Friday, December 10, 2010

Filled Under:

တည့်တည့်မှန်အောင်ပစ်တဲ့နည်းလမ်းလို

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို နားလည်မှု ၊လိုက်နာထိန်းသိမ်းကာကွယ်မှု အခြေအနေတွေကို
သိရအောင် လူ့အခွင့်လှုပ်ရှားနေတဲ့ လမ်းပြကြယ်ဦးအေးမြင့်က..

အထူးသဖြင့် ပြည်သူလူထုကလူ့အခွင့်အရေးဆိုတာကို နားလည်သဘောပေါက်လာတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေဆီ တတ်နိုင်သမျှတင်ပြခဲ့တယ်။

မေး…..တကယ်တမ်းသိရှိမှုကကျတော့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေပဲ သိတာလား၊ ဒါမှမဟုတ် တကယ့်အခြေခံကျကျ လူတွေကောသိတာလား။

ဖြေ… လူ့အခွင့်အရေး လှုပ်ရှားတဲ့သူတွေ ဦးမြင့်အေးတို့ ခေါင်းဆောင်တဲ့ HR W အဖွဲ့တို့ လမ်းပြကြယ်အဖွဲ့တို့ ၊အခြား လူတွေလည်း အသီးသီးရှိပါတယ်။ ဒီလိုတက်ကြွလှုပ်ရှားမှုပေါ့၊ ဥပမာ ဦးမြင့်အေးတို့ ဆိုရင်အနစ်နာခံ၊ တရားရုံးရောက်ရှိတယ်။ အခြေခံလူတန်းစား အလုပ်သမား၊ လယ်သမားတွေ အားလုံးဟာ သူုတို့ဘဝလူ့အခွင့်အရေး ဆုံးရှုံးတာ သိရှိနေပြီ ဖြစ်တယ်။ ဒါပေမဲ့ ဒီလူ့အခွင့်အရေး ရရှိအောင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတဲ့ နည်းလမ်းကို အခြေခံလူတန်းစားတွေက မသိဘူး၊ ဆောင်ရွက်ချင်တဲ့ ဆန္ဒတွေရှိကြတယ်။

ဥပမာဆိုရင် မြန်မာပြည်မှာ လယ်သမားတွေ လယ်ယာအသိမ်းခံရတယ်။ ချေးငွေနဲ့ပတ်သက်လို့ တရားရုံးတွေ၊ ရဲစခန်းတွေခေါ်ပြီးတော့ မတရားစော်ကားနေတာကြောင့် သူတို့ လူ့အခွင့်အရေးကို အပြည့်အဝမခံစားရဘူးဆိုတာသိတယ်။ သိပေမဲ့ ဘယ်ကိုမှမပြောတတ်တော့ ဘယ်ကိုအားကိုးလာလဲဆိုတော့ ကျနော်တို့ထံရောက်လာတယ်။

မေး…..ဦးအေးမြင့်တို့လို လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တွေအနေနဲ့ သူတို့အတွက် ဘယ်လိုကာကွယ်ဖို့အတွက် လုပ်ပေးသွားမလဲ။
ဖြေ… ကျနော်တို့အနေနဲ့ ကတော့ မတရားဖိနှိပ်ခံနေရရင် ဥပဒေနဲ့ အညီ၊ ကိုယ့်အခွင့်အရေးကိုယ်ရရှိအောင် တတ်နိုင်သမျှ သူတို့အတွက် အခမဲ့ ကူညီဆောင်ရွက်ပေးတယ်။ တရားရုံးမှာ ရင်ဆိုင်တဲ့အခါမျိုး၊ ရဲစခန်းမှာ ရင်ဆိုင်တဲ့အခါမျိုး ၊ဥပမာ ကျေးရွာရယကနဲ့ မြို့နယ် မယက၊ခယကနဲ့ ပူးပေါင်းပြီး နယ်မြေတွေ အသိမ်းခံရတဲ့အခါမှာ ဥပဒေအရ ရင်ဆိုင်ပုံ ရင်ဆိုင်နည်းကို ကျနော်တို့အခမဲ့ ကူညီပေးတယ်။

မေး….လူထုအနေနဲ့ကလည်း လူ့အခွင့်အရေးဆိုတာကို သိလာတယ်။ အခုဦးအေးမြင့်တို့ကလည်း လူ့အခွင့်အရေးအတွက် တတ်နိုင်သမျှ စောင့်ရှောက်ပေးတယ် ဆိုတာကလည်း ရုန်းကန်နေရတာပဲလေ။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေက တိုးတက်မှုရှိလာ နေတယ်လို့ တွေ့ရသလား။

ဖြေ…. လူ့အခွင့်အရေးဆုံးရှုံးတဲ့ လူတွေရဲ့အသိတရားကတော့ တိုးတက်မှု ရာခိုင်နှုန်းပြည့်ရှိတယ်။ သို့သော် လူ့အခွင့်အရေးကိုနှိပ်စက်နေတဲ့၊ ဆုံးရှုံးအောင် လုပ်နေတဲ့လူတွေ ကျနော်တို့ကတော့ စစ်သားစကားနဲ့ ပြောရင်တော့ တည့်တည့်မှန်အောင် ပစ်ချနိုင်တဲ့ နည်းလမ်းကိုတော့ လိုချင်ကြတယ်။

0 comments:

Post a Comment