Sunday, November 28, 2010

Filled Under:

ဒီမိုကရေစီအင်အားစု ညီညွတ်ဖို့လို

( နိုဝင်ဘာ၂၉ )လွှတ်တော်ထဲရောက်ရင် တဖြေးဖြေးနဲ့ ပြောဆိုစည်းရုံးသွားပြီး အနာဂါတ်မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုကို တည်ဆောက်သွားမဲ့ ဒီမိုကရေစီအင် အားစုတွေ ခုတော့ စစ်အစိုးရရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း သိသွားကြပါပြီ။ တကယ်တော့ စစ်အစိုးရက ရွေးကောက်ပွဲကို ဟန်ပြပဲလုပ်တာပါ သူတို့ရဲ့ အကျိုးကိုထိခိုက်စေမဲ့သူတွေဘယ်သူ့ကိုမှ စည်းဝိုင်းထဲအ၀င်မခံပါဘူး။ ခုတော့ ရွေးကောက်ပွဲဝင်ရောက် ဆင်နွဲရလို့ ငွေကုန်လူပန်း မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့အပြင် ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ ကန့်ကွက်မယ်ဆိုရင် နောက်ထပ် ငွေကြေးကုန်ကျရအုံးမှာ ဖြစ်တဲ့အတွက် ဆုပ်လဲစူးစားလဲရူး အခြေအနေဖြစ်နေပါပြီ။

စစ်အစိုးရကတော့ ဘာကိုမှဂရုမစိုက်ပါဘူး၊ နိုင်ငံတကာကိုလဲသိပ်အလေး မထားပါဘူး၊ ရွေးကောက်ပွဲမတိုင်ခင် လွှတ်ပေးမယ်ဆိုတဲ့ အကျဉ်း သား၈၀၀၀ ကျော်လဲခုချိန်ထိပြန်မလွှတ်သေးပါဘူး၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ ပြီးစီးကြောင်း အထိမ်းအမှတ်အနေနဲ့ လွတ်ရက်စေ့ကာနီးတဲ့ အကျဉ်းသားတွေ၊ ကျန်းမာရေးမကောင်းတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြည်သူ့လွှတ် တော်ခေါ်တဲ့အခါမှ လွှတ်ပေးပြီး နာမည်ကောင်း ယူအုံးမယ်လို့ယူဆရပါတယ်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေမှာပါတဲ့ပြဌာန်းချက် တွေကို ရွေးကောက်ပွဲ ကော်မရှင် က မသိကျိုး ကျွံ့ပြုပြီး စစ်အစိုးရအနိုင်ရဖို့အတွက် ဖန်တီး ပေးခဲ့တယ်၊ ဒါကိုကြည့်ယုံနဲ့ရွေးကောက်ပွဲ နဲ့ပတ်သက်တဲ့ကန့်ကွက်ချက်တွေကို သက်သေ အထောက် အထား ဘယ်လောက် ခိုင်လုံပစေ၊အနိုင်ရမှာမဟုတ်ဘူးဆိုတာ သိသာထင်ရှား နေပါပြီ။ ကိုယ်စားလှယ်တဦး အတွက် တမှုကို တရားစွဲဆိုခ ၁၀ သိန်း၊ အောက်ရုံးဆုံးဖြတ်တာ မကျေနပ်လို့ နောက်တဆင့် တက်မယ်ဆိုရင် နောက်ထပ် ၁၀ သိန်း၊ ကိုယ်စားလှယ်တဦး အတွက် အနည်းဆုံး သိန်း ၂၀ ကုန်မယ်လေ။ သက်သေအထောက်အထားမခံလုံရင် လုပ်ကြံ တရားစွဲဆိုတယ်ဆိုပြီး ကြံ့ဖွံ့ ကပြန်အန္တရာယ်ပေးမှာကလဲရှိသေးတယ်။ နိုင်ငံရေးပါတီအများစုက ရွေးကောက်ပွဲ မတိုင်မှီ စည်းရုံးရေးကာလမှာတောင်ငွေကြေးမတတ် နိုင်လို့ လက်ကမ်း ကြော်ငြာလေး လောက် ပဲကမ်းနိုင်တာပါ။

ရွေးကောက်ပွဲရလဒ်နဲ့ ပြည်သူတွေရဲ့ သဘောထားကိုသိရတဲ့အတွက်စစ်အစိုးရတုန်လှုပ်သွားတာ တော့အမှန်ပါပဲ။ မနိုင်ရင်လဲနိုင်ရမယ်ငါတို့သာ ဆက်အုပ်ချုပ်မယ်ဆိုပြီးနဂိုကတဲက ခံစစ်စည်းကိုဆွဲထားတာပါ။ ကြိုတင်မဲက နောက်ဆုံး ထုတ်သုံးတဲ့ လက်နက်လို့လဲ ပြောလို့ ရတာပေါ့။ဒီမိုကရေစီင်္အင်အားစုတွေအနေ နဲ့ကတော့ ရေရှည်မှာ ဆက်လက်ပြီး နိုင်ငံရေး ဆက်လက်လုပ်ဆောင်သွားမယ် ဆိုရင်တော့ အခုထက်ပိုပြီး စည်းလုံးညီညွတ်ဖို့ လိုလာပါပြီ။

ပြည်သူတွေကတော့ တတ်နိုင်တဲ့ဖက်ကဖေးမကူပံ့ယုံလောက်ပဲတတ်နိုင်တာပါ။ ရွေးကောက်ပွဲတို့ ဒီမို ကရေစီဆိုတာတို့ကိုပြည်သူတွေ မသိတာ နှစ်ပေါင်း ၂၀ ကျော်ပြီလို့ ပြောလို့ရပါ တယ်၊၁၉၆၂ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း လွတ်လပ်တဲ့ ရွေးကောက် ပွဲဆိုတာကလဲ ၁၉၉၀ ရွေးကောက်ပွဲတခုပဲ ရှိပါသေးတယ် အဲဒီတုံးကမဲပေးခဲ့တဲ့ပြည်သူလူထု တွေကလဲခုဆိုအသက်ကြီး၃၈ နှစ်အထက်ကို ရောက်နေ ပါပြီ။ဒါကလဲပြည်သူတွေကို အပြစ် ဆိုလို့မရပါဘူးနေ့တဓူဝ စားဝတ်နေရေး ကိုပဲ လုံးပမ်းနေ ရတာကြောင့်ဖြစ်တယ်။ ကျောင်းသားလူငယ်တွေဆိုလဲ ကန့်သတ် ချုပ်ချယ်မှု အောက်တွေမှာ ပညာသင်ကြား နေရတာဖြစ်တယ်။

မိဘ တွေရဲ့စားဝတ်နေရေးဖြည့်ဆည်း ပေးနိုင်ဖို့ ပညာ သင်ကြား ရေးနှစ်တနှစ်ကို အရှုံးမခံနိုင်တဲ့အခြေအနေဖြစ်တယ်။ အခုတော့အများမျှော်လင့်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပါပြီ်။ ပြည်သူတွေရဲ့ ထောက်ခံမှု ရထားပြီးဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဦးဆောင်မှု အောက်မှာ၊ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်းတိုင်ပင် ကြပြီး အနာဂါတ် မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား များရဲ့အရေး၊ ပြည်တွင်း စစ်ချုပ်ငြိမ်းရေး၊ ပြည်သူများရဲ့ လွတ်လပ်တဲ့ အခွင့်အရေးတွေ အပြည့်အ၀ခံစားရရှိနိုင်ဖို့ကို ဆက်လက်ကြိုးပမ်းကြမှသာစစ်အစိုးရကိုဖြုတ်ချနိုင်မှာ ဖြစ်တယ်။

ခုဆိုမဲပေးခဲ့တဲ့ပြည်သူတွေကိုယ်တိုင်က မိမိတို့ရဲ့ ဆန္ဒကို မျက်ကွယ်ပြု ပြီးဆုံးဖြတ်ခဲ့တဲ့ စစ်အစိုးရရဲ့သဘောထားကို ယခင်ကထက်ပို သိနေကြပါပြီ။ ပြည်သူတွေ အနေနဲ့ သတိထားသင့် တဲ့နိုင်ငံရေးပါတီအချို့ရှိပါသေးတယ်။ ရွေးကောက်ပွဲ ကို အဖြည့်အရံ သဘောထားပြီးဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့နိုင်ငံရေးပါတီတွေရှိပါတယ်။ နိုင်ငံတကာက ထင် ယောင်ထင်မှားဖြစ်အောင်လို့ ဟန်ပြအနေနဲ့ ၀င်ပြိုင်တဲ့ နိုင်ငံရေး ပါတီဖြစ်တယ်။ ကြိုတင်မဲ နဲ့ ရှုံးနိမ့်ရတာတောင်မှ ကျေကျေနပ်နပ်နဲ့လက်ခံ နေတဲ့ပါတီတွေရှိသေးတယ်ဆိုတာကို ပြည်သူ တွေသတိထားဖို့လိုတယ်။

တသီးပုဂ္ဂလ ကိုယ်စားလှယ်များကိုတော့ ဘာမှမပြောလို တော့ပါ ဘူး မိမိကိုယ်စွမ်းရှိသလောက်ကျိုးစားတဲ့ ကိစ္စဟာခုချိန်မှာ မအောင်မြင်သေးပေမဲ့ အချိန်ရှိပါ သေးတယ်လို့ပဲပြောဆိုအားပေး လိုက်ချင် ပါတယ်။ အဖြည့်ခံနိုင်ငံရေး ပါတီအနေ နဲ့ ၀င်ရတယ် ဆိုတာထက်စွမ်းစွမ်းတမံ ပြည်သူ အကျိုးကိုဆောင်ရွက်သူအနေနဲ့ ဒေါ်အောင်ဆန်း စုကြည် နဲ့အတူ လက်တွဲပြီး မြန်မာ့အရေးတူတာတွေကိုပူးပေါင်း ဆောင်ရွက်တာ ကပိုမိုကောင်း မွန်တယ် လို့လဲ အကြံပြုလိုပါတယ်။

ခုတော့မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ ဇင်ဘာဘွေနိုင်ငံနဲ့ဆင်တူသလိုဖြစ်နေပါပြီ။ ရောဘတ်မူဂါဘီက အတိုက်အခံ ပါတီဝင်တွေကိုနှိမ်နင်းဖမ်းဆီးထောင်ချပြီးရွေးကောက်ပွဲကို ကျင်းပခဲ့တယ် နိုင်ငံတကာက ရွေးကောက်ပွဲ ရလဒ်ကိုလက်မခံတဲ့ အခါမှာတော့ နောက်တကြိမ် အတိုက်အခံတွေ ပါဝင်တဲ့ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ရပြီး အတိုက်အခံခေါင်းဆောင် မော်ဒန် ရှန်ဂရိုင်းနဲ့အာဏာကိုခွဲဝေယူပြီး အုပ်ချုပ်ခဲ့ရတဲ့ အဆင့်အထိဖြစ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတကာက ဖိအားပေးပြောဆိုတာကိုလက်ခံပြီး မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ရွေးကောက်ပွဲရလဒ်ကိုပြင်ဆင်ဆောင်ရွက်ပေးမလား၊ အာဏာကို ခွဲဝေယူပြီးအုပ်ချုပ် မလား၊ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်ထောင်စုကြံ့ခိုင် ဖွံ့ဖြိုးရေးကုမဏီစင်ဒီကိတ် ကိုတည်ထောင်ပြီးအုပ်ချုပ်သွားမလား ဆိုတာကတော့ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်ခင်ဗျား။

အာရှလူ့အခွင့်အရေးကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦး အာအက်ဖ်အေသို့ရေးသားပေးပို့သောဆောင်းပါးဖြစ်သည်။

0 comments:

Post a Comment