွဲ့က မထွက်သေးပါဘူးဒါကိုကြည့်ခြင်းအားဖြင့်ရွေးကောက်ပွဲမှာသူတို့သာအနိုင်ရမယ်လို့ကြိမ်းသေပေါက်
တွက်ထားပုံရပါတယ်။လက်ရှိဝန်ကြီးရာထူးတွေယူထားတဲ့သူတွေကကြံ့ဖွံ့ပါတီကိုယ်စားလှယ်လောင်း
တွေအဖြစ် အမည်စာရင်းတင်သွင်းထားတဲ့သူတွေပါ။မြန်မာနိုင်ငံအတွင်းတိုင်းနှင့်ပြည်နယ်အားလုံးကို လှည့်လည်ပြီးစည်းရုံးရေးဆင်းနေတဲ့အချိန်မှာအသုံးပြုတဲ့ငွေကြေးတွေကလဲနိုင်ငံတော်ဘဏ္ဍာကကုန်
ကျခံပေးနေရတာပါ။ ဒီလိုထင်ရှားနေပါလျက်နဲ့ရွေးကောက်ပွဲကော်မရှင်ကဘာမှမပြောတာကလဲစဉ်:
စားစရာပါ။

စီးပွားရေးလုပ်ငန်းရှင်တွေကလဲနိုင်ငံရေးနဲ့ကင်းရှင်းရမယ်ဆိုတဲ့စည်းမျဉ်းစည်းကမ်းတွေကိုပြင်ဆင်ပြီး
၂၀၁၀ရွေးကောက်ပွဲမှာအင်တိုက်အားတိုက်နဲ့ဝင်ရောက်အရွေူးခံဖို့တာစူနေပါပြီ၊ဒီမိုကရေစီအရေးလွှတ်
တော်ထဲကနေဆောင်ရွက်မယ်ဆိုတဲ့နိုင်ငံရေးပါတီတွေကိုယ်စားလှယ်လောင်းအတွက်တင်သွင်းရမဲ့
ငွေကြေးမတတ်နိုင်လို့ကိုယ်စားလှယ်အရည်အတွက်လျော့ချနေရချိန်မှာရွေးကောက်ပွဲအောင်နိုင်ရေး
အတွက်သိန်းတသောင်းအသုံးပြုမယ်လို့ဇေကမ္ဘာဦးခင်ရွှေကသတင်းမီဒီယာကိုထုတ်ဖေါ်ပြောလိုက်ပါပြီ။
ရွေးကောက်ပွဲကော်မရှင်ကသတ်မှတ်ထားတဲ့ငွေကြေးပမာဏကကျပ်သိန်းတရာပါ။အဆပေါင်းများစွာ
ပိုပြီးအသုံးပြုမယ်ဆိုတာကိုလဲရွေးကောက်ပွဲကော်မရှင်ကနှုပ်ဆိတ်နေပါတယ်၊အရေးမယူပါဘူး။

လွန်ခဲ့တဲ့၁၀နှစ်လောက်တုံးကထိုင်းနိုင်ငံမှာလဲဒီလိုပါပဲငွေကြေးတတ်နိုင်သူတွေကရွေးကောက်ပွဲဝင်
တဲ့အခါမှာရပ်ကွက်တွေအတွင်းမှာသြဇာရှိတဲ့သူကြီးလိုလူမျိုးတွေကိုငွေကြေးပုံပေးပြီးမဲရဖို့အတွက်
ဆောင်ရွက်ခဲ့တာတွေရှိတယ်။ရွေးကောက်ပွဲပြီးလို့ခန့်မှန်းထားတဲ့မဲအရေအတွက်မရလို့ကတော့တာ
ဝန်ယူထားတဲ့သူကြီးအသက်နဲ့ကိုယ်အိုးစားကွဲပြီသာမှတ်တော့ရွေးကောက်ပွဲမှာအနိုင်ရဖို့အဲဒီလို
လုပ်ဆောင်ခဲ့တာပါ။နောက်ပိုင်းချွှန်လိပိုင်ဝန်ကြီးချုပ်ဖြစ်တဲ့ကာလမှာရွေးကောက်ပွဲမှာမသမာမှု
တွေပပျောက် အောင်လို့ဥပဒေတွေပြင်ဆင်ခဲ့တယ်။ခုချိန်ထိလဲထိုင်းနိုင်ငံရဲ့ရွေးကောက်ပွဲတွေမှာ ငွေကြေးတတ်နိုင်သူစီးပွားရေးလုပ်ငန်းရှင်တွေက၀င်ရောက်စွက်ဖက်နေဆဲပါဘဲ။

စီပွားရေးလုပ်ငန်းရှင်တွေပါဝင်လာမဲ့အမျိုးသားလွှတ်တော်မှာပြည်သူတွေအတွက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးမယ်လို့ထင်ထားရင်တော့ တက်တက်စင်အောင်မှားနေပြီလို့
ပြောရမှာပါ။စီးပွားရေးလုပ်ငန်းရှင်၁၀ဦးထက်မနည်းပါဝင်မဲ့ရွေးကောက်ပွဲမှာဒီစီးပွားရေးလုပ်
ငန်းရှင်တွေရဲ့လုပ်ဆောင်မှုတွေကိုပြန်ကြည့်ဖို့လိုမယ်ထင်ပါတယ်။ငွေကြေးတတ်နိုင်လို့ငွေပေးပြီး စည်းရုံးမှုတွေလုပ်မယ်ဆိုတာကိုပြောစရာမလိုပါဘူး။၁၉၉၀ကနေပြီးလက်ရှိ၂၀၁၀ကာလအထိ ပြည်သူတွေရဲ့အကျိုးအတွက်ဆောင်ရွက်ပေးခဲ့တဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တွေကိုပြန်ကြည့်ပါ
တခုမှမရှိတာကိုတွေ့ရမှာဖြစ်တယ်။

ဥပမာယုဇနဦးဌေးမြင့်ဆိုပါတော့တောင်သူလယ်သမားတွေရဲ့လယ်ယာမြေတွေကိုအာဏာပိုင်
တွေနဲ့ပေါင်းပြီးသိမ်းလို့ဒုက္ခရောက်ရတဲ့တောင်သူလယ်သမားမိသားစုတွေမနည်းပါဘူး၊လက်ရှိ
ကချင်ပြည်နယ်မှာလယ်ယာမြေတွေအဓမ္မသိမ်းယူလို့အမှုရင်ဆိုင်နေရတာကသာဓကတခုပါ။ ဒီလိုစစ်အစိုးရအလိုကျလုပ်ဆောင်ပေးပြီးကိုယ်ကျိုးရှာတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုပြည်
သူတွေမဲပေးရွေးချယ်ကြမလား၊စဉ်းစားကြပါ။ကိုယ့်အဆုံးအဖြတ်ကသားစဉ်မြေးဆက်အခက်
တွေ့စေမဲ့လုပ်ဆောင်မှုဖြစ်တယ်ဆိုတာကိုသတိရပါ။ရပ်ရွာအတွင်းတံတားပြင်တာတွေ၊ဘုရား
ပြုပြင်တာတွေ၊စာကြည့်တိုက်တွေဖွင့်ပေးနေတာတွေဟာစီးပွားရေးလုပ်ငန်းရှင်တွေကသူ
တို့ရဲ့စီးပွားရေးအတွက်ရေရှည်ရင်းနှီးမြှုပ်နှံတယ်ဆိုတာကိုသိထားဖို့လိုပါတယ်။အရင်ကတော့
ငွေကြေးချမ်းသာတာတခုထဲပါ။

ရွေးကောက်ပွဲပြီးသွားရင်ငွေကြေးနဲ့ အာဏာ၂ခုလုံးကိုပိုင်ဆိုင်တော့မှာပါ။ အဲဒီအချိန်ကျရင်
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုဦးတညဆောင်ရွက်မယ်ဆိုတဲ့စကားလုံးလှလှလေးတွေနဲ့ပြည်
သူတွေရဲ့ပိုင်ဆိုင်မှုတွေကိုခြိမ်းခြောက်လာအုံးမှာပါ။၂၀၀၈ ခုနှစ်မှာအတည်ပြုခဲ့တဲ့ဖွဲ့စည်းပုံ
အခြေခံဥပဒေ ရဲ့ ပုဒ်မ ၃၅၃ မှာမည်သူ့ကိုမျှ တည်ဆဲဥပဒေနဲ့အညီမှတပါးအသက်ကိုဖြစ်
စေ၊ ပုဂိုလ်ဆိုင်ရာလွတ်လပ်မှုကိုဖြစ်စေ၊နစ်နာဆုံးရှုံးမှုမရှိစေရလို့ဖေါ်ပြထားတယ်ဒါ့အပြင်
ပုဒ်မ၃၅၆မှာနိုင်ငံသားများရဲ့တရားဝင်ပိုင်ဆိုင်ထားသေရွှေ့ပြောင်းနိုင်သောပစ္စည်း၊မရွှေ့မပြောင်း
နိုင်သော ပစ္စည်းများနဲ့စပ်လျဉ်းပြီးဥပဒေအရအကာအကွယ်ပေးရမယ်လို့ဖေါ်ပြထားပါတယ်
ဖွဲ့စည်းပုံအခြေခံဥပဒေမှာထည့်သွင်းရေးထားယုံမျှနဲ့မလုံလောက်လက်တွေ့အကောင်အထည်
ဖေါ်ဆောင်ရွက်ပေးဖို့ လိုအပ်တယ်။

လက်တွေ့မြန်မာပြည်သူတွေ၊တောင်သူလယ်သမားတွေရင်ဆိုင်နေရတဲ့လယ်ယာမြေသိမ်းယူ
မှုတွေကိုကျူးလွန်နေတာကအာဏာပိုင်တွေကလုပ်ဆောင်နေတာပါ။နိုင်ငံတော်ဟာမြေ၊ရေ၊
လေနဲ့သဘာဝသယံဇာတများရဲ့ပင်ရင်းပိုင်ရှင်ဖြစ်တယ်လို့ပြဌာန်းထားပေမဲ့လယ်ယာမြေ သိမ်းယူမှုတွေကိုနိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်သိမ်းယူမယ်ဆိုရင်ထိုက်သင့်တဲ့ မြေနေရာကိုလုပ်ကိုင်စားသောက်ဖို့အစားပြန်ပေးရမယ်၊သင့်တော်လျောက်ပတ်တဲ့လျော်ကြေးငွေ
တွေပေးရမှာဖြစ်တယ်။လယ်ယာမြေတွေကိုသိမ်းယူပြီးနိုင်ငံတော်စီးပွားရေးလုပ်ငန်းများနဲ့ဖွံ့ဖြိုးရေး
လုပ်ငန်းများအတွက်အသုံးပြုတာမဟုတ်ပဲစီးပွားရေးလုပ်ငန်းရှင်များရဲ့အကျိုးစီးပွားအတွက်
သက်ဆိုင်ရာအာဏာပိုင်များနဲ့ပူးပေါင်းပြီးဘိုးဘွားစဉ်ဆက်ဓါးမဦးချ လုပ်ကိုင်ခဲ့တဲ့လယ်ယာ
မြေတွေကိုအဓမ္မပြုသိမ်းယူခဲ့တာတွေဟာတရားမဲ့ပြုကျင့်တာပါ။

တရားရုံးအဆင့်ဆင့်မှာမိမိတို့ရဲ့လယ်ယာမြေပြန်လည်ရရှိရေးအတွက်ရင်ဆိုင်ဖြေရှင်းဖို့တောင်သူ
လယ်သမားတွေမှာငွေအရင်းအနှီးမပြည့်စုံတဲ့အပြင်အမှုစွဲဆိုစဉ်ကာလအတွင်း အာဏာပိုင်တွေကဖိအားပေးခြိမ်းခြောက်တာတွေကိုခံနေရတာပါ။ငွေများတရားနိုင်ဆိုတာ မြန်မာပြည်မှာမဆန်းတော့တဲ့အခြေအနေဖြစ်နေတာကြာပါပြီ၊ခုတခါရွေးကောက်ပွဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေရွေးချယ်ခံခဲ့ရရင်တော့ငွေနဲ့အာဏာကိုလက်ကိုင်ပြုပြီးတောင်သူ
လယ်သမားတွေရဲ့လယ်ယာမြေတွေကို အဓမ္မဆက်လက်သိမ်းယူနေအုံးမှာဖြစ် တဲ့အတွက်စဉ်းစားရွေးချယ်ကြဖို့လိုကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျား

(အာရှလူ့အခွင့်အရေးကော်မရှင်မှဦးမင်းလွင်ဦးအာအက်ဖ်အေအတွက်ရေးသားထားခြင်းဖြစ်ပါ
တယ်။)

0 comments:

Post a Comment