Wednesday, November 10, 2010

Filled Under:

စစ်အစိုးရကတရားဝင်အစိုးရဖြစ်ပြီဆိုတာပြချင်

လာမဲ့တနင်္ဂနွေနေ့ဆိုရင်ရွေးကောက်ပွဲကိုစစ်အစိုးရက ကျင်းပတော့မှာပါ။ဝင်ရောက်အရွေး ချယ်ခံမဲ့ နိုင်ငံရေးပါတီ ၃၇ ပါတီက နည်းမျိုးစုံနဲ့စည်းရုံး နေပေမဲ့ပြည်သူတွေက နေ့စဉ် စား ၀တ် နေရေး ကလွဲလို့ အလေးအနက်ထားမစဉ်းစားတာကို လဲကြားသိနေရပါတယ်။သက်ဆိုင် ရာနိုင်ငံရေးပါတီတွေအနေနဲ့လဲငွေကြေးတတ်နိုင်တဲ့ နိုင်ငံရေးပါတီတွေကလွဲလို့ စည်းရုံးရေး ကာလမှာ ပြည်သူတွေကိုထိထိရောက်ရောက်မစည်းရုံးနိုင်ခဲ့ပါဘူး၊ ငွေကြေးမပြည့် စုံလို့လက် ကမ်း ကြော်ငြာကမ်းပြီးစည်းရုံးတဲ့အဆင့်လောက်ပဲလုပ်နိုင်ခဲ့တာပါ။




ပြည်သူတွေကြိုတင်မဲပေးတာနဲ့ပတ်သက်လို့လဲ ဂျာနယ်တစောင်မှာဖေါ်ပြထားတာက
ရွေးကောက်ပွဲမတိုင်မီ လွတ်ရက်စေ့မဲ့ အကျဉ်းသား ၈၀၀၀ ခန့်နဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးခန့််ပဲရှိတယ်လို့သိရှိရပါတယ်။လွတ်ရက်စေ့ အကျဉ်းသားတွေဆီ က ကြိုတင်မဲ ကောက် ခံခြင်း နဲ့ ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာနကအရာရှိတဦးပြောဆိုတာက “ထောင်ထွက် တဲ့နေ့မှာ တခြားပါတီတွေက ကြိုတင်မဲတော့ ကောက်လို့ ရမှာမဟုတ်ဘူး။ ဒီတော့ ကြံ့ဖွံ့ပါတီ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ကပဲ သူတို့ပါတီကို ထောက်ခံ တဲ့မဲ ယူလိုက်မှာ။ ဒီလိုသာ ယူမယ်ဆို အကျဉ်းသားတွေဆီကနေ သူတို့ပါတီအတွက် သေချာ ပေါက်မဲတွေ ရပြီလေ။ လွတ်မယ့် အကျဉ်းသားတွေကလည်း မနည်းဘူး” လို့လဲပြောပါတယ်။

အဲဒီအရာရှိကပဲ ဆက်ပြောတာက ၂၀၁၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲဟာတရားမျှတမှုရှိ စွာ ပြုလုပ်သွားမယ်လို့ ပြောဆိုထားပေမဲ့ လက်ရှိအခြေအနေကတော့ ကြိုတင်မဲကောက်ခံပြီး မဲရရှိဖို့ ဆောင်ရွက်ခြင်းတာတွေ ရှိသလို တရားမ၀င် နည်းလမ်းများဖြင့်လည်း ကြံ့ဖွံ့ပါတီကို ထောက်ခံတဲ့မဲ ရရှိဖို့ဆောင်ရွက်နေတာတွေ ရှိနေတယ်လို့ပြောပါတယ်

“အချုပ်ကျနေတဲ့ လူကတော့ မဲပေးလို့ရတယ်ဆိုပြီး ကြိုတင်မဲတွေ ကောက်သွားတယ်။ ဥပမာ လောင်းကစားမှုနဲ့ ဖမ်းထားတဲ့ အချုပ်သားဆို သူက ပြန်လွတ်တဲ့နေ့မှာ မဲသွားပေး လို့ရတယ်။ ရွေးကောက်ပွဲ လုပ်မယ့်နေ့ သူအပြစ်ဒဏ်ကျခံပြီး ထွက်လာတဲ့ အချိန်မီတယ်။ ဒါပေမယ့် ကြိုတင်မဲဆိုပြီး ကောက်သွားတယ်။ မြို့နယ်အလိုက် အချုပ်သားတွေဆီက ကြိုတင်မဲ တသောင်းလောက် ရတယ်လို့ သိရတယ်” လို့ စောင့်ကြည့်လေ့လာသူတွေကဆိုပါတယ်။ကြံ့ဖွံပါတီအနိုင်ရဖို့ကို နည်းမျိုးစုံကနေ မဖြစ်မနေကြိုးပမ်းနေတာကို ပိုမိုသိသာစေတဲ့ အချက်တွေရှိပါသေးတယ်။

တသီးပုဂ္ဂလကိုယ်စားလှယ်များအဖြစ် ၀င်ရောက်အရွေးချယ်ခံမဲ့သူတွေရှိလာတော့ စစ်အစိုးရ ကလှိုက်လှိုက်လှဲလှဲကြိုဆိုပြီးလိုအပ်တာတွေဖြည့်စွမ်းပေးခဲ့ပါတယ်။ ဒါမှလဲ နိုင်ငံရေးပါတီများ နဲ့လွတ်လပ် တဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်များပါဝင်တဲ့ရွေးကောက်ပွဲ ဖြစ်ကြောင်း နိုင်ငံ တကာ က ယုံကြည်လာမှာဖြစ်တယ်၊ တသီးပုဂ္ဂလကိုယ်စားလှယ်တွေကိုလဲ စစ်အစိုးရက သိပ်ဂရုမစိုက်ပါဘူး။

ဒါပေမဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေထဲမှာ အစိုးရနဲ့မသက်ဆိုင်တဲ့ လူမှုရေး အဖွဲ့အစည်းတွေထဲက ထက်မြက်တဲ့သူတွေ တချို့ ပါဝင်လာတဲ့အခါမှာတော့ စစ်အစိုးရအတွက်အန္တရာယ်ဖြစ်လာတယ်၊ဥပမာ အဖြစ်ပြောရ ရင်တော့ မင်္ဂလာမြန်မာက ဒေါ်ယူဇာမော်ထွန်း နဲ့ ဒေါက်တာဖုန်းဝင်း တို့ကအထင်ကရဖြစ်ရပ်ပါပဲ။ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေ၊ အသင်းအဖွဲ့ ဖွဲ့ စည်းခြင်းဆိုင်ရာဥပဒေ တွေနိုင်ငံရေးပါတီများ ဖွဲ့စည်းခြင်းဥပဒေတွေမှာ ပါတဲ့ပြဌာန်းချက် တွေနဲ့ညိစွန်းခြင်းမရှိတဲ့အတွက် တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေအဖြစ်ဝင်ရောက်ရွေးချယ်ခံဖို့စစ်အစိုးရကခွင့်ပြုခဲ့ပါတယ်။

ဒါပေမဲ့ပြည်သူတွေအကျိုးအတွက်ဆောင်ရွက်နေတာတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ထက်ထက်မြက်မြက်ထိုးဖေါက်လာတဲ့အခြေအနေရောက် လာ တာကိုတွေ့တဲ့အခါမှာ့ ဒီလူတွေ ကို လွှတ်တော်ထဲမှာနေရာမပေးချင်တော့ပါဘူး။ အနာဂါတ် မှာပြည်သူတွေအကျိုးအတွက် ဆောင်ရွက်မဲ့လူမှုရေး လုပ်ငန်းတွေထိခိုက်သွား နိုင်တယ် မင်းတို့လုပ်နေတဲ့ပြည်သူ အကျိုးးပြုလုပ်ငန်းတွေရပ်တန့်သွားနိုင်တယ်ဆိုတာကို၊ ခုလို တဖက် တလမ်း က သတိပေး တားမြစ်လိုက်တာပါပဲ။

ပြည်သူတွေအနေနဲ့သိထားသင့်ထားကအများအားဖြင့် တသီး ပုဂ္ဂလ ၀င်ရောက် အရွေး ခံမဲ့ သူတွေရဲ့ ကိုယ်ရေးရာဇ၀င်တွေကိုပြန်လေ့လာကြည့်မယ် ဆိုရင် မဆလ လက်ထက်က စစ်ဖက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေ၊ အုပ်ချုပ်ရေးယန္တရား တွေမှာ တနည်းနည်းနဲ့ ပါဝင်ခဲ့တဲ့ သူတွေကများနေတယ်ဆိုတာကိုတွေ့ရမှာဖြစ်တယ်။ ကြံ့ဖွံ့ ကတော့ ငါနဲ့မတူ ငါ့ရန်သူ၊ မိတ်ဆွေမရှိရန်သူလိုသာသဘောထား၏ဆိုတဲ့မူကို အတိအလင်း ဖေါ်ပြ ကျင့်သုံး နေပါပြီ၊ စဉ်းစားတတ်တဲ့သူ၊ အနာဂါတ်မြန်မာနိုင်ငံအတွက်အမှန်တကယ်ဖွံ့ ဖြိုးတိုး တက် အောင် လုပ်မယ်ဆိုတဲ့သူတွေသာမှန်ရင် ခုချိန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက် တရပ် ကို ကိုယ်တိုင် ဆုံးဖြတ်သင့်ပါပြီ။

စစ်အစိုးရကတော့ရွေးကောက်ပွဲအနိုင်ရဖို့အာသာငမ်းငမ်းနဲ့ ဘာကိုမှငဲ့ကွက်မနေတော့ ပဲ တရှူးမူးထိုးသွေးရူးသွေးတန်းနဲ့လုပ်ဆောင်နေတာဖြစ်တယ်။ ဒီအထဲမှာ ကိုယ့်အနေနဲ့ ဓါးးခုပ်ရာလက်ဝင် မလျှို မိဖို့လိုပါတယ်။ အစိုးရအဖွဲ့ထဲမှာပါဝင်လာရင်ပြောရေးဆိုခွင့် အထိုက်အလျောက်ရှိလာမယ်ဆိုတာက စိတ်ကူးယဉ်တာသက်သက်ပဲဖြစ်တယ်။ လတ်တလော စစ်အစိုးရနောက်ခံပြုပေးထား တဲ့ ကြံ့ဖွံ့အဖွဲ့က တရားမဲ့ပြုကျင့်တာကို ဥပဒေပြဌာန်းချက်တွေအတိုင်းဖွင့်ဟတိုင်တန်းနိုင်သလား၊ရွေးကောက်ပွဲအပြီးမတရာြး့ပုကျင့်မှုတွေကိုတင်ပြအရေးဆိုနိုင်ဖို့တရားစွဲဆိုရမဲ့ ငွေကြေး ပြည့်စုံရဲ့လား၊ နောက်ဆုံး အမှားအမှန်ဆုံးဖြတ်မဲ့ခုံရုံးက တရားမျှတမှုကိုဖေါ်ဆောင်နိုင်မလား ဒါတွေ ကိုပြန်စဉ်းစားကြည့်ရင် ရွေးကောက်ပွဲဝင်တာထက် မတရားတဲ့ရွေး ကောက်ပွဲကို ပါဝင် ယှဉ်ပြိုင်ခြင်းမပြုပဲ နှုပ်ထွက်လိုက်တာက မိမိရဲ့သမိုင်းကြောင်းနဲ့ စစ်အစိုးရရဲ့မတရားမှုတွေကို အတိအလင်းဖေါ်ပြရာရောက်တယ်ဆိုတာကို သိကြဖို့လိုပါတယ်။

ဒီလို ရွေးကောက်ပွဲမတိုင်မှီ အရွေးချယ်ခံမဲ့ကိုယ်စားလှယ်တွေအဖြစ်ကနှုပ်ထွက်လိုက်ရင် ပြည်သူ တွေနဲ့နိုင်ငံတကာကလဲ တခဲနက်ကြိုဆိုထောက်ခံကြမှာပါ၊ စစ်အစိုးရကကြီးမှူးကျင်းပတဲ့ရွေးကောက်ပွဲကြီးနဲ့စစ်အစိုးရ ကိုလဲ အရှိုက်ထိုးခံရသလိုဖြစ်သွားမှာပါ။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေနဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၇၁ (က)မှာရွေးကောက်ပွဲဆိုင်ရာအခွင့်အရေးနဲ့ပတ်သက်လို့ အရွေးအချယ်မခံပဲလဲနေနိုင်တဲ့အခွင့်အရေးရှိပါတယ်။စစ်အစိုးရက ရွေးကောက်ပွဲပျက်ရင် စစ်အစိုးရကဆက်လက်အုပ်ချုပ်မယ်လို့ထုတ်ပြောလာပါပြီ။ တရားဝင်အစိုးရမဖြစ်သေးတဲ့ စစ်အစိုးရက နိုင်ငံတကာမှာ တရားဝင်အစိုးရဖြစ်ပြီဆိုတာကိုပြချင်နေတာပါ။

ဆက်လက်ပြီး အုပ်ချုပ်ရင်လဲတရားမ၀င်အစိုးရပါပဲ။လူရာမ၀င်ပါဘူး။မိမိတို့ရဲ့လွတ်လပ် တဲ့ အခွင့်အရေးကို အခွင့်အခါ ရတဲ့ အချိန်မှာ အကျိုးရှိစွာအသုံးချုနိုင်ကြဖို့ လိုပါတယ်လို့ တင်ပြ လိုက်ရ ပါတယ် ခင်ဗျား။

0 comments:

Post a Comment