Monday, January 17, 2011

Filled Under:

ရွေးကောက်ပွဲပြီးနောက် ကြံ့ဖွံ့ပါတီမှအခြားနိုင်ငံရေး ပါတီများကို တရားစွဲဆိုမှုများ

ဇန်န၀ါရီလ၃၁ ရက်နေ့မှာပြည်သူ့ လွှတ်တော်ခေါ်ယူပြီး သမတသစ် ရွေးချယ်တင်မြှောက်ရေးဆိုတဲ့ လုပ်ငန်း၂ ရပ်ကို
စစ်အစိုးရက အပြီးသပ်လုပ်ဆောင်တော့မှာပါ။ အနိုင်ရနိုင်ငံရေးပါတီများကို ကြံ့ဖွံ့က လိုက်လံတွေ့ဆုံပြီးတဲ့ နောက်ပိုင်း ရွေးကောက်ပွဲ နဲ့ပတ်သက်လို့ ကြံ့ဖွံ့ကရှုံးတဲ့ အရေးပါတဲ့နယ်မြေတွေမှာ တရားစွဲ တာတွေကိုတွေ့လာ ရပါပြီ။ ရွေးကောက်ပွဲအသုံးစရိပ်တွေကို အချိန်မှီတင်ဖို့ လောဆော် နေတာကိုတွေ့နေ ရပါတယ်။

စစ်အစိုးရရဲ့ ထုံးစံအတိုင်း ညစ်နည်းမျိုးစုံနဲ့ ညစ်အုံးမှာပါ။ ရွေးကောက်ပွဲအသုံးစရိပ်နဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီတွေ အနေနဲ့ပူပင်စရာမလိုပါ နဂိုကတဲက သိန်း ၁၀၀ မရှိလို့ စည်းရုံးရေးတောင် ကောင်းကောင်းမလုပ်နိုင်တဲ့ နိုင်ငံ ရေးပါတီအများကြီးပါ။ ကြံ့ဖွံ့ကနေအကြောင်းပြပြီး တရားစွဲဆိုနိုင်တဲ့ကိစ္စတွေကို ပြန်ကြည့်မယ်ဆိုရင် ပြည်သူ့
လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ၆၈ (ခ) ပါအချက်တွေကိုအခြေခံ ပြီးမှစွဲဆိုရမှာဖြစ်တယ်။
အဲဒီပုဒ်မမှာဖေါ်ပြထားတဲ့၂ချက်က ကန့်ကွက်သူလွှတ်တော် ကိုယ်စားလှယ်ဟာ မိမိသာလျှင် မဲအများဆုံးရတာ
အမှန်ဖြစ်တယ် ဆိုတဲ့အကြောင်းပြချက်ဖြစ်ရပါမယ်။

လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံရသူရရှိတဲ့မဲများအနက် တရားမဲ့ပြုကျင့်မှုကြောင့် ရရှိတဲ့ မဲတွေကိုပယ်လိုက်ပါက လျှောက်ထားတဲ့သူ သာ ခိုင်လုံသော မဲအများဆုံးကိုရရှိနိုင်သည်ဆိုတဲ့ အကြောင်းပြချက်စတဲ့ အကြောင်းပြချက် ၂ ခုကို ခိုင်လုံစွာ တင်ပြနိုင်ရင်တရားစွဲဆိုနိုင်တယ်လို့ဥပဒေ ကပြဌာန်းထားပါတယ်။

ဒါကြောင့်လဲ ကြံ့ဖွံ့ပါတီဝင်လွှတ်တော်ကိုယ်စားလှယ် များအဖြစ်ဝင်ရောက်ရွေးချယ် ခံသူများက မဲရုံကို ၄ နာရီမှာပိတ်လိုက်လို့ ကြံ့ဖွံ့ ပါတီအတွက်မဲပေးမဲ့သူ ၄၀၀ လောက် မဲမပေးပဲပြန်ခဲ့ရကြောင်းအကြောင်းပြပြီး အချို့နေရာမှာအမှုကို စွဲဆိုခဲ့တာ လို့လဲသိရပါတယ်။

နောက်တနေရာမှာ ဆိုလွှတ်တော်ကိုယ်စားလှယ်က မဲရုံထဲကိုဝင်ရောက်တယ်ဆိုတဲ့အကြောင်း ပြချက်နဲ့တရားစွဲဆို ထားတာကိုတွေ့ရတယ်။ ယခုဆိုရခိုင်ပြည်နယ် အတွင်းမှာ ကြံ့ဖွံ့ပါတီက နေပြီးပြန်တရားစွဲ ခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ် ၉ ဦးနဲ့ မန္တလေးမှာ တဦး ရှိပါပြီ်။ရှမ်းပြည်နယ် အတွင်းမှာလဲကြံ့ဖွံ့ပါတီက တရားစွဲဆိုထားတာ၂ ဦးရှိပါသေးတယ်။ နှစ်ဦး နှဖက်စွဲဆိုထားတဲ့အမှုပေါင်း ၃၀ ခန့်ရှိတယ်လို့သိရပါတယ်။ ရခိုင်ပြည်နယ်ဆိုတာက ကျောက်ဖြူ ရေနက် ဆိပ်ကမ်း ဆောက်လုပ် နေတဲ့နေရာ ဆိုတော့ အရေးပါတဲ့ နေရာတွေ ဖြစ်လို့ ကြံ့ဖွံ့က သဲသဲမဲမဲလိုချင် နေတာပါ။ယခုလို ကြံ့ဖွံ့က ငွေ ၁၀ သိန်းတင်သွင်း ပြီးကန့် ကွက် တဲ့ ရွေးကောက်ပွဲကန့်ကွက် လွှာကိုစစ်ဆေး ပေးဖို့ ရွေးကောက်ပွဲ ခုံ အဖွဲ့ကို ဖွဲ့စည်း ပါမယ်။

ဘယ်သူတွေပါ မယ်ဆိုတာကိုကြည့်ရအောင်ပါ ပုဒ်မ ၆၉ (က) ရဲ့ပြဌာန်းချက်အရ ကော်မရှင် အဖွဲ့ဝင်တဦးက ဥက္ကဌ အဖြစ်ဆောင် ရွက်ပြီး ကျန်ကော်မရှင်အဖွဲ့ဝင် ၂ ဦးပါဝင် တဲ့ ရွေးကောက်ပွဲခုံအဖွဲ့ဖွဲ့ ရမှာ ဖြစ်တယ် ကော်မရှင် အဖွဲ့ဝင်တဦးက ဥက္ကဌအဖြစ်ဆောင် ရွက်ရမှာဖြစ်ပြီး ဥပဒေကျွမ်းကျင်တဲ့ နိုင်ငံသား ၂ ဦးပါဝင် တဲ့ ရွေးကောက် ပွဲခုံအဖွဲ့ကိုဖွဲ့ ရမယ်လို့ဆိုပါတယ်။ ဥပဒေရေးရာကိစ္စရပ်တွေနဲ့ပတ်သက်လို့ အကူအညီ လိုလာရင်တော့ ရှေ့နေချုပ်ရုံးကိုသဟာယအဖြစ်ဖိတ်ကြားပြီး ဥပဒေ အကြံဥာဏ် များ တောင်းခံနိုင်တယ်လို့ ပုဒ်မ ၇၀ မှာဆိုထားပါတယ်။

ရွေးကောက်ပွဲခုံအဖွဲ့ကလဲ ဘယ်လောက်ထိ တရားမျှတစွာဆုံးဖြတ်နိုင်မယ်ဆိုတာကို ဘယ်သူမှမပြောနိုင်ပါဘူှးမည်သည့်နိုင်ငံရေးပါတီဝင်မှမဖြစ်ရ ဆိုတာကိုပဲဖေါ်ပြထားပြီး ရှေ့နေချုပ်ရုံးကို အကြံဥာဏ်တောင်းခံတော့မှ သဟာယအဖြစ်လာ မဲ့သူက ဥပဒေအရာ ရှိအဆင့် ၁ ထက်မနိမ့်သူကို စေလွှတ်ဖို့ဖြစ်ကြောင်းသာ ဖေါ်ပြထားတာကို တွေ့ရပါတယ်။
ဘယ်သူတွေပဲဖြစ်ဖြစ်လေ ပြင်ဆင်မှုတက်ဖို့ ငွေ၁၀ သိန်းရှာထားရမှာပေါ့။ တကယ်တော့ ရွေးကောက်ပွဲခုံအဖွဲ့က စစ်ဆေးတဲ့ အခါမှာ မိမိဖက်က ခိုင်လုံတဲ့သက်သေ၊ အမှန်ကို အမှန် အတိုင်းရဲရဲတင်းတင်း ထွက်ဆိုနိုင်မဲ့ သက်သေတွေက အဓိက လိုပါတယ်။ တရားမမှုလို စစ်ဆေးစီရင်တဲ့အခါမှာလဲ သက်သေ ထွက်ချက် တွေက အဓိကအရေး ပါတာပါပဲ။

ကြံ့ဖွံ့က နည်းမျိုးစုံနဲ့စည်းရုံးပြီးခေါ်လာ တဲ့ သက်သေတွေကိုပျက်ပြယ်အောင် မေးနိုင်ဖို့ ကအဓိက ကျပါတယ်။ အခုကိစ္စကိုကြည့်ရင် ငွေတတ်နိုင်လို့်အနိုင်ကျင့်ခံရသလို ပါပဲ။ အမှုနိုင်တာရှုံး တာက နောက်မှသိရမှာပါ လောလော ဆယ်တော့ နေပြည်တော်ကိုသွား အမှုကိုရင်ဆိုင်ရ ရှေ့နေငှားပြီးခုခံဖို့ပြင်ဆင်ရနဲ့ဆိုတော့ ငွေကုန်လူပန်းစိတ်ဆင်းရဲရ တာပေါ့ဗျာ။ ဒီနေရာမှာထင်ရှားတဲ့ ဥပမာတခုကိုပြလိုပါတယ် ၁၉၉၀ ရွေးကောက်ပွဲတုံးက အနိုင်ရခဲ့တဲ့ ဘူးသီးတောင်က လွှတ်တော်အမတ် ဦးကျော်မင်းကို ရွေး ကောက်ပွဲအသုံးစရိပ် တွေနဲ့ ရန်ကုန်ကိုခေါ် အမှုစစ်ဆေးနေရင်းကနေ အပြစ်ရှာမရတော့ နိုင်ငံသားဖြစ်မှုဥပဒေနဲ့ အရေးယူပြီးထောင်ဒဏ် နှစ်ရှည်အပြစ်ပေးခဲ့တာ ယခုလက်ရှိအစိုးရပဲဆိုတာကိုတော့ သတိပြုဖို့လိုပါတယ်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေမှာပုဒ်မ ၆၆ မှာပါတဲ့မတရားပြုကျင့်မှုများကို ကြံ့ဖွံ့ ပါတီကသာ လုပ်ဆောင်ခဲ့တယ် ဆိုတယ်ဆိုတာ တနိုင်ငံလုံးမကဘူးတကမ္ဘာလုံးသိကြပါတယ်။ ငွေသိန်း ၂၀ ကုန်ကျမဲ့ အပြင်နောက် ဆက်တွဲရင်ဆိုင်ရမဲ့ပြသနာတွေကြောင့် ဆက်လက် ပြီးရွေးချယ်တင်မြှောက်ခံရခြင်းနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ၀င်ခဲ့ကြတဲ့ ဒီမိုကရေစီ အင်အားစုဖက်ကပါတီတွေနဲ့ တသီးပုဂ္ဂလိက ရွေးကောက် ပွဲဝင်တဲ့သူတွေဟာ အားမတန် လို့မာန်လျော့ခဲ့ရတာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျား။

0 comments:

Post a Comment