Friday, December 03, 2010

Filled Under:

ကြံ့ဖွံ့ပါတီ စီးပွားရေးမူ့ဝါဒ လူထုကိုဒုက္ခပေးနိုင်

ငါတို့ကြံ့ဖွံ့နိုင်နိုင်လွှတ်တော်ထဲကိုသွားကြမယ်ဆိုပြီးအောင်ပွဲခံဖို့နေ့ကောင်း ရက်သာကို ဟူးရားဗေဒင်ဆရာများနဲ့ တွက်ချက်ခိုင်းထားပါပြီ။ ရွေးကောက်ပွဲရလဒ်ကို ၈၀ ရာခိုင်နှုန်း ကျော်အနိုင်ရတယ်လို့ကြေညာပြီးတဲ့အခါမှာ ၁၅ ရက်အတွင်း ရဲစခန်းမှာ အမှုဖွင့်တဲ့အထဲမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရွေးချယ်ခံတဲ့ပါတီ ၂ ခုကသာ အမှုဖွင့်ထားတာ ကိုတွေ့ရပါတယ်။

ပထမတဦးကရန်ကုန်တိုင်း ခရမ်း၊ သုံးခွ၊ နဲ့ ကိုကိုကျွန်း မြို့ နယ် ၃ ခုကနေ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်အရွေးခံခဲ့တဲ့ NDF ပါတီက ကိုယ်စား လှယ်လောင်း ရှေ့ နေ ဦးသိန်းဇော်ညွန့် ဖြစ်ပြီးသုံးခွမြို့ နယ် မဲရုံအမှတ် (၉) မှာကိုယ်တိုင် ကြုံတွေ့ ခဲ့ရတဲ့ အတွေ့ အကြုံတွေ ကို သက်သေအထောက်အထားနဲ့တင်ပြပြီး တရားစွဲ လိုက်တယ်လို့သိရပါတယ်။ ဒီနေရာမှာကိုကိုးကျွန်းမြို့နယ်ရဲ့ အရေးပါမှုကြောင့် ဦးသိန်းဇော်ညွန့် ခုလိုကြိုတင်မဲ၊ မသမာမဲတွေနဲ့ဆုံးရှုံးရတယ်လို့ထင်ပါတယ်။

ထိုနည်းတူစွာပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် ဦးအေးလွင်တို့အဖွဲ့ က၀င်ရောက်ရွေးချယ်ခံခဲ့ တဲ့ ပေါက်ခေါင်း၊ ပြည်၊ ရွှေတောင်၊ အင်းမ စတဲ့နေရာတွေကလဲ ကြံ့ဖွံ့အတွက်အလွန် အရေးပါတဲ့စက်ရုံတွေတည်ရှိတဲ့နေရာတွေဖြစ်တယ်ဆိုတာ ပြည်သူတွေသိမှာပါ။ ရဲစခန်းတွေမှာ တင်ထားတဲ့ အမှုတွေကိုတရားရုံးမတင်မီမှာ ရဲက သက်သေတွေကိုခေါ်ပြီး စစ်ဆေးနေပြီလို့သိရပါတယ်။ ဒီလိုစစ်ဆေးတဲ့ အခါမှာ ဘယ်လိုဖြားယောင်း သွေးဆောင် ခြိမ်းခြောက်မှုမျိုးတွေနဲ့ကြုံရ အုံးမယ်ဆိုတာ ကိုမသိရသေးဘူး။မြန်မာနိုင်ငံရဲ့တရားစီရင်ရေး၊ မှာ တရားရုံးအဆင့်ဆင့်နဲ့ တရားစွဲ အဖွဲ့အစည်းများကဘက်မလိုက်ပဲ ဘယ်လောက်ထိ ဆောင်ရွက်မယ် ဆိုတာကို ဒီအမှုတွေကထပ်ဆင့်သက်သေပြမှာပါ။

ရွေးကောက်ပွဲဝင်ခဲ့တဲ့တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တယောက်ဆို ရွေးကောက် ပွဲကျင်းပတဲ့နေ့မှာ မဲတွေရည်တွက်တော့ နိုင်တယ်။ မနက်လဲရောက်ရော ကြိုတင်မဲတွေနဲ့ ရှုံးပြန် တယ်၊ ဘယ်လိုဖြစ်တာလဲဆိုပြီး မီဒီယာတွေကိုထုတ်ဖေါ်ပြောတော့ ကော်မရှင်က ခေါ်ပြီး နိုင်ပါတယ်၊ ဒီမှာလက်မှတ်ထိုးပါဆိုလို့လက်မှတ်တွေဘာတွေကျကျနနထိုး ပေးပြီး ရင်ကော့ပြန်ခဲ့တယ်၊ ဘယ်ရမလဲ မတရားတာငုံ့မခံဘူးပေါ့ ၊ နောက်နေ့သတင်းစာထဲမှာ အနိုင်ရကိုယ်စားလှယ် စာရင်းတွေထွက်လာတဲ့အခါမှာ အပြေးအလွှား သတင်းစာကို ၀ယ်ပြီးဖတ် ကြည့်လိုက်တော့ နိုင်တာကကြံဖွံ့ပါတီကဖြစ်နေတယ်။ စိတ်ခိုင်လို့ပေါ့ဗျာ သာမန်လူဆို မလွယ်ဘူး၊

မတရားပြုကျင့်ခံရမှုများနဲ့ပတ်သက်လို့ တရားစွဲဆိုမယ့် နိုင်ငံရေးပါတီတွေရှိတယ်လို့ ကြားသိရသလို၊ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်တဦးတလေကတော့ အမှုစွဲဆို ဖို့ပြင်ဆင်နေတယ်ဆိုတာကိုသိရပါတယ်။ဟန်ပြတရားစွဲဆိုတာလား၊ တကယ်မကျေနပ်လို့ တရားစွဲဆိုတာလားဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်တယ်။

ရွေးကောက်ပွဲကော်မရှင်ဥပဒေမှာ ပြဌာန်းထား တဲ့ ပြဌာန်းချက်တွေအတိုင်း ကော်မရှင်က
သာစစ်ဆေးစီရင်မယ်ဆိုရင် ကြံ့ဖွံ့ပါတီယခု ကြေငြာ ထားတဲ့ ၈၀ ရာခိုင်နှုန်းကျော်ဆိုတာကို ပြင်ဆင်ပေးကိုပေးရမဲ့အခြေအနေပါ။ ငွေကြေးမတတ် နိုင်တာရယ် ငွေကြေးတတ်နိုင်လို့ တရားစွဲတယ်ဆိုလဲ ကော်မရှင်ရဲ့ အခြေအနေက လွတ်လပ်မှု မရှိ တာတွေရယ်ကြောင့် ဆက်ပြီင်္းမဆောင်ရွက်ကြတာလို့သိရပါတယ်၊ ကျေနပ်လို့တော့မဟုတ်ပါဘူး။

ရွေးကောက်ပွဲမှာစီးပွားရေးလုပ်ငန်းရှင်အများစုက ကြံ့ဖွံ့ပါတီကနေ ၀င်ရောက်ယှဉ်ပြိုင်တဲ့ အတွက် ရွေးကောက်ပွဲအပြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်လာမယ့်ထင်ရှားတဲ့ စီးပွား ရေးလုပ်ငန်းရှင်များကတော့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်က ဥက္ကဋ္ဌနဲ့ယုဇနကုမ္ပဏီရဲ့ ဦးဆောင်သူ ဦးဌေးမြင့်၊ ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းချုပ်က ဥက္ကဋ္ဌဖြစ်သူဦးဝင်းမြင့်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌဖြစ်သူ ဇေကမ္ဘာဆောက်လုပ်ရေးကဦးခင်ရွှေ၊ အစရှိတဲ့ သူတွေပါ ၀င်ပါတယ်။ ဒါတောင် ဦးတေဇ တို့မောင်ရွှေသွေးတို့မပါသေးဘူး။ အရေခွံချွတ်ထား တဲ့ ဗိုလ်ချုပ်မှူးကြီးများရဲ့သားတွေ၊သမီးတွေ၊ လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ထားတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့စီးပွားရေးလုပ်ငန်းတွေ၊ ဘိန်းဘုရင်တွေ ရဲ့ ငွေကြေးခ၀ါချ တဲ့လုပ်ငန်းတွေ စသဖြင့်ပေါ့ ယခင်က တရားမ၀င်လုပ်နေတဲ့စီးပွားရေးလုပ်ငန်းတွေဟာခုဆို တရားဝင်ဖြစ်လာတော့မှာပါ၊ဘာဘဲပြောပြောကြံ့ဖွံ့ကတော့ အနိုင်ရပါတီ အနေနဲ့ အခြားအနိုင်ရတိုင်းရင်းသားပါတီများနဲ့ ဆွေးနွေးနေ ပါပြီ။

ဆွေးနွေးတယ်ဆိုတာ ထက် ခေါ်ယူသတိပေးတယ်ဆိုရင်ပိုမှန်မယ်လို့ထင်ပါတယ်။နဂိုကတဲကစီးပွားရေးလုပ်ငန်းထဲမှာ အခြေကျနေသူတွေက ခုနိုင်ငံရေးလောကထဲမှာ ပါလာပြီ၊ ဥပဒေတွေပြဌာန်းနိုင်ပြီဆို တော့ ပြည်သူတွေအနေနဲ့ ဖွတ်မိကျောင်းဖြစ်မြစ် မချမ်းသာဆိုသလို ဖြစ်နေပါပြီ။ ဥပမာအားဖြင့်ပြောရရင် ယုဇန ဦးဌေးမြင့် ရဲ့ကုမဏီကကချင်ပြည်နယ်မှာ လယ်ယာမြေ တွေအဓမ္မသိမ်းယူပြီးစီးပွားရေးလုပ်ငန်းတွေဆောင်ရွက်နေတာရှိပါတယ်။

အာရှကျား ထိန်း သိမ်းရေးဆိုပြီးသတ်မှတ်ထားတဲ့ ဟုးကောင်းတောင်ကြားတ၀ိုက်က လယ်ယာမြေတွေ ကိုဦးတေဇနဲ့သိမ်းယူဖို့ကြိုးစားနေတာတွေဟာ လွှတ်တော်ခေါ်ယူပြီးတဲ့နောက်ပိုင်း ဥပဒေတွေပြဌာန်းပြီး ဒေသခံပြည်သူတွေ ကို ဒုက္ခပေးပါတော့မယ်။ ကြံ့ဖွံ့ပါတီရဲ့စီးပွားရေး မူဝါဒအချို့မှာဖေါ်ပြထားတာက ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ပေါ်ထွန်းလာရန်၊ နိုင်ငံတော်၊ ဒေသဆိုင်ရာအဖွဲ့ အစည်း များ၊ သမ၀ါယမ၊ ပုဂ္ဂလိက စသည့် စီးပွားရေးအင်အားစု များက စီးပွားရေး လုပ်ငန်း များတွင် ပါဝင်ဆောင်ရွက် ခွင့်ရရေး၊ အသေးစားနှင့် အလတ်စား စီမံကိန်း များဖွံ့ဖြိုးရန်နဲ့ ဈေးကွက် အတွင်း လက်ဝါးကြီး အုပ်ခြင်း၊ ဈေးကစားခြင်း စတာတွေကို တားဆီးကာကွယ်သွားမယ်လို့ပါရှိခဲ့ပေမဲ့ ၎င်းတို့ကြံ့ဖွံ့ကလွဲလို့အခြားပါတီတွေက လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် တားဆီး ဖို့လိုကြောင်းပြောတာလားဆိုတာကိုတော့ သတိထား စောင့်ကြည့်ဖို့လိုကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။
အာရှလူ့အခွင့်အရေးကော်မရှင်မှရှေ့နေ ဦးမင်းလွင်ဦး အာအက်ဖ်အေအတွက်ရေးသားပေးပို့ခြင်းဖြစ်ပါသည်။

0 comments:

Post a Comment