Monday, April 11, 2011

Filled Under:

မတရားခံရသူလယ်သမားအမှု AHRC အာဏာပိုင်ဆီစာပို့

( ၈ဧပြီ၂၀၁၁ အာအက်ဖ်အေ) မကွေးတိုင်းကံမမြို့နယ် စစ္စရံကျေးရွာက လယ်သမားကြီးဦးသန်းဦးအပါအဝင် ၄ဦးရဲ့လယ်ယာမြေတွေကို ယခင်စစ်အစိုးရပိုင်ဦးပိုင်လီမိတက်က သိမ်းယူပြီး စီးပွားရေးလုပ်ငန်းရှင် ဦးတေဇရဲ့ ထူးဆောက်လုပ်ရေးကုမဏီက ကော့စတစ်ဆိုဒါ ကော့ဆေး စက်ရုံတည်ဆောက်ရေး လုပ်ဆောင်နေတဲ့အမှုမှာ လယ်သမားတွေဟာ လယ်ယာအသိမ်းခံရတဲ့အပြင် အဲဒီ့စက်ရုံကို ကြီးကြပ်သူတွေရဲ့ အရိုက်အနှက်ကိုလည်း ခံရပြီး မတရားအမှုဆင်ခံ နေရတာတွေကို အဖြစ်မှန်ဖော်ထုတ်ပေးဖို့ ဟောင်ကောင် အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် (AHRC) က မြန်မာအစိုးရ အာဏာပိုင်တွေကို မေတ္တာရပ်ခံစာတစောင်မနေ့က ရေးသားပေးပို့လိုက်ပါတယ်။

လယ်သမား ဦးသန်းဦးအပါအဝင် ၅ဦးကို ကံမမြို့နယ်တရားရုံးမှာ မနေ့ကစစ်ဆေးနေစဉ်အတွင်း တရားခွင်ကို ဒေသခံရွာသားတွေက ရာနဲ့ချီပြီးလာရောက် နားထောင်လာရာက တကြောင်း၊ ဒီအမှုကို ပြည်ပသတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အကျိုးအကြောင်းမခိုင်လုံဘဲ ဧပြီလ၁ရက်နေ့မှာ မကွေးတိုင်းမင်းလှမြို့နယ် တရားရုံးကို ပြောင်းရွှေ့လိုက်ကြောင်း AHRC ကလူ့အခွင့်အရေး ရှေ့နေဦးမင်းလွင်ဦးကပြောပါတယ်။

ဦးမင်းလွင်ဦး….. ဒီအမှုနဲ့ ပတ်သက်ပြီးတော့လည်း ပြည်ပမီဒီယာတွေကို ပြောကြားနေတာတွေရှိတယ်။ ပြီးတော့ ရုံးပြောင်းပေးဖို့ လိုပါတယ်ဆိုပြီးတော့ ရဲကနေကျမ်းကျိမ်တယ်။ ဥပဒေအတိုင်းလုပ်ရမှာက တရားရုံးက ၂ဖက်ကိုခေါ်ပြီးတော့ ရုံးပြောင်းသင့် မပြောင်းသင့် လျှောက်လဲချက်ပေးဖို့ ခွင့်ပေးရမယ်။ အခုအဲဒါတွေမလုပ်ဘဲနဲ့ တရားသူကြီးဒေါ်မိမိခိုင်က ဒီအမှုကို မင်းလှကို ပြောင်းလိုက်တယ် ဆိုပြီးတော့ ပို့လိုက်တယ်။

ဒီကော့စတစ်ဆိုဒါ စက်ရုံတည်ဆောက်ရာမှာ ထူးဆောက်လုပ်ရေး ကုမဏီအတွက် လုပ်ဆောင်ပေးခဲ့တဲ့ တာဝန်ရှိ ပုဂ္ဂိုလ်၂ဦးကတော့ အငြိမ်းစားစစ်ဘက်အရာရှိတွေဖြစ်ကြတဲ့ ဗိုလ်မှူးမောင်မောင်အေးနဲ့ ဗိုလ်မှူးဝင်းမြင့်တို့ ဖြစ်ကြောင်းသိရပါတယ်။

0 comments:

Post a Comment