Thursday, December 02, 2010

Filled Under:

နိုင်ငံရေးအကျဉ်သားမှာရည်ရွယ်ချက်ရှိရှိဖြင့်နှိပ်စက်ခံရ

( ဗွီအိုအေ ၂ ဒီဇင်ဘာ ၂၀၁၀)ဧရာဝတီတိုင်း ဖျာပုံအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်တဲ့ကိုရွှေမောင်ဟာ
ပြီးခဲ့တဲ့ နိုဝင်ည၁၂ရက်နေ့မှာ အကျဉ်းထောင်အတွင်းမှာ ညဘက်စာဖတ်နေချိန်မှာ အပြင်ကနေ အမျိုးအမည်မသိတဲ့ အမှုန့်တွေနဲ့ မျက်လုံးကို အပက်ခံခဲ့ရပါတယ်လို့ ဥပဒေအကြံပေး ဦးအောင်သိန်းက ပြောပါတယ်။ သူဟာ ကိုရွှေမောင်ရဲ့အမှုကိုလိုက်ပါ ဆောင်ရွက်နေသူဖြစ်သလို ကိုရွှေမောင်ရဲ့ဇနီးသည်နဲ့အတူ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ရက်နေ့က ကိုရွှေမောင်ကို ဖျာပုံထောင်မှာ သွားရောက်တွေ့ဆုံခဲ့သူ တဦးဖြစ်ပါတယ်။


ဦးအောင်သိန်း….. သူညဘက်မှာ စာဖတ်နေတုန်းမှာ တိုက်ခန်းအပြင်ကနေ အမှုန့်တခုနဲ့ လှမ်းပက်လိုက်တယ်။ သူကကာလိုက်တဲ့အခါမှာ မျက်လုံးတဘက်တည်းကို ဝင်သွားတယ်။ အဲ့ဒီ့နေ့မှာမျက်လုံးကို ရေနဲ့လုပ်တဲ့အခါကျတော့
မျက်လုံးက ဘယ်လိုမှဖွင့်လို့မရတော့ ဆေးမှူးကိုခေါ်ပေးဖို့ ညဘက်မှာပြောတယ်။အဲ့ဒီ့ညဘက်မှာ ဆေးမှူးကိုမခေါ်ပေးဘဲနဲ့ မနက်ကျမှ ဆေးမှူးခေါ်ပေးတော့ ဆေးမှူးကလည်း မျက်လုံးနီရဲနေတာတဲ့ ဖျာပုံအပြင်ကိုထုတ်ပြီးတော့ ဆေးရုံကြီးကိုသွားပို့တယ်။


ဆေးရုံကိုထပ်ပြရမယ်ဆိုပြီးတော့ သူ့ဇနီးဆီကို အကြောင်းကြားလာတဲ့ အတွက် ကိုရွှေမောင်နဲ့သွားတွေ့တယ်။
အခုလို မျက်နှာကိုအမှုန့်နဲ့ အပစ်ခံရပြီးတဲ့ နောက်တနေ့မှာပဲ ဖျာပုံအကျဉ်းဦးစီးဌာနရဲ့ညွှန်ကြားရေးမှူးက ကိုရွှေမောင်ကို ညစ်ညမ်း နစ်နာစေတဲ့စကားတွေနဲ့ လာရောက် ဆူပူကြိမ်းမောင်းခဲ့တာကိုလည်း ကြုံခဲ့ရတယ်လို့ ကိုရွှေမောင်က ဇနီးသည်ဖြစ်သူကိုပြန်ပြောပြခဲ့ပါတယ်။ အကြောင်းကတော့ ကိုရွှေမောင်ဟာ သူထောင်တွင်းမှာတွေ့ကြုံခဲ့ရတဲ့ ပြဿနာနဲ့အခက်အခဲတွေကို ဇနီးသည်ကနေ တဆင့်အကျဉ်းဦးစီးဌာနဆီကို စာပို့တိုင်တန်းတာနဲ့ ပတ်သက်ပြီး ကြိမ်းမောင်းခံရတာဖြစ်တယ်လို့ ဥပဒေအကြံပေး ဦးအောင်သိန်းကပြောပါတယ်။


ဦးအောင်သိန်း…. ညွှန်မှူးကနေလာရောက်ပြီးတော့ သူ့ကိုဖျာပုံထောင်ကိုလာပြီးတော့ ဆဲဆိုကြိမ်းမောင်းသွားတယ်။ မအေတွေ၊နှမတွေနဲ့ ဆဲဆိုတယ်တဲ့။ တိုင်စာကိုကိုင်ပြီးတော့ ကိုရွှေမောင်ကိုမကြားသာ မဝံ့သာတဲ့ အဆဲတွေနဲ့ ဆဲဆိုတယ်။ တိုင်စာကလည်း ကိုရွှေမောင့်ကိုမသန့်ပြန့်တဲ့ အငွေ့အသက်တွေနဲ့ ရှူရှိုက်အောင်လုပ်တယ်။ နှာတွေချေအောင်လုပ်တယ်။ ကိုရွှေမောင်ဆီကို သူ့ဇနီးလာတွေ့တဲ့အချိန်မှာ ထောင်ပိုင်က သူ့ကိုစကားခေါ်ပြောတယ်။ ပြန်ခါနီးကျရင် ကိုရွှေမောင် ဘာပြောလိုက်သလဲ၊ ဘာတွေများဖြစ်သလဲ ပြန်မေးတယ်ဆိုတော့ ဒါတွေက အကျဉ်းသားကို လာရောက်တွေ့ဆုံတဲ့ မိသားစုနဲ့ ပတ်သက်ပြီး ထောင်ပိုင်တယောက်က အဲဒီ့လောက်အထိ စစ်ဆေးမေးမြန်းပိုင်ခွင့် မရှိဘူးလို့ အန်ကယ်ကမြင်ပါတယ်။


ကိုရွှေမောင်ဟာ ၂၀၀၇ခုနှစ်ရွှေဝါရောင် တော်လှန်ရေးတုန်းကအဖမ်းခံခဲ့ရတာဖြစ်ပြီး ဒီနိုင်ငံရေးအမှုနဲ့ ထောင်ဒါဏ်၈နှစ်အချခံထားရသူဖြစ်သလို ပထမတကြိမ်တုန်းကလည်း နိုင်ငံရေးအမှုနဲ့ ထောင်ချခံခဲ့ရဘူးသူဖြစ်ပါတယ်။ အဲဒီ့ကိစ္စအတွက် လက်ရှိထောင်အာဏာပိုင်တွေဆီမှာသာ တာဝန်အရှိဆုံးဖြစ်တယ်လို့ အာရှလူ့အခွင့်အရေးကော်မရှင်အဖွဲ့ကပြောသလို မြန်မာနိုင်ငံကအကျဉ်းထောင်အသီးသီးမှာ ရှိနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ မတရားနှိပ်စက် ညှင်းပန်းမှု မျိုးစုံကြုံနေရတာ ဖြစ်တယ်လို့လည်း AHRCအဖွဲ့ကရှေ့နေဦးမင်းလွင်ဦးကပြောပါတယ်။


ဦးမင်းလွင်ဦး……နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်တွင်းမှာရှိတဲ့ တရားရုံးတွေမှာစစ်ဆေးစီရင်တာကိုခံရတယ်။ သက်သေပြခွင့်မရှိဘူး၊ပြစ်ဒါဏ် ကျသွားတဲ့အခါဆိုရင်လည်းမိသားစုနဲ့ အလွယ်တကူ တွေ့ခွင့်မရအောင်အာဏာပိုင်တွေက အမျိုးမျိုး နှောက်ယှက်တာကို ပထမဦးဆုံးသူတို့ကြုံတွေ့ရမှာဖြစ်တယ်။ နောက်ပြီးတော့ တဦးတည်းသီးခြားခွဲထားတဲ့ တိုက်ပိတ်ထားတဲ့ ကိစ္စရပ်တွေဆောင်ရွက်တယ်။ နောက်ပြီးတော့ တခါနေမကောင်း မကျန်းမမာဖြစ်လို့ရှိရင် ဆရာဝန်နဲ့ အလွယ်တကူ တွေ့ခွင့်မရအောင်သူတို့အနေနဲ့ ကန့်သတ်ထားတာတွေရှိတယ်။ ပြစ်မှုတွေနဲ့ အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မူတည်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတယ်ဆိုတာကျနော်တို့သိရတယ်။


မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူပေါင်း ၂၀၀၀ကျော်ရှိနေတာမို့ ဒီနိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ကမ္ဘာ့ကုလသမဂ္ဂကြီးနဲ့အတူ နိုင်ငံတကာအဖွဲ့တွေက ဝိုင်းဝန်းတောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။

0 comments:

Post a Comment